CIA ၀က်ဘ်ဆိုက်အား ဟက်ကာများ တိုက်ခိုက်



အမည်မသိ ဟက်ကာအဖွဲ့တစ်ဖွဲ့သည် အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA)၏ ၀က်ဘ်ဆိုက်အား ဖေဖော်ဝါရီ ၁၀ ရက်က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဟက်ကာများ၏ တိုက်ခိုက်မှုကြောင့် အေအက်ဖ်ပီမှ CIA ၀က်ဘ်ဆိုက်အတွင်းသို့ ၀င်ရောက်ရန် နှစ်နာရီကျော်ကြာအောင် ကြိုးစားခဲ့သော်လည်း အောင်မြင်ခဲ့ခြင်းမရှိပေ။ ဟက်ကာများ၏ တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ CIA အနေဖြင့် အခြေအနေအရပ်ရပ်ကို သတိထားမိကြောင်းနှင့် ၀က်ဘ်ဆိုက်အား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ဆောင်လျက်ရှိကြောင်း ၄င်းအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထို့အပြင် မက္ကဆီကို သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Cammiex ကုမ္ပဏီ၏ ၀က်ဘ်ဆိုက်ကိုလည်း အမည်မသိ ဟက်ကာများက ဖေဖော်ဝါရီ ၁၀ ရက်က တိုက်ခိုက်ခဲ့ပြီး ယင်းကုမ္ပဏီသို့ ပေးပို့ထားသော မေးလ်များကိုလည်း ခိုးယူခဲ့သည်ဟု သိရသည်။ (အင်တာနက်)

ခေတ်လူငယ်မှ ကူးယူဖော်ပြသည် ။

No comments:

Post a Comment