'
အမိမြေ
Showing posts with label ပညာရေးသတင်း. Show all posts
Showing posts with label ပညာရေးသတင်း. Show all posts

လာမည့်စာသင်နှစ်တွင် ဒို့အလံ သင်ခန်းစာ ပြောင်းလဲမည်


လက်ရှိ အခြေခံပညာမူလတန်း ဒုတိယတန်းတွင် သင်ကြားနေသော ဒို့အလံသင်ခန်းစာကို လာမည့် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှစ၍ ပြောင်းလဲ ပုံနှိပ် ပြဋ္ဌာန်းသွားမည်ဖြစ်သည်။
သင်ခန်းစာသစ်တွင် အဓိကအားဖြင့် အလံပုံအားပြောင်းလဲသွားမည်ဖြစ်ပြီး စာသားများတွင်မူ နိုင်ငံတော်အလံသစ်တွင် ပါဝင်သော အဖြူရောင်ကြယ်၏ အဓိပ္ပာယ်နှင့် ကြယ်အောက်တွင် အ၀ါရောင်၊ အစိမ်းရောင်၊ အနီရောင်များ အောက်ခံအဖြစ် ပါဝင်ရခြင်း အကြောင်းရင်းများကို ဖော်ပြသွားမည်ဟု ပညာရေး ၀န်ကြီးဌာန၊ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဘိုဝင်းက ပြောသည်။
မြန်မာနိုင်ငံတော်အလံအား အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပြောင်းလဲလိုက်သည့်အတွက် ယခုဒုတိယတန်းတွင် သင်ကြားနေ သော ဒို့အလံသင်ခန်းစာကို ပြောင်းလဲပြဋ္ဌာန်းရခြင်းဖြစ်ပြီး အခြားသင်ရိုးများကိုမူ ပြောင်းလဲရန် အစီအစဉ်မရှိသေးကြောင်း သိရသည်။
ယခုလက်ရှိ မြန်မာနိုင်ငံတွင် အခြေခံပညာကျောင်းပေါင်း ၄၀,၈၀၁ ကျောင်း ရှိရာ ဒုတိယတန်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ စုစု ပေါင်း ၁၀ သိန်းကျော်ခန့်ရှိသည်။ 

Ref : မြန်မာ့တိုင်းမ်

Read More

ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ကြေးများ အစိုးရ ထောက်ပံ့မည်


ပညာထူးချွန်သောကျောင်းသား များနှင့် ပညာသင်ယူရန် အခက်အခဲရှိသော ကျောင်းသားများအတွက် ပညာသင်ဆုနှင့် ပညာသင် ထောက်ပံ့ကြေးများကို လာမည့်
ပညာသင်နှစ်တွင် စတင်ပေးအပ် သွားမည်ဖြစ်ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီး ဌာနမှတာဝန်ရှိသူတစ်ဦးက ပြော သည်။
ပညာသင်ဆုအတွက် အခြေခံပညာအလယ်တန်းနှင့်  အထက်တန်း    တက်ရောက်နေသော ကျောင်းသားများကို ရွေးချယ်ပေးအပ်သွားမည်ဖြစ်ပြီး ပညာသင် ထောက်ပံ့ ကြေးအား နွမ်းပါးသော ကျောင်းသားများ အတွက်  ရွေးချယ် ပေးအပ် သွားမည် ဖြစ်သည်။ ပညာသင်ဆု ရွေးချယ်မည့် စာမေးပွဲများကို ဧပြီလတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားပြီး အင်္ဂလိပ်စာနှင့် အထွေထွေ ဗဟုသုတတို့ကို တစ်နာရီကြာစီ ဖြေဆိုရမည်ဖြစ်သည်။
“သက်ဆိုင်ရာကျောင်းတွေ ကတစ်ဆင့်လျှောက်ရမယ်။ပညာတော်သင်ဆုက  တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြိုင်ရမှာပေါ့။ ပညာသင်ထောက်ပံ့ကြေးက နွမ်း ပါးတဲ့သူတွေအတွက် ပေးမှာပါ။ တစ်မြို့နယ်ကို   နှစ်ဦး၊   သုံးဦး လောက်ပဲပေးမယ်”ဟု  အဆိုပါ ပုဂိုလ်ကပြောသည်။ ပညာသင်ဆုအနေဖြင့်အလယ်တန်းကျောင်း သားများအ တွက် ကျပ်တစ်သောင်း၊ အထက် တန်းကျောင်းသားများအတွက် ကျပ်တစ်သောင်းခွဲနှင့် ပညာ သင်ထောက်ပံ့ကြေးအနေဖြင့် မူလတန်းအတွက် ကျပ်၅၀၀၀၊ အလယ်တန်းအတွက် ကျပ်၆၀၀၀၊ အထက်တန်း အတွက် ကျပ်၈၀၀၀ လစဉ်ပေးအပ်သွားရန်လျာထား ပြီးဖြစ်ကြောင်းသိရသည်။
အခြေခံပညာသင်ယူနေ သော ကျောင်းသားများအတွက် ပညာသင်ဆုနှင့်  ပညာသင် ထောက်ပံ့ကြေးအစီအစဉ်ကို မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းပေါင်း  ၄၁၀၀၀ကျော်မှ   ကျောင်းသားများပါဝင် လျှောက်ထားနိုင်မည်ဖြစ်ပြီး ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်မည့် ကျောင်းသားအရေအတွက်ကို မသိရှိရသေးပေ။
 
Ref :  7 Days News

Read More

Popular Posts