ရန်ကုန်မြို့တွင် ဥရောပသမဂ္ဂ ကိုယ်စားလှယ်ရုံးခွဲ ဧပြီလကုန်၌ ဖွင့်လှစ်ရန်စီစဉ်ထား

 မြန်မာနိုင်ငံအပေါ် စီးပွားရေး အရေးယူပိတ်ဆို့မှုများပြုလုပ်ထားသည့် ဥရောပ သမဂ္ဂသည် မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကိုယ်စားလှယ်ရုံးခွဲကို ဧပြီလကုန်ပိုင်းတွင် ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ဥရောပသမဂ္ဂ ဖွံ့ဖြိုးရေး ကော်မရှင်နာ မင်းကြီး Andris Piebalgs က ရန်ကုန်မြို့တွင် ဖေဖော် ၀ါရီလ ၁၄ ရက်နေ့က ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂက ပံ့ပိုးထားသည့် အကူအညီပေးရေး အစီအစဉ်များကို စီမံခန့်ခွဲရန်နှင့် နိုင်ငံရေး အခန်းကဏ္ဍကို ဆောင်ရွက်ရန် ယင်းကဲ့သို့ ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ရန် မြန်မာတာဝန်ရှိသူများနှင့် သဘောတူညီချက် ရရှိထားပြီးဖြစ်ကြောင်းနှင့် ရန်ကုန်မြို့တွင်ဖွင့်လှစ်မည့် ကိုယ်စားလှယ်ရုံးခွဲကို ထိုင်းနိုင်ငံရှိ ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့က စီမံခန့်ခွဲမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို လာမည့်ဧပြီလတွင် အပြည့်အ၀ ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

No comments:

Post a Comment