မီးလောင်ပေါက်ကွဲခဲ့သည့်နေရာအနီးမှ ယမ်းစိမ်းအိတ်၁၀အိတ်ထပ်မံတွေ့ရှိဟုဆို


မီးလောင်ပြီး ပေါက်ကွဲခဲ့သောကြောင့် ဖြစ်ပေါ်ခဲ့သော မေတ္တာမွန်ဂိုထောင်အမှတ် ၇၉ ရှိ ကျင်းအနီးမှ ယနေ့နံနက်ပိုင်းက ယမ်းစိမ်းအိတ် ၁၀အိတ်ကျော်ထပ်မံတူးဖော်တွေ့ရှိကြောင်း ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးသင်းဌေးရွှေကပြောသည်။ ရန်ကုန်မြို့အနီးတစ်ဝိုက်တွင် ရစ်ချက်တာစကေး ၂.၃ အင်အားရှိ ငလျင် အသေးစား တစ်ခုလှုပ်ခတ် သည်အထိ ပေါက်ကွဲအား ပြင်းထန်ခဲ့သော ထိုပေါက်ကွဲမှု့တွင် ယမ်းစိမ်းအိတ်များ ကျန်ရှိပြီး မပေါက်ကွဲခြင်းမှာ အံ့သြစရာ ကောင်းကြောင်း ဓာတုဗေဒ ပညာရှင်တစ်ဦးက မှတ်ချက်ပေးသည်။
ထို့အပြင် ဓာတုပစ္စည်းများ ထည့်ထားသော တိုင်ကီများကိုလည်း ထပ်မံတွေ့ရှိရကြောင်း သတင်းရရှိသည်။ ထို့ကြောင့် စီအိုင်ဒီ အပါအ၀င် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက စစ်ဆေးနေကြသည်ဟုဆိုသည်။

Ref : 7 Days News

No comments:

Post a Comment