ကျပ် သိန်းတစ်ရာဖြင့် ဂျပန်ကားတစ်စီး ဝယ်စီးနိုင်ပြီ

ကျပ် သိန်းတစ်ရာဖြင့် ဂျပန်ကားတစ်စီး ဝယ်စီးနိုင်ပြီ
By Flower News Journal

ငွေကျပ် သိန်းတစ်ရာဖြင့် ဂျပန်ထုတ် နစ်ဆန်း ၂၀၀၂ မိုဒယ်ကားတစ်စီးအား ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ဆာကူရာ ကားဆားဗစ်စင်တာမှ ဦးဌေးအောင်က ပြောသည်။ ဂျပန်မှ CIF တန်ဖိုး ၅၀၀၀ အောက်ကားများကို ကညနမှ ထုတ်ပေးသည့် စလစ်နှင့် ငွေကျပ် သိန်းတစ်ရာဖြင့် ဂျပန်နိုင်ငံထုတ် နစ်ဆန်း March ၂၀၀၂ မိုဒယ်များမှအစ မည်သည့်ကားမဆို ဝယ်ယူနိုင်ကြောင်း သိရသည်။ “က...
ျွန်တော်တို့ ဒီနေ့ဖွင့်ပွဲမှာ အထူးအစီအစဉ်အနေနဲ့ ဂျပန်ကားဖြစ်တဲ့ နစ်ဆန်း ၂၀၀၂ မိုဒယ် March အမျိုးအစားတွေကို စလစ်နဲ့ ၉၅ သိန်းပေးရင် ရောင်းပေးနေပါတယ်။ နောက်နေ့တွေကျရင် ဒီကားကို စလစ်နဲ့ ကျပ်သိန်းတစ်ရာဆို ရောင်းပေးသွားမှာပါ။ ကျန်တဲ့ CIF တန်ဖိုး ၅၀၀၀ အောက်ကားတွေကိုလဲ ဒီလိုပဲ ရောင်းပေးသွားမှာပါ” ဟု ဆာကူရာ ကားဆားဗစ်စင်တာမှ ဦးဌေးအောင်က ပြောသည်။ ဆာကူရာ ကားစင်တာ၏ အရောင်းစင်တာခွဲ တစ်ခုဖြစ်သည့် ရမ်စပိ ကားဆားဗစ် စင်တာတွင်လည်း ထိုသို့ ဝယ်ယူနိုင်သလို ကျပ်သိန်း ၄၀၀ မှ ၅၀၀ အထိ ရှိပါကလည်း လိုင်စင်အပါ အခွန်ဆောင်ပြီး ကားများကို စိတ်ကြိုက်ဝယ်ယူနိုင်ကြောင်း သိရသည်။ “ကျွန်တော်တို့ စလစ်နဲ့ သိန်းတစ်ရာအပါ ကားများကို ရောင်းတာက လူလတ်တန်းစားတွေ ဝယ်စီးနိုင်အောင် ပြုလုပ်ပေးတာပါ။ ကျွန်တော်တို့ ရမ်စပိ ကားစင်တာမှာလဲ ဆာကူရာနည်းတူပဲ ရောင်းပေးသွားမှာပါ။ စလစ် မရှိဘူး။ သိန်း ၄၀၀ လောက်ရှိတယ်ဆိုရင် ဒီမှာ လာကြည့်လှည့်ပါ။ ကညန လိုင်စင် အခွန်ဆောင်ပြီးကားတွေ ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ ဝယ်ယူသူတွေအနေနဲ့ စိတ်ကြိုက် ဝယ်ယူလို့ရပါတယ်” ဟု ရမ်စပိ ကားဆားဗစ်စင်တာမှ ကိုအေးမင်းရှိန်က ပြောသည်။ ဆာကူရာ ကားအရောင်းစင်တာနှင့် ရမ်စပိ ကားအရောင်းစင်တာများကို မကြာမီအချိန်တွင် နေပြည်တော်၌လည်း ဖွင့်လှစ်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဖြိုးညီညီဝင်း
win@yangonmedia.com

1 comment:

  1. ကျေးဇူှးတင်လိုက်တာ။ခင်ဗျားတို.တွေ၇ှံးနေပါအုံးမယ်။ပြည်သူတွေအပေါ်ဒီလောက်စေတ
    နာတွေ၇ှိမနေပါနဲ.

    ReplyDelete