'
အမိမြေ

လော်ဒန်ရွာတိုက်ပွဲမှာကေအိုင်အေတစ်ဦးသေ တစ်ဦးဒဏ်ရာရ


ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် အစိုးရစစ်တပ်တို့ အောက်တိုဘာလ ၂၃ ရက်နေ့က လော်ဒန်ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး KIA တပ်သားနှစ်ဦးဒဏ်ရာရရှိသွားပြီး တစ်ဦးမှာ မိုင်ဂျာယန်ဆေးရုံမရောက်ခင်မှာ သေဆုံးခဲ့တယ်လို့ လိုင်ဇာမှ သတင်းပေးပို့လာပါတယ်။
“လော်ဒန်ရွာမှာ KIA ဘက်က လူ ၄၀ လောက်ပါတယ် စစ်တပ်ဘက်ကလည်း ၃၀ လောက်တော့ရှိတယ် လော်ဒန်ရွာကို ဆန်သွားတောင်းတာ လမ်းမှာတွေ့တော့ ပစ်ကြတာပါ စစ်တပ်ဖက်က လူခွဲပြီးလာတာ စိန်ပြောင်းတွေနဲ့လည်း ပစ်တယ် ဘယ်ကမှန်းမသိဘူး KIA တပ်သားနှစ်ယောက် ဗုံးစမှန်လို့ဒဏ်ရာရသွားတယ် အစိုးရတပ်ဖက်က စိန်ပြောင်းနဲ့ပစ်တာများတယ် ကြာကြာနေလို့မရလို့ ပြန်ဆုတ်ခဲ့ရတယ်” ဟု တိုက်ပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ KIA စစ်သား ခွန်အောင် မှပြောပြပါတယ်။
ဒဏ်ရာပြင်းတဲ့ KIA စစ်သားတစ်ဦးကတော့ တောလမ်းမှမိုင်ဂျာယန်ဆေးရုံကို ပို့ခဲ့ရာမှာအချိန်ကြာပြီး သွေးထွက်များကာ လမ်းတွင်သေသွားကြောင်းသိရပါတယ်။ကျန်တစ်ယောက်ကတော့ မိုင်ဂျာယန်ဆေးရုံမှာဆေးကုနေပြီး တိုက်ပွဲဖြစ်ခဲ့တဲ့စစ်ကြောင်းနံပါတ် မသိရသေးကြောင်း သိရသည်။
ကေအိုင်အေနှင့်အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားရာတွင် ယနေ့ထိ KIA ဘက်မှကျဆုံးသွားသော စစ်သား ၉၀၀ ကျော်ရှိပြီဖြစ်ကြောင်း လိုင်ဇာစစ်ရုံးချုပ်မှ KIA အရာရှိတစ်ဦးက ပြောပြပါတယ်။

Ref :  http://kachindailynews.blogspot.com/
Read More

KIA ကိုကချင်လူထု ကတောင် အယုံအကြည့်မရှိတော့

မြစ်ကြီးနာမြို့ပေါ်က-ကချင်အများစုနေတဲ့ရပ်ကွက်တွေမှာကောလဟလသတင်းတွေပြန့်နေတယ်လို့ ကချင်သင်းအုပ်ဆရာတစ်ဦးက KDNသို့ ပြောဆိုပါတယ်။ သင်းအုပ်ဆရာဦးလနန်ဘောက်နော်က                `` မြစ်ကြီးနားမြို့ ပေါ်မှာရှိတဲ့အဆောက်အဦးနဲ့တံတားတွေကိုအစိုးရစစ်တပ်တွေကဖောက်ခွဲမဲ့အကြောင်း၊ မြစ်ကြီးနားမြို့လယ်ကုန်းရပ်ကွက်မှာရှိတဲ့ဇီးလွန်ဘုရားကျောင်းမှာလဲအစိုးရတပ်က မိုင်းထောင် ထား ကြောင်း၊ပြီးတော့ဗလမင်းထင်တံတားကြီးကိုလဲမိုင်းထောင်ဖောက်ခွဲဖို့လုပ်နေလို့ တံတားရဲ့လုံခြုံရေး အတွက်ခရစ်ယာန်သင်းအုပ်ဆရာတွေကို စောင့်ကြည့်ခိုင်းထားရကြောင်းဆိုပြီး ကချင်ဘာသာနဲ့ စာတွေဖြန့်တယ်လေ`` လို့ ဆက်လက် ပြောပါတယ်။



ဒေသခံလူတွေကတော့ KIA အကြောင်း ကောင်းကောင်းသိနေကြတာမို့ ယုံကြည်မှုမရှိပါဘူး။သူတို့ စိုးရိမ်နေတာက အစိုးရတပ်တွေလုပ်တာပါလို့ပြောပြီး KIA တပ်တွေက သူတို့ဖာသာသူတို့ မိုင်းထောင် ဖောက်ခွဲမှာကိုပဲကြောက်နေကြပါတယ်။KIAတပ်တွေရဲ့အကြမ်းဖက်လုပ်ရပ်တွေကြောင့်သူတို့ကချင်လူမျိုးတွေတော်တော်လေးဂုဏ်သိက္ခာကျဆင်းနေရတယ်လို့လဲ အဆိုပါသင်းအုပ်ဆရာကဆက်လက် ပြောဆို ပါတယ်။KIAတပ်တွေနဲ့အစိုးရပြေပြေလည်လည်ရှိဖို့ သူတို့ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်တွေ ကိုယ်တိုင် ဘယ်လိုပဲကြိုးစားကြိုးစားမအောင်မြင်ခဲ့ပါဘူး။

ခုခါမှာတော့ပြည်သူတွေ အထင်အမြင်မှားအောင် ဘယ်လိုပဲကောလဟလသတင်းတွေထုတ်ပြန် နေပေမဲ့KIAကမန္တလေး-မြစ်ကြီးနားမီးရထားလမ်းကြောင်းမှာဖောက်ခွဲခဲ့တာတွေ၊ တာပိန်ရေအားလျှပ်စစ် စက်ရုံကပြန်လာတဲ့ကားတစ်စီးနဲ့လူတွေကိုရက်ရက်စက်စက်သတ်ဖြတ်ခဲ့တာတွေ၊KIAစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်ကိုယ်တိုင်ကလမ်း၊တံတားတွေဖောက်ခွဲဖျက်ဆီးဖို့ညွှန်ကြားချုက်ထုတ်ပြန်ထားတွေ ဟာKIA အတွက်ငြင်းလို့မရနိုင်တဲ့အဖျက်လုပ်ရပ်တွေဖြစ်ပါတယ်။

အခုရက်ပိုင်းအတွင်းKIA ဗဟိုကထုတ်ပြန်တဲ့ညွှန်ကြားချက်ထဲမှာလဲ ကချင်နိုင်ငံတော်အတွင်း ရန်သူသွားလာနိုင်သောလမ်းကြောင်းများတွင်မိုင်းနှင့်အတားအဆီးများပိုမိုချထားရန်၊အရေးကြီးနေရာများရှိ တံတားနှင့်အဆောက်အဦးများအမြန်ဆုံးဖျက်ဆီးသွားရန် ဆိုပြီး KIA ဒုတိယစစ်ဦးစီးချုပ် အက်စ်ဂွမ်မော်က လက်မှတ်ရေးထိုးထုတ်ပြန်ထားပါတယ်။ မြစ်ကြီးနားမြို့က ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးကတော့KIA အပေါ်မှာ သူ့အနေနဲ့အလွန်ပဲစိတ်ပျက်နေပါတယ်၊KIA အနေနဲ့ စစ်တပ်ကလုပ်တော့မယ်လို့သတင်းလွှင့်ပြီး သူတို့(KIA)တွေလုပ်လိမ့်မယ် မြို့ပေါ်ကအစိုးရရုံးနဲ့ ၀န်ထမ်းတွေ သတိထားဖို့လိုလိမ့်မယ်လို့ ပြောဆိုပါတယ်။ဘာပဲ ဖြစ်ဖြစ် ပြည်သူတွေကKIA  ရဲ့ကောလဟလတွေမယုံကြည်ဖူးဆိုပေမဲ့  မိုင်းခွဲဖျက်ဆီးခံရမှာကိုတော့ စိုးရိမ် ကြောက်လန့်နေကြတယ်လို့ သတင်းရရှိပါတယ်။


Read More

ကေအိုင်အေမိုင်းခွဲမှုကြောင့် ရှမ်းကြူးခတံတားကျိုးကျ



 
အောက်တိုဘာလ ၂၄ ရက်နေ့က ၀ိုင်းမော် ချီဖွေ ကားလမ်းပေါ်က  ရှန်ငေါ်ရွာအထွက်က ရှမ်းကြူးခချောင်းတံတားမှာ မိုင်းပေါက်ကွဲခဲ့ပြီး တံတားကျိုးကျသွားကြောင်း ၀ိုင်းမော်မှပေးပို့သော သတင်းများအရသိရပါတယ်။
ယမ်းအားပြင်း မိုင်း ၂ လုံးပေါက်ကွဲမှုကြောင့် တံတားကျိုးကျသွားခဲ့ပြီး ကားများသွားလာနိုင်မှု မရှိတော့ကြောင်း သိရပါတယ်။
တံတားမိုင်းကွဲတဲ့ရွာအနီးက ရှန်ငေါ်ရွာသား ဦးအယ်ဇော်ဝါကို ဆက်သွယ်မေးမြန်းကြည့်တော့ “မိုင်းကွဲတဲ့နေ့က မနက် ၅နာရီ ခွဲလောက်မှာ ကေအိုင်အေက ဗိုလ်ကြီး ဇော်လရဲ့တပ်ခွဲဟာ  ရှငေါ်ရွာကို ရောက်လာခဲ့ကြပြီး ရိက္ခာအတွက် ဆန် ၅ အိတ်တောင်းလို့ ရွာကစုပေးလိုက်ရပါတယ် ၉ နာရီလောက်မှာ အခုမိုင်းကွဲတဲ့တံတားဖက်ကို ထွက်သွားကြတာ သိပ်မကြာဘူး အသံအကျယ်ကြီးကြားရတော့တာပါ”ဟု ဖြေကြားခဲ့ပါတယ်။
ကေအိုင်အေမှ ခုခံရေးနည်းဗျူဟာအရ  လမ်းတံတားများနှင့် ကချင်ပြည်နယ်အတွင်းရှိ မြို့ရွာများကို ဗုံးဖောက်ခွဲဖို့အတွက် အခြားနိုင်ငံမှ ဖောက်ခွဲရေးပညာရှင်များကို လိုင်ဇာမှာခ်ါပြီး သင်တန်းပို့ချနေကြောင်း နယ်စပ်သတင်းများအရ သိရပါတယ်။
 
Read More

မစိုးရိမ်မှု အပေါ်မှာ စိုးရိမ်မိပါသည်



သို့ 

မြန်မာဘာသာ အသံလွှင့်ဋ္ဌါနများ ( BBC- VOA -RFA- DVB )
ဂျာနယ်သတင်းဋ္ဌါနများ ( ဧရာဝတီသတင်းဋ္ဌါနနှင့်ဂျာနယ်၊
မိဇျိမ္မသတင်းဋ္ဌါနနှင့်ဂျာနယ် ။ နရိန်ဉ္ဖရာသတင်းဋ္ဌါနနှင့်ဂျာနယ် )
ရခိုင်လူမျိုး အဖွဲ့ အစည်းများနှင့် သတင်းဋ္ဌါနများ
လေးစားစွာဖြင့် ။ ။။။ သက်ဆိုင်ရာမြန်မာနိုင်ငံ အစိုးရ၏ ပေါ်လီစီများကို
အတည်ပြုချက် မယူဘဲ မခိုင်လုံသည့် သတင်းများ၊ အင်တာဗျူးများ၊
အာဘော်များကို ထုတ်လွှင့်ခြင်း နှင့် ရေးသားခြင်းများ မပြုလုပ်ကြပါရန်ယနေ
့ အောက်တိုဘာလ-၂၄-ရက် - ၂၀၁၁- နေ့ တွင် ဘီဘီစီ အသံလွှင့်ဋ္ဌါန
မြန်မာပိုင်းအစီအစဉ်မှ ညနေ - ၈ နာရီ-၁၅- မိနစ်၌ ထုတ်လွှင့်ခဲ့ သော
သတင်းများ၌ သတင်းများကို ကြားကြရပါပြီ ။ ယင်းသတင်းမှာ မြန်မာနိုင်ငံ
လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းကို
မေးမြန်းရာ၌ ရိုဟင်ဂျာဆိုသော လူမျိုးများ မရှိကြောင်း အတိအလင်း အတည်ပြု
ပြောဆိုသွားပါသည်။ဦးမောင်မောင်သန်းမှာ လူဝင်မှုကြီးကြပ်ရေးမှုး
ညွှန်ကြားရေးမှုးချုပ်ဖြစ်သောကြောင့် မြန်မာနိုင်ငံတွင်
ည်သည့်တိုင်းရင်းသား လူမျိုးများနှင့် လူမျိုးစုနွယ်များက မည်မျှ
ရှိသည်ကို သိရှိထားသော တာဝန်ရှိအစိုးရအဆင့်မြင့်အရာရှိဖြစ်ပါသည်။သို့ အတူ
ဗိုလ်ချုပ်ခင်ရီမှလည်း မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ( ၁၃၅ )
မျိုး ရှိကြောင်း ကြေညာထားခဲ့ ပြီး ဖြစ်ပါသည် ။ မျိုးသားဒီမိုကရေစီအဖွဲ
့ချုပ်မှ ဒုဥက္ကဌဖြစ်သူ ဦးတင်ဦးကလည်း ယင်းသို့  ပြောဆိုခဲ
့ပြီးဖြစ်ပါသည်။ အသက်(၈၅ ) နှစ်အရွယ် ရှိပြီဖြစ်သော ဦးတင်ဦးမှာ ယင်းသို
့ပြောဆိုခဲ့ ၍ ခြိမ်းခြောက်ပြောဆိုခြင်း ခံနေရပါသေးသည်။ မြန်မာနိုင်ငံ၏
ခေတ်အဆက်ဆက်အစိုးရများမှ ယခုကဲ့ သို့  မြန်မာနိုင်ငံရှိ
တိုင်းရင်းသားလူမျိုးများ အကြောင်းကို တိတိကျကျ
ဖေါ်ပြရှင်းလင်းထားပြီးဖြစ်ခြင်းကိုလည်း မီဒီယာများမှ သိရှိပြီး
ဖြစ်ကြပါသည် ။ သို့ သော် ၈၈-အရေးအခင်းဖြစ်လာပြီးနောက် စစ်အစိုးရ၏
လမ်းဘေးမြောင်းပုပ်မှ အနံ့  ဆိုး နံခြင်းလည်း ဗိုလ်ချုပ်ကြီးတွေ
မကောင်းလို့  လူ့ခွင့်အရေးချိုး ဖေါက်ခြင်းခံရခြင်းဆိုပြီး မီဒီယာတွေက
လုပ်လာသောအခါ လူ့ အခွင့်အရေးချိုးဖေါက်ခံနေရပါသည်ဟု ဆိုသောသတင်းများမှာ
ခေတ်စားလာပါတော့သည်။ ယင်းသို့ ခေတ်စားလာရာမှာ ယခုလို သမိုင်းလိမ်သော
ပြသနာက ထိပ်ဆုံးမှသိမသာနှင့် နေရာဝင်ယူလာခဲ့ ခြင်းဖြစ်ပါသည် ။မည်သို
့ပင်ဆိုစေကာမူ အသံလွှင့်သတင်းဋ္ဌါနများနှင့် ဂျာနယ်မီဒီယာများအနေဖြင့်
ယခုအချိန်တွင် တင်းထုတ်ပြန်ရေးသား လွှင့်ထုတ်ဖြန့် ချီကြလျှင်
အထူးသတိပြုစရာ အချက်တခုကိုတိကျကျ ဆောင်၇ွက်ကြရန်လိုပါသည်။

ယခင်က

လွှင့်ထုတ်ခဲ့ သော သမိုင်းလိမ်လူမျိုးများ၏ အင်တာဗျူးများ ၊ သတင်းများ၊
အာဘော်များကို ဆက်လက် မလွှင့်ထုတ်ရန်နှင့် ရေးသားခြင်းမပြုကြရန်
အသိပေးအပ်ပါသည် ။

ယနေ့  ကြားလိုက်ရသော ဘီဘီစီမြန်မာပိုင်း သတင်းဋ္ဌါနမှ
သတင်းသည် သက်ဆိုင်ရာမြန်မာနိုင်ငံအစိုးရ၏ တာဝန်ရှိအဆင့်မြင့်အရာရှိမှ
အစိုးရ၏ ပေါ်လစီသတင်းကို ကြေညာခြင်း ဖြစ်ရာ ယင်းသတင်းကို
အတည်ပြုထုတ်လွှင့်ခြင်းပင် ဖြစ်ပါသည် ။ သတင်းဋ္ဌါနများနှင့်
ဂျာနယ်မီဒီယာများသည် ယခုကဲ့ သို့  သတင်းအရင်းအမြစ်များကို
အတည်ပြုချက်ရယူပြီးမှ ရေးသားထုတ်လွှင့်ရန် သာ လိုအပ်ပါသည် ။သို့ ဖြစ်ပါ၍
ခိုင်လုံသော သတင်းအရင်းအမြစ် မရှိသည်များကို အတည်ပြုချက်များ မပြုလုပ်ဘဲ
နောက်နောက် ထုတ်လွှင့်ခြင်း ၊ ရေးသားနေကြခြင်းများအား မပြုလုပ်မိကြစေရန်
မိမိတို့  ဂုဏ်သိက္ခာ ပိုင်းဆိုင်ရာ စာနယ်ဇင်းကျင့်ဝတ်များနှင့်အညီ
ဆောင်၇ွက်ကြပါရန်နှင့် ဘီဘီစီဋ္ဌါနကဲ့ သို့  အတည်ပြုချက်ရယူပြီးမှ အခြားသော
အသံလွှင့်ဋ္ဌါနများက ထုတ်လွှင့်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အောင်သာနီ
 
Read More

လုပ်မစားတတ်တော့သူများနဲ့ လုပ်စားတတ်သူများ


မျိုးဆက်သွေး
ပြောင်းမှာ မဟုတ်ပါဘူး၊ မယုံနိုင်ပါဘူး၊ ဘောင်းဘီချွတ်တွေကို စိတ်မချဘူးလို့ ပြောနေကြတဲ့ ကြားက မြန်မာ့ နိုင်ငံရေး ကတော့ ပြောင်းလဲ လာနေတာ အမှန်ပဲ။ အဲဒီ အပြောင်း အလဲတွေက ကျွန်တော်တို့ အားလုံး အတွက် အားတက် စရာတွေ ဖြစ်ပေမယ့် ဒီအပြောင်း အလဲတွေကြားက အန္တရာယ်တွေလည်း ရှိသေးတယ်။ အခု ပြောင်းနေတာတွေ နောက်ကြောင်း ပြန်လှည့် သွားမှာကို စိုးရိမ်တဲ့သူတွေက အစိုးရဘက်မှာ သဘောထား တင်းမာသူတွေ ရှိနေပြီး သူတို့ကြောင့် အခု လုပ်နေတာ အကုန် ပြန်ပျက် သွားလိမ့်မယ်လို့ ပြောတယ်။
ဒါကလည်း စိုးရိမ်သင့်တဲ့ အချက်ပဲ။ ဒါပေမယ့် အစိုးရဘက်ကိုချည်း ပြောနေလို့လည်း မပြည့်စုံဘူး။ ကျန်တဲ့ အန္တရာယ်တွေလည်း ရှိသေးတယ်။ အဲဒါတွေ ကတော့ လုပ်မစား တတ်တော့ သူများနဲ့ လုပ်စားတတ်သူများ ကိစ္စပဲ။
လုပ်မစားတတ်သူ ဆိုတာကတော့ ပြည်တွင်းမှာ ဆိုရင် တစ်သက်လုံး အစိုးရနဲ့ စစ်တပ်ကို ကလော် တုတ်ခဲ့ပြီး အခုထိလည်း အဲဒီလိုလုပ်မှ နိုင်ငံရေး လုပ်တယ်၊ ဒီမိုကရေစီ တော်လှန်ရေး လုပ်တာ ဖြစ်တယ်လို့ ထင်နေသူတွေပေါ့။ ဒီလူတွေက အခု နိုင်ငံရေး အခင်းအကျင်းက ကစားနည်း ပြောင်းသွားပြီး လမ်းပေါ် နိုင်ငံရေး မဟုတ်တော့ဘူး ဆိုတာ မမြင်နိုင်ဘူး။ ဒီနေ့ ဒေါ်စုနဲ့ ဇာဂနာတို့က အာရပ် နွေဦးပုံစံက အလုပ် မဖြစ်တော့ဘူးလို့ ပြောတာကို နားမလည်နိုင်ဘူး။ လက်ဝဲ ယောင်ယောင် အတွေးတွေနဲ့ ရန်ငါစည်းတို့၊ လူထု တိုက်ပွဲတို့နဲ့ အစိုးရကို ဖြုတ်ချရေး လမ်းကိုပဲ စိတ်ကူး ယဉ်နေတုံးပဲ။ ဒီလူတွေက အခု ပေါ်နေတဲ့ နိုင်ငံရေး အခင်းအကျင်းသစ်မှာ မလုပ်တတ် တော့ဘူး။ ဒီတော့ ကစားနည်း အသစ်ကို ကစားနေတဲ့ သူတွေကို ပြောင်မပြောရဲရင်တော့ မထိခလုတ် ထိခလုတ် ပြောနေသူတွေ ဖြစ်တယ်။
ပြည်ပမှာ ဆိုရင်တော့ လုပ်မစားတတ်သူ ဆိုတဲ့သူတွေက အရှင်းဆုံး ပြောရရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရှိနေမှ၊ ဒေါ်စု အကျယ်ချုပ် ခံနေရမှ နိုင်ငံခြားမှာ တောင်းလို့ ကောင်း၊ Campaign ဆင်လို့ ကောင်း၊ ပရိုဂျက်တင်လို့ ကောင်းတဲ့ သူတွေပဲ။ ဒီလူတွေ အတွက်က မြန်မာ နိုင်ငံ့ရေးမှာ အဖြေ ထွက်သွားပြီ ဆိုရင် ထမင်းစား လက်မှတ် ပျောက်ပြီပေါ့။ ဒီလို အခြေ အနေသစ်မှာ လုပ်မစား တတ်ပြန်တော့ ပြည်တွင်းက အခြေအနေ မှန်သမျှကို အပျက် သဘောနဲ့ပဲ ပြောနေ၊ လှုံ့ဆော်နေတုံး ဆိုတာ တွေ့ရမှာ ဖြစ်တယ်။ ဒါ့အပြင် အပြင် ရောက်နေပြီး အခု ပြည်တွင်းကို ပြန်သွားကာ လှုပ်ရှားနေတဲ့ ဗဟုအဖွဲ့က လူတွေကိုလည်း ဝေဖန် အပုတ် ချနေတာလည်း ဒီလို လူတွေပဲ။ အဲဒီထဲမှာ မြန်မာတွေ သာမက မြန်မာ့ အရေးကို ဆင်ဖြူတော်မှီ ကြံစုတ်နေတဲ့ အဖြူ ကောင်တွေ၊ အမည်း ကောင်တွေလည်း ပါတာပဲ။
ဒီတော့ အတွင်း၊ အပြင် နှစ်နေရာလုံးမှာ ရှိနေတဲ့ လုပ်မစားတတ် သူများဟာလည်း ဒီကနေ ဦးသိန်းစိန်နဲ့ ဒေါ်စု သွားနေတဲ့ တူတာ တွဲလုပ်၊ မတူတာ အတွက် ယုံကြည်မှု တည်ဆောက် အဖြေရှာဆိုတဲ့ လမ်းကြောင်း ပျက်ဖို့အတွက် လုပ်မယ့်သူတွေ ဖြစ်တယ်။ ဒါလူတွေဟာလည်း အစိုးရထဲက သဘောထား တင်းမာသူတွေလိုပဲ အန္တရာယ် အဖြစ် မြင်ရမယ့် လူတွေ ဖြစ်တယ်။
အဲ လုပ်မစားတတ်တဲ့သူတွေလိုပဲ အန္တရာယ်ကြီးတဲ့ သူတွေကတော့ လုပ်စားတတ် သူများပဲ။ အဲဒီ လုပ်စားတတ်သူတွေ အများဆုံး ရှိတဲ့နေရာ ကတော ဂျာနယ် လောကဆိုရင် မမှားဘူး။ တစ်ချိန်တုံးက ပြန်ကြားရေး ၀န်ကြီးနားမှာ ၀ိုင်းနေခဲ့ပြီး စာနယ်ဇင်း အဖွဲ့မှာ ဆရာကြီးလုပ်၊ သတင်းစာ ရှင်းလင်းပွဲမှာ စာပေ ကင်ပေတိုင်က ချပေးတဲ့ နှပ်ကြောင်းပေး မေးခွန်းတွေ ထမေး လုပ်ခဲ့တဲ့ မြတ်ခိုင်၊ ကိုကိုတို့က ဂျာနယ် လောကရဲ့ လုပ်စားတတ် သူများထဲမှာ ရှေ့ဆုံးက ဦးဆောင် နေသူတွေဆိုရင် မမှားဘူး။ အရင်တုံးက နံမည်ဝှက်နဲ့ အတိုက် အခံတွေကို ဆော်ပလော်တီးတဲ့ စာမျိုးတွေတောင် ရေးနေသူတွေက အခုကျတော့ ဗိုလ်ချုပ်၊ ဒေါ်စု၊ ဦးဝင်းတင်၊ ဇာဂနာ၊ ဆရာ မောင်စွမ်းရည်၊ ဆရာ တင်မိုး၊ ဆရာ ကိုလေး (အင်းဝ ဂုဏ်ရည်) တို့ကြောင်း ရေးပြရ၊ အင်တာဗျူးရ၊ သူတို့ စာမူဟောင်းတွေကို ဖုန်ခါပြီး ပြန်ထုတ်ကြနဲ့ ဖြစ်နေလိုက်ပုံများ၊ ဟိုတုံးက စာပေစိစစ်က ပိတ်ထားလို့ ရေးခွင့်မရဘူး ဆိုတာ ထားလိုက် အဲဒီ လူတွေ ထောင်ထဲ ရောက်နေတုံး၊ သူတို့ ပြည်ပ ရောက်နေတုံး ကျန်ခဲ့တဲ့ မိသားစုများကို ဘာတွေများ ကူညီ ခဲ့ပေးသလဲလို့ မေးကြည့်လိုက်၊ ဘာမှ လုပ်မပေးခဲ့တာ တွေ့ရလိမ့်မယ်။ သူတို့ နှစ်ယောက်လိုပဲ အခုမှ ခါတော်မီ လုပ်စား လာသူတွေ၊ အထူးသဖြင့် ရွက်ပြန်ဖွင့်တော့မယ့် အင်န်အယ်လ်ဒီ လှေကြီးပေါ် ခုန်တက်ဖို့ လုပ်နေတဲ့ ကြွက်တွေ အများကြီး ရှိတယ်။ ဂျာနယ် လောကသာ မဟုတ် နိုင်ငံရေး၊ စီးပွားရေး ကဏ္ဍ အားလုံးမှာ ရှိတယ်။ မတွေ့ဘူးလား တေဇတောင် ရှစ်လေးလုံးတုံးက လမ်းပေါ်လျှောက် ဆန္ဒပြခဲ့ပါတယ် ဆိုပြီး လုပ်လာတာ၊ ကျုပ်တို့မှာ အဲဒီ သတင်းဖတ်ပြီး ရီလိုက်တာ ဖတ်ဖတ်မောလို့။ နောက်လာဦးမယ် ဇာဂနာ၊ စုစုနွေးနဲ့ နိုင်ငံရေး အကျဉ်းသား ဟောင်းတွေကို လုပ်စားမယ့် ကိစ္စတွေ။
အဲဒီလို လုပ်စားတတ် သူတွေက မလုပ်စားတတ် သူတွေထက် ပိုကြောက်ဖို့ ကောင်းတယ်။ သူတို့က လူတွေကို ပေါင်းစားတဲ့ နေရာမှာ အံခွနေပြီ ဆိုတော့ ဒေါ်စုလို လူမျိုးတောင် အခန့်မသင့်ရင် သူတို့ မွေးစားတာ ခံသွားရနိုင်တယ်။ ကျွန်တော်တို့လို သာမန်လူ တွေကလည်း ဒင်းတို့ကို မီဒီယာ သူရဲကောင်းကြီးတွေ၊ ဒီမိုကရေစီ သူရဲကောင်းတွေလို့ မြင်သွားဖို့ မခက်လှဘူး။
တကယ်တော့ အခု အပြောင်းအလဲ ကာလဟာ အခြေမခိုင်သေးဘူး။ ကောင်းသွားနိုင်သလို ပြန်ဆိုးသွားနိုင်တယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ ဆန်ရွေးသလို ရွေးဖို့လိုတယ်။ ဆွမ်းဆန်ထဲ ကြွက်ချေး ပါမလာဖို့ အဖျဉ်း အမှော်တွေ ဖယ်ပစ်ဖို့ လိုတယ်။
ဒါ့ကြောင့် လုပ်မစားတတ်တော့ သူက ပြုပြင် ပြောင်းလဲရေး ရေစီးကြောင်းကြီးကို ဖျက်မပစ်အောင်၊ လုပ်စားတတ် သူတွေက ခေါင်းရင်း ခေါင်းဖျားမှာ တက်မထိုင်အောင် ဆန်းစစ်ကြပါလို့ နှိုးဆော်ချင်တယ်။
Read More

စစ်တပ် ဆိုတာ


စစ်တပ် က အပြစ်မဲ့အရပ်သားတွေ ပစ်ပြန်ပြီ..
စစ်တပ်က မုဒိန်းကျင့်ပြန်ပြီ...
စစ်တပ်က ပေါ်တာဆွဲပြန်ပြီ...
စစ်တပ် က မိုင်းထောင်ပြန်ပြီ..
ငါလခွမ်းမှတဲ့..နိုင်ငံတစ်နိုင်ငံရဲ့ တရားဝင် တပ်မတော် ကြီး က အဲဒီအပြောတွေနဲ့  မသိရင်ပဲ
ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ကင်ပေတိုင်တွေ ရောက်လာနေတဲ့အတိုင်းပဲ..
မနေ့တစ်နေ့ကမှ တွေ့ရာသေနတ်ကောက်ဆွဲ သစ်ခိုးထုတ်ပြီး M-16/A-1/A2နဲ့ AK 47 / AK 74 /RPG/RPK တွေကိုမှောင်ခိုဈေးနဲ့ မီိးကျိုးမောင်းပျက် ဝယ်နဲ့ 
ထိုင်းဈေးထဲက တွေ့ကရာ ပြောက်ကျားဝတ်စုံ ဆင်ပေးထားတဲ့ အဖွဲ့ တွေလိုများအောင့်မေ့နေလားမသိဘူး..

စစ်တပ်ဆိုတာ မိုက်မိုက်ရိုင်းရိုင်းပြောရရင် "မ.တစ်ထောင်သားတွေ" ကို တစ်သွေးထဲတသံတည်း ဖြစ်အောင်
အမိန့် ရယ် ဥပဒေရယ်နဲ့  ထိန်းချူပ်ထားတာ...။စစ်သားတွေလည်းလူတွေပဲ...။ဘယ်သူမှ ခေတ်လွန်ဇာတ်ကားတွေလို လူသားစက်ရုပ် တွေမပါဘူး...။တခါတလေတော့ လူဆိုတာ အမှားနဲ့တော့မကင်းဘူး...။စစ်မြေပြင်ဆိုတာ ဘယ်ကောင်ကမှ ပန်းနဲ့ခင်းပြီးမကြိုဘူး...။အရာရာကို သကာင်္မကင်းစိတ်နဲ့  ကြည့်နေရတာ...။ ၂၄ နာရီလုံးလုံး သတိ ဆိုတာကို ခေါင်းထဲမှာထည့်နေရတာ...။
တကယ့်ကိုခေတ်မီပါတယ်ဆိုတဲ့  ခင်ဗျားတို့ အထင်ကြီးပါတဲ့ USတပ်တွေ ညမှာတောင် နေ့ခင်းလိုမြင်နိုင်တဲ့အစွမ်းရှိတဲ့ ကိရိယာတွေတပ်ဆင်ထားတဲ့ တပ်တွေတောင် မှားယွင်းပစ်ခတ်မှု ဆိုတာ
စစ်ဆင်ရေးတခါပြီးတိုင်း တတ်လာတဲ့တင်ပြချက်ဇယားတွေမှာ နံပါတ်စဉ် ၃ နဲ့ ၄ ကြားမှာ ရှိတယ်။ဒါတောင်ဖုံးထားတာတွေရှိရင်ရှိအုံးမှာ...။
မြန်မာနိုင်ငံ စစ်ဆင်ရေးနယ်မြေအရ စစ်တပ်ကို ပြန်တိုက်နေတဲ့ အဖွဲ့အစည်းပေါင်းစုံ လုပ်နေကြပုံလေး ပြောပြအုံးမယ်...။မြန်မာနိုင်ငံလို၇ ရက်သားသမီးများ က နားယောင်တာတော့ ဘယ်နိုင်ငံမှာမှ မရှိဘူး...။
ဒါကြောင့်ပြောပြရအုံးမယ်...။
အဲဒီသောင်းကျန်သူတွေက အင်တာနက်ပေါ်တတ်ချင်ရင် ယူနီဖောင်းအပြည့်အစုံဝတ်တယ်...။စစ်ရေးပြလေးလျှောက်ပြီး စည်းကမ်းရှိချင်ယောင်ဆောင်တယ်...။
တကယ်တမ်းကျတော့ ရွှာသားတွေလို သူလိုငါလို ၀တ်တယ်...။ရွှာထဲမှာ နေတယ်...။ဒီကစစ်တပ်ဆိုတာ
ယူနီဖောင်းဆင်တူနဲ့  သေနတ်ကို series အလိုက် ကိုင်လာတာ...။ဒင်းတို့ က ရွာသားတွေလိုပဲ လမ်းလေးလျှောက်လိုက် ပျိုးလေးနှုတ်လိုက်နဲ့  အခွင့်သာရင် ဖွက်ထားတဲ့ သေနတ်နဲ့ ပစ်ပြီး ရွာသားတွေနဲ့ ရောပြေးရော...။ကဲ...စစ်တပ်က ပြန်ပစ်ရင် ရွာသားကိုပစ်ပါတယ် ပြောရော...ငါလခွမ်းမှတဲ့...။
တခါတလေများ စခန်းနားလာပြီး မျှစ်ချိုးသလိုလို ဝါးခုတ်သလိုလိုနဲ့  မိုင်းထောင်သွားတာတို့  ချောင်းပစ်သွားတာတို့ နဲ့ ခင်ဗျ...။ပထမတစ်ခါလောက် စစ်တပ်ကခံလိုက်ရရင်မှတ်သွားပြီလေ...။နောက်တခေါက်လာရင် ဒီကကောင်တွေကထပ်အနာမခံတော့ဘူး..။ပစ်ပြီလေ..အဲ---အဲလိုဖြစ်ရော...အပြစ်မဲ့ရွှာသားတဲ့လေ...။
တခါတခါကျတော့လည်း တကယ့်ရွာသားတွေ ဖြစ်နေတတ်တယ်..ဒါကလည်း အပေါ်မှာကျနော် ပြောခဲ့သလိုပဲ...အဲဒီသောင်းကျန်သူ က ရွှာသားတွေလိုဝတ်ပြီး ရွှာသားတွေလို အလုပ်လုပ်ချင်ယောင်ဆောင်ပြီး ပစ်-ပြေး လုပ်တတ်လွန်းလို့ ...။ အဲလိုလေးတွေ အမှား ရှိတတ်တာတော့ ဝန်ခံပါတယ်...။ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ပေါ့ဗျာ...။အဲဒါမျိုးမှန်နေရင် တကယ်လည်းကြေကွဲရပါတယ်..။
အဲလိုလုပ်မိတဲ့ စစ်သည်တွေအတွက် ဥပဒေ ရှိပါတယ်...။စစ်ဘက်ဆိုင်ရာ ဥပဒေ နဲ့ အညီ အရေးယူပါတယ်..။



အပေါ်မှာကြည့်ပါခင်ဗျာ....။


နောက် ရှိသေးတယ်...။သူဟာသူ သူကောင်နဲ့သူ ကမြင်းပြီးမှအကောင်က တောထဲကအဖွဲ့အစည်း ရဲ့
လူသစ်လည်း ဖြစ်သွားရော ... နေရင်းထိုင်ရင်း စစ်တပ်က မုဒိန်းကျင့်လို့ ဖြစ်ပါလေရော...။နောက်ပြီး
အဲဒီအမှုတွေ အများဆုံးရှိတဲံနေရာကိုလက်ညိုးထိုးပြလိုက်ရင် ဘယ်နေရာမှာလဲ..သိကြလားခင်ဗျာ...။
ခင်ဗျားတို့ သိလို့တောင်ပြုံးနေပါပြီ...။မယုံမရှိနဲ့...။ဒုက္ခသည် စခန်းတွေမှာ အများဆုံး ရှိတယ်...။
ဖြစ်နိုင်ရင် DNA တောင် စစ်လိုက်ချင်သေးတယ်...။ငါလခွမ်းမှတဲ့...။တွေ့ရာရွာဝင်ပြီး တွေ့သမျှ မိန်းမကို မုဒိန်းကျင့်ရအောင် (မရိုသေ့စကားဗျာ..စာဖတ်သူများကို တောင်းပန်ပါရဲ့) စစ်သားရဲ့ ပစ္စည်းက SexToys
တွေလိုများ အောင့်မေ့နေလား...။ဒီဒေသမှာ ဆူပူနေလို့  အေးချမ်းအောင် လာနေတယ်...ရန်တွေလာရှင်း
ပါတယ်ဆိုမှဗျာ..ဘယ်စစ်သားမှ အေးချမ်းနေတဲ့နေရာမှာတော့ သွားပြီး စစ်မတိုက်ဘူး..။
တစ်ချက်တော့ရှိနိုင်ပါတယ်...။
တချို့ သော စစ်သည်တွေလည်း ကွပ်ကဲမှုအောက် လွပ်တဲံအချိန် ၊ သူမူရင်းစိတ်ကို သူကိုယ်တိုင်မထိန်းနိုင်တဲံအချိန်များမှာတော့ ဖြစ်နိုင်ကောင်းပါလိမ့်မယ်...။
အေး--အဲဒီစစ်သည်ကတော့ သူအနာဂတ်ကတော့ သူကိုယ်တိုင် သေချာသိသွားပါလိမ့်မယ်..။
အမိန့်မရရှိပဲစခန်းစွန့်ခွါမှု-လက်နက်ပျောက်ရှမှု-တို့ပြီးရင် လူသတ်မှုနဲ့မုဒိန်းမှု ကပြစ်မှုဆိုင်ရာ အကြီးဆုံး
ဒဏ်တွေပဲခင်ဗျ..အခြေအနေလိုက်ပြီးတော့တောင် နေရာမှာတင် ချက်ချင်း သတ်မိန့်ချလို့ရတဲ့  ပြစ်မှုတွေ.။
အခု လူတွေက လျှောက်ပြောတဲ့သတင်းတွေနားယောင်ပြီးကိုနေကြတော့တာ...။သေသေချာချာစဥင်္းစား..။
(အဲလိုသူတို့ပြောပြောနေတဲ့ လူ့အခွင့်အရေးချိုးဖောက်တယ်)ပြောနေတဲံလူတွေက တခါမှ အဲလို စစ်ရေးနယ်မြေတွေမှာ အသားကျအောင်တောင်နေဖူးခဲ့တာ မဟုတ်ဘူး...။
ဗျာ..အင်တာနက်သတင်းတွေလား..နားပါ..။
ကမ္ဘာပေါ်မှာ သူတို့လောက်ကောင်းတဲ့သတင်းဌာနတွေ မရှိသလောက်ပဲ...။ဟိုး..တောထဲမှာ ဖြစ်ခဲ့တယ်ဆိုတဲ့ မုဒိန်းမှုကို..
သူတို့ပြောတဲ့ဖြစ်ပွားရာနေရာကနေ..ရှင်းရသေးရင်..မြန်မာနိုင်ငံပြင်ပတခြားနိုင်ငံကနေ..မိနစ်ပိုင်းလေးပဲခြား
ပြီးတင်ပြနိုင်တဲ့ သတင်းဌာနတွေမလား..။စဉ်းစားသာကြည့်တော့...။အမေရိကန် CIAတွေ NASAတွေထက်
ကောင်းတဲ့ ဂြိုလ်တုတွေများ ကိုယ်ပိုင် လွှင့်တင်ထားသလားပဲ...။
သူကောင်နဲ့ သူ ကမြင်းပြီးဗိုက်ကြီးလည်း စစ်တပ်...တောထဲကကောင်က ဆန်တောင်းတာမပေးလို့  အိမ်ပေါ်မှာတင် သမီးကို ချသွားလည်း စစ်တပ်က ချတာပဲ...။ထပ်ပြောရအုံးမလားပြောရမှာရေးရမှာညောင်းလို့လင့်ခ်ချိတ်ပေးမယ်.
http://myanmarexpress.blogspot.com/2011/09/blog-post_5229.htmlအဲမှာသွားကြည့်ကြဗျာ..။
ဘယ်လိုလျှာတွေပါလိမ့်...။အဲလောက်ဖြစ်နေရင်လည်း မွေးလာတဲ့ကလေးကို ဟိုမှာ စစ်ယူနီဖောင်းမြင်ရင် နင်ဖေဖေ ပဲ မုန့်ဖို့သွားတောင်း လို့ခိုင်းလိုက်ပါလားးဘာလို့ နိုင်ငံခြားသွားပြီး တကယ်ချတဲ့ကောင်နဲ့ သွားနေလဲ...။ပြီးရင် တလင်မကောင်း နောက်လင်ပြောင်းထပ်နေသေးလဲ..။
ဆက်ရေးရင် အများပြည်သူ ဖတ်မကောင်းဖြစ်တော့မယ်...။တကတည်းဗျာ...
ဘာလုပ်လုပ် စစ်တပ် မကောင်းဘူး ပြောပြောနေတော့တယ်....။
မြန်မာပြည်က ပြည်သူပြည်သားများခင်ဗျာ..........
စစ်တပ်မကောင်းဘူးလို့  ပြောနေတဲ့ လူများ ပြည်ပမှာ ဘယ်လို ဘဝနဲ့ ဘယ်လိုနေနေလဲဆိုတာ ကြည့်ကြပါ။
; ကျွန်မက တကယ်ဒုက္ခသည်ပါ၊ ဗိုက်လေး ဖောင်းနေတာကိုပဲ ကြည့်ပါ၊၊


အဲ့ဒါ စစ်တပ်က မုဒိန်းကျင့်လို့ပါ(ဘေးနားကကောင်ကတော့ စစ်သားမဟုတ်တာတော့ ၁၀၀%)
ဒါကြောင့် စစ်သားဆိုရင် မုန်းလွန်းလွန်းလို့ စစ်ခွေးတွေ ဆိုတဲ့ပိုစ့်တောင် တင်ခဲ့ပါတယ်
( မိုးသွေးငယ်နှင့် ဖောက်ပြန်သည်ဟု သတင်းထွက်နေသော အော်ဇီရောက် ငယ်နိုင်)
"


အမေ့ကို မုဒိန်းကျင့်တယ်၊ အမေကို တပ်ရင်း (၂၁၆) ဦးက အရင် မုဒိန်းကျင့်တယ်၊ ပြီးတော့ တပ်ရင်း(၂၁၆) ကပဲ ဦးစိန်ဝင်း ကလည်း ကျင့်ထားသေးတယ်..
ကျွန်မကိုလည်း ရုရှားက စစ်ဗိုလ်လေးတစ်ယောက်က ၁၈ နှစ်တောင် မပြည့်သေးဘူး ရုရှားကို ခေါ်ပြီး မုဒိန်းထပ်ကျင့်တယ် (ရုရှားပြန် မေကိုလတ်)
အံပါရဲ့ဗျာ...သူဟာသူ -ားယားပြီး သွားပြီးမှ ရုရှားထိကိုယ်တိုင်သွားပြီးမှ မုဒိန်းကျင့်ပါတယ် ထအော်တဲ့ ကိစ္စကတော့ ကမ္ဘာ့ အရီရဆုံး ဟာသ တခုအဖြစ် စံချိန်တင်ခဲ့သေးကြောင်း

ဒါလေးပဲ ကြည့်
သူကျတော့ တမျိုး ရွှာမှာနေရင် မလုံခြုံလို့  မည်းမည်းကြီးဆီမှာ စိမ်(အဲ)ဇိမ်နဲ့ နေမယ် တဲ့;

ထစ်ခနဲ့ရှိ စစ်တပ်က ဘာလုပ်ပြန်ပြီဆိုတဲ့သတင်းဌာန များ ဘယ်နေရာကနေထိုင် လွှင့်နေတယ်ဆိုတာ စဉ်းစားပါ...။လှုပ်ရှားစစ်ဆင်နေတဲ့ တပ်တွေက
စစ်ဥပေဒေနဲ့ အညီ လှုပ်ရှား နေတဲ့ စစ်တပ်တွေပါဗျာ...။
ခင်ဗျားတို့ စဉ်းစားကြည့်အုံး...။
ဘယ်အချိန်သေရမှန်း မသိတဲ့လမ်းကို လေချွှန်ရင်း လျှောက်နေရတာ ပျော်တယ် မထင်နဲ့ခင်ဗျ...
အသေအချာထပ်ပြောလိုက်ပါအုံးမယ်...။
ဘယ်နိုင်ငံမှာ မှ စစ်ပွဲကို လိုလားတဲ့ စစ်သားဆိုတာ မရှိဘူး...
အော်--မြန်မာပြည်ပေါက်တွေကဘာလို့များကိုယ့်နိုင်ငံကို ကိုယ်မချစ်နိုင်ရတာလဲ...
၁၉၈၈ တုန်း က ကျောင်းသားတွေကို မြှောက်ပေးတယ်....
နောက်တော့ ဘုန်းကြီးတွေကို သွေးထိုးတယ်....
အခု စစ်တပ်ကို လှည့်ပြီး သွေးခွဲတယ်....
သူတို့စကားနားယောင်မိရင်တော့လား..ဘယ်လိုဖြစ်မယ်ဆိုတာ ဒီနေရာမှာ သွားကြည့် ကြပါဗျာ
ကဲ--အောက်မှာ ဆက်ကြည့် ရအောင်


ဒီလို လေ့ကျင့်တဲ့ စစ်တပ်နဲ့  အောက်ကလို လေ့ကျင့်တဲ့ အဖွဲ


ကျောမှာလွယ်ထားတာကAK 74 ဟိုဘက်ကတစ်ယောက်က AK47
တော်တော်လေး စည်းစနစ်ကျတဲ့ ဖွဲ့ စည်းပုံ
DKBA ရဲ့ Sniper


အပေါ်ကလို ငှက်ပစ်တဲ့ ရိုင်ဖယ်နဲ့ ချောင်းပစ်တတ်တဲ့ လက်ဖြောင့်သမား နဲ
myanmar combat fighter
အပေါ်ပုံလို လက်ဖြောင့်သေနတ်နဲ
ဘယ်ဟာက ပိုထိရောက်သလဲ

အောက်မှာကြည့် --ဒီလိုလက်နက်နဲ့တိုတ်တော့ စစ်တပ်ကကျတာများတယ်တဲ့

ဒါနဲ့ တွေ့တော့ေ-ာက်သံတသံမှထွက်မလာဘူး..ဘယ်သူမှမကျဘူးပေါ့လေ..
myanmar 120 mortar
ဒါနဲ့လာသေးတယ်..သူတို့တိုက်လို့
အစိုးရ စစ်တပ်က ကျလိုက်တဲ့ စာရင်းတွေ.......
ဘယ်သူမှ အတည်မပြုနိုင်ဘူးဆိုပဲ......
ဒီအောက်ကလို ကောင်တွေလို ဖြစ်ကတတ်ဆန်းကောင်တွေနဲ

ဒီလိုစနစ်တကျ ဖွဲ့စည်းတဲ့ တပ်နဲ့တွေ့တော့
myanmar commando

တော်ပါပြီ--ဆက်ရေးနေရင် ဖတ်ရတဲ့လူတွေလည်း ဟုန် သွားလိမ့်မယ်....။
မှတ်ထားဖို့က စစ်တပ်ဆိုတာ နိုင်ငံအတွက် ဓါးတစ်ချောင်းနဲ့  ဒိုင်းတလက်ပါပဲ...။
ဘယ်သောအခါမှ ကိုယ့်ဂိုးကို ပြန်သွင်းတတ်တဲ့ ကစားသမား မဟုတ်ဘူး ....ဆိုတာ................။


မောင်မောင်ဒိန်

ref: http://mgkyautkhae.blogspot.com/2011/10/blog-post_23.html

Read More

ကြည့် တတ် မြင်တတ် ပါစေ

သူငယ်ချင်းရေ လောကရှိလူသားအချို့ဟာ မည်သည့်အလုပ်ကိုမဆို အများအားဖြင့် အပေါ်ယံကိုပဲကြည့် ပြီး သူတစ်ပါးလုပ်သည့် တိုးတက်ကောင်းမွန်းစေသော အလုပ်များကို ကဲ့ရဲ့ပြစ်တင်တတ်ကြတာဟာ ဘေးလွယ် အိတ်လို လူတွေဦးနှောက်မရှိသူ တွေပဲ သူငယ်ချင်းရေ ။


သူငယ်ချင်းကို မြင်သာအောင် ပြောရမယ်ဆိုရင်တောကွာ ငါ့ တို့  နိုင်ငံတော်ကြီး ခေတ်မှီဖွံ့ ဖြိုး တိုးတက်ဖို့ အဖက်ဖက်ကနေ ၀ိုင်းဝန်း ကူညီပြီး တက်ညီလက်ညီ ကြိုးပမ်းလုပ်ဆောင်နေတဲ့  အချိန်မှာ အတွေးအခေါ် ကျပ်မပြည့်ပြီး စဉ်းစားဥာဏ် မရှိတဲ့ အဝေးကနေ ဟောင်နေကြတဲ့ ပြည်ပအားကိုးပုဆိန်ရိုး တွေလိုပါပဲ သူငယ်ချင်းရေ…။


သူငယ်ချင်းရေ တစ်နေ့ တစ်နေ့ ကို လိမ်ညာ လုပ်ကြံမှုတွေ ဖန်တီးပြီး သူများသနားအောင် ဟောင်ပြ အမြီးနှံပြမှ အစာရတဲ့  ပြည်ပ မီဒီယာ တစ်စုရဲ့  မဟုတ်တမ်းတရားတွေ ၀ါဒဖြန့်မှုကြောင့်  ပြည်သူတွေ လမ်းမှားမရောက်စေ ဖို့  ငါတို့ တစ်တွေမှာ တာဝန်ရှိတယ် သူငယ်ချင်းရေ..။ ပြည်သူတွေကိုလဲ ကြည်တတ်မြင်တတ်စေဖို့  နားလည်သဘောပေါက်စေဖို့  ပြောပြကြရမယ်သူငယ်ချင်းရေ…။


နိုင်ငံတော်ကြီး အေးချမ်းသာယာပြီး ခေတ်မှီ ဖွံ့ ဖြိုးတိုးတက်အောင် အဘက်ဘက်ကနေ အဓိက ကူညီပေးခဲ့တာဟာဆိုရင် မြန်မာ့ တပ်မတော်သားတွေပါပဲ သူငယ်ချင်းရေ...။ ပြည်သူတွေ ဒုက္ခ အန္တရာယ်နဲ့ကြုံလာတိုင်း ပြည်သူရှေ့ ကနေ မားမား မတ်မတ်ရပ်တည်ပြီး ဖြေရှင်းပေးခဲ့ တာဟာလဲ တပ်မတော် ပါပဲ။ ပြည်သူတွေ ကို အသက်အိုးအိမ် စည်းစိမ်တွေကို စောင့် ရှောင့် ပေးခဲ့ တာလဲ မြန်မာ့တပ်မတော်သားတွေပဲဆိုတာ သူငယ်ချင်းအသိပါပဲ…။ မြန်မာ့တပ်မတော်ရဲ့  အဓိက လုပ်ငန်းကြီး (၃)ရှိတယ် သူငယ်ချင်း အဲဒါတွေကတော စစ်တိုက်ရန်၊ စစ်တိုက်ရန်မရှိက လေ့ ကျင့် ၊ ပြည်သူ့ အကျိုးပြု လုပ်ငန်း လုပ်ရန် ဆိုတဲ့  လုပ်ငန်းကြီးတွေပါပဲ သူငယ်ချင်းရေ…။


နိုင်ငံတော်ကြီးကို ဆထက်တပိုး တိုးတက် အောင်မြင်လာ ရန်အတွက် အဖျက်အမှောက်ရန်သူတွေကို တိုက်ခိုက် နှိမ်နှင်းပြီး ပြည်သူ့အကျိုးကို ထမ်းဆောင်ပေးနေတာကို ပြည်သူတွေ သိစေချင်ပါတယ် သူငယ်ချင်းရေ…။


သူငယ်ချင်းရေ မြန်မာ့ တပ်မတော်ဟာ အသစ်တည်ဆောက်အဟောင်းပြုပြင်ခဲ့ သည့် အပြင် အဖျက်အမှောက်သမား တွေရဲ့  ဖျက်ဆီးမှုတွေကိုပါ ကာကွယ်ပေးခဲ့ ပါတယ် ။တိုးတက်မှုကို မလိုလားမရှု စိမ့်တဲ့ လူမျိုးတစ်စုတွေရဲ့  ဖောက်ခွဲဖျက်စီးမှု တွေဟာ ပြည်သူတွေရဲ့  သွားလာရေး လမ်းပန်း ဆက်သွယ်ရေး ကိုပါထိပါစေခဲ့ ပါတယ်..။ ဒါတွေကို ကာကွယ်စောင့် ရှောက်ခဲ့ ကြပါတာဟာလဲ မျိုးချစ်မြန် မာ့ တပ်မတော်သားတွေပါပဲ သူငယ်ချင်းရေ..။ သူငယ်ချင်း မြန်မာ့ တပ်မတော်သား စစ်သားတွေရဲ့  ဘ၀ကို စာနာကြည့်လိုက်ပါသူငယ်ချင်း စစ်သားတွေရဲ့  ဘ၀ဟာ အရမ်းကိုပဲ သနားစရာကောင်းလွန်းလှပါတယ်…။
“ဆရာဝန် တစ်ယောက်ဟာ လူနာတစ်ယောက်ရဲ့ အသက်ကို ဦးနှောက်သုံးပြီး သူကိုတိုင် အသက် အန္တရာယ်ကင်းစွာဖြင့် လူနာ၏ အသက် ကယ်တင်လိုက်နိုင်တာကို လူနာရှင်တွေက မျက်မြင်ကိုယ်တွေ့  ကြုံတွေရပြီ အသက်သခင် ကယ်တင်ရှင်လို့  ချီးကျူး ခံရတဲ့  ဆရာဝန် တစ်ယောက်ကို ပြည်သူတွေသူက သိရှိကြပေမဲ့  ကားလိပ်ကာ နောက်ကနေပြီး ၊ တော တောင် လျှိုမြောင်တွေကြားမှာဆင်းရဲ ဒုက္ခခံကာ ပြည်သူတွေကို နှောက်ယှက်ဖျက်စီးကြမဲ့  ရန်သူတွေ ကို မိမိတို့ အသက် သွေးချွေးနဲ့ ရင်းပြီး ပြည်သူတွေ၏့  အသက် ပေါင်းများစွာကို ကယ်ဆယ်ခဲ့တဲ့ တပ်မတော်သား စစ်သား တစ်ယောက်ရဲ့  စွမ်းဆောင်မှု တစ်ရပ်ကို ပြည်သူတွေ ကြည့်တတ် မြင်တတ်စေချင်ပါတယ်”
ပြည်သူတွေရဲ့  အမြင်မှာ မဟုတ်မမှန် လိမ်ညာပြီး အစာ ရေစာတစ်ခုရဖို့ အရေးကို အမြီးနှံပြီး ဟောင်ပြ နေတဲ့  ပြင်ပမီဒီယာတွေရဲ့  မဟုတ်မမှန် ဖန်တီးထားတဲ့  တပ်မတော်သား စစ်သားတွေရဲ့  သိက္ခာကို ကျစေရေးလုပ်ရပ်တွေကို ကြည့် ပြီး တပ်မတော်သားများ အပေါ် အမြင်မကြည်တာ တွေဖြစ်မှာ စိုးရိမ်မိတယ်သူငယ်ချင်း ။

တပ်မတော်သားတွေကလဲ ပြည်တွေကမွေးဖွားခဲ့  ပြည့် သူတွေရဲ့ သား ပြည်သူချစ်သော ပြည်ချစ်သားတွေပါ။ သူစိမ်းတွေ ကြားလူတွေဝင်ပြောလို့  သားသမီးကို အပြစ်မမြင်စေချင်ပါဘူး.. ပြည်သူများ ညီကိုမောင်နှမများအနေဖြင့်  နည်းအမျိုးမျိုးနဲ့  တပ်မတော်သားတွေ ကို အပုတ်ချပြောဆိုနေတဲ့ ပြင်ပမီးဒီယာတွေရဲ့  လုပ်ကြံဖန်တီးပြီး ဟန်ဆောင်ပြတဲ့  ၀ါဒဖြန့် မှုတွေ နဲ့  တပ်မတော်သားတွေရဲ့တိုင်းပြည်နှင့် လူမျိုးအပေါ် အသက်ပေး ကာကွယ် စောင့်ရှောက် တတ်သော မွန် မြတ်လှတဲ့  စိတ်ထားနဲ့  လုပ်ဆောင်မှု တွေကို ပြည်သူများ ကွဲကွဲပြားပြားဖြင့်  ကြည့်တတ် မြင်တတ် ကြပါစေ….။

ref: http://examplarygardener.blogspot.com/2011/10/blog-post_22.html
Read More

ငိမ်းချမ်းရေးမှာ ပူးပေါင်းပါဝင်ပါ... မပါဝင်ရင်တော့ ဆက်လက်တိုက်ခိုက်မည် ဟု ပြောကြား



နိုင်ငံငြိမ်းချမ်းရေးမှာ ပူးပေါင်းပါဝင်ဖို့နှင့် ပူးပေါင်းမပါဝင်ပါက ဆက်လက်ပြီးတိုက်ခိုက်ခံနေရအုံးမှာ ဖြစ်ကြောင်း ကို စစ်ပွဲများရပ်စဲရေး၊ လွတ်လပ်စွာ သဘောထားကွဲလွဲရေး နှင့် ဒီမိုကရေစီ အရေး ဆိုတဲ့ စကားတွေကို အမြဲပြောတတ်တဲ့ ဒီမိုကရေစီနိုင်ငံကြီး ဖြစ်သော အမေရိကန်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က တာလီဘန်တွေကို ပြောကြားလိုက်ပါတယ်။

ဟီလာရီကလင်တန်ဟာ သမ္မတအိုဘားမားရဲ့ အားအကိုးရဆုံး ဖြစ်ပြီး မြန်မာနိုင်ငံမှာ လွတ်လပ်စွာကွဲလွဲခွင့်ရရေးနဲ့၊ ဒီမိုကရေစီအရေးအပြင် အစိုးရရဲ့ လက်နက်ကိုင်တိုက်ခိုက် မှုတွေကိုပါ အပြစ် တင်နေသူ ဖြစ်ပါတယ်။ တစ်ဖက်မှာ အမေရိကန်ရဲ့ သြဇာမခံတဲ့ အစိုးရတွေကို လက်နက်ကိုင်ပြီး အစိုးရဆန့်ကျင်သူတွေကို မတိုက်ခိုက်ဖို့ အပြစ်တင်နေချိန်မှာ တခြားတစ်ဖက်မှာတော့ အမေရိကန်နဲ့ အဆင်ပြေတဲ့ အစိုးရတွေဖက်ကလိုက်ပြီး အစိုးရဆန့်ကျင်သူတွေကို လက်နက်ချဖို့နဲ့ လက်နက်မချရင် ဆက်တိုက်မယ်ဖြစ်ကြောင်းတွေကို အာဏာရှင်ဆန်စွာ ပြောဆိုလျှက် ရှိပါတယ်။

ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး ကုလသမ္မဂ္ဂနဲ့ တခြား လူ့အခွင့်အရေး အဖွဲ့အစည်းတွေက စိုးရိမ်ကြောင်း မပြောခဲ့ကြပါဘူး။ ဘန်ကီမွန်း၊ ကင်တင်းနား၊ မစ်ရှဲ နဲ့ ဂျွန်မက်ကိန်းတို့လည်း စိုးရိမ်ဖို့ မေ့နေကြပါတယ်။


တစ်ချိန်က ဦးနေဝင်း ပြောခဲ့တဲ့ ဆူဆူပူပူလုပ်ရင် တိုက်ခိုက်မည်ဖြစ်ကြောင်း ပြောဆိုချက်ကို မြန်မာအတိုက်အခံတွေက ဝေဖန်ခဲ့ကြပေမယ့် အခု ဟီလာရီကလင်တင်ပြောတဲ့ အစိုးရနဲ့မပူးပေါင်းရင် ဆက်လက်ပြီး ပစ်ခတ်တိုက်ခိုက်မယ် ဆိုတဲ့စကားကိုတော့ မသိချင်ဟန်ဆောင်ပြီး အမေရိကန်ကို ဘုရားလို ကိုးကွယ်နေကြတုန်းပဲဖြစ်ပါတယ်။

မြန်မာအစိုးရကို ထိုးစစ်တွေရပ်ဖို့ ဆိုပြီး မြန်မာပြည်တွင်းက အစိုးရဆန့်ကျင်သူတွေရာ၊ ပြည်ပက အစိုးရ ဆန့်ကျင်သူ တွေအပြင် အမေရိကန်နဲ့ အနောက်နိုင်ငံတွေက မကြာခဏ ပြောကြားခဲ့ပေမယ့်။ ဟီလာရီကလင်တန်ရဲ့ ထိုးစစ်တွေ ဆက်လုပ်ဖို့ ပြောကြားချက်ကိုတော့ အားပေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ကုလသမ္မဂ္ဂအစည်းအဝေးမှာလည်း အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို အာဏာရှင်ဆန်မှု၊ နိုင်ငံငယ်တွေကို ရန်တိုက်ပေးမှု၊ ကမ္ဘာကြီးကို စစ်တွေဖြစ်အောင် လုပ်ဆောင်မှုတွေကြောင့် အပြစ်တင်မှုတွေ ရှိခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ဟာ အာဖဂန်နစ္စတန်မှာ ရောက်နေပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့က သမ္မတ ဟာမစ် ခါဇိုင်း ၊ တခြား အာဖဂန် အရာရှိ တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အစိုးရအတိုက်အခံအဖွဲ့အစည်းတွေနဲ့ လူထုခေါင်းဆောင်တွေနဲ့တော့ တွေ့ဆုံခြင်း မရှိခဲ့ပါဘူး။

အာဖဂန် နစ်စတန်မှာ အမေရိကန်တပ်တွေ ထားရှိပြီး တိုက်ခိုက်မှုတွေ လုပ်ခဲ့တာ ဆယ်စုနှစ် တစ်ခု ကျော် ကြာမြင့်ပြီဖြစ်ပြီး ၂ဝ၁၅ ထိ အမေရိကန် တပ်တွေကို ထားရှိအုံးမှာ ဖြစ်ပါတယ်။ 
 

Read More

လျှို့ဝှက်သတင်းများ ထုတ်လွင့်မှု ရပ်နားတော့မည့် Wikileaks

Wikileaks ဝက်ဆိုက်ကို ထူထောင်သူ Julian Assange
အင်တာနက် လောကအတွင်းတွင် လျှို့ဝှက်သတင်းများ ဖောက်ချမှုဖြင့် နာမည် ထင်ရှား လှသည့် Wikileaks ဝက်ဆိုက်ကို ထူထောင်သူ Julian Assange မှာ၎င်း၏ လျှို့ဝှက်ချက်များ ထုတ်ဖော်နေမှုကို ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း တနင်္လာနေ့က ပြောကြားလိုက်ကာ ၎င်းတို့ ဝက်ဆိုက်၏ ဘဏ္ဍာရေး ကိစ္စရပ်များ ပြန်လည် အခြေတည် နိုင်ရန် ယခုလို ပြုလုပ်မည် ဟု ကြေငြာ ရခြင်း ဖြစ်ကြောင်း ပြောကြား လိုက်သည်။ 

အမေရိကန် လျှို့ဝှက်ဌာနများမှ ထောင်ပေါင်း များစွာသော သတင်း အချက်အလက်များကို ဖွင့်ချခဲ့ပြီးနောက် wikileaks မှာ ငွေရေး ကြေးရေးနှင့် ဆိုင်သည့် လုပ်ငန်းကြီးများ ဖြစ်သည့် MasterCard နှင့်  PayPal တို့မှ အမည်ပျက် စာရင်း သွင်းခံလိုက်ရကာ ၎င်းတို့၏ ရပ်တည်ရေးမှာလည်း ယိုင်နဲ့လာခဲ့ရသည်။



နောက်ဆက်တွဲ အဖြစ် ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြရာ၌ ၎င်းတို့အနေဖြင့် အလွန်ပင် ထက်ထက် သန်သန်ဖြင့် ငွေကြေးများ ထောက်ပံ့နိုင်ရန် ပြုလုပ်ရမည် ဖြစ်ပြီး ယခုလို ပိတ်ဆို့မှုများကို တိုက်ဖျက်နိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။ 

MRTV 4 
 
Read More

ကချင်လူမျိုးတို့ အတွက် KIA မှ စိတ်ကြွရူးသွပ်ဆေးပြားများ ထုပ်လုပ်ပေးနေသည်

KIA တို့ ပြောနေသော ကချင်ပြည်နယ်အတွက် ဆို၍ တံတားများလမ်းများကို ဖောက်ခွဲဖျက်ဆီးယုံမျှ မက ယခုတဖန် ကချင်လူမျိုးတို့ အတွက် ထပ်မံ၍ စိတ်ကြွ၇ူးသွပ်ဆေးပြားများထုပ်လုပ်ကာ ထပ်မံအကြိုးဆောင်နေပြန်ပါသည်။ကချင်လူမျိုးအတွက်ဟုခေါင်းစဉ်တပ်ကာ ကချင်လူမျိုးဟု အမည်ခံပြီး မကောင်းမှု့ ပေါင်းစုံလုပ်နေသည့်KIA တို့ ပါးစပ်က ပြောသည်များမှာ ဟုတ်မှန်မှု့ တစ်ခုမှ မပါသလို ၊ လုပ်ဆောင်နေသည်များမှာလည်း အမှားတွေချည်းလုပ်ဆောင်နေပါသည် ယခု တပ်မတော်မှ KIA တပ်မဟာ ၄ ကို သိမ်းယူသွားပြီးနောက်ပိုင်း KIA လက်နက်များနှင့် မူးယစ်ဆေးဝါးများကို ရှာဖွေနေပြီး အောက်တိုဘာလ ၈ ရက်နေ့နှင့် ၉ ရက်နေ့တွင် တပ်မဟာ ၄ နယ်မြေမှ မူးယစ်ဆေးဝါးများနှင့် လက်နက်များကို သိမ်းဆည်းရမိခဲ့ပါတယ်။ အောက်ဖော်ပြပါသတင်းအား ၂၃-၁၀-၂၀၁၁ ရက်နေ့ ထုပ် ကြေးမုံသတင်းစာမှ ကူးယူဖော်ပြပါသည်။ ။ သဘာဝမြေ


 
တပ်မတော်စစ်ကြောင်းမှ တပ်ဖွဲ့ ဝင်များသည် အောက်တိုဘာလ ၈ ရက်နှင့် ၉ ရက်တို့ တွင် ကွတ်ခိုင်မြို့ နယ်၌ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၅၁၀၀၀၀ ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြားထုပ်လုပ်ရာတွင်အသုံးပြုသော ဓါတုဗေဒပစ္စည်းများ ၊ ဆေးပြားရိုက်စက်တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ ၊ ၆၀ မမ စိန်ပြောင်းနှစ်လက်၊ လက်နက်ငယ်နှစ်လက်၊ လက်ပစ်ဗုံးငါးလုံးနှင့် လက်နက်ငယ်ကျည်များ သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင် လက်နက်များ သိမ်းဆည်းရမိမှု့နှင်ပတ်သက်သည့် တရားခံတစ်ဦးအားဖမ်းဆည်းထား ကြောင်းသိရှိရပါတယ်၊ တပ်မတော်မှ နယ်မြေရှင်းလင်း ရေးတပ်ဖွဲ့ များသည် အောက်တိုဘာ ၈ ရက်နေ့ ညနေ ၄ နာ၇ီ ၄၅ မိနစ်ခန့် တွင် ကွတ်ခိုင်မြို့ နယ် တက္ကနိုင်းကျေးရွာအေ၇ှ့မြောက်ဘက် ၁ မိုင် ၂ ဖာလုံခန့် အကွာ ရှိ အလုဂျာ ၏ လက်ဖက်ခြံတွင် ၀င်ေ၇ာက်၇ှာဖွေ၇ာ WY စာတန်း ပါ ပန်းေ၇ာင်စိတ်ကြွ၇ူးသွပ်ဆေးပြား ၃၃၆၀၊ စိတ်ကြွဆေးပြားမှု့န့် ၉ ကီလို၊ အ၇က်ပြန် ၁၄၀ လီတာ ဟိုက်ဒရိုကလိုရစ်အက်စစ် ၃ လီတာ၊ စိတ်ကြွဆေး အမှုန့် ကြိတ်စက် ၁ ခု၊ နှာခေါင်းစွပ် ၃ ခု၊ ဒိုင်နမိုဟောင်း ၁ ခု၊ ဖန်ပေါင်းချောင် ၁ခု၊ ပိုက်တပ်လျက်ဖန်ပုလင်း ၁ လုံး ၊ ဖန်ပြောင်း၇ှည် ၂ ခု ၊ကြွေကတော့ ၁ခု ၊ ဂက်စ်အိုး ၄ လုံး ၊အ၇ိုးမီးသေွးး ၁၀ ကီလို၊ ချိန်ခွင့် ၁ ခု၊ AK-47 သေနတ်တစ်လက် ၊ ၎င်းကျည် ၆၀ တောင့်၊ ကျည်အိမ်နှစ်ခု၊ လက်ပစ်ဗုံး ၅ လုံး၊ ၈၂ မမ စိန်ပြောင်း အောက်ခံခုံ ၁ခု ၊ KIA (ကချင်)အဖွဲ့ တပ်ကြပ်အဆင့်ယူနီဖောင်းတစ်စုံတို့ကို သိမ်းဆည်း၇မိပြီး ခြံစောင့်အလုပ်သမား ဆိုင်းအောင် အားဖမ်းစီးရမိခဲ့ ကြောင်းသိရပါတယ်။
ထို့ နောက် အောက်တိုဘာ၉ ရက် နေ့ နံနက် ၇ နာ၇ီခန့် တွင် တက္ကနိုင်းကျေးရွာရပ်ကွက် (၂) ၊အိမ်အမှတ် (ခ/၁၆) ရှိ လက်ဖက်ခြံပိုင်ရှင် လောက်ဝူးနှင့် ၎င်း၏ဇနီ မလုဂျာ တို့ ၏ နေအိမ်၊လဖက်ခြံဝန်းကျင်တို့ အား ဆက်လက်ရှာဖွေရာ WY စာတန်းပါ ပန်းေ၇ာင်စိတ်ကြွဆေးပြား ၅၁၃၀၀၀ နှင့် စာတန်းမပါ ပန်းေ၇ာင်စိတ်ကြွ၇ူးသွပ်ဆေးပြား ၆၀၀၀ စုစုပေါင်းဆေးပြား ၅၁၉၀၀၀ ၊ဆေးပြား၇ိုက်စက် ၁ လုံး၊ ဆေးပြား၇ိုက်စက်၏ ဆက်စပ်ပစ္စည်းများ ၊ အက်ဖီဒ၇င်း ၁၆ ဒသမ ၅ ကီလို၊ ဆာလ်ဖျူရစ်အက်စစ် ၁၄၀ လီတာ ၊ အ၇ိုးမီးသွေးမှုန့်  ၁၈ ကီလို ၊ ကော့စတစ်ဆိုဒါ ၁၆၀ ကီလို ၊ ဆေးထိုးပြွန်ပုံစံ ဆေးပြား ပုံသွင်းမို ၄၄ ချောင်း ၊ ဒစ်ဂျစ်တယ် ချိန်ခွင် ၄ခု၊ တံဆိပ်တုံး ၅ ခု၊ အရောင်မှုန့် ၁၀ ဂရမ်၊ ယမ်းအခဲအညိုရောင် ၅ တောင့်၊ ကွန်ပျူတာ ၁ လုံး ၊ KIA (ကချင်) အဖွဲ့ ဝင်များ ၏ ကိုယ်ရေးရာဇ၀င်များပါ စာ၇ွက်စာတမ်း တစ်ထုပ်၊ M-21 သေနတ် ၁ လက်၊ ၆၀ မမစိန်ပြောင်း ၂ လက်တို့ ကို ထပ်မံ သိမ်းဆည်းရမိခဲံ ကြောင်းသိရှိ၇ပါတယ် ။
ဖမ်းဆီးရမိသည့် တရားခံ၏ ထွက်ဆိုချက်များအရ မူးယစ်ဆေးဝါးနှင် ဆက်စပ်ပစ္စည်းများမှာ မလုဂျာ၏ ပစ္စည်းများဖြစ်ကြောင်း ၊ မလုဂျာ၏ ခင်ပွန်းဖြစ်သူ တရုတ်လူမျိုးလောက်ဝူးမှာ ဆေးပြားထုပ်လုပ်သူ ပညာ ရှင်ဖြစ်ပြီး အားခွေဆိုသူက ဆေးပြားရိုက်ထုပ်ပေးကြောင်း၊ လက်နက်ခဲယမ်းများမှာ KIA အဖွဲ့ ဝင် ဂမ်မော်ဆိုသူယူဆောင်လာခြင်းဖြစ်ကြောင်း ၊ ၎င်း ဂမ်မော်သည် မူးယစ်ဆေးဝါးများကို သယ်ဆောင်ေ၇ာင်းဝယ်ပေးနေသည့် KIA အဖွဲ့ ဝင်တစ်ဦးဖြစ်ကြောင်း ဖော်ထုတ်သိရှိရပါသည်။ 
 
Read More

Popular Posts