နိုင်ငံတော် အစိုးရသည် ပြည်သူလူထု လွယ်ကူချောမွေ့ စွာ ဆက်သွယ် သွားလာနိုင်ရေး အတွက် လမ်းတံတားများအား ဘဏ္ဍာငွေ မြောက်များစွာ ကုန်ကျခံ၍ ဖောက်လုပ်ပေးလျှက် ရှိသော်လည်း KIA ( ကချင် ) သောင်းကျန်းသူအဖွဲ့ အနေနှင့် လမ်းတံတားများအား စဉ်ဆက်မပြတ် မိုင်းထောင် ဖောက်ခွဲ ဖျက်စီး နေပါတယ် ။
ဧပြီလ ၂၉ ရက် နံနက် နံနက် ၁ နာရီခန့် က မြစ်ကြီးနား-နန့် စီးအောင် ရထားလမ်း မော်ဟန်ဘူတာ အနီးမှာ ရှိတဲ့ တံတားအား KIA အကြမ်းဖျက်သောင်းကျန်းသူ အဖွဲ့ မှ ရထားဖြတ်သန်း နေစဉ်မှာ မိုင်းခွဲ ဖျက်စီးခဲ့ပါတယ် ။ KIA ရဲ့ လုပ်ဆောင်ချက်တွေဟာ ငြိမ်းချမ်းရေးကို လိုလားတဲ့ အသွင်မဆောင်ပဲ သောင်းကျန်းသူ အသွင်ကို ဆောင်လာပြီ ဖြစ်ပါတယ် ..
KIA ရဲ့ အခုလို ပြည်သူတွေ သွားလာမှုခက်ခဲစေရန် မိုင်းထောင်ဖောက်ခွဲမှုကြောင့် ပြည့်သူ့ ဘဏ္ဍာဖြင့် ကချင်ပြည်နယ်လမ်းပန်းဆက်သွယ်ရေး လွယ်ကူစေရန် တည်ဆောက်ထားတဲ့ လမ်းတံတားများ ပျက်စီး ဆုံးရှုံး ရသလို အပြစ်မဲ့တဲ့ ပြည်သူတွေလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြပါတယ် .. ဧပြီလ ၂၉ ရက်နေ့ က ရထားလမ်းပေါ်တွင် ရထားဖြတ်သန်း နေစဉ် မိုင်းဖောက်ခွဲမှုကြောင်းလည်း ဦးမျိုးမြင့်ထိုက်သည် ဘယ်ဘက်ခြေထောက် ကျိုးသွားပြီး ဆရာတော် ရှင်စန္နောဘာသ သည် ခြေချင်းဝတ် ပြတ်ရှ ဒဏ်ရာ ရရှိခဲ့ပါတယ် ..
ဒါကြောင့် ကေအိုင်အေ အနေနဲ့ ကိုယ့်လူမျိုး ကိုယ့်ပြည်နယ် အတွက် တိုက်ပွဲဝင်နေပါတယ်လို့ အသံကောင်းဟစ်ပြီး ကိုယ့်လူမျိုးအချင်းချင်း ပြန်သတ် ထိခိုက်ဒဏ်ရာရအောင်လုပ် ဒေသဖွံ့ ဖြိုးရေး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့ အတွက် တည်ဆောက်ထားတဲ့ လမ်းတံတားတွေကို ဖျက်စီးနေတာဟာ ကချင်လူမျိုးအတွက်လား ၊ ကချင်ပြည်နယ်အတွက်လား KIA ခေါင်းဆောင်ပိုင်းတွေ အာဏာတည်မြဲဖို့ လားဆိုတာတော့ စဉ်းစားဖို့ လိုနေပါပြီ .....
ုKIA fuck you
ReplyDeleteမြန် မာပြည် မှာ နေ ပြီး လူ လို မနေ ခြင် ရင် အပြက် ရှင်း လိုက် တော့ ကြာ တယ် ကွာ
ReplyDeleteဘာအတွက်ကြောင့်အခုလို တိုက်ပွဲတွေလုပ်နေရတာပါလည်း အခုလို တိုက်ပွဲ လုပ်တော့ရော ပြည်သူတွေအတွက် နစ်နာဆုံးရှုံးမှုရှိတယ်ဆိုတာ မသိကြတာလား
ReplyDeleteHi သတင်းတွေတင်ပါအုံး
ReplyDeleteHi, initially I found this article very hard to read but when I translated it to English I noticed it was a great inspiring article. Thanks.
ReplyDelete