အမေရိကန်သမ္မတ အိုဘားမားသည် အီရန်၏ ဗဟိုဘဏ် အဖွဲ့အစည်းများနှင့်အတူ
စီးပွားရေးလုပ်နေသော အဖွဲ့အစည်းများအပေါ်တွင် အရေးယူပိတ်ဆို့မှု အသစ်တစ်ခု
ကို ဒီဇင်ဘာ ၃၁ ရက်နေ့က အတည်ပြုလက်မှတ်ရေးထိုးပေးလိုက်ပြီ ဖြစ်သည်။
ဤပိတ်ဆို့မှု၏ ဦးတည်ချက် မှာ အီရန်၏ ရေနံအခွန်များလျော့ ကျစေရန်ဖြစ်သည်ဟု
ကြေညာခဲ့သည်။ သမ္မတသည် မိသားစု အား လပ်ရက် အနားယူနေသော ဟာ
ဝိုင်ရီကျွန်းပေါ်သို့ ရောက်ရှိနေစဉ် လက်မှတ်ထိုးပေးခဲ့ခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံ အတွင်း လာ ရောက်၍ အလုပ်လုပ်နေကြသော နိုင်ငံခြားငွေကြေး
ဆိုင်ရာအဖွဲ့အ စည်းများသည် အီရန်နိုင်ငံ၏ ဗဟို ဘဏ်နှင့်ဆက်သွယ်ထားမှုကို တား
ဆီးပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။ ၄င်းပိတ် ဆို့မှုမှာ
ရေနံနှင့်ရေနံထွက်ပစ္စည်းများ ကိုရောင်းခြင်း၊ဝယ်ခြင်းပြုလုပ်ရာတွင်
ငွေစာရင်းလွှဲပြောင်းခြင်း၊ ငွေစာရင်း ဖွင့်ခြင်းများနှင့် ပတ်သက်မှုများကို
သာတားဆီးပိတ်ပင်ထားခြင်းဖြစ်သည်။ ဤကဲ့သို့ စီးပွားရေး အရေးယူ ပိတ်ဆို့မှုသည်
အီရန်နှင့် ထိတွေ့ ဆက်ဆံမှုနည်းဗျူဟာကို အမေရိ ကန်အနေဖြင့် ပြောင်းလဲသွား
လိမ့် မည်မဟုတ်ဟု အမှတ်အသားပြု ခဲ့ကြသည်။ အမေရိကန်သည် ၄င်းတို့၏
မဟာမိတ်များနှင့် အတူ အငြင်းပွား ရန်ဖြစ်ဖျက်ဆီးမှု မပါသောနည်းလမ်းဖြင့်
အီရန်အပေါ် တွင် တစ်ဖက်လှည့်၍ ဖိအားပေးခြင်းကို ပြုလုပ်လာစေခြင်း ဖြစ်သည်ဟု
သုံးသပ်နေကြသည်။
Ref : Popular News
Ref : Popular News
No comments:
Post a Comment