KNU ဗဟိုဌာနချုပ်မှ ဥက္ကဋ္ဌ စောတာမလာဖော ဦးဆောင်သည့် အဖွဲ့ဝင် ၁၉ ဦးပါအဖွဲ့ ကရင်ပြည်နယ် ဘားအံမြို့သို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရန် ရောက်ရှိ


ဇန်နဝါရီလ ၁၁ ရက် မွန်းလွဲ ၂ နာရီခန့်က KNU ဗဟိုဌာနချုပ်မှ ဥက္ကဋ္ဌ စောတာမလာဖော ဦးဆောင်သည့် အဖွဲ့ဝင် ၁၉ ဦး ပါဝင်သောအဖွဲ့မှာ ကရင်ပြည်နယ် ဘားအံမြို့ရှိ ဟိုတယ်ဇွဲကပင်သို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရန် ရောက်ရှိလာကြောင်း သိရသည်။ ဥက္ကဋ္ဌ စောတာမလာဖောနှင့်အတူ KNU ဗိုလ်ချုပ်ဂျော်နီ၊ ဗိုလ်ချုပ်မူတူး(ခေါ်) နေဦးတို့ပါဝင်ပြီး အဆိုပါအဖွဲ့ ၁၉ ဦးသည် ဇန်နဝါရီလ ၁၂ ရက်န့၌ မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ ငြိမ်းချမ်းရေး သဘောတူညီမှုရယူရန် သွားရောက်မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Ref : ခေတ်လူငယ်

No comments:

Post a Comment