'
အမိမြေ
Showing posts with label အင်တာဗျူး. Show all posts
Showing posts with label အင်တာဗျူး. Show all posts

ဒေါက်တာစိုးမင်း နှင့် တွေ့ဆုံခြင်း





မေး- အန်ကယ် အခုရွေးကောက်ပွဲအတွက်  ပဲ မေးမှာဆိုတော့ အစ်ကိုမေးတာနဲ့လည်း တူတာတွေလည်းရှိပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ International ရွေးကောက်ပွဲတွေ အကြောင်းမေးရင် နည်းနည်းဟတာရှိ တယ်လေ။ အဲဒီထဲမှာ မြန်မာနိုင်ငံနဲ့ဆိုင် တဲ့ အကြောင်းအရာလေးတစ်ခွန်းနှစ်ခွန်း လောက်ပဲ မေးလိုက်မယ်နော်။
ဖြေ- ကျွန်တော်ကလည်း အမျိုးသား နိုင်ငံရေးလုပ်နေတာ ကျွန်တော်တာဝန် က ပြည်သူတွေနဲ့ ထိတွေဖို့ ဆေးခန်း (၂) ခန်းဖွင့်ထားတယ်။ (၁)ခန်းကကော့မှူးမြို့ ပေါ်မှာ ထိုင်ပြီးတော့ စေတနာအခမဲ့ ဆေးခန်းလိုဆိုပြီး နောက်အခန်းကတော့ Mobile Team ပါ။ ကားနဲ့ Nurse ရော ဆေးတွေရောကော့မှူးမြို့နယ် အစွန်အဖျား  ရွာတွေထိအောင်သွားတယ်။ ဟိုတုန်းက တည်းက ကွမ်းခြံကုန်းလမ်းမကြီးရဲ့ ဘယ် ဘက်ကရွာတွေရောညာဘက်ကရွာတွေ ရောမှာ ကတ္တရာလမ်းမရှိဘူး။ ဟိုဘက် က လျားရွာထိအောင်သွားတယ်။ ဟိုတစ် နေ့ကဆို ပိုင်ရွာထိအောင်ရောက်တယ်။ တချို့နေရာတွေမှာ လမ်းမရှိလို့ စပါးသိမ်း  ပြီးကျမှ လမ်းပေါက်တယ်။ အခုအချိန်က စပါးမရှိတဲ့အချိန် ဆေးကုရင်းပြည်သူတွေ နဲ့ ထိတွေ့ဆေးကုတယ်။ ကျွန်တော်တို့ ပါတီရဲ့ ရှေးလုပ်ငန်းစဉ်ကို ရှင်းပြတယ် အဲဒီနည်းနဲ့ဘဲ ကျွန်တော်လုပ်စရာရှိတာ လုပ်ခဲ့တယ်။
မေး- ပြည်သူလူထုရဲ့ ထောက်ခံမှု သူတို့ရဲ့တုန့်ပြန်မှုအနေအထားကရော ဘယ်လိုရှိလဲ။
ဖြေ- ကျွန်တော်လုပ်တာက (၁)လကျော် ပြီပေါ့နော်။ ပြည်သူလူထုရဲ့ တုန့်ပြန်မှုကို ပွင့်ပွင့်လင်းလင်းပြောရရင် ပြည်သူလူထု က အရမ်းရိုးသားကြတယ်။ သူတို့မှာ နိုင်ငံ  ရေးကာလလုံးဝမရှိပါဘူး။ ကျွန်တော်တို့ အဖွဲ့သွားရင် ကျွန်တော်တို့အဖွဲ့ကို သောင်းသောင်းဖျဖျာကြိုဆိုကြတဲ့ တခြား  အဖွဲ့သွားရင်လည်း ကြိုဆိုမှာပဲ။ သူတို့ အဖွဲ့တွေက ၀ိုင်းပြီးသောင်းသောင်းဖျဖျ ကြိုဆိုကြမယ်။ ထမင်းကျွေးမယ်။ ကျေးဇူး တင်စကားပြောမယ်။ ပြီးရင်လည်း ကျွန်တော်ကိုဆို ဆရာ့ရဲ့ကျေးဇူးမမေ့ပါ ဘူးဆိုတာလည်း ပြောသေးတယ်ဗျ။ သူတို့ရဲ့ တုန့်ပြန်မှုက ကျွန်တော်အတွက် အားရှိစရာပါဘဲ။
မေး-  Dr စိုးမင်းယှဉ်ပြိုင်ရမည့်သူက တစ်ဘက်က ဒေါ်အောင်ဆန်းစုကြည်ဖြစ် နေတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့အပေါ်မှာ လူထုထောက်ခံမှုအင်အားက  Dr စိုးမင်းတွေ့တဲ့အတိုင်းပါဘဲ။ အဲဒီတော့ ရွေးကောက်ပွဲမှာ အလားအလာကိုယ့်ဘက် က ကောင်းတယ်လို့ပြောနိုင်မလား။
ဖြေ- ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ image Figure ရှိပြီးသားပါ။ ကျွန်တော့် တာဝန်ကလည်း လွန်ခဲ့တဲ့အနှစ် (၂၀) လုံးလုံးဟာ တိုင်းပြည်တာဝန်ကို အဆင့် မြင့်စစ်တပ်ထဲမှာ တကယ့် Heavy ထမ်း ဆောင်ခဲ့တာပါ။ အဲဒီတော့ လူကြီးတွေ က ရွေးချယ်လိုက်တဲ့အခါမှာ ဒေါ်အောင်  ဆန်းစုကြည်လည်း ၈၈ ကနေ နိုင်ငံရေး လုပ်ခဲ့တာဘဲ။ ကျွန်တော်ကလည်း ၈၈ ကနေ အရာရှိဘ၀နဲ့ တစ်တိုင်းလုံးတစ် ပြည်လုံးကို တာဝန်ထမ်းဆောင်ခဲ့တာပါ ပဲ။ သို့သော် ပြည်သူလူထုရဲ့စိတ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ချစ်တယ်ချစ်တာ က ဗိုလ်ချုပ်ရဲ့ သမီးတစ်ယောက်အနေနဲ့ ချစ်တယ်။ သူတို့မှာ ဘာနိုင်ငံရေးကာလာ မှမပါဘူး။ ကျွန်တော်ကိုကျတော့ လေး စားတယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ ဆရာဝန်တစ်ယောက်အနေနဲ့ လေးစား တယ်။ ဒီမှာ လေးစားတဲ့လူနဲ့ ချစ်တဲ့လူ နဲ့ အားပြိုင်တယ်။ သူ့ကိုကချစ်တာချစ် တာနဲ့ လေးစားတာနဲ့ မတူဘူး။ ကျွန်တော်  ကကျတော့ လွန်ခဲ့တဲ့ ၄-၅ နှစ်လောက် ကတည်းက ဒီကားလေးနဲ့ အိပ်ယာထဲမှာ လဲနေတဲ့ လူနာတွေကအစတကယ်ပဲ ကျွန်တော်စေတနာထားပြီးကုခဲ့တယ်။ ပြိုင်ဖို့ဆိုတာက အခုမှသာဖြစ်လာတာပါ။ အရင်ကတည်းက ကျွန်တော်အဲဒီမှာ ကျင်လည်ခဲ့တာ ကျွန်တော့်ကိုလေးစား တာ သူ့ကိုချစ်တာ ချစ်တာနဲ့ လေးစား တာကြားမှာ သူတို့အတွက်နိုင်ငံရေးအသိ အမြင်မရှိရှာဘူး။ ကျွန်တော်နိုင်ငံရေးအသိ  အမြင်တွေ ပေါ်လစီတွေကိုပြောပြတယ်။ ကျွန်တော်တို့အချုပ်အခြာတည်မြဲရေးမှာ ကျွန်တော်တို့လိုချင်တဲ့ ခေါင်းဆောင်တစ် ဦးက ကိုယ်ဒူးကိုယ်ချွန်ကိုယ့်တိုင်ပြည်ရဲ့ ခေါင်းဆောင်ဖြစ်ဖို့ပါပဲ။ Educate လုပ် ရင်းခေါင်းဆောင်တွေတက်လာတယ်။ ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ လူဦးရေရှိ မယ်။ သူတိုဘက်က နိုင်ငံရေးကာလတွေ လည်း ကျွန်တော်တို့မှာရှိမယ် အရိပ်က ပြန်ပြောင်းလာတယ်။ အခုအချိန်ထဲထဲ ၀င်ဝင်စည်းရုံးတဲ့အခါမှာ ကျွန်တော်ဘက် က အင်အားမသေးပါဘူးလို့မြင်တယ်။
မေး- အကယ်များနိုင်ခဲ့ရင် လွှတ်တော် ထဲကိုရောက်တဲ့အချိန်မှာ အခြေခံအားဖြင့် ဘာတွေစပြီးတော့ ပြောင်းလဲအောင် ဘာကစပြီးတော့လုပ်ဖို့ရည်ရွယ်သလဲ။
ဖြေ- ကျွန်တော်တို့က ပြောင်းလဲအောင် ဆိုတဲ့စကားမှာ Evolution New ကို ပို ပြီးတော့စိတ်ဝင်စားပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်တော်တို့က သားသမီး တွေကို မိဘကမွေးဖွားလို့ လူဖြစ်ရတဲ့ အတွက် မိဘတွေရဲ့ လမ်းစဉ်ကို ကန့်လန့် လုပ်လို့မရသလို နောက် Generation က လိုလားတဲ့လမ်းကိုလည်း ဖွင့်လို့မရဘူး။  ပြုပြင်ပြောင်းလဲရေးကိုလွှတ်တော်မှာ လုပ်မယ်ဆိုရင် ခေတ်ဟောင်းက အမှား တွေကို သုံးသပ်ပြီး ပြင်ရမယ်။ ခေတ်သစ် က လူတွေအတွက် လမ်းမမှားအောင် ပြင်ရမယ်။ အဲဒီနှစ်လမ်းကြားကနေ ဗုဒ္ဓ ဘာသာစကားနဲ့ ပြောရရင်တော့ မဇ္ဈိမပဋိ ပဒါအဲဒီကနေ ဖောက်ထွက်သွားမှ ကျွန်တော်တို့နိုင်ငံ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျွန်တော်တို့အားလုံးအဆင်ပြေသွားမယ် လို့ထင်ပါတယ်။
မေး- ဒါကနိုင်ခဲ့ရင်ပေါ့။ အကယ်၍များ ရှုံးခဲ့ရင်ရော၊ ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံရေးကိစ္စတွေမှာ ဆက်ပြီးတော့ လုပ်ဦးမှာလား။
ဖြေ- ဒီလိုပါဗျ။ ကျွန်တော်တို့ကြားဖြတ် ရွေးကောက်ပွဲတွေက ကျွန်တော်တို့မှတ် တိုင်တစ်ခုပါ။ ဆိုပါတော့ ကျွန်တော်သွား  နေတဲ့ မူလမ်းကြောင်းကြီးက ဟိုတုန်းက တည်းက ကျွန်တော့်ဒေသဇာတိကို ဖွံ့ဖြိုး အောင်လုပ်ခဲ့တယ်။ ကျန်းမာရေးရှု့ထောင့် ကနေ တတ်နိုင်သမျှလုပ်ခဲ့တယ်။ အခု ကျွန်တော့်ကို တာဝန်ပေးတဲ့အလုပ်ကို လုပ်ဖို့ဆိုလည်း ရွေးကောက်ပွဲဝင်ပြီးလုပ် ခဲ့ရတယ။် နိုင်ရင်ကျွန်တော်ဆက်ပြီးတော့ ချီတက်မယ်။ ကျွန်တော်ရှုံးခဲ့လို့ရှိရင် မှုလ လမ်းကြောင်းအတိုင်းပဲ ဆက်လျှောက် သွားမယ်။ မှုလလမ်းကြောင်းဆိုတာက ဒေသခံတွေနဲ့ ရောထွေးယှက်တင်နေပြီး တော့ အရင်တုန်းကနေလာတဲ့အတိုင်း စေတနာဆေးခန်းတွေဖွင့်ပေးမယ်။ ပြီးတော့  ကျွန်တော်ရဲ့ နီးစပ်တဲ့ လူငယ်တွေကို နိုင်ငံရေး  Ideology တွေပေးမယ်။ ကျွန်တော်ကလည်း ပါတီဝင်ဖြစ်နေတော့ ပါတီရဲ့ လှုပ်ရှားမှုတွေကို ဆက်လုပ်သွား မယ်။
မေး- မဲဆွယ်စည်းရုံးရတဲ့ လှုပ်ရှားမှုတွေ မှာ နှစ်ဘက်မျှမျှတတလှုပ်ရှားခွင့် ရပါမ လား။ ဒါမှမဟုတ် မရဘူးလို့ဆိုလိုချင် သလား။
ဖြေ- ကျွန်တော်အနေနဲ့ အမြဲပြောရရင် မဲဆွယ်စည်းရုံးဖို့ဆိုတာ ကော်မရှင်ကနေ မဲဆွယ်စည်းရုံးဖို့ ညွှန်ကြားချက်တွေရှိ တယ်။ အဲဒီလမ်းကြောင်းပေါ်ကိုဘဲ သွားရမှာပဲ။ အခုမနက်ကပဲ စည်းရုံးမှု တွေကို ရုံးမှာပဲခေါ်ပြောတယ်။ အခု နာမည်စာရင်းထွက်ပြီ။ လုပ်လို့ရပြီဆိုတာ ကျေးရွာဘက်ဆင်းပြီး ကျေးရွာဘက်က လူတွေကို ပြောဖို့ဆိုဖို့ ရှိတာပေါ့နော်။ ဟိုဘက်က တခြားအဖွဲ့အစည်းတွေကို လည်း ပိတ်တာဆို့တာမရှိဘူး။ ဥပဒေချ မှတ်ပြီးပြီဖြစ်တဲ့အတွက် ဥပဒေအတိုင်း လုပ်ရင် ဆန်ကျင်ဘက်ဆိုတာ ဘာမှမ ဖြစ်ပါဘူး။  Fair ဖြစ်ပါတယ်။
မေး- ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ပတ်သက် လို့ ဝေဖန်ချက်တွေက မဲဆွယ်တဲ့ကိစ္စ နဲ့ ပတ်သက်လို့ ဥပဒေအနေနဲ့ မဲမထည့် ဘူးဆိုရင် အရင်တုန်းကအတိုးနှုန်းနဲ့ ချေးထားတဲ့ဟာတွေ ပြန်ပေးရမယ်လို့ ပြောထားတာတွေရှိတယ်။ အဲဒါကရော ဟုတ်ပါသလား။
ဖြေ- ကျွန်တော်ကတော့ မကြားမိသ လောက်လဲဗျ။ ဘာလို့လဲဆိုတော့ ဟိုဘက် ကနေ စိတ်သန့်သန့်နဲ့ ကူညီပေးတာလေ။ ဆုံးဖြတ်ပိုင်ခွင့်က သူတိုဆီမှာရှိတယ်။ ဒါပေမဲ့ဗျာ။ ကျေးရွာတစ်ရွာဖြစ်ဖို့ဆိုတာ က ဆွေမျိုးစုကစတာပါ ဆိုကြပါစို့ ဟို  တုန်းက ကျွန်တော်တို့ရွာတွေမှာ ကျွန်တော်တို့အဘိုးအဘွားအပါအ၀င် ဆွေမျိုးစုက သေးသေးလေ။  Generation (၂) ဆက်ရောက်တော့ ရွာကြီးတစ် ရွာ ဘယ်လိုပဲစပ်စပ်ဆွေမျိုးတွေပတ်လည် ဗျ ငွေရေးကျေးရေးဆက်စပ်တော့လည်း ဆွေမျိုးကတောစပ်နေတာဘဲ။ အသိုင်း အ၀ိုင်းဖြစ်နေတယ်။ ဒီရွာပြည်ခိုင်ဖြိုးဖြစ် သွားမယ်ဆိုရင်လည်း တစ်ရွာလုံးဖြစ်သွား  မှာဘဲ သူတို့ရဲ့ ခေါင်းဆောင်ကိုရွေးချယ် မယ်ဆိုလည်း အားလုံးက ထောက်ခံကြ မယ့်အနေမျိုးကို မြင်နေကြတယ်။ ဘယ် နိုင်ငံမဆိုကျေးရွာဆိုတာ ဆွေမျိုးစုတွေ ဖွဲ့စည်းထားတာကို တစ်ယောက်ကမြို့ ပေါ်တက်လာတယ်။ Organization ဖြစ် လာမယ်။ မဲမထည့်ရင်ဆိုတာက ကောလ ဟလစကားတွေ။
မေး- ကော့မှူးမြို့ခံတွေ ကြားမှာ ဒေသ တွေ သွားလာလှုပ်ရှားပြီးနေလာသူတစ် ယောက်အနေနဲ့ ကိုယ့်မဲဆန္ဒနယ်မြေကြား မှာ အလိုအပ်ဆုံးအရာကဘာများပါလိမ့်။
ဖြေ- ကော့မှူးမြို့မှ မဟုတ်ဘူး။ မြန်မာ နိုင်ငံတစ်နိုင်ငံ တစ်လျားမှာ အားလုံးအဆင်  မပြေကြတဲ့သူတွေ့ကြည့်ပါဘဲ။ ပထမဦး ဆုံးပြောချင်တာက ကျွန်တော်တို့ရဲ့ ကျေးလက်ဒေသခံတွေမှာရော နယ်စပ် တွေမှာရော တာဝန်ထမ်းဆောင်ခဲ့ဘူးပါ တယ်။ Communication Center  တစ်ခု အနေနဲ့ အခုဆို ကားလမ်းမရောက်ပေ မယ့် ကျေးရွာလေးတွေမှာ ဆိုင်ကယ်ကိုယ်  စီတွေ့နေရပါပြီ။ ကြိုးဖုန်းခေတ်ကလည်း ဒီအတိုင်းဘဲ တစ်ယောက်နဲ့ တစ်ယောက် စကားပြောဆိုဖို့ စာတတန်ပေတတန်နဲ့ ပြောနေရတယ်။ အခုတော့ GSM တွေ ကနေရာတကာမှာ။ တစ်ချိန်တုန်းက ရန်ကုန်မြို့နဲ့ မိုင် (၂၀) အကွာမှာရှိတဲ့  ကျွန်တော်တို့ရွာကို တစ်ညအိပ်ခရီးသွား ရတယ်။ လိုအပ်ချက်ဆိုတဲ့နေရာမှာ Infrastrature တွေလိုလာပြီး နောက်တစ် ခုက ကျွန်တော်တို့ရဲ့ Lifestyle တွေပေါ့ ကျန်းမာရေးတွေ၊ ပညာရေးတွေ အဲဒါ အားလုံးဘာကြောင့်ပြောရတုန်းဆိုတော့ ဟိုအချိန်ကပိုဆိုးတယ်။ အခုအချိန်က အရမ်းတော်သွားတယ်။ ကျွန်တော်တို့ ခေတ်မှာ ပိုကြိုးစားဖို့လို့ပါတဲ့။ စပါးတွေ ပိုကောင်းအောင်လုပ်တဲ့အတွက် ရေနှုတ် မြှောင်းတွေ ပိုကောင်းအောင်လုပ်ဖို့ အတွက်  Control လုပ်တဲ့ဆည်တွေ အစ လိုနေပါသေးတယ်။
မေး- ခုနကစကားပြန်ရစမယ်ဆိုရင် ဒီနယ်မြေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြိုင်ရမယ်ဆိုတာ နောက်မှသိတာလား။
ဖြေ- ကြေညာချက်ထွက်လာမှ သိတာပါ။ အစတုန်းကကျတော့ ဒီနယ်မြေကော့မှူး နယ်မြေမှာ ကြားဖြတ်ရွေးကောက်ပွဲလုပ် မယ်ဆိုတာ သိတာပါ။ ဒေါ်အောင်ဆန်း စုကြည်က (၄၈) နေရာမှာ ဘယ်နေရာ ကို ရွေးထားမှန်းမသိဘူး။ ကျွန်တော်လည်း  မသိပါဘူး။ ကျွန်တော်ကလှည်ပတ်ဆေး ကုနေတဲ့အနေအထားမှာရှိပါတယ်။
မေး- အခုရွေးကောက်ပွဲမှာလည်း ဟို ဘက်က လူထုထောက်ခံမှုအား ကောင်း တယ်လို့ရော သုံးသပ်ပါသလား။
ဖြေ- သုံးသပ်ပါတယ်။
ဒီလောက်တွေခွင့်မေးခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။


HotNEWS မှကူယူ ဖော်ပြသည် ..

Read More

နိုင်ငံတော် သမ္မတကြီးမှ The Washington Post သတင်းစာ ၏ မေးမြန်း ချက်များကို ဖြေကြားခြင်း


နိုင်ငံတော်သမ္မတ။ ခင်ဗျားကို ကြိုဆိုပါတယ်။ ဝါရှင်တန်ပို့စ် သတင်းစာဟာ အင်မတန်အရှိန် အဝါ ကြီးတဲ့ သတင်းစာကြီး ဖြစ် ပါတယ်။ နိုင်ငံတော်သမ္မတအနေ နဲ့ ပြည်ပ မီဒီယာနဲ့ အခုလို လက်ခံ တွေ့ဆုံတာ ဒါပထမဦးဆုံး အကြိမ် ပါပဲ။ ကျွန်တော်နဲ့အတူ နိုင်ငံခြားရေးဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီး၊ အလုပ်သမားဝန်ကြီးတို့ပါ ပါဝင်ပါ တယ်။ ခင်ဗျားကို မီဒီယာသမား တစ်ယောက်အပြင် မြန်မာနိုင်ငံကို အလည်အပတ်လာရောက် လေ့လာတဲ့ ဧည့်သည်တစ်ယောက် အနေနဲ့ အခုလို လက်ခံတွေ့ဆုံတာ ဖြစ်ပါ တယ်။


Washington Post။ ကျွန်မ အင်တာဗျူးလုပ်တဲ့အခါ မေးခွန်းတွေကို များများမေးလေ့ရှိပါတယ်။ အထူးသဖြင့် သမ္မတကြီးမှ ဦးစီး ဆောင်ရွက်နေတဲ့ ပြုပြ င်ပြောင်းလဲ ရေးကိစ္စများနှင့် ပတ်သက်ပြီး မေးခွန်းများမေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။


နိုင်ငံတော်သမ္မတ။ မေးတဲ့မေးခွန်း များအပေါ် ဖြေသွားပါ့မယ်။ ပြီးတော့ အကြောင်းအရာတစ်ခု အပေါ်မှာ မရှင်းလင်းတာ ရှိရင်လည်း ထပ်ပြီးတော့ မေးလို့ပြုလို့ ရပါ တယ်။


Washington Post။ မေးခွန်းများ စပြီးမေးပါမယ်။ ယနေ့ မြန်မာနိုင်ငံ ရဲ့ ပြုပြင် ပြောင်းလဲမှုများနဲ့ ပတ်သက်ပြီး တစ်ကမ္ဘာလုံးက စိတ်ဝင်တစား ရှိလာပါတယ်။ အထူး သဖြင့် နိုင်ငံရေးသမားများ လွှတ်ပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆွေးနွေးလာခြင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ အပစ် အခတ်ရပ်စဲခြင်းတို့အပေါ်မှာ နိုင်ငံ တကာက စိတ်ဝင်တစား စောင့် ကြည့်နေပါတယ်။ ဒါကြောင့်မို့ မြန် မာနိုင်ငံအတွင်း ဒီလိုပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ဖို့ ဘယ်လို အကြောင်းအရာတွေက အရင်းခံတွန်းအားပေးခဲ့တယ်ဆိုတာ သိလို ပါတယ်။


နိုင်ငံတော်သမ္မတ။ ယနေ့ မြန်မာ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကိစ္စတွေ နဲ့ ပတ်သက်ပြီး တွန်းအားပေးတာ ကတော့ မြန်မာနိုင်ငံ ပြည်သူလူထု ပဲ ဖြစ်ပါတယ်။ ဘာကြောင့် လဲဆို ရင် ကျွန်တော်တို့ဟာ ပြည်သူလူ ထုရဲ့ ဆန္ဒတွေကို လိုက်လျောပြီး ယခုလိုပြုပြင်ပြောင်းလဲရေး လုပ် ငန်းစဉ်တွေကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ပြည်သူလူထု အနေ နဲ့ ကိုယ့်တိုင်းပြည်ကို တည်တည် ငြိမ်ငြိမ် အေးအေးချမ်းချမ်း ရှိစေချင် တယ်။ နောက်တစ်ခါ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ပြီး ခေတ်မီဖွံ့ဖြိုးတိုး တက်တဲ့ နိုင်ငံတော် ဖြစ်စေချင်တယ်။ ဒါဟာ ယနေ့ ပြည်သူတွေ ရဲ့ ဆန္ဒပဲ ဖြစ်ပါတယ်။ ပြည်သူတွေ ရဲ့ အဲဒီဆန္ဒတွေကို လိုက်လျောပြီး ပြုပြင်ပြောင်းလဲမှုတွေကို အခုလို လုပ်ဆောင်နေ တာ ဖြစ်ပါတယ်။ ပြည်သူ့ဆန္ဒနဲ့အညီ တိုင်းပြည်တည် ငြိမ်အေးချမ်းဖို့၊ စီးပွားရေးဖွံ့ဖြိုးတိုး တက်ဖို့ပြည်တွင်းနိုင်ငံရေး အင် အားစုတွေနဲ့ သင့်မြတ်အဆင်ပြေ ဖို့အရေးကြီး ပါတယ်။ ဒါကြောင့် လည်း ကျွန်တော်တို့ ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့ဆုံခြင်းအားဖြင့် နှစ်ဦးနှစ်ဖက် နားလည်မှုရရှိခဲ့ပြီး ပြည်တွင်း နိုင်ငံရေးအခြေအနေကလည်းတည် ငြိမ်အေးချမ်းမှု ပိုပြီးရှိသွားပါတယ်။ နောက်တစ်ချက်က ပြည်သူလူထုအနေနဲ့ တိုင်းပြည်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရှိစေချင်ကြပါ တယ်။ ဒါကြောင့်မို့ လက်နက်ကိုင် အဖွဲ့ အစည်းတွေနဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းပြီး ဆွေးနွေးဆောင်ရွက် နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေဟာ ပြည်သူလူထုရဲ့ လိုလားချက်ဆန္ဒအပေါ်မှာ အခြေခံ ပြီး ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ တွန်းအားပေးတာကတော့ ပြည်သူ လူထုပဲ ဖြစ်ပါတယ်။


Washington Post။ ပြောရမယ် ဆိုရင် ဒီလုပ်ဆောင်ချက်တွေဟာ ပြည်သူ့ဆန္ဒတွေဖြစ်သလို တကယ် တမ်းကျတော့ သမ္မတကြီးကInitiative ယူပြီး လုပ်ဆောင်ခဲ့ တာ ဖြစ်ပါတယ်။ သမ္မတကြီးကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မြန် မာနိုင်ငံရဲ့ အနာဂတ်အပေါ် သမ္မတ ကြီးရဲ့အမြင်ကို သိလိုပါ တယ်။


နိုင်ငံတော်သမ္မတ ။ အနာဂတ်မှာ မြန်မာနိုင်ငံရဲ့ အနေအထားက ပိုမို ပွင့်လင်းမြင်သာပြီး ကမ္ဘာ့နိုင်ငံ အား လုံးနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန် လာမယ်လို့ မြင်ပါတယ်။


Washington Post။ သမ္မတကြီး အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်။ သမ္မတကြီး ဦးဆောင်ပြီး ပြုပြင်ပြောင်းလဲမှုတွေ ကိုInitiative ယူပြီး ဆောင်ရွက်ခဲ့တယ်။ ဒါကြောင့် ဒီပြုပြင်ပြောင်းလဲမှုတွေကို အနာဂတ်မှာ ဆက်လက်ပြီး ဖော်ဆောင်သွားမှာလားဆိုတာကို သိလိုပါတယ်။


နိုင်ငံတော်သမ္မတ ။ ကျွန်တော်တို့ ရဲ့ ရည်ရွယ်ချက်က တိုင်းပြည် တည်ငြိမ်အေးချမ်းပြီး နိုင်ငံတော်ရဲ့ စီးပွားရေးတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ဖြစ်ပါတယ်။ အဲဒီတော့ တိုင်းပြည် တည်ငြိမ်အေးချမ်းအောင်၊ နိုင်ငံ တော်ရဲ့ စီးပွားရေး ဒီ့ထက် ပိုမိုဖွံ့ ဖြိုးတိုးတက်အောင်ရည်မှန်းချက် တွေ ပြည့်ဝသည်အထိ ဆက်ပြီး လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။


Washington Post။ တိတိကျကျ ပြောဆိုရမယ်ဆိုရင် သမ္မတကြီး အနေနဲ့ အမေရိကန်ပြည်ထောင်စု နဲ့ ဆက်ဆံရေး ပုံမှန်အခြေအနေကို ပြန်ရောက်အောင် ဆောင် ရွက်နိုင် ခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်း သားများကိုလည်း လွှတ်ပေးခဲ့ပါ တယ်။အချို့လက်နက်ကိုင်အဖွဲ့ အစည်းများနဲ့ အပစ်အခတ် ရပ်စဲ ပြီး ငြိမ်းချမ်းရေးရယူဖို့  ဆောင်ရွက် လာနိုင်ခဲ့ပါတယ်။ ဒါကြောင့် ရှေ့ ဆက်ပြီး ဆောင်ရွက်ရမယ့်ကိစ္စများ မှာ ဘာတွေ လိုအပ်မယ်လို့ မြင် ပါသလဲ။ ရှေ့ကို ဘာတွေ ဆက် လုပ်သွားဖို့ ရှိပါသလဲ။


နိုင်ငံတော်သမ္မတ ။ ကျွန်တော်တို့ ပြည်တွင်း နိုင်ငံရေး တည်ငြိမ်မှု အတွက် အလေးထားပြီး ရှေ့ဆက် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ရွေး ကောက်ပွဲဝင်နိုင်ဖို့အတွက် လွှတ် တော်ကလည်း သက်ဆိုင်ရာဥပဒေ တွေကို ပြုပြင်ပေးခဲ့တာရှိပါတယ်။ သူမကိုယ်တိုင်လည်း NLDကို ပါတီ အဖြစ်နဲ့ မှတ်ပုံတင်ပြီးေ တာ့ မကြာခင်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အဲဒီမှာ ပြည်သူလူထုရဲ့ ရွေးချယ်တင်မြှောက်မှုခံရရင် လွှတ် တော်ထဲကို ရောက် လာမှာ ဖြစ်ပါ တယ်။ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်လာရင်လည်း လွှတ်တော်က နွေးထွေးစွာ ကြိုဆို မှာ ဖြစ်ပါတယ်။ နောက်တစ်ခုကEthnic Groups လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး ပထမ သူတို့နဲ့ ယုံကြည်မှု အရင် တည်ဆောက်ရပါတယ်။ နှစ်ဖက်သဘောတူနိုင်တဲ့အချက်တွေအပေါ် မှာ သဘောတူ ညီချက် လက်မှတ် ရေးထိုးခဲ့ပါတယ်။ ပြည်တွင်းငြိမ်း ချမ်းရေးအတွက် ဆက်ပြီးဆောင် ရွက်ရမယ့်လုပ်ငန်းတွေ အများကြီး ရှိပါတယ်။ လက်နက်တွေ စွန့်ပြီး သူတို့ဝင် လာသည်ဖြစ်စေ၊ လက် နက်တွေနဲ့ဝင်လာသည်ဖြစ်စေ သူ တို့ရဲ့ စားဝတ်နေရေး အဆင်ပြေဖို့၊ နေရေးထိုင်ရေး အဆင်ပြေဖို့၊ သူ တို့ရဲ့ ပညာရေး ကျန်းမာရေးတွေ အဆင်ပြေဖို့ အဓိကလိုအပ်ပါ တယ်။ ဒီလိုအပ်ချက်တွေ ရှေ့ဆက် ပြီး ဆောင်ရွက် သွားဖို့ ရှိပါတယ်။


Washington Post။ ကျွန်မ သတင်းမှာ ဖတ်ရှုခဲ့ရပါတယ်။ အပစ် အခတ်ရပ်စဲရေး သဘောတူညီချက် ဟာ ဘယ်အဖွဲ့နဲ့ ယူခဲ့တာပါလဲ။ ကရင်အဖွဲ့နဲ့ပါလား။


နိုင်ငံတော်သမ္မတ ။ လက်နက် ကိုင်ထားတဲ့ Ethnic Groups က အားလုံး (၁၁) ဖွဲ့ရှိပါတယ်။ ဒီအဖွဲ့ တွေနဲ့ ပထမအဆင့် ပြည်နယ် အဆင့် နားလည်မှု သဘောတူညီ ချက်တွေ ညှိနှိုင်းပါတယ်။ ပြီးလို့ ရှိရင် အစိုးရရဲ့ ကိုယ်စားအဖွဲ့တွေ ခွဲပေးပြီး ဒီအဖွဲ့တွေနဲ့ ထိတွေ့ဆွေး နွေးမှုတွေ လုပ်ပါတယ်။ အဖွဲ့အား လုံးနဲ့ ကျွန်တော်တို့ ထိတွေ့ဆက် ဆံမှုတွေ ရှိနေပါတယ်။ အဲဒီလို ထိတွေ့ဆက်ဆံမှုရှိနေတဲ့ အဖွဲ့တွေ ထဲကမှ တချို့အဖွဲ့တွေနဲ့ သဘော တူညီချက် လက်မှတ်ရေးထိုးကြပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မပြီးဆုံးသေးပါဘူး။ ရှေ့ ကို ဆက်ပြီး သဘောတူညီချက် တွေ ညှိဖို့ ရှိနေပါသေးတယ်။


Washington Post။သူတို့ ငြိမ်း ချမ်းရေးယူတဲ့အခါ အစိုးရနဲ့ သဘောတူညီချက် ရပြီးတော့မှ ဝင် လာတာလား။


နိုင်ငံတော်သမ္မတ ။ ကျွန်တော်တို့ နှစ်ဖက်ညှိနှိုင်းပြီး သဘောတူညီ ချက် ရယူပြီး ငြိမ်းချမ်းရေးတည် ဆောက်မှာ ဖြစ်ပါတယ်။ ထာဝရ ငြိမ်းချမ်းရေး ရရှိဖို့အတွက် လက် နက်ကိုင်အဖွဲ့အားလုံးဟာ ဥပဒေရဲ့ အောက်ကို အားလုံးဝင်ရောက်လာ ကြပြီ။ဥပဒေတစ်ခုတည်းရဲ့အောက် မှာ အားလုံး တန်းတူညီမျှ နေထိုင် လုပ်ကိုင်စားသောက်ကြဖို့  ဖြစ်ပါ တယ်။ ဒီအဆင့်ကိုရောက်ဖို့အတွက် ကျွန်တော်တို့ အချိန်ယူပြီးတော့ ညှိသွားရပါဦးမယ်။


Washington Post။ ဒေါ်အောင် ဆန်းစုကြည် ရွေးကောက်ပွဲမှာ အောင်နိုင်ပြီး လွှတ်တော်အတွင်း ရောက်လာခဲ့မယ်ဆိုရင် သမ္မတကြီး အနေနဲ့ Cabinet ရာထူးတစ်နေ ရာ ရာကို ပေးဖို့များ အစီအစဉ်ရှိပါ သလား။


နိုင်ငံတော်သမ္မတ ။ တစ်အချက် ကတော့ ရွေးကောက်ပွဲမှာ ပြည် သူလူထုရဲ့ အရွေးခံရခြင်း၊ အရွေး မခံရခြင်းအပေါ်မှာ မူတည်ပါတယ်။ ပြည်သူလူထုက အရွေးခံရပြီဆို လို့ ရှိရင် လွှတ်တော်ထဲကို ဒေါ်အောင် ဆန်းစုကြည် ရောက်လာမှာ ဖြစ် ပါတယ်။ ဒုတိယအဆင့်Cabinet Member အဖြစ်နဲ့ အမည်စာ ရင်းတင်သွင်းဖို့က လွှတ်တော်ရဲ့ သဘောတူညီချက် ရယူပြီး လုပ်ရ တာ ဖြစ်ပါတယ်။ လွှတ်တော်ရဲ့ သဘောတူညီချက်ရှိမှ ဒီလို ခန့် အပ်လို့ ရမှာဖြစ်ပါတယ်။ အခု လက် ရှိ Cabinet ဝန်ကြီးအားလုံးဟာ လည်း လွှတ်တော်ရဲ့သဘောတူ ညီချက်နဲ့ ခန့်ထားတာ ဖြစ်ပါတယ်။


Washington Post ။ ဒေါ်အောင် ဆန်းစုကြည်ကိုCabinet ဝန်ကြီး တစ်ဦးအဖြစ် တွေ့မြင်လိုပါသလား။


နိုင်ငံတော်သမ္မတ ။ ကျွန်တော်တို့ ကတော့ ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် လွှတ်တော်က သဘောတူညီပြီး ခန့်အပ်ပေးလိုက်တယ်ဆိုရင် Cabinet ဝန်ကြီးအဖြစ် လက်ခံသွား မှာ ဖြစ်ပါတယ်။


Washington Post။ မြန်မာ-USနှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပတ်သက် ပြီး သမ္မတကြီးအနေနဲ့ ဘယ်လို မြင်ပါသလဲ။ ဘယ်လိုမျှော်လင့်ပါ သလဲ။


နိုင်ငံတော်သမ္မတ ။ မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံဟာ အခု ထိတွေ့ ဆက်ဆံမှုတွေ တော်တော်များများ ရှိနေပါပြီ။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးလည်း ကျွန်တော်တို့ ဆီ ကို လာပြီးဖြစ်ပါတယ်။ ဒီနေ့ပဲ အမေရိ ကန်ဆီးနိတ်က အထက်လွှတ်တော် အမတ်မက်ကောနယ်နဲ့လည်း ကျွန်တော် မနက်က လက်ခံတွေ့ ဆုံပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်က တစ်အချက် ဘာ ပဲဖြစ်ဖြစ် အမေရိကန်နိုင်ငံနဲ့သာမက နိုင်ငံအားလုံးနဲ့ ချစ်ချစ်ခင်ခင် ရင်း ရင်းနှီးနှီး ရှိချင်ပါတယ်။ ဒုတိယ အချက်က အမေရိကန်နိုင်ငံနဲ့ သံအမတ်ကြီးအဆင့် အဆက်အသွယ် မရှိသေးပါဘူး။ အဲဒီတော့ သံ အမတ်ကြီးအဆင့် တိုးမြှင့်ပြီး ဆက် သွယ်ဖို့ ကျွန်တော်တို့ ဆန္ဒရှိပါ တယ်။ တတိယအချက်ကတော့ အမေရိကန်အပါအဝင်၊ EUအပါ အဝင် ကျွန်တော်တို့နိုငံအပေါ် စီးပွား ရေးအရ တားဆီးပိတ်ဆို့မှုတွေလုပ် ထားတာ အနှစ်(၂ဝ) ကျော်ခဲ့ပါပြီ။ အဲဒီတော့ ဒီစီးပွားရေးအရ တားဆီး ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးစေလို တဲ့ဆန္ဒရှိပါတယ်။ ဒီဟာက နိုင်ငံ တော်သမ္မတတစ်ယောက်ထဲရဲ့ ဆန္ဒမဟုတ်ပါဘူး ။ နိုင်ငံသူ နိုင်ငံ သားအများစုရဲ့ ဆန္ဒဖြစ်ပါတယ်။


Washington Post ။ ပြီးခဲ့တဲ့လများ အတွင်း သမ္မတကြီးအနေနဲ့ ပြုပြင် ပြောင်းလဲရေးကိစ္စရပ်များ အောင်မြင် စွာဆောင်ရွက်နိုင်ဖို့ အများကြီး လျှောက်လှမ်းခဲ့ရပြီး ဖြစ် ပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီး မစ္စကလင် တန်ကထုတ်ပြန်ကြေညာခဲ့တာရှိ ပါတယ်။ မြန်မာ-အမေရိကန် နှစ် နိုင်ငံ ဆက်ဆံေ ရးကို ပုံမှန်အခြေ အနေရောက်အောင်လုပ်မယ်၊ ဒါ့ အပြင် နှစ်နိုင်ငံအကြား သံအမတ် ကြီးအဆင့် ပြန်လည်ခန့်အပ်သွား မယ်ဆိုတာကို ထုတ်ပြန်ကြေညာခဲ့ တယ်လို့ ကြားသိခဲ့ရပါတယ်။ ဒီသတင်းကို သမ္မတကြီး မကြားမိပါဘူး လား။


နိုင်ငံတော်သမ္မတ ။ ကြားမိပါ တယ်၊ သို့သော်လည်း ဒီယနေ့ အထိတော့ ခန့်အပ်ပေးတာ မရှိ သေးပါဘူး။


Washington Post ။ ဟုတ်ပါ တယ်၊ ဝါရှင်တန်မှာ တချို့ကိစ္စရပ် များဟာ နည်းနည်းနှောင့်နှေးမှုများ ရှိ တတ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်အမတ် မစ္စတာမ က် ကောနယ်ထံကနေ ကြားသိပြီးဖြစ် မယ်လို့ မျှော်လင့်ပါတယ်။


နိုင်ငံတော်သမ္မတ ။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ လိုလားချက် သုံးချက်ရှိပါတယ်။ တစ်အချက်က နိုင်ငံရေးအကျဉ်းသား ဆိုပြီး သူတို့ပြောဆိုသုံးစွဲေ နတဲ့ အကျဉ်းသားတွေ လွှတ်ပေးဖို့ကိစ္စ။ နှစ်အချက်က ကြားဖြတ် ရွေး ကောက်ပွဲကျင်းပပေးမယ့်ကိစ္စ။ သုံး အချက်က ဒေါ်အောင်ဆန်းစုကြည် နဲ့ သူ့ရဲ့အဖွဲ့တွေ နိုင်ငံေ ရးလုပ်ငန်း စဉ်မှာ ပါဝင်ဖို့ဆိုတဲ့ကိစ္စ၊ ဒီကိစ္စသုံး ခုဟာ အနောက်နိုင်ငံတွေက လို လားတောင်းဆိုနေတဲ့ ကိစ္စတွေဖြစ် ပါ တယ်။ ယခု ဒီကိစ္စသုံးခုစလုံးကို ကျွန်တော်ဆောင် ရွက်ပေးထား ပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပိုင်းက တော့ တာဝန်ကျေသွားပါပြီ၊ အဲဒီ တော့ အနောက်နိုင်ငံ အမေရိကန် နဲ့ EUတို့ တာဝန်ကျေဖို့အပိုင်းပဲ ကျန်ပါတယ်။ ဒါ့အပြင် ဒီကိစ္စသုံး ရပ်ကလည်း ဘယ်သူဘယ်ဝါရဲ့ တိုက်တွန်းချက်ကြောင့်၊အကျပ်ကိုင် ခိုင်းစေမှုကြောင့်မျှ မဟုတ်ဘဲ နိုင်ငံ ရဲ့ လက်ရှိအခြေအနေအရ လုပ်သင့် လုပ် ထိုက်တဲ့ အခြေအနေများ ကြောင့် ကျွန်တော်တို့ ဒီ သုံးခုလုံး ကိုဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။


Washington Post ။ ဖိအားပေးမှု ကြောင့်လုပ်တာလား။


နိုင်ငံတော်သမ္မတ ။ ဖိအားပေးမှု ကြောင့် မဟုတ်ပါဘူး။ ကျွန်တော် တို့နိုင်ငံရဲ့ ပြောင်းလဲလာတဲ့ စနစ် အရကို ဒါတွေဟာ လုပ်ကိုလုပ်ပေး ရမယ့် ကိစ္စတွေဖြစ်ပါတယ်။


Washington Post ။ ဒီလိုမျိုး ဆောင်ရွက်လာရတာဟာ ပိတ်ဆို့ မှုကြောင့် လုပ်လာရတာလား၊ အ မေရိကန်ကထင်နေတာကSanction ဟာ မြန်မာနိုင်ငံအပေါ်မှာ ထိ ရောက်မှုရှိနေတယ်လို့ ထင်နေပါ တယ်။


နိုင်ငံတော်သမ္မတ ။Sanction ဟာ မြန်မာနိုင်ငံအပေါ် ထိရောက်မှုရှိ/ မရှိ ပွင့်ပွင့်လင်းလင်းပြောရမယ် ဆိုရင် ဒီSanction ကြောင့် ပြီးခဲ့ တဲ့ တပ်မတော်အစိုးရက ပြုတ် သွား တာမဟုတ်ပါဘူး။ တပ်မတော် အစိုးရက အခုလို ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ အစိုးရဖြစ်အောင်
ပြုပြင် ပြောင်းလဲပြီး တာဝန်လွှဲပြောင်းပေးခဲ့ ခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အစိုးရအပေါ် သက်ရောက်မှုတော့ မရှိဘူး။ ဒါပေမယ့် ပြည်သူလူထု ကတော့ ဒုက္ခရောက်ပါ တယ်။ ပြည် သူကတော့ အထိနာတယ်။ ပြည် သူတွေ ဆင်းရဲနွမ်းပါးမှုဖြစ်စေပါ တယ်။


Washington Post။ ပြောရမယ် ဆိုရင် သမ္မတကြီးက ခုနက ဗိုလ် ချုပ်မှူးကြီးသန်းရွှေ ချမှတ်ခဲ့တဲ့ နိုင် ငံရေးလမ်းစဉ်ခုနစ်ရပ်နဲ့ ပတ်သက်ပြီး ပြောနေတာပါလား။


နိုင်ငံတော်သမ္မတ ။ မှန်ပါတယ်။ ပြီးခဲ့တဲ့အစိုးရဟာ ပြုတ်သွားတာ မဟုတ်ပါဘူး။ ဒီ Sanction ကြောင့် ပြုတ်သွားတာ မဟုတ်ပါဘူး။ ဒီမို ကရေစီအသွင် ပြုပြင်ပြောင်း လဲပေးဖို့ အတွက် မူလကတည်းက ရည်ရွယ် ချက်ရှိပါတယ်။ ရည်ရွယ်ချက်ရှိတဲ့ အတိုင်းဒီလမ်းစဉ်ခုနစ်ရပ်ကို ချမှတ်ပြီးတော့ တစ်ဆင့်စီ တစ်ဆင့် စီ အကောင်အထည်ေ ဖ်ာပြီး နောက် ဆုံးမှာ ဒီမိုကရေစီစနစ်ကို ကျင့်သုံး တဲ့ အစိုးရတစ်ရပ်ကို ပြောင်းလဲ ဖော်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။


Washington Post ။ ဒီလမ်းစဉ် ခုနစ်ရပ်ဟာ မြန်မာနိုင်ငံမှာ ဒီမိုက ရေစီစနစ် ပေါ်ထွန်းလာအောင် လမ်းခင်းပေးခဲ့တာ ဖြစ်ပါသလား။


နိုင်ငံတော်သမ္မတ ။ မှန်ပါတယ်။


Washington Post ။ ဒီကိစ္စနဲ့ ပတ် သက်ပြီး ပြင်ပလူတွေက သိပ်ပြီး မသိကြပါဘူး။ ကျွန်မ ဆီနိတ်တာ မက်ကောနယ်နဲ့ ညစာစားတော့ မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းတွေဟာ လွန်ခဲ့တဲ့အချိန် အတော်များစွာ အတွင်းကပင် စီစဉ်ခဲ့တဲ့ကိစ္စဖြစ်တဲ့ အကြောင်းနားလည်ခဲ့ရပါတယ်။


နိုင်ငံတော်သမ္မတ ။ ဒီမိုကရေစီ စနစ် ကို ပြောင်းတဲ့အခါမှာ ချက်ချင်း အချိန်တိုအတွင်း ဖြစ်သလို ပြောင်း လဲလိုက်တဲ့အတွက်ကြောင့် ဒီကနေ့ ကမ္ဘာမှာ ဒုက္ခရောက်ေ နတဲ့နိုင်ငံတွေ ရှိပါတယ်။ ပြောရရင် ခင်ဗျားလည်း သိပါတယ်။ အဲဒီနိုင်ငံတွေဟာ ဒီမို ကရေစီစနစ်ကိုအချိန်တိုအတွင်း အတင်းပြောင်းလဲလိုက်တဲ့အတွက် ကြောင့် တိုင်းပြည်ပျက်မလောက် ဖြစ်သွားတယ်။ ဒါကြောင့်မို့ ကျွန် တော်တို့က (7)Step ကို ချပြီးတော့ တစ်ဆင့်ချင်းတစ်ဆင့်ချင်း အချိန် ယူပြီး ပြောင်းလာရတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုဆိုရင် ဒီမိုကရေ စီစနစ်ကို ကျင့်သုံးတဲ့ အစိုးရဖြစ် လာပြီမဟုတ်ပါလား။


Washington Post ။ လွှတ် တော်အတွင်း (၂၅) ရာခိုင်နှုန်းကို တပ်မတော်အတွက် လျာထားတယ် ဆိုတာ ဟုတ်ပါသလား။ ယခု ပြုပြင်ပြောင်းလဲရေးကိစ္စတွေမှာ တပ် မတော်ဘက်ကလည်း ပါဝင်နေတာ မျိုးဖြစ်နေပါတယ်။ အကြောင်းက တော့ ဒီမိုကရေစီဆိုတာပြည်သူက အုပ်ချုပ်တာဖြစ်ပြီး တပ်မတော်အ ပေါ် အာဏာသက်ရောက် တဲ့ အစိုး ရဖြစ်တယ်လို့ ယုံကြည်ပါတယ်။


နိုင်ငံတော်သမ္မတ ။ တပ်မ တော်ဟာ အုပ်ချုပ်ရေးအပိုင်းမှာ ဘာမှဝင်စွက်ဖက်တာ မရှိပါဘူး။ လွှတ်တော်ထဲမှာတော့ ခင်ဗျားမြင် တွေ့တဲ့အတိုင်း တပ်မတော်အင်အား က လေးပုံတစ်ပုံပါပါတယ်။ ကျွန်တော်တို့လို နိုင်ငံမျိုးဟာ တပ် မတော်ကို ပစ်ပယ်ထားလို့ မရပါဘူး။ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက် အောင် တည်ဆောက်တဲ့နေရာမှာ တပ်မတော်ကလည်း အစိတ်အပိုင်း တစ်ခုကနေ ဝင်ပြီးတော့ ကူညီပေး တာပဲဖြစ်ပါတယ်။ တပ်မတော်က ဝင်အုပ်ချုပ်တာ မဟုတ်ပါဘူး။


Washington Post ။ တပ်မ တော်က ပါဝင်ရမယ်ဆိုတာကို ကျွန် မတို့နားလည်ပါတယ်။ သို့သော် ပြည်သူရဲ့အာဏာက လွှမ်းမိုးရမယ် ဆိုတာ ပြောကြားလိုပါတယ်။ ပြည်သူတွေရဲ့ အာဏာဟာ ဘယ် အရာပေါ်မှာမဆို လွှမ်းမိုးနိုင်မှုရှိရပါ မယ်။ ကျွန်မတို့အမေရိကန်နိုင်ငံ မှာလည်း သမ္မတကြီးရဲ့ အာဏာ ဟာ တပ်မတော်အကြီးအကဲ ထက် ပိုပါတယ်။


နိုင်ငံတော်သမ္မတ ။ မှန်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီအတိုင်းပါပဲ။ မြန်မာနိုင်ငံရဲ့ Constitution ကို ခင်ဗျားနည်းနည်းပြန်ပြီး လေ့လာ ပေးပါ။ Constitution အရ တပ် မတော်မှာ အကြီးအကဲဖြစ်တဲ့ ကာ ကွယ်ရေးဦးစီးချုပ်ကို သမ္မတကနေ ခန့်အပ်တာဖြစ်ပါတယ်။


Washington Post ။ နောက် တစ်ခုကDPRKနဲ့ ဆက်ဆံရေး ဖြစ်ပါတယ်။ ဟိုတလောက ရီပတ် ဘလီကင်ပါတီရဲ့ ဆီးနိတ်တာ ဘလျူကာကDPRK နိုင်ငံရဲ့အထောက် အ ပံ့နဲ့ မြန်မာနိုင်ငံမှာ နျူကလီးယား အစီအစဉ်တစ်ရပ်ကို ဆောင်ရွက်နေတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဒါကြောင့် သမ္မတကြီး အနေနဲ့ မြန်မာနိုင်ငံနဲ့DPRK တို့ တပ် မတော်ပိုင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကို ဖျက်သိမ်းဖို့များ ရှိ လာနိုင်မလားဆိုတာ သိလိုပါတယ်။


နိုင်ငံတော်သမ္မတ ။ မြောက်ကိုရီးယားနိုင်ငံနဲ့ ကျွန်တော်တို့ သံတ မန်ဆက်ဆံရေးရှိပါတယ်။ ဒီနိုင်ငံနဲ့ သာမန်သံတမန်ဆက်ဆံရေးမှအပ အခြားနျူကလီးယားကိစ္စ၊ လူအများကြီးသေစေနိုင်တဲ့ လက်နက်ခဲ ယမ်းကိစ္စတွေနဲ့ ပတ်သက်ပြီး ဆက်ဆံတာမရှိပါဘူး။ ဒါတွေကကျွန် တော်တို့အပေါ်မှာ ယုံမှားသံသယ ဖြစ်နေတဲ့ကိစ္စတွေပြဲ ဖစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အပြည်ပြည် ဆိုင်ရာ နယ်ပယ်မှာ နျူကလီးယား လက်နက် မပြန့်ပွားရေးနဲ့ ပတ်သက် ပြီး မြန်မာနိုင်ငံဟာ မပြန့်ပွားရေး ဘက်က အမြဲ တမ်းရပ်တည်ဆောင် ရွက်နေတဲ့နိုင်ငံဖြစ်ပါတယ်။ နောက် တစ်ခုကUN ကနေ ချမှတ်ထားတဲ့Resolutionနဲ့ ပတ်သက်ပြီး တိကျ စွာ လိုက်နာဆောင်ရွက်နေတဲ့ နိုင်ငံ လည်းဖြစ်ပါတယ်။ အမှန်ကတော့ ဒီနျူကလီးယားကိစ္စ၊ လက်နက်ခဲ ယမ်းကိစ္စတွေနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားနဲ့ အဆက်အဆံမရှိပါဘူး။ မြောက်ကိုရီးယားနိုင်ငံ ကလည်း မြန်မာနိုင်ငံကို အကူအ ညီ ပေးနိုင်တဲ့နိုင်ငံမျိုး မဟုတ်ပါဘူး။ မြန်မာနိုင်ငံကလည်း နျူကလီးယား လက်နက်တို့ဘာတို့ ထုတ်လုပ်နိုင် တဲ့အထိ ငွေကြေးပြည့်စုံ တဲ့နိုင်ငံမျိုး မဟုတ်ပါဘူး။ ဒါ အခြေအမြစ်မရှိ တဲ့စွပ်စွဲချက်ပဲဖြစ်ပါတယ်။


Washington Post ။ ဒါဆို ရင် သမ္မတကြီးအနေနဲ့ မြန်မာနိုင်ငံကIAEA စုံစမ်းစစ်ဆေးရေးအဖွဲ့ လာရောက်ဖို့ ခွင့်ပြုသွားမှာပါလား။


နိုင်ငံတော်သမ္မတ ။ ပထမအဆင့် ကျွန်တော်တို့IAEA ရဲ့ Additional Protocol ကို လက်မှတ်ရေးထိုးဖို့ ရှိပါတယ်။ ဒီကိစ္စကလည်း ကျွန် တော်တို့ အခု စဉ်းစားနေ တဲ့ကိစ္စ ပါပဲ။ ဒီဟာက ကျွန်တော်တို့လွှတ် တော်တို့ဘာတို့ကိုတင်ရမယ်။ လွှတ် တော်ကိုတင်ပြီးတော့ ဒီIAEA ရဲ့ Addtional Protocol ကို လက် မှတ်ထိုးပြီးမှသာ လျှင် ရှေ့ဆက်ပြီး ဆောင်ရွက်ရမယ့်ကိစ္စတွေ ဖြစ်ပါ တယ်။ အဲဒီ Protocol ကို ကျွန် တော်တို့ လက်မှတ်ထိုးတဲ့အဆင့်ကို မရောက်သေးပါဘူး။


Washington Post ။ သမ္မတ ကြီးအနေနဲ့ အမေရိကန်စာဖတ်သူ များကို သိရှိစေလိုတဲ့အချက်များရှိ ရင် ပြောကြားပေးပါ။


နိုင်ငံတော်သမ္မတ ။ သိရှိစေချင်တဲ့ အချက်တွေကတော့ အခု ကျွန် တော်တို့ လက်ရှိအစိုးရသစ်ဟာ ဒီမိုကရေစီစနစ်ကိုကျင့်သုံးဖို့အတွက် ပြည်သူလူ ထုကနေပြီးတော့ ရွေး ချယ်တင်မြှောက်ထားတဲ့ အစိုးရ ဖြစ်ပါတယ်။ ဒီမိုကရေစီ လမ်း ကြောင်းပေါ်ကိုလည်းကျွန်တော်တို့ ရောက်နေပြီဖြစ်ပါတယ်။ ဒီမိုကရေ စီ လမ်းကြောင်းပေါ် ရောက်နေပြီ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ရှေ့ ကိုပဲ ဆက်ပြီးသွားမှာဖြစ်ပါတယ်။ နောက်ကို ပြန်လှည့်စရာအကြောင်း မရှိပါဘူး။ သို့သော် မြန်မာနိုင်ငံ အစိုးရအသစ်က သက်တမ်းအား ဖြင့် (၉)လလောက်ပဲရှိပါသေး တယ်။ ဒီမိုကရေစီအတွေ့အကြုံ အင်မတန်မှ နုနယ်ပါသေးတယ်။ ဒီမိုကရေစီအလေ့အထ အင်မတန် မှ အားနည်းပါသေး တယ်။ ဒီတော့ နှစ်ပေါင်းရာနဲ့ချီပြီး ဒီမိုကရေစီစနစ် ကို ကျင့်သုံးလာတဲ့ အမေရိကန်နဲ့ တော့ တန်းတူရည်တူ နှိုင်းယှဉ်လို့မရသေးပါဘူး။ ဒီမိုကရေစီ ရှင်သန် ဖွံ့ဖြိုးဖို့အ တွက် အချက် (၂) ချက် လိုပါတယ်။ တစ်ချက်ကတော့ တိုင်း ပြည်တည်ငြိမ်အေးချမ်းဖို့ဖြစ်ပါတယ်။ ဒီကိစ္စကလည်း ဒေါ်အောင်ဆန်းစု ကြည်နဲ့ ထိတွေ့တာ အပါအဝင် ကျွန်တော်တို့ ဆောင်ရွက်နေပါ တယ်။ Ethnic Groups တွေနဲ့ ငြိမ်းချမ်းရေးရဖို့အတွက် ဆောင်ရွက် နေပါတယ်။ ဒုတိယအချက်ကတော့ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုး ဖို့အတွက် တိုင်းပြည်မှာ စီးပွားရေးဖွံ့ဖြိုးတိုး တက်လာပြီး ပြည်သူတွေဟာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရမယ်၊ ကောင်းကောင်းမွန်မွန် ဝတ်နိုင်၊ စားနိုင်မယ်၊ နေနို င်မယ်ဆိုတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လိုအပ် ပါတယ်။ ဒီအတွက်လည်း ကျွန် တော်တို့ လုပ်နေပါတယ်။ လက်ရှိ အနေအထားအရ တိုင်းပြည်မှာ အလုပ်အကိုင် အခွင့်အ လမ်းတွေ အင်မတန် နည်းပါးပါတယ်။ နည်း ပါးတဲ့အတွက်ကြောင့်သူများတိုင်း ပြည်တွေမှာ သွားပြီးအလုပ်နေရတဲ့ ရွှေ့ပြောင်းအလုပ်သမား (၃) သန်း ကျော်လောက် ရှိပါတယ်။ ပြည်တွင်း မှာလည်း ဆင်းရဲနွမ်းပါးမှုနှုန်းဟာ (၂၆) ရာခိုင်နှုန်းလောက် ရှိနေပါ တယ်။ ဒါတွေဟာ ဘာကြောင့်လဲ ဆိုရင် မြန်မာနိုင်ငံကို နှစ်ပေါင်း (၂ဝ)ကျော်ေ လာက်စီးပွားရေးအရ ပိတ် ပင်တားဆီးထားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒီတော့ စီးပွားရေးအရ ပိတ်ပင်တားဆီးထားခြင်းဟာ မြန်မာ နိုင်ငံမှာ အလုပ်အကိုင် အခွင့်အ လမ်း တွေ ဆုံးရှုံးပြီး တိုင်းပြည်ဆင်းရဲ တာ၊ နောက်တစ်ခါ အလုပ်လက်မဲ့တွေ ပေါလာတာဒါပဲဖြစ်ပေါ်စေပါတယ်။ ပြည်သူလူထုကို ထိခိုက်နစ်နာစေပါ တယ်။ ဒါကြောင့် မို့လို့ မြန်မာနိုင်ငံ ကို ဒီမိုကရေစီစနစ် ဆက်ပြီး ကျင့် သုံးစေချင်တယ်၊ ဒီမိုကရေစီဆက် ပြီး ရှင်သန်ဖွံ့ဖြိုးစေချင်တယ်ဆိုလို့ ရှိရင် စီးပွားရေးအရ ပိတ်ဆို့တား ဆီးမှုတွေ ကို ဖြေလျှော့ပေးဖို့ခင်ဗျား တို့ ဝိုင်းပြီး ဆောင်ရွက်ပေးသင့်ပါ တယ်။ ဝါရှင်တန်ပို့စ်လို အင်မတန် အရှိန်အဝါကြီးတဲ့ သတင်းစာကြီးက နေ ဝိုင်းပြီးပြောကြားပေးသင့်ပါ တယ်။


Washington Post ။ အမေရိကန် ဆီးနိတ်တာ မစ်မက်ကောနယ် ကိုယ်တိုင်ကSanction မှာ Active ဖြစ်တဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါ တယ်။ ၄င်းပင်လျှင် သမ္မတကြီး ဘက် ကို ပါနေပြီဆိုတာ သိရှိရပါ တယ်။ သမ္မတကြီးကိုယ်တိုင် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ အရေးကြီးတယ်လို့ပြောကြားခဲ့ပါတယ်။ ဒါကြောင့် သမ္မတကြီးအနေနဲ့ နိုင်ငံကို Privatize လုပ်ပစ်မှာလား။ ဒါမှမဟုတForeign Investmentတွေ မြန်မာ နိုင်ငံကိုလာဖို့ ဖိတ်ခေါ်မှာလားဆို တာ သိလိုပါတယ်။


နိုင်ငံတော်သမ္မတ။ မှန်ပါတယ်။Foreign Investment တွေကို ကျွန်တော်တို့ အမြဲတမ်း Welcome လုပ်ထားပါတယ်။ သူတို့ တွေလာပြီးတော့ ရင်းနှီးမြှုပ်နှံနိုင်ဖို့ ရ င်းနှီးမြှုပ်နှံမှုဥပဒေတွေကို အခက် အခဲမရှိအောင် ပြင်ဆင်ထားပါတယ်။ သို့သော်လည်း ဒီအဖွဲ့တွေလာပြီးရင်းနှီးမြှုပ်နှံဖို့ဆိုတာSanction ကို ဖြေလျှော့ပေးမှ ဒီအဖွဲ့ေ တွက ယုံ ယုံကြည်ကြည်နဲ့ လာပြီးရင်းနှီးမြှုပ် နှံကြမှာဖြစ်ပါတယ်။


Washington Post ။ သို့သော် ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ မြန်မာ နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးကို လည်း မေးမြန်းလာပါလိမ့်မယ်။


နိုင်ငံတော်သမ္မတ ။ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု ရှိနေပါတယ်။ နယ်စပ်က လက်နက်ကိုင်အဖွဲ့အ စည်းတွေကလည်း အခုဆိုရင် အပစ်အခတ် ရပ်စဲနေပြီဖြစ်ပါတယ်။ တကယ်တော့ လာရောက်ပြီး ရင်းနှီး မြှုပ်နှံဖို့အတွက် အဓိကအခက်အခဲ ကSanctionပိတ်ထားတဲ့အခက် အခဲကြောင့်ပဲ ဖြစ်ပါတယ်။ ကျန်တဲ့ အခက်အခဲမရှိပါဘူး။


Washington Post ။ သမ္မတကြီး အနေနဲ့ (၉) လအတွင်းမှာ ကိစ္စရပ် များစွာ ဆောင်ရွက်ခဲ့ပါတယ်။ ဆက် လက်ပြီး မြန်မာနိုင်ငံမှာ မီဒီယာ လွတ်လပ်ခွင့် ရရှိစေဖို့ ဘလို ဆောင်ရွက်သွားပါမလဲ။ အထူးသ ဖြင့် ၁၉၆ဝ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ မီဒီယာဥပဒေ၊ နောက်ပြီးပုဂ္ဂလိက နေ့စဉ်သတင်းစာများ ထုတ်ဝေမှုကို ခွင့်ပြုလာမှာလား သိလိုပါ တယ်။ ကျွန်မရဲ့ မိသားစုဟာ ဝါရှင်တန် ပို့စ်ကို ပိုင်ဆိုင်တာဖြစ်တဲ့အတွက် သိလိုပါတယ်။


နိုင်ငံတော်သမ္မတ ။ မီဒီယာ နဲ့ ပတ်သက်ပြီးတော့ ခင်ဗျားလည်း အခုတွေ့မှာပါ။ အရင်အစိုးရတွေ လက်ထက်နဲ့ မတူပါဘူး။ အခု ဂျာနယ်တွေမှာ ပွင့်ပွင့်လင်းလင်းနဲ့ေ ရးနေကြတာပါပဲ။ သို့သော် ကျွန် တော် စောစောက ပြောခဲ့သလို ကျွန်တော်တို့က ဒီမိုကရေစီ အတွေ့အကြုံ နည်းသေးတယ်။ ဒါကြောင့် မီဒီယာပိုင်းနဲ့ ပတ်သက်ပြီး တစ်ဖက် ကလည်း လွတ်လွတ်လပ်လပ် လုပ်ဖို့၊ တစ်ဖက်ကလည်း လွတ် လပ်မှုနဲ့ တာဝန်ယူမှု၊ လွတ်လပ် မှုနဲ့ ဆင်ခြင်တုံတရား ယှဉ်တွဲကျင့် သုံးပြီး စည်းကမ်းရှိဖို့နဲ့ တာဝန်ယူမှု ရှိဖို့ ဆောင်ရွက် နေတယ်။လွတ် လပ်မှုနဲ့အတူ တာဝန်ယူမှု၊ တာဝန်ခံ မှုလည်း လိုအပ်ပါတယ်။


Washington Post ။ မီဒီယာ လွတ်လပ်ခွင့်ကနေပြီးတော့ ဆင်ဆာ ကို ဖယ်ရှားပေးပါမည်လား။


နိုင်ငံတော်သမ္မတ ။ လောလော ဆယ်တော့ လွတ်လပ်မှုတွေ ပေးထားပါတယ်။ ဥပဒေထုတ်ပြန်ဖို့ ရှိပါတယ်။


By Lally Weymouth, Published: January 20
NAYPYIDAW, Burma

Since Thein Sein took office as Burma's president nine months ago, the country's famous opposition leader, Aung San Suu Kyi, has been freed from house arrest, political prisoners have been released and the United States has normalized bilateral relations with Burma, also known as Myanmar. This week, Sein granted The Post's Lally Weymouth his first interview with a foreign journalist. Excerpts:


President Sein: I would like to welcome you to our capital and I know The Washington Post is a renowned newspaper in America. This is the first time to meet with the foreign media. This is our foreign minister, our minister of information and our minister of labor.

Q: The West has been watching the changes you have brought about in your country — the freeing of political prisoners, enabling Aung San Suu Kyi's party to run in the upcoming April election and the cease-fires you've declared with some of the ethnic groups. You have made extraordinary changes in a short time. What motivated you to want to change your country and to start this reform process?

A: With regard to the reform process we are undertaking in our country, there is a lot of encouragement from our people. The reform measures are being undertaken based on the wishes of the people [who want] to see our country have peace and stability as well as economic development. To have internal peace and stability and economic development, it is important to have good relations with the political parties that we have in our country. That is why we have had engagement with Daw Aung San Suu Kyi. In my meeting with Daw Aung Sang Suu Kyi, we were able to reach an understanding between the two of us.

People would like to see peace and stability and that is why we have had engagement with the ethnic armed groups. That's why our reform process is based on the wishes and the will of the people.

The people could not had this reform process without your leading it. You decided to release the political prisoners, you met Aung San Suu Kyi. . . . What is next? Will you continue with this pace of reforms?

With regards to our future perspectives, we'd like to see transparency. I hope that we can and will be able to maintain friendly relations with countries of the world.

Can you share with us what is next in the reform process? What your vision is?

I believe that you need to know our aims, and they are to have peace and stability and economic development in our country. For the future, we need to continue to take necessary actions to achieve these goals.

You have normalized relations with the U.S., you have released political prisoners and achieved cease-fires with some of the ethnic groups. Do you have a definite next step?

The parliament also made amendments to the election commission law so that Aung San Suu Kyi can contest the upcoming by election [April 1]. Now, The National League for Democracy — her party, the NLD — has registered as a political party, and Aung San Suu Kyi will be contesting the upcoming by-election. If the people vote for her, she will be elected and become a member of parliament. I am sure that the parliament will warmly welcome her. This is our plan.


Another thing I would like to shed some light on is the ethnic armed groups we have in our country. First of all, we need to build confidence between the two sides. We have reached agreements on certain things. This requires the two sides to sign an agreement and return to the legal fold without carrying arms.

You made a cease-fire with the Karen group.


There are a total of 11 armed groups in our country. We have engagement with all the armed groups. We also have agreements with some of the ethnic armed groups. But this is not over yet. We are continuing negotiations.

What did you mean when you said they should return to the legal fold? Is that after reaching an agreement with the government?

This is based on the agreement between the two sides. Soon we will try to achieve an eternal peace in the country. However, this will require time.

If she does well in the upcoming election, would you think of giving Aung San Suu Kyi a cabinet post?

It depends on the elections and if she was voted for by the people or not. Once she has been elected, she will become a member of parliament. All of the cabinet ministers that we have now are appointed based on the agreement given by the parliament.

Would you like to see her become a cabinet minister?

If one has been appointed or agreed on by the parliament, we will have to accept that she becomes a cabinet member.

What is your vision for U.S.-Myanmar relations in the future? What are your hopes for that relationship and how would you like to see it evolve?


With regard to U.S.-Myanmar relations, I would like to make three points. First, we already have engagement with the United States. Secretary of State [Hillary] Clinton visited our country and just today we were visited by Senator Mitch McConnell. The second point is that we are not represented by [diplomats at the] ambassadorial level. We hope the representation can be upgraded. The third point I would like to make is that the U.S. and the E.U. have had economic sanctions on our country. It has been [for] nearly 20 years now. I would like to see them ease . . . and eventually get rid of the sanctions. . . .

Secretary Clinton announced last week that relations would be normalized and that the U.S. and Myanmar will exchange ambassadors.

Yes, I have heard that news also. Until today it has not been announced that there has been an appointment of an ambassador.

There are three requirements that Western countries would like to see us do. First is the release of political prisoners. Second is to hold the [parliamentary] election. Thirdly, to have Aung San Suu Kyi and others participate in our political process. I believe we have accomplished these steps already. What is needed from the Western countries is for them to do their part. In taking actions with regard to the three points I have mentioned, we have done it not because others were putting pressures on our country. We did it because we felt it was necessary to do for our country.

It was not [Your reforms were not motivated by] because of the pressure from the sanctions? Didn't sanctions work?


Sanctions were aimed at harming our government but, actually, they harmed the interest of our people. Nor did they affect the previous government, which actually laid down the procedures so they could hand over a democratic system for our country.

You are speaking about the seven-step program outlined in 2004?


The previous government laid down the seven-step program so they could implement a democratic system in our country. They have taken the necessary measures step by step.

They laid out the program so they could implement democracy?

Yes, it's true.

People are wondering, why are you reforming now. Your answer is that this was planned a long time ago and it has been moving along in stages?

When a system needs to be changed, it cannot be done overnight. Some countries that have tried to change overnight have deteriorated. That is why we laid down the seven-step road map and have taken step-by-step measures. You can see we are a democratically elected government.

But 25 percent of the government is reserved for the military, and most of the members of the government, including yourself, are former members of the military. Democracy to us means a civilian government that has power over the military.

The military is no longer involved in the executive body. Even if you look at our parliament, one-fourth is reserved for the military. We cannot leave the military behind because we require the military's participation in our country's development.

Myanmar Daily News မှကူးယူဖော်ပြပါသည် ..။

Read More

ဆရာမ မမ ပြောတဲ့ ဦးခင်ညွန့်ဆောင်းပါး ရေးဖြစ်ပုံ

Mizzima — Hot News ဂျာနယ် အယ်ဒီတာချုပ် ဆရာမ မမ ၏ သောကြာနေ့ထုတ် ဂျာနယ်တွင် “ဦးခင်ညွန့်နှင့် ဒေါက်တာ ခင်ဝင်းရွှေတို့၏ ငြိမ်းချမ်းမှုများဖြင့် မင်္ဂလာရှိသော နေ့တနေ့” ဆောင်းပါး ပါရှိလာရာ၊ ဝေဖန်မှုများ ဖြစ်ပေါ် လာခဲ့သည်။

ဆောင်းပါးရေးဖြစ်ပုံ၊ ဦးခင်ညွန့်အပေါ်အမြင်၊ ဝေဖန်မှုများအပေါ် တုန့်ပြန်မှုများကို မဇ္ဈိမ သတင်းထောက် မျိုးသန့် က ဒေါ်မမ ကို ဆက်သွယ် မေးမြန်းထားခြင်း ဖြစ်သည်။

Hot News မှာ ဦးခင်ညွန့်အကြောင်း ဆောင်းပါးရေးဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး အတော်များများ ပြောစရာ ဖြစ်သွား ခဲ့တယ်။ ဆောင်းပါးရေးဖြစ်ပုံလေး ပြောလို့ရမလား။

“ဒီဟာက ကျမ ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင် ကျမရဲ့ စာမျက်နှာတွေကို ကြည့်လို့ရှိရင် ဘယ်လိုပဲဖြစ်ဖြစ် ကျမ Public ဘက်ကပဲ အမြဲရပ်တယ်ဆိုတာ Public သိပါတယ်။ အဲဒါကို တတ်နိုင်သလောက် အားနည်းတဲ့လူကို ကျမ တတ်နိုင် သလောက် Carry လုပ်ပါတယ်။ ကျမ ပွင့်ပွင့်လင်းလင်း ပြောရရင် ငြိမ်းငြိမ်းချမ်းချမ်း အေးအေးချမ်းချမ်းနဲ့ဘဲ အားလုံးကို တည်ဆောင်စေချင်တဲ့ ဆန္ဒကျမမှာရှိပါတယ်။ အဲဒီအတွက်ကြောင့် ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ကျမမြင်တဲ့အမြင်နဲ့ ပြောရရင် အားလုံးလည်း မှန်ချင်မှ မှန်မယ်ပေါ့။ ကျမလည်း လူဖြစ်တဲ့အတွက် ကျမမှာ အားနည်းချက်တွေ ရှိနိုင်ပါတယ်။”
“တပ်မတော်ဆိုတာ အမိန့်တခုတည်းအောက်မှာ သွားကြရတယ်။ … တာဝန်အရလုပ်ရတာတွေရှိတယ်။ ကျမကတော့ လူမှုရေးနဲ့ အလုပ်တာဝန်တွေကို ကျမတို့တိုင်းပြည်က လူတွေကို ခွဲမြင်စေချင်တယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို အားလုံး မှန်တယ်လို့လည်း ကျမမပြောလိုပါဘူး။ ကျမကိုယ်တိုင်လည်း အားလုံး မှန်ချင်မှ မှန်ပါလိမ့်မယ်။ အဲဒီစိတ်နဲ့ ကျမရေး ခဲ့တာပါ။”

“ကျမ ဒီလိုရေးတယ်ဆိုတာသည် ကျမ Follow Up ပဲ လိုက်လို့ရတယ်။ ကြည့်လိုက်တဲ့အချိန်မှာ အားလုံးက ကိုမင်းကိုနိုင်ကို High Light ထိုးထားတယ်။ ကျမ ကိုယ်တိုင်လည်း ဂျာနယ် ရောင်းကောင်းအောင်လို့ ရေးမယ်ဆိုရင် ကိုမင်းကိုနိုင် ကျမ လည်း ရေးလို့ရပါတယ်။ ဒါပေမယ့် ကျမသတင်းသမားပါ။ အဲဒီအတွက် ကျမ ဗိုလ်ချုပ်ကြီးခင်ညွန့်က အိမ်တွင်းမှာ ပြောတဲ့ စကားကို ကျမက ကံတရားအရ ကျမ ရလိုက်သိလိုက်တဲ့အတွက် ကျမ ဒီဟာလေးကို ကျမ Public အတွက် သူများတကာတွေ မတင်ထားသေးတဲ့သတင်း တခုကို ဖြန့်ဝေချင်တဲ့ စိတ်ဆန္ဒနဲ့ ရေးလိုက်တာလည်း ပါပါတယ်။ ကျန်တာကတော့လည်း ဒီမိုကရေစီကို လိုချင်ပါတယ်။ သက်ဝင်ပါတယ် ဆိုတဲ့လူတွေ အကုန်လုံးကလည်း သေသေချာချာ တွေးနိုင်ရမယ်လို့ ကျမထင်ပါတယ်။ အကုန်လုံးက လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ရှိတဲ့အတွက် ကျမ ဘယ်သူ့ကိုမှ ဘာမှမမြင်ပါဘူး။”

ဦးခင်ညွန့်နဲ့ မိသားစုလို၊ ဆရာတပည့်လို ရင်းနှီးတဲ့ ဆက်ဆံရေးရှိမယ် ထင်တယ်။ လွတ်လာလိမ့်မယ်လို့ ကြိုတင် မျှော်လင့်ခဲ့လား။
“မရှိပါဘူးရှင့်၊ ကျမကိုယ်တိုင်ကို ဘဘကို လွတ်မယ်လို့ ကျမ မထင်ခဲ့ပါဘူး၊ ဘဘကော ကိုမင်းကိုနိုင်ကော၊ ကိုကိုကြီးကော ဒီသုံးယောက်ကိုတော့ နောက်ဆုံးမှ လွတ်မယ်လို့ ကျမ ကိုယ်တိုင်လည်း ထင်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့်ဆီ ကျမသွားတဲ့ဟာက ကိုယ့်ထက် အသက်အားဖြင့် ဂုဏ်အားဖြင့် ကြီးမြတ်တဲ့ လူတယောက်ဖြစ်တဲ့အတွက် ကျမလည်း အခုလို ကျန်းကျန်းမာမာ တွေ့ရတဲ့အတွက် ဝမ်းသာတယ်ဆိုပြီးတော့ ကျမ မိသားစုစိတ်နဲ့ ကျမ ထိုင်ကန်တော့ခဲ့ပါ တယ်။ ဒါသည် ကျမ ရိုးရှင်းစွာပြောတာပါ။ ကျမ သတင်းသမားတယောက်အနေနဲ့ ဆက်ဆံတာလည်း မဟုတ်ပါဘူး။ နိုင်ငံရေးသမား တယောက်အနေနဲ့ ဆက်ဆံတာလည်း မဟုတ်ပါဘူး။ မေတ္တာတရားနဲ့ လူတယောက် အားနည်းတဲ့ အချိန်မှာ သူစိတ်ဓာတ် ကျမနေသော်လည်း ကျမ ကိုယ်လုပ်ရမယ့်တာဝန်ကို လုပ်လိုက်တာပဲဖြစ်ပါတယ်။ ကျမ ရေးထားတာသည် ခေါင်းဆောင် တယောက်အနေနဲ့ သူ့ထောက်လှမ်းရေး မိသားစုတွေကို တရားချနေတာကို ကြည့်ပြီးတော့ အဲဒါကိုပဲ ကျမပြန်ရေးထား တာပါ။ ကျမက သူတို့ မိသားစုလေး ငြိမ်းချမ်းသွားတယ်လို့ ကျမ ဒါလေးကို ရေးလိုက်တယ်။ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို မိသားစုသဏ္ဍန်နဲ့ပဲ ကျမ သွားတွေ့ခဲ့တာဖြစ်ပါတယ်။”

ဦးခင်ညွန့်ကို ပြန်တွေ့လိုက်ရတဲ့အပေါ်မှာကော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေကို ဘယ်လို အကဲခတ်မိလဲ။

“အရင်တုန်းက တွေ့ထားတဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့တော့ မတူဘူးပေါ့။ သူဘာပဲပြောပြော အရင်တုန်းကတော့ သူက Smart ဖြစ်ပြီးတော့ သူ့ဟာနဲ့သူ တက်ကြွနေတတ်တယ်လေ။ အခုဟာကတော့ သူလည်း ချုံးချုံးကျနေတာတော့ မဟုတ်ပါဘူး။ ဒါပုံမှန် လူတယောက်လိုပဲ နေတာပါ။ ဒါပေမယ့် ကျမ အဲဒါကို မြင်တဲ့အခါမှာ ဘာလေးကို စဉ်းစားလိုက်လဲ ဆိုတော့ လူတိုင်းလူတိုင်းဟာ သူဟာ ဘယ်လောက်အောင်မြင်ခဲ့တာပဲဖြစ်ဖြစ်ပေါ့ လူဆိုတာ မှန်တာတွေလည်း လုပ်မယ်။ အားနည်းတာတွေလည်းရှိမယ်ပေါ့။ ကျမ ဘယ်ဘက်မှလည်း မရှိဘူး ဒါပေမယ့် ကျမရေးလိုက်တာသည် ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ကျမတို့သည် ဟိုးအရင်ကတည်းက တပ်မတော် မိသားစု ဖြစ်တဲ့အတွက် ကျမအဖေက ဗိုလ်ချုပ်ကြီး ခင်မောင်သန်း ဖြစ်တဲ့အတွက် ကျမတို့သည် မိသားစု ဆက်ဆံရေး ရှိခဲ့ပါတယ်။ ကျမနဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်သမီး သင်းသင်းနဲ့က ရွယ်တူပါ။ ၇ တန်းတည်းက ကျောင်းအတူတူ နေခဲ့တာပါ။ အဲဒီအတွက်ကြောင့်မလို့ မိသားစုလိုနေတဲ့အတွက်ကြောင့် ကျမ သွားတာလည်း သတင်းသမားတယောက်လို ကျမသွားခဲ့တယ်ဆိုတာမျိုးထက် မိသားစုလိုသွားခဲ့တာဆိုရင် ပိုမှန်ပါလိမ့်မယ်။”

ဦးခင်ညွန့် အရင်အာဏာရှိချိန်လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်မှာ ဦးခင်ညွန့်အပေါ် အကောင်းဘက်က ရေးထားတဲ့ ဆောင်းပါးကို ဝေဖန်သူတွေလည်း ရှိနေတယ်၊ အဲဒါကို သိမိ ဖတ်မိလား။

“ကျမ သိပါတယ်၊ ကျမအဲဒါတွေကို အကုန်လုံး ထိုင်ကြည့်နေတာပါ။ ကျမ မတုန်လှုပ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့အချိန်တုန်းကလည်း လွတ်မြောက်ပြီး နောက်တရက်လို့ ကျမရေးခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျမ ယောက်ျားက ဒုဝန်ကြီးတာဝန်ကို ထမ်းဆောင်နေပါတယ်။ အဲဒီအချိန်မှာလည်း ကျမ ပြစ်ဒဏ်အပေးခံခဲ့ရပါတယ်။ ဂျာနယ် နှစ်ပတ် ပိတ်ခံခဲ့ရပါတယ်။ ကျမယောက်ျားကလည်း ဒုဝန်ကြီးဖြစ်တဲ့အတွက် အဲဒီဟာကို ကျမတို့ တော်တော်လေး စိတ်ဆင်းရဲ ခဲ့ရပါတယ်။ အဲဒီအတွက်ကြောင့်လည်း ကျမ အရှုံးမပေးခဲ့ပါဘူး။ ကျမ သတင်းသမားပါ။ ကျမ ရေးသင့်တယ်လို့ ထင်တဲ့ ဟာကို ကျမ တဘက်စောင်းနင်းမရေးဘူး။ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ကျမ မြင်ရင်တော့ မြင်တဲ့ အတိုင်းပဲ ရေးလေ့ရှိပါတယ်။ ဒီမိုကရေစီ ဘက်တော်သားတွေကလည်း ကျမကို ဗိုလ်ချုပ်ကြီးသမီးဆိုပြီးတော့ တချို့က ကျမကို သံသယ ရှိတာကို ကျမဖြတ်ကျော်ခဲ့ရပါတယ်။ အဲဒီအတွက် ဒီ Comments တွေကို ကျမ မခံစားရပါဘူး။ ကျမရဲ့ စာမျက်နှာ ရပ်တည်ချက်တွေကို သဘောပေါက်ရင် ပြီးတာပါပဲ။ ကိုယ်လုပ်တဲ့ဟာကိုတော့ ကိုယ်ရပါတယ်။ အဲဒီအတွက် ကျမ ဘာမှ တုန်လှုပ်မှု မရှိပါဘူး။”
“အန်တီ့အကြောင်းရေးခဲ့တုန်းကလည်း ကျမ အတိုက်အခံပေါင်း များစွာထဲကနေပြီးတော့ ဆူခံပြောခံကြားထဲကနေ ပြီးတော့ရေးခဲ့တာပါ။ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ ကျမ ဘာမှလည်း လုပ်ခွင့်မှမရှိတာလေ။ ကျမဆက်ရေးခဲ့ တာပဲလေ။ အခု အချိန်မှာလည်း ကျမရေးလိုက်တဲ့ဟာတခုဟာ ကျမပွင့်ပွင့်လင်းလင်းပြောရရင် ကျမကို ဒီလို တုန့်ပြန် လာမယ်ဆိုတာကို ကျမအသင့်အတင့်တော့ မျှော်လင့်ပြီးသားပါ။”

ဦးခင်ညွန့် နေအိမ်အကျယ်ချုပ် ကျနေစဉ်ကာလမှာ အပြင်ထွက်ခွင့် ရံဖန်ရံခါ ရခဲ့တယ်လို့ သတင်းတွေ ထွက်ဖူးတယ်။ ဆရာမ မမတို့နဲ့ အဲဒီအချိန်ကများ တွေ့ခဲ့ဖူးလား။

“ကျမတို့ မတွေ့ဖြစ်ပါဘူး၊ ဘဘကို အဲဒီနေ့က မေးကြည့်တော့လည်း ဘဘ အပြင်မထွက်ပါဘူးလို့ ပြောတယ်။”

Read More

အီးယူမှ ၂၀၁၃ အထိ တစ်နှစ်ကိုဒေါ်လာ သန်းတစ်ရာသာ သုံးစွဲရန်စီစဉ်ထား

မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး ဒေးဗစ်လစ်ပ်မန်းက နို ၀င်ဘာလ ၆ ရက် နေ့က ပြည်တွင်း၊ ပြည်ပ မီဒီယာအချို့နဲ့ ချက်ထရီယမ် ဟိုတယ်မှာ တွေ့ဆုံစဉ် က မြန်မာတိုင်း(မ်) ရဲ့ မေးမြန်းချက် တွေကို ယခု လို ဖြေကြားခဲ့ပါတယ်။
* အမေရိကန်ရဲ့ ဥရောပသမဂ္ဂရဲ့ စီးပွားရေးမှာ ဖယ်ကြဉ် ထားတာ တွေက မြန်မာ့စီးပွားရေး တိုးတက်မှု နှောင့်နှေးနေတဲ့ အပေါ် အကျိုး သက်ရောက်မှု ရှိတယ်လို့ ထင်ပါသလား။
ဒါက သိပ်ကို ရှုပ်ထွေးတဲ့ မေးခွန်းပါ။ အဓိက ပြဿနာက မြန်မာမှာ အမြစ်စွဲနေတဲ့၊ အချိန်အကြာကြီး တည်ရှိနေတဲ့ စီးပွားရေးမှာ တလွဲ စီမံခန့်ခွဲမှုတွေပါပဲ။ ဒါဟာ ဒီနိုင်ငံရဲ့ ပထမဆုံး ပြဿနာလို့ ကျွန်တော် ထင်ပါတယ်။ ဒီမေးခွန်းထဲကလို အကျိုးသက်ရောက်မှု ရှိ မရှိ ဆိုတာ ကတော့ အမြင်အမျိုးမျိုးနဲ့ အငြင်းပွားနေတဲ့ကိစ္စပါ။ အခြေခံအား ဖြင့်တော့ အဲဒီလိုထင်ရပေမယ့် မြန်မာဟာ လွတ်လပ်ရေးရခါစတုန်းက အရှေ့ တောင်အာရှမှာ အချမ်းသာဆုံးနိုင်ငံပါ။ အခုတော့ အဆင်းရဲ ဆုံးဖြစ်နေတယ်။ စီးပွားရေးတိုင်းတာချက်တွေအရတော့ အမေရိကန်နဲ့ ဥရောပရဲ့ စီးပွားရေးအရ ကြဉ်ထားခြင်းက မြန်မာကို လက်ရှိအခြေ အနေရောက်အောင် ဖြစ်စေတဲ့ အဓိက အကြောင်းရင်းလို့ တော့ ကျွန်တော်မထင်ပါဘူး။
* မြန်မာရဲ့ ဘဏ်လုပ်ငန်းအခြေ အနေအပေါ် ဘယ်လိုမြင်ပါသလဲ။
ကျွန်တော်က ဘဏ်လုပ်ငန်းနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူမဟုတ်တော့ တိကျတဲ့ အမြင်တော့မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်ထင် တာကတော့ အများကြီး ပြောင်းလဲဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၁၅ မှာ ပြုလုပ်မယ့် အာဆီယံစီးပွားရေး လူ့အဖွဲ့ အစည်းမှာ မြန်မာကလည်း ပါဝင်မယ် လို့ဆိုထားတယ်။ ဒါကြောင့် ဘဏ်စနစ် မှာ ပြောင်းလဲဖို့လုပ်ရမှာတွေ အများကြီးပဲ။ ငွေလဲနှုန်းကအစပေါ့။ ပြီးအောင်လုပ်ရမှာတွေအများကြီးပါ။
* အစိုးရပိုင်းက ဥရောပသမဂ္ဂနဲ့ ပူးပေါင်းလိုတဲ့ လက္ခဏာတွေရော တွေ့ရပါသလား။
လုံးဝတွေ့ရပါတယ်။ ပထမဆုံးပြောရရင် အဆင့်မြင့်သံတမန်တွေရဲ့ ခရီးစဉ်တွေ မကြာသေးခင်ကာလတွင်းမှာ အများကြီးရှိခဲ့တယ်။ တွေ့ဆုံဆွေးနွေးမှုတွေလည်း အများကြီးလုပ်ခဲ့တယ်။ ဒါက တကယ့်ကို ပထမဆုံးပဲ။ အခု အီးယူကလုပ်တဲ့ စီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကိုလည်း အများကြီးပူးပေါင်းပါဝင်တယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကဆို ဒါမျိုးဖြစ်လာမယ်ဆိုတာကို စဉ်းစားလို့တောင် မရဘူး။ ဒီပွဲကို ဒေါ်အောင်ဆန်းစုကြည်တက်မယ်ဆိုတာမျိုးတောင်မှပေါ့။ အပြောင်းအလဲတွေတော့ အများကြီးရှိလာပါတယ်။
* မနှစ်က ဥရောပသမဂ္ဂကနေမြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထောက်ပံ့ခဲ့တယ်။ ဒီနှစ်ရော ဘယ်လောက်ထောက်ပံ့ဖို့ ရှိပါလဲ။
ကျွန်တော်တို့မှာ အစီအစဉ်တစ်ခုရှိပါတယ်။ အဲဒီအစီအစဉ်က ၂၀၀၇ ခုနှစ်ကနေစပြီး ၂၀၁၃ ခုနှစ်အထိဆွဲ ထားတဲ့အစီအစဉ်ပါ။ ဒီအစီအစဉ်အရ လာမယ့် ၂၀၁၁ ကနေ ၂၀၁၃ ထိသုံး နှစ်စလုံးကို အရင်နှစ်တွေမှာ သုံးခဲ့တဲ့ ငွေကြေးပမာဏအတိုင်းပဲ သုံးစွဲသွား မှာပါ။ ရှေ့ဆက်ဘယ်လိုလုပ်မယ်ဆိုတာကတော့ အခုဆွေးနွေးနေတုန်းပါပဲ။

မြန်မာတိုင်း ( မ် ) မှကူးယူဖော်ပြသည်။
Read More

ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်နှင့် အထူးတွေ့ဆုံမေးမြန်းခြင်း

"တိုင်းပြည်တိုးတက်ဖို့ ပြည်တွင်းအင်အားရော ပြည်ပအင်အားပါ လိုအပ်ပါတယ်"

တပ်မတော်အစိုးရလက်ထက် ၀န်ကြီးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်သည် ဇန်န၀ါရီလ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လွတ်မြောက်လာသူ ၆၅၁ ဦးတွင် ပါဝင်ခဲ့သည်။ ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလမှစတင်ခါ နေအိမ် အကျယ်ချုပ်ဖြင့် ခုနစ်နှစ်ကျော် နေထိုင်ခဲ့ရသူ တပ်မတော်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်အား ဇန်န၀ါရီလ ၁၇ ရက်နေ့က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် န၀ဒေးလမ်းရှိ ၎င်း၏နေအိမ်တွင် မြန်မာတိုင်း(မ်) သတင်းအဖွဲ့က သီးသန့်တွေ့ဆုံ မေးမြန်းခဲ့သည်။
အတွဲ ၂၈ ၊ အမှတ် ၅၅၃ ( ၂၀ - ၂၆ ၊ ၁ ၊ ၂၀၁၂)
 

 
မရမ်းကုန်းမြို့နယ်ရှိနေအိမ်တွင် တွေ့ရသော ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်။
ဓာတ်ပုံ-ကောင်းထက်
 
* ဒီမိုကရေစီရဲ့ လမ်းပြမြေပုံဆိုတဲ့ Road Map ကို အကောင်အထည် ဖော်ခဲ့တဲ့အပေါ်မှာ ဘယ်အတိုင်း အတာအထိ ကျေနပ်မှုရှိပါသလဲ။
အခုကတော့ Seven Stepsက ပြီးမြောက်သွားပြီလေ။ ပြီးမြောက်သွားပြီ ဆိုတော့ အောင်မြင်တယ်လို့ပဲ ယုံကြည်တယ်။ အောင်မြင်သွားပြီပေါ့။
* Road Map ကို အကောင်အထည် ဖော်ပြီးတဲ့နောက်မှာ ပြုပြင်ပြောင်း လဲမှုတွေက ဆက်တိုက်ဖြစ်လာတယ်။ အခုလို ခပ်မြန်မြန်နဲ့ ပြုပြင် ပြောင်းလဲမှုတွေဖြစ်လာတာ ဘာကြောင့်လို့ ထင်ပါသလဲ။
အကောင်အထည်ဖော်တဲ့ ပုဂ္ဂိုလ်တွေပေါ်မှာမူတည်ပါတယ်။ မြန်မြန် ဆန်ဆန်အကောင်အထည်ဖော်ရင် မြန်မြန် ဆန်ဆန်အကောင်အထည် ပေါ်တာပဲပေါ့။ ဘေးကပံ့ပိုးမှုလိုတယ်။ ပြည်သူတွေရဲ့နားလည်မှု လိုတယ်။ အဓိကကတော့ ဦးဆောင်ဦးရွက်ပြုတဲ့ နိုင်ငံတော်အစိုးရပါ။ အစိုးရရဲ့လုပ်ကိုင် ဆောင်ရွက်မှုပေါ်မှာမူတည်ပြီး အောင်မြင်တယ်ဆို တဲ့အနေအထားမျိုးရှိတာပေါ့လေ။
* အစိုးရသစ်တက်တဲ့ ကိုးလကျော် ၁၀ လကာလမှာ ပြုပြင်ပြောင်းလဲမှုတွေက အရှိန်အဟုန်ကောင်းကောင်းနဲ့ ဖြစ်လာနေတယ်။ အဲဒါတွေက နောက်ကြောင်းပြန်လှည့်သွားနိုင်ပါသလား။
ထင်တယ်လေ။ သမ္မတကြီးကိုယ်တိုင်ကပြောတယ်။ နောက်ပြန်လှည့်ဖို့ မရှိပါဘူးလို့ ပြောတယ်နော်။ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကလည်း နောက် ပြန်လှည့်စရာ အကြောင်းမရှိတော့ဘူး ပြောတယ်။ သိပ်ခိုင်မာနေပြီပဲ။
* အရင်က တပ်မတော်ခေါင်းဆောင် တစ်ယောက်အနေနဲ့ အောင်မြင်ခဲ့တယ်။ ကျော်စောထင်ရှားခဲ့တယ်ပေါ့။ အခုလက်ရှိနိုင်ငံရေး အခင်းအကျင်းမှာရော အံဝင်ခွင်ကျဖြစ်နိုင်မယ်လို့ ထင်ပါသလား။
ခုနစ်နှစ်တာကာလ အိမ်ထဲမှာပဲနေတော့ အပြင်လောကနဲ့ ပတ်သက်ပြီး အဆက်ပြတ်တယ်လေ။ အပြင်လောက အခြေအနေကို မီဒီယာကနေတစ်ဆင့်တော့ မြင်ရတွေ့ရ ကြားရတာပေါ့။ အခု နိုင်ငံရေးကို သိပ်ပြီးလေ့လာမှုလည်း မရှိသေးဘူး။ နိုင်ငံရေးလုပ်ဖို့ လည်း ကြံရွယ်ချက်မရှိသေးဘူးကွယ်။ အပြင်လောကနဲ့ အဆက်ပြတ်နေတော့ ဘာလုပ်ရမှန်းမသိဘူး။ လုပ်ဖို့ဥစ္စာကတော့ အဘ ဘာသာရေးလုပ်နေတယ်။ လူမှုရေးတွေလုပ်မယ်။ နောက်တိုင်းပြည် အေးချမ်းမှုအတွက်ကို တတ်နိုင်သမျှ ပုဂ္ဂလိကစွမ်းဆောင်မှုနဲ့ပဲ စွမ်းဆောင်မယ်။ ပုဂ္ဂလိကနော်။ ပုဂ္ဂလိကစွမ်းဆောင်မှုနဲ့ပဲ တိုင်းပြည်သာယာရေး၊ တိုးတက်ရေးကို စွမ်းဆောင်နိုင်သမျှ စွမ်းဆောင် မယ်လို့ပဲ စိတ်ထဲမှာ ကြံရွယ်ထားပါတယ်။ ဘယ်တော့အကောင်အထည်ပေါ်မယ်ဆိုတာတော့ မသိဘူးပေါ့။
* လက်ရှိအစိုးရကသော်လည်းကောင်း၊ တစ်စုံတစ်ယောက်ကသော်လည်းကောင်း နိုင်ငံရေးနဲ့ ပတ်သက်ပြီး လာရောက်တွေ့ဆုံပြီး အကြံဉာဏ် တောင်းတာမျိုး၊ အကူအညီတောင်း တာမျိုးရှိလား။ တကယ်လို့တောင်း လာမယ်ဆိုရင်ရော ဘယ်လိုတုံ့ပြန် ဖို့ရှိပါသလဲ။
အခုထိတော့ အကြံဉာဏ်တောင်းတာတွေမရှိပါဘူး။ နိုင်ငံရေးမလုပ်တော့ဘူးလို့ပဲ ဒီလိုပဲ စိတ်ထဲမှာ ပိုင်းဖြတ်ထားတယ်လေ။ တိုင်းပြည်အတွက် ကောင်းရာကောင်းကျိုးအတွက်ပေါ့လေ။ ပြည်သူတွေအတွက် အကျိုးဖြစ်ထွန်းမှု၊ တိုင်းပြည်အတွက် အကျိုး ဖြစ်ထွန်းမှု၊ နောက်တစ်ခါ ငြိမ်းချမ်းရေးပေါ့။ တည်ငြိမ်အေးချမ်းရေးအတွက် အကျိုးဖြစ်ထွန်းမှုတွေအတွက်ကို ရည်ရွယ်ပြီးတော့ လာပြီး အကြံဉာဏ်တောင်းရင်တော့ အဘရဲ့ အတွေ့အကြုံပေါ် မူတည်ပြီးတော့ ကောင်းတဲ့အကြံဉာဏ်တွေပေးမှာပါ။
* အခုလက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အစိုးရနဲ့ ကြားမှာ ငြိမ်းချမ်းရေးအတွက် စကား ပြောနေတာတွေ ရှိတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
သိပ်ကောင်းတာပေါ့။ ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးကို အဘစပြီး အကောင်အထည်ဖော်ခဲ့တာပါ။ တကယ်တော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရော၊ လက်နက်မကိုင်တဲ့တိုင်းရင်းသားတွေရော သူတို့ရဲ့ပင်ကို စရိုက်က အင်မတန်ရိုးသားပါတယ်။ သူတို့နဲ့ အကြာကြီးပဲ အဘဆက်ဆံခဲ့တာ။ အခု တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်နေတယ် ဆိုတာ အင်မတန် ကောင်းပါတယ်။ အောင်လည်းအောင် မြင်စေချင်တယ်။ အောင်မြင်ပါစေလို့လည်း အဘဆုတောင်းတယ်။ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတွေရော တိုင်းရင်းသားတွေရော၊ အားလုံးညီညွတ်မှ၊ စည်းလုံးမှ ပြည်ထောင်စု ကြီးခိုင်မြဲမှာ။ အဲဒါ ကိုတော့ အဘက သိပ်ပြီး စိတ်လည်းဝင်စားတယ်၊ အောင်လည်း အောင်မြင်စေချင်တယ်။ အောင်မြင်ဖို့အတွက်လည်း အဘစိတ်ထဲ မှာ အကြံဉာဏ်တွေပေါ့လေ လိုအပ်တယ်ဆိုလည်း အဘပေးမှာပါ၊
* ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး နဲ့ ဆင်းရဲမှုတိုက်ဖျက်ရေးတွေမှာ ပါဝင်ကူညီမယ်လို့ ဖြေထားတာတွေ့တယ်။ အဲဒီအတွက် အသေးစိတ် စဉ်းစားထားတာများရှိလား။
ပုဂ္ဂလိကအနေနဲ့ပဲ၊ မိသားစုအနေနဲ့ပဲ တတ်နိုင်သမျှကူညီပါမယ်။ အဖွဲ့အစည်းကြီး ထူထောင်ပြီးတော့ ဆောင်ရွက်တာမျိုးတော့ မဟုတ်ပါဘူး။ မိသားစုအနေနဲ့ တစ်နိုင်တစ်ပိုင် ဆောင်ရွက်တဲ့ နေရာမှာ ကျန်တဲ့ စေတနာရှင်တွေကနေ ပူးပေါင်းပါဝင်ပါရစေ ဆိုရင်တော့လည်း ပူးပေါင်းပါဝင်ပြီးတော့မှ ဆောင်ရွက်မယ်လို့လည်း အဲဒီလို စိတ်ကမျှော်မှန်းထားတယ်။ ရည်ရွယ်ထားတယ်။ သားတွေနဲ့တောင် တိုင်ပင်ထားတယ်။ အင်မတန်ကောင်းတဲ့၊ မွန်မြတ်တဲ့လုပ်ငန်းပါလို့လည်း သားတွေက အကြံပြုပါတယ်။
* အခုလိုလွတ်မြောက်လာဖို့ အာဏာပိုင်တွေနဲ့ ညှိနှိုင်းခဲ့ရတာမျိုး၊ ကတိ တစ်ခုခုပေးရတာမျိုးရှိခဲ့လား။
ဘာမှမရှိပါဘူး။ အဘကတောင် တော်တော်အံ့ဩနေတယ်။ လွှတ်လိုက်ပြီဆိုတဲ့အခါကျတော့ တကယ်အံ့ဩပါတယ်။ အဘထင်တာ ငါ့တပည့်တွေ တချို့တစ်ဝက်လွတ်မယ်။ ငါတော့ မလွတ်သေးဘူး။ ဒီလို စိတ်ထဲကဖြစ်တယ်လေ။ တော်တော်ကို အံ့ဩပြီး ၀မ်းလည်း ၀မ်းသာတယ်။ အဘကို ဒီလို လွှတ်ပေးတဲ့ သမ္မတကြီးပေါ့လေ။ အဘ မမျှော်မှန်းတဲ့ကိစ္စကို သမ္မတကြီးကနေ လွှတ်ပေးလိုက်တဲ့ အတွက် အများကြီး ကျေးဇူးတင်ပါတယ်။
* နေအိမ် အကျယ်ချုပ်ကျခံနေရတဲ့ အချိန်မှာ လုပ်ချင်လျက်နဲ့ လုပ်လို့ မရခဲ့တဲ့အလုပ်များရှိလား။
ဘာမှမရှိပါဘူး။ အဘ အိမ်ထဲမှာ နေရပြီဆိုကတည်းကိုက အဘစိတ် တုံးတုံးချလိုက်တယ်။ ငါဘုရားတရား အလုပ်လုပ်ခွင့်ရပြီ။ နောက်တစ်ခါ စိုက်ရေးပျိုးရေးတွေလည်း ၀ါသနာပါတော့ ကိုယ့်ဘာသာကိုယ်ပဲ တစ်နိုင်တစ်ပိုင်ပေါ့ကွယ်။ သစ်ပင်လေးတွေ မြေ တောင်မြှောက်တာ။ အခုက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကလည်း နိုင်ငံတကာမှာ သိပ်ထွန်းကားနေတယ် မဟုတ်လား။ အားလုံးကလည်း ဒါကို လေ့လာမှုတွေ၊ ပံ့ပိုးမှုတွေ၊ ကူညီမှုတွေလုပ်နေကြတာဆိုတော့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုကိုလည်း အဘက သိပ်ပြီးတော့ ၀ါသနာပါတယ်။ အဘခြံထဲမှာတစ်နိုင်တစ်ပိုင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်နေတာပါ။
* မိသားစုစားဝတ်နေရေးအတွက် ဘယ်လိုစဉ်းစားထားလဲ။
ညကတောင် တိုင်ပင်ထားတယ်။ မိသားစုတွေထိုင်ပြီးတော့မှ တို့ဘာလုပ် ကြမလဲ။ ကြီးကြီးမားမားတော့ မလုပ်နိုင်ဘူးလေ။ ကိုယ့် စားဝတ်နေရေးပြေလည်အောင် ဒါလုပ်ရမှာပေါ့။ သားတွေရဲ့ လုပ်ငန်းတွေလည်း မရှိဘူး။ အဘမှာလည်း ဘာစီးပွားရေးလုပ်ငန်းမှ မရှိပါဘူး။ စီးပွားရေးပုဂ္ဂိုလ်ကြီးတွေနဲ့ ပေါင်းပြီး ဖက်စပ်လုပ်ထားတဲ့လုပ်ငန်းလည်း မရှိပါဘူး။ ဘယ်မှာမှ ရှယ်ယာဝင်ထားတာလည်း မရှိဘူးလေ။ ဒါကတော့ အဆင်ပြေလာမှာပါ။ သားတွေကလည်း လူငယ်တွေ၊ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေပါ။ တစ်ချိန်ကလည်း တိုင်းပြည်အတွက်ကို လုပ်ခဲ့ကြတာပဲဆိုတော့ သားတွေနဲ့တိုင်ပင်ပြီးတော့မှ လုပ်ရမှာပေါ့။ အဆင်ပြေလိမ့်မယ်လို့ပဲ မျှော်လင့်တာပေါ့။
* ပြောစရာရှိတာတွေကို မီဒီယာကနေ တစ်ဆင့်ဆက်သွယ်ပြီး ပြောသွားမယ်ဆိုတော့ မီဒီယာကို ဘယ်လိုဆက်သွယ်သွားဖို့ရှိလဲ။ မီဒီယာရဲ့ အနာဂတ်ကိုရော ဘယ်လို မြင်ပါသလဲ။
ပိုပြီး ပွင့်လင်းလာတာ ပိုကောင်းတာပေါ့။ ပွင့်လင်းမှုကို လိုလားတယ်။ မျှော်လင့်တယ်။ အခုဆက်သွယ်ရေးစနစ်က အရမ်းကောင်း နေပြီ။ ဖုန်းလေးတစ်ချက် ဆက်ပြီး ကျွန်တော်ဘာပြောချင်တယ်၊ လာပါဦးဆို ချက်ချင်းပေါက်ချလာမယ် မဟုတ်လား။
* ယုံကြည်ချက်ကြောင့်အကျဉ်းကျနေတဲ့အကျဉ်းသားတွေနဲ့ အဘတို့ကိုလွှတ်ပေးပြီးတဲ့အခါမှာ အမေရိကန်နိုင်ငံက သံတမန် အဆင့်ကို မြှင့်လိုက်ပါတယ်။ကျန်တဲ့ အာဆီယံကလည်း စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ဆိုပြီး အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့ ကိုတောင်းဆိုနေပါတယ်။ အဲဒီအချိန်မှာ နိုင်ငံတကာအသိုင်းအ၀ိုင်းကို အဘ Message တစ်ခုခုလောက် ပေးပေး ပါဦး။ တိုင်းပြည်တိုးတက်ဖို့ဆိုတာ ပြည်တွင်းအင်အားရော ပြည်ပအင်အားရောလိုအပ်ပါတယ်။ ပြည်တွင်းအင်အားပဲရှိပြီး ပြည်ပ အင်အား မရရင် ဘယ်လို မှမတိုးတက်နိုင်ဘူး။ အခုတော့လည်း ပြည်ပအင်အားတွေက တဖြည်းဖြည်းနဲ့ ၀င်လာပြီပေါ့လေ။ သူတို့ ကလည်း အချိန်အခါနဲ့ အခြေအနေကြည့်ပြီးတော့မှ တဖြည်းဖြည်းနဲ့ တစ်လှမ်းချင်း တစ်လှမ်းချင်းဝင်လာတာပေါ့။ တစ်လှမ်းလှမ်း လိုက်၊ တိုးတက်မှုမြင်ရင် နောက်တစ် လှမ်းလှမ်းလိုက်။ နောက်တိုးတက်မှု မြင်ရင် နောက်တစ်လှမ်းလှမ်းလိုက်။ အခု တိုးတက်မှုလေး တွေ မြင်မြင်လာတော့ လှမ်းလာကြတာတွေ့ရပါတယ်။ အမေရိကန်က အရင်တုန်းက၊ ကျွန်တော်တို့ရှိတုန်းကဆိုရင် သံတမန်အဆင့် ကိုချလိုက်တာပေါ့။ အခုသံတမန်ထားမယ်ဆိုတော့ သိပ်ကောင်းတာပေါ့ဗျာ။ သိပ်ကောင်းတာပေါ့။ နောက်အာဆီယံကလည်း အခု ဆိုရင် မြန်မာနိုင်ငံဘက်က ရပ်တည်ပေးနေတယ်လေ။ မြန်မာနိုင်ငံကလည်း အာဆီယံဥက္ကဋ္ဌရပြီလေ။ မြန်မာနိုင်ငံရဲ့ Image က တော်တော်လေးကောင်းနေပါပြီ။ ဒါကြောင့်မို့လို့ အခုပံ့ပိုးတဲ့ အမေရိကန်နိုင်ငံရော၊ နောက်လည်းလာဦးမယ့် အီးယူနိုင်ငံတွေရော၊ အာဆီယံနိုင်ငံတွေရော အခုလို မြန်မာနိုင်ငံကို တိုးတက်ဖွံ့ဖြိုးလာအောင် ကိုယ်ချင်းစာစိတ်နဲ့ပေါ့လေ။ မြန်မာနိုင်ငံသူနိုင်ငံသားတွေ အတွက် စားဝတ်နေရေးကအစ အဆင့်မြင့်လာအောင် အခုလိုပံ့ပိုးကူညီမှုတွေပေးမယ်လို့ ဆောင်ရွက်နေတာတွေ နောက်တစ် ဆင့်တိုးပြီးပေးလာပါလို့ တောင်းဆိုချင်ပါတယ်။
* စီးပွားရေးပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂက မရုပ်သိမ်းရသေးဘူး။ ဩစတြေးလျကတော့ ရုပ်လိုက်ပြီ။ အဲဒါနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးပါဦး။
Sanction လုပ်ထားတဲ့အတွက် ကျွန်တော်တို့ တိုင်းပြည်သိပ်နစ်နာတာပေါ့ဗျာ။ တိုင်းပြည်နစ်နာတယ်ဆိုတာ ပြည်သူတွေ နစ်နာတာ ပဲလေ။ Sanction က မြန်မြန်ရုပ်သိမ်းလေ ပြည်သူအတွက် ပိုပြီးတော့ အခွင့်အလမ်းတွေ ဖြစ်ထွန်းလေပဲ။ Sanction လုပ်ထားတဲ့ အတွက် စီးပွားရေးလုပ်ငန်းလုပ်တဲ့သူတွေလည်း အကန့်အသတ်နဲ့လုပ်ထားရတာ။ ကျွန်တော်တို့နိုင်ငံအတွက် အရေးအကြီးဆုံး Challenge က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပဲ။ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး အားလုံးတစ်ပြေးညီ ဖြစ်ထွန်းပြီးတော့မှ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဖြစ်ထွန်းမှာက နံပါတ်(၁)ပါ။ နံပါတ်(၂)က စီးပွားရေး။ စီးပွားရေးကောင်းမှ ပြည်သူတွေရဲ့ဘ၀ ဖူလုံမှာပေါ့။ ပြည်သူတွေရဲ့ဘ၀ မြင့်မားမှာပေါ့။ စီးပွားရေးမှာ ကျွန်တော်တို့ မြန်မာနိုင်ငံက သိပ်မကောင်းဘူး။ အဲဒီ နှစ်ခုကောင်းပြီ ဆိုရင် တိုင်းပြည် တိုးတက်ပြီပဲ။

Ref : မြန်မာ့တိုင်းမ်
Read More

ဒေါက်တာနေဇင်လတ်နှင့် တွေ့ဆုံခြင်း

 
၂၀၁၁ ခုနှစ်မှာ နိုင်ငံတော်သမ္မတအကြံပေးဖြစ်လာတဲ့ ဒေါက်တာနေဇင်လတ်ကို The Messenger ဂျာနယ်က တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
မေး-(၂ဝ၁၁) မှာတော့ မမျှော်လင့်တဲ့အကောင်း တွေဖြစ်လာခဲ့တယ်။ (၂ဝ၁၂) မှာရော ဆရာ ဘယ်လို မြင်ပါသလဲ။

ဖြေ-နှစ်သစ်မှာတော့ ထင်တာတွေ၊ မျှော်လင့်တာတွေ ဖြစ်လာမယ်လို့ ယူဆပါတယ်၊ မနှစ်ကချခဲ့တဲ့ အခြေခံ အုတ်မြစ်ရဲ့ အကျိုးကျေးဇူးတွေ စပြီးခံစားရမယ်ပေါ့ဗျာ။

မေး-မနှစ်က အစိုးရသစ်တက်ပြီး မကြာခင်မှာ သမ္မတ အကြံပေးအဖွဲ့ ပေါ်လာတယ်၊ အတော်ကလေး လူပြော များသွားတယ်။ ဖြစ်မယ်လို့ 'တစ်' ပြေးသူတွေ ဖြစ်မလာဘဲ၊ ဘာသတင်းမှမကြားရတဲ့သူတွေ ဖြစ်လာခဲ့တယ်။ ဆရာ အရင်က သမ္မတကြီးနဲ့ ဆုံဖူးပါသလား၊ ဘာကြောင့်ရွေးတယ်လို့ ထင်ပါသလဲ။

ဖြေ-သမ္မတကြီးနဲ့ တစ်ခါမှ စကားတောင်မပြောခဲ့ဖူးပါဘူး၊ ကျွန်တော် အငြိမ်းစားယူတာ (၂ဝ) နှစ် ကျော်သွားပြီ၊ ဘာကြောင့် တာဝန်ပေးတယ်ဆိုတာတော့ အတိအကျ မသိဘူး၊ စာရေးများသွားတာတော့ ဖြစ်နိုင်မလားဘဲ။ အသေအချာတော့ မသိဘူး။

မေး-လက်လှမ်းမီတဲ့ မှတ်တမ်းတွေအရ မနှစ်က ဆရာ့ အင်တာဗျူးအများဆုံးပဲ၊ ဘာကြောင့်ပါလဲ။ အတွေ့အကြုံ လေး ပြောပေးပါဦး။

ဖြေ-ကျွန်တော် မလုပ်ချင်ဆုံးအလုပ်က အင်တာဗျူးပဲ၊ ကျွန်တော့်ကိုယ် ကျွန်တော် ပြန်မေးတယ်။ 'ဖြေမလား၊ မဖြေဘူးလား'လို့၊ အင်တာဗျူးအဖြေမှားရင် ခလုတ်တိုက်နိုင်တယ်၊ မဖြေလို့ ဘာမှမဖြစ်ဘူး၊ ဒါပေမဲ့ သမ္မတကြီးက ပြုပြင်ပြောင်းလဲမှုတွေကို တကယ်လုပ်နေတယ်၊ ကျွန်တော်တို့က Media Friendly မဖြစ်ကြသေးဘူး၊ နောက်ဆုံးတော့ အားလုံးကို တွဲခေါ်သွားချင်တာနဲ့ အငှား ဗိုက်နဲ့ ဓားထိုးခံလိုက်ရတော့တာပဲ၊ အစပိုင်းမှာ အကျပ် အတည်း တွေ့တယ်၊ နိုင်ငံရေးဆိုတော့ စကားလုံးရွေး ချယ်မှုကအစ အတိမ်းအစောင်းမခံဘူး၊ အထူးသဖြင့် ပြည်ပမီဒီယာတွေ မညှာမတာမေးခဲ့တာကို ကျပ်ကျပ် တည်းတည်းဖြေခဲ့ရပါတယ်။

မေး-ဆရာတို့ တာဝန်က ဘယ်လိုမျိုးလဲ၊ ကန့်သတ်မှု၊ ညွှန်ကြားချက်တွေရော တင်းကျပ်ပါသလား၊

ဖြေ-ယေဘုယျအားဖြင့်တော့ ကျွန်တော်တို့တာဝန်က သမ္မတကြီးကို အကြံပေးတယ်ပေါ့၊ သည့်ထက် ပြောလို့ မရလောက်ဘူး၊ အံ့သြစရာကောင်းတာက ကန့်သတ်ချက် ဘာမှမရှိဘူး၊ ကိုယ့် Initiative  နဲ့ကိုယ်ပဲ၊ ဥပမာအားဖြင့် ကျွန်တော်တို့ မူလတာဝန်ရှိတာက နိုင်ငံတကာရေးရာပိုင်း International Politics ပေါ့၊ ဒါပေမယ့် ပြည်တွင်းနိုင်ငံရေးကလည်း အရေးကြီးတယ်လို့ သုံးသပ်မိတာနဲ့ သမ္မတကြီးကို တင်ပြပြီး ကျွန်တော့် ကြီးဒေါ် နွားကျောင်းလိုက်တယ်၊ သမ္မတကြီး Flexible ဖြစ်တယ်၊ Vision လည်းရှိတော့ ဘာမှမပြောဘူး၊ လုပ်ရကိုင်ရတာ အဆင်ပြေတယ်ပေါ့။

မေး-သမ္မတကြီးပေးတဲ့ တာဝန်တွေထဲမှာ အကျပ်အတည်းဖြစ်တာမျိုး ရှိဖူးပါသလား၊ အချိန်လုံလောက်မှုကရော၊

ဖြေ-ကျွန်တော်တို့ ကံကောင်းတယ်၊ တာဝန်ယူပြီး (၃) ရက်သားမှာ အင်ဒိုနီးရှားက APF ( ASEAN People’s Forum ) ကို သွားတက်တုန်းကတော့ အခက်အခဲ နည်းနည်းရှိခဲ့တယ်၊ နောက်ပိုင်း သမ္မတကြီးက 'ဝန်' နဲ့ 'အား' မျှအောင်ပဲ တာဝန်ပေးတော့ အကျပ်အတည်း မရှိတော့ဘူး၊ တစ်ခုတော့ရှိတယ်၊ သမ္မတသက်တမ်း ပထမရက် (၁ဝဝ) အတွင်းမှာတော့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဗီးယားတို့၊ ကင်တားနားတို့၊ တချို့ သံတမန်တို့နဲ့တော့ ကျပ်ကျပ်တည်းတည်းပြောခဲ့၊ ဆွေးနွေးခဲ့ရဖူးတယ်၊ နောက်ပိုင်းတော့ အကျပ်အတည်း မရှိတော့ပါဘူး၊ အချိန်အနေနဲ့ကတော့ ဧည့်သည်တွေ တွေ့ပေးရတာနဲ့ကို တော်တော်လေး လုပြီးလုပ်နေရတယ်။ သံတမန်တွေကိုလည်း ငြင်းလို့မရဘူး၊ သူတို့ကတစ်ဆင့် သူတို့အစိုးရတွေဆီ ပေးချင်တဲ့ Message တွေ၊ သဘောထားတွေကို ပေးနေရတာဆိုတော့ ...

မေး-သံတမန်တွေနဲ့ တော်တော် တွေ့ဖြစ်တယ်ဆိုတော့၊ ဆရာ့အမြင်နဲ့ အတွေ့အကြုံလေးပဲ သိချင်ပါတယ်၊

ဖြေ-သံတမန်တွေ အားလုံးနီးပါးလောက်နဲ့ တွေ့ဖြစ်ပါတယ်၊ တချို့ဆို လေး၊ ငါးကြိမ်ပဲ၊ UN အဖွဲ့အစည်း တွေ၊NGO ၊INGO တွေလည်းအများကြီးပါပဲ၊ သူတို့နဲ့ တွေ့နေရတာကိုက အချိန်တော်တော် ကုန်နေရတယ်၊ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ပြီးတဲ့နောက်နဲ့ မြစ်ဆုံကိစ္စနောက်ပိုင်းမှာ နေ့စဉ်နီးပါးလောက် တွေ့ပေးနေရတယ်၊ တချို့က ပုံမှန်ပဲ၊ တချို့က အင်မတန် ပါးနပ်ကြတယ်၊ စကားကို အတော်သတိထားပြောရတယ်၊ သိတယ်မို့လား၊ ကျွန်တော်တို့ Position ကဟိုမရောက် ဒီမရောက်ဆိုတော့၊ ကျွန်တော်တို့နဲ့ သူတို့ကတော့ ဟိတ်ဟန်မရှိ ပိုပြီး ပြောဖြစ် ဆိုဖြစ်ကြတာပေါ့၊ တချို့က ဆရာကြီး လုပ်တတ်ကြတယ်၊ အဲသလို လူမျိုးကျတော့လည်း ခပ်ပါးပါး ပြန်ထည့်ပေးလိုက်တယ်၊ သံတမန်ဆိုတာ အပါးနပ်ဆုံး လူတွေပဲ၊ ပရိယာယ် အကြွယ်ဝဆုံးလူတွေ၊ တစ်ခါ တလေ ဖိအားပေးတယ်၊ တစ်ခါတလေ အပျော့ဆွဲ-ဆွဲတယ်၊ တစ်ခါတလေ အရည်အသွေးကို စမ်းတယ်၊ အမျိုးမျိုးပါပဲ။

မေး-အကြံပေးအဖွဲ့တွေ တော်တော် တက်တက်ကြွကြွ  အလုပ်လုပ်နေကြတာ ကြားရပါတယ်၊ ကောင်းသတင်းတွေ လည်း များပါတယ်၊ အလုပ်အပေါ်မှာ ဘယ်လိုစိတ်မျိုး ထားပြီး လုပ်တယ်ဆိုတာ သိချင်ပါတယ်၊

ဖြေ-အလုပ်အပေါ်မှာပဲ သံယောဇဉ်ထားတယ်၊ ရာထူး ပေါ်မှာ သံယောဇဉ် မထားဘူး၊ အဲဒီတော့ စိတ်သွားတိုင်း ကိုယ်ပါတယ်၊ လုပ်သင့်တယ်လို့ ယူဆတာ လုပ် ဖြစ်သွားတယ်၊ အဓိက-ကတော့ သမ္မတကြီးပါပဲ၊ သူကသာ အဆုံးအဖြတ်ပေးနိုင်တဲ့သူ၊ သမ္မတကြီးမှာ မဟာဗျူဟာအမြင်ရှိတော့ လုပ်ရတာ အဆင်ပြေတယ်၊ အလုပ်မှားရင် စောစောစီးစီး ကျွန်တော်တို့ အနား ယူသွားရနိုင်တာကို မျှော်လင့်ထားပြီးလုပ်ပါတယ်၊ လုပ်သင့်တာ၊ ဖြစ်သင့် တာကို မလုပ်လိုက်နိုင်မှာဘဲ စိုးရိမ်တယ်၊ တခြားဘာမှမရှိဘူး။ ကျွန်တော် အစဦးပိုင်း အင်တာဗျူးမှာ ဖြေဖူးတယ်၊ “Win – Win “ လမ်းကြောင်းကပဲ ကျွန်တော်သွားတယ်၊ သည်နေ့ ကမ္ဘာ့နိုင်ငံရေးကို လေ့လာကြည့်ရင် “Win – Win “  မဟုတ်တဲ့ကိစ္စတွေမှာ လောလောဆယ် ရလဒ်နဲ့၊ နောက်ပိုင်း ရလဒ်တွေမှာ ဆန့်ကျင်ဘက် ဖြစ်နေ လေ့ရှိတတ်တာ တွေ့ရလိမ့်မယ်။

မေး-သည်မေးခွန်းကို ဆရာ ဖြေချင်မှဖြေပါ၊ အကြံပေးရဲ့ အနေအထားကို အများသိစေချင်လို့၊ Protocol အရ အကြံပေးဟာ ဘယ်အဆင့်မှာ ရှိပါသလဲ၊ လစာနဲ့ Facility ကရော၊ ကျွန်တော်တို့အတွက် အထူးအဆန်း တစ်ခု ဖြစ်နေလို့ပါ။

ဖြေ-ဖြေလို့ရပါတယ်၊ Protocol ကိုတော့ အစိုးရ ရုံးကိုမေးရင် ပိုကောင်းလိမ့်မယ်၊ ခပ်သင့်သင့် အရေးပါပြီး၊ အရာ ကောင်းကောင်းမရောက်တဲ့ ရာထူးလို့ ကိုယ့် ကိုယ်ကို သတ်မှတ်ထားတယ်၊ လစာလို့တော့ မပြောဘူး၊ 'ချီးမြှင့်' ငွေလို့တော့ သုံးတာတွေ့ရတယ်၊ သမ္မတကြီး ကိုယ်တိုင်က ချိုးချိုးခြံခြံနေပြထားတော့ ကျွန်တော်တို့ကို စဉ်းစား ကြည့်လို့ ရနိုင်မယ်ထင်တယ်။

မေး-ဆရာတို့ကို အကြံပေးစခန့်တုန်းက အင်တာနက်ထဲမှာ အတော်ကလေး ရေးကြ၊ သားကြတာ တွေ့ရတယ်၊ ဥပမာ ဆရာ့စာတွေကို ရှဲဒိုးရေးခိုင်းတယ်ဆိုတာမျိုး၊ ဒါနဲ့ပတ်သက်ပြီး ဆရာ ဘာများပြောချင်ပါသလဲ၊
ဖြေ-ဘယ်သူတွေ ရေးနေတယ်ဆိုတာလည်း သိပါတယ်၊ ရှဲဒိုးရေးလား မရေးလားဆိုရင် စာရွက်အလွတ်နဲ့ ဘောလ်ပင် ယူလာခဲ့လိုက်ပါလို့ပဲ ပြောချင်တယ်၊ ဟောပြောပွဲ တွေမှာ မေးတဲ့ မေးခွန်းတွေကို ပါးစပ်အငှားနဲ့ ဘယ်လို ဖြေလို့ရမှာလဲ၊ အခု အင်တာဗျူးတွေကိုရော ပါးစပ်အငှားနဲ့ ဘယ်လို ဖြေလို့ရမှာလဲ ... ဘယ်သူ ရေးတယ်ဆိုတာ ကျွန်တော်သိတယ်လို့ပဲ သည်နေရာက ပြောလိုက်ပါရစေ၊

မေး-အခု အပြင်မှာ သတင်းတွေဖြစ်နေတာ တစ်ခုရှိတယ်၊ Version တွေက အမျိုးမျိုးပဲ၊ တတိယအင်အား စုက ကြိုးစားလို့၊ အပြင်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်က ကြိုးစားလို့ ... သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ ဖြစ်ကြတယ်ဆိုတာမျိုး၊ ပြီးတော့ ... ပြင်ပအား တစ်ခုခုပါလို့ သမ္မတကြီးကပဲ ဒေါ်အောင်ဆန်းစုကြည်ကို မတွေ့ချင်တွေ့ချင် တွေ့ရတယ် ဆိုတာမျိုး၊ အဲဒီကိစ္စက နောင်မရှုပ်ခင်မှာ ရှင်းလင်းသင့်တယ်လို့ ကျွန်တော်တို့ ယူဆတယ်၊ ဆရာ ဘာပြောချင်ပါသလဲ၊

ဖြေ-သမိုင်းကို ဖျာခင်းချင်သူတွေရဲ့ စကားပါ၊ သာမန် ကောလာဟလဆိုရင်တော့ ပြောစရာမရှိပါဘူး၊ ရည်ရွယ် ချက်ပါတဲ့ ကောလာဟလဆိုရင်တော့ မကောင်းဘူး၊ဘယ် ExternalForce  မှ မပါဘူး၊ ဘယ် တတိယအင်အားစုမှ လည်းမဟုတ်ဘူး၊ ကျွန်တော်ကိုယ်တိုင် ပါတီ (၃၇) ခုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်သင့်ပါတယ်ဆိုပြီး နှုတ် နဲ့တင်ပြခဲ့တာကို သမ္မတကြီးကိုယ်တိုင်က စက္ကန့်ပိုင်းမှာတင် သဘောတူခဲ့တာကို ကြည့်ရင်သမ္မတကြီးရဲ့လွတ်လပ်ဆန္ဒအရဆိုတာ သိသာပါတယ်၊ သူ့ရင်ထဲ၊ အတွေးထဲမှာလည်းအရင်က တည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ ရှိနေပြီးသား ဖြစ်နေလိမ့်မယ်၊ ဗိုလ်ချုပ်အောင်ဆန်းပုံကို သမ္မတကြီးကိုယ်တိုင် သူ့ရုံးခန်းထဲမှာ ချိတ်ထားတာနဲ့ National Reconciliation လုပ်ဆောင်မယ်လို့ပြောခဲ့တာ သက်သေပဲ၊ ကောင်းတာ လုပ်နေတဲ့ လူကြီးတစ်ယောက်ကို အဲဒီလိုတော့ မပြောသင့်ဘူးလို့ ထင်တယ်၊ အဲဒီလောက်တောင် လူတွေ အတ္တမကြီးသင့်ဘူး၊ ဒါတွေကို ကျွန်တော် မပြောဘူးလို့ နေခဲ့တာ၊ စိတ်ရင်းစေတနာကောင်းတဲ့သူကို ထိခိုက်လွန်းတယ်လို့ယူဆလို့ ရှင်းလိုက်တာပါ၊ သမ္မတကြီးကိုယ်တိုင် ငါးစက္ကန့် တောင် မကြာတဲ့အချိန်မှာ အဆုံးအဖြတ် ပေးလိုက်တာဆိုတော့ ExternalForce ပါ-မပါ ရှင်းပါတယ်၊ သူ့ စိတ်ဆန္ဒရင်းကြောင့် အဲဒီလောက် အချိန်တိုအတွင်းမှာ အဆုံးအဖြတ်ပေးနိုင်တာပါ၊ သူ Politicak Will ကသာအဓိကပါ။

မေး-ဒါကြောင့် နေပြည်တော် အလုပ်ရုံဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်မယ်လို့ ဆရာဦးဆုံးစပြီး ပြောနိုင်တာကိုး၊ ကျွန်တော်တို့ သတိတော့ထားမိတယ်၊ ဒါပေမယ့် ပြည်တွင်းကို သတင်းမပေးဘဲ၊ ဘာကြောင့် ပြည်ပကို သတင်းစပေးခဲ့ပါသလဲ ဆရာ၊

ဖြေ-ခွင့်တောင်းပြီးတော့ ကျွန်တော့်ကိစ္စပြီးသွားပြီ၊ ကျန်တာ ရုံးအလုပ်နဲ့ သမ္မတက ဆက်ပြီးတာဝန်ပေး မယ့်သူရဲ့ အလုပ်ပဲ၊ ကျွန်တော် သိစရာမလိုတော့ဘူး၊ ကျွန်တော့်စည်းအတွင်းမှာပဲ ကျွန်တော်ပြန်နေတယ်၊ ဒါပေမယ့် အဲဒီတုန်းက ခင်ဗျားတို့ သတိထားမိမလား မသိဘူး၊ နိုင်ငံကြီးတစ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီး တစ်ဦးက ပွဲတစ်ပွဲ မှာ မြန်မာနိုင်ငံအပေါ် ဖိအားပေးဖို့၊ ပြင်းထန်တဲ့စကားတွေနဲ့ မိန့်ခွန်းပေးမယ်ဆိုပြီး ပြည်ပအသံလွှင့်ဌာနတွေက သတင်းထွက်လာတယ်၊ မလိုအပ်ဘဲ သမ္မတကြီးအပေါ် Pressure မရှိစေချင်ဘူး၊ ဒါ ကြောင့် မလွန် မကျွံသွားအောင်ဆိုပြီး ကျွန်တော် ဒီကလှမ်းတားတဲ့အနေနဲ့ သတင်းထုတ်လိုက်တာပါ၊ ကံဆိုးချင်တော့ အလုပ်ရုံဆွေးနွေးပွဲက နောက်ကိုနည်းနည်းဆုတ်သွားတယ်၊ ကျွန်တော်မှားပြီး ပြောလိုက်သလားဆိုပြီးတောင် ဝေဖန်သံတွေ ထွက်လာသေးတယ်၊ အကျပ်အတည်းကို ကျွန်တော် ပြန်ခံစားလိုက်ရတယ်၊ အဲဒီတုန်းကသာ အဲဒီ နိုင်ငံခြားရေးဝန်ကြီး ခပ်ပြင်းပြင်းပြောခဲ့ရင် အခုဆို လျှော့ဖို့ တော်တော်ခက်သွားမယ်။

မေး-MDRI ကိစ္စလေး မေးချင်တယ်ဆရာ၊ ရည်ရွယ်ချက် နဲ့ သဘောသဘာဝ ပြောပြနိုင်မလား၊

ဖြေ-MDRI က Myanmar Development and Resource Onstietute ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တွေမှာ လည်း ရှိတယ်၊ IDEA က ဦးမြင့်ဆီက စတယ်၊ သမ္မတကြီးက ခွင့်ပြုခဲ့တယ်၊ သတင်းတချို့မှာ ဦးမြင့် ပြောခဲ့တဲ့ အတိုင်းပါပဲ၊ ကျွန်တော်တို့ နိုင်ငံရေးဘက်ကStrategic Studies Institute  ဆိုတာမျိုးကိုလုပ်မလို့၊ နောက်ဆုံး MDRI နဲ့ စုပေါင်းလုပ်လိုက်ကြတယ်ပေါ့။ အကြံပေး (၉) ဦး အပေါ် အခြေခံဖွဲ့စည်းပြီး နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေဆိုင်ရာ လုပ်ငန်းဆောင်တာတွေ ရှိလာမယ်၊ ကျွန် တော်တို့ နိုင်ငံရေးဘက်မှာ Political  နဲ့ HR ကို ဇောင်းပေးလုပ်သွားမယ်၊ ပြည်တွင်းပြည်ပ ပညာရှင်တွေက သင်တန်းပို့ချမယ်၊ မည်သူမဆို တက်နိုင်တယ်၊ ဘယ်ပါတီကိုမဆို သွားနိုင်တယ်၊ အချုပ်အခြယ် မရှိဘူး၊ နိုင်ငံရေးပါတီတွေကိုလည်း ဖိတ်မယ်၊ မျက်လုံးမှိတ်ပြီး ပြောနေမယ့်အစား နိုင်ငံရေးဆိုတာဘာလဲလို့ သိပြီးပြောနိုင်တော့ ပိုကောင်းတာပေါ့၊ State Building ဆိုတဲ့ နိုင်ငံတော်တည်ဆောက်ရေး အကြောင်းလည်း သိသွားမှာပါ။

          ရည်ရွယ်ချက်က မျိုးဆက်သစ်တွေ အရည်အသွေး တစ်စုံတစ်ရာ မြှင့်တင်ရေး အစီအစဉ်ပါ၊ အဲဒီ အစီ အစဉ်ကိုကြည့်ရင်ပဲ သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲမှု၊ အနှစ်သာရကို တွေ့နိုင်ပါလိမ့်မယ်။

မေး-နောက်တစ်ခုက 'အမေရိကန်-တရုတ်-မြန်မာ' သုံးပွင့်ဆိုင်အခြေအနေ၊ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍ၊ အမေရိ ကန်-တရုတ် ထိပ်တိုက် ဘယ်လို တွေ့ဆုံကြမလဲဆိုတာ ... ၊

ဖြေ-ဦးဆုံးပြောချင်တာက နိုင်ငံတစ်နိုင်ငံရဲ့ အိမ်နီးချင်း တွေဆိုတာ Choice ဆိုတဲ့ ရွေးချယ်ပိုင်ခွင့် မဟုတ်ဘူး၊ ပထဝီအနေအထားအရ ပြဋ္ဌာန်းခြင်းဆိုတဲ့ Determination ပါ၊ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အိမ်နီးချင်းတွေကိုတော့ ဆက်ဆံရေးကောင်းကောင်းနဲ့ ပေါင်းရမှာပဲ၊ အဲဒီတော့ 'မြန်မာ-တရုတ်' ဆက်ဆံရေးက ပြောင်းစရာ မမြင်ပါဘူး၊ နောက်တစ်ခုက 'မြန်မာ-အမေရိကန်' ပဲပြောပြော 'မြန်မာ-အီးယူ' ပဲပြောပြော၊ အခုရက်ပိုင်း အခြေအနေတွေက 'ဂ' ငယ်ကွေ့ တစ်ဆစ်ချိုး ပြောင်းသွားတယ်၊ သူတို့က မြန်မာနိုင်ငံကို ခွဲခြားဆက်ဆံခဲ့တာ၊ မြန်မာနိုင်ငံက ရှောင်နေတာ မဟုတ်ဘူး၊ ကြုံလို့ ပြောရဦးမယ်၊ မြန်မာနိုင်ငံအတွင်းမှာ ခွဲခြား ဆက်ဆံမှ (Discrimination) တွေ ရှိနေတယ်ဆိုပြီး အနောက်ဘက်က ပြောကြတယ်၊ စဉ်းစားကြည့်ရင် ... အနောက်ဘက်က ကျွန်တော်တို့နိုင်ငံကို အခြားနိုင်ငံတွေနဲ့ ခွဲခြားထားတာ၊ (Discriminate) လုပ်ထားတာကို ဘယ်လိုပြောမလဲ၊ ဘယ်လိုခံစားမလဲ ... ထားပါတော့၊
          စင်ကာပူမှာ အမေရိကန်တွေရဲ့ စစ်သင်္ဘောငယ် တွေကို တပ်စွဲလိုက်ပြီး၊ သြစတြေးလျမှာလည်း တပ်အင် အား ချဲ့ထွင်လိုက်တယ်၊ အမေရိကန်တွေရဲ့ ပစိဖိတ်ဒေသ မဟာဗျူဟာ ပိုပေါ်လာတယ်၊ အမေရိကန်တွေအနေ နဲ့ ကျွန်တော်တို့နိုင်ငံအပေါ် နည်းဗျူဟာအဆင့်ကကြည့်ရင် တစ်မျိုးဆက်ဆံမယ်၊ မဟာဗျူဟာအဆင့်က ကြည့်ရင် တစ်မျိုး ဖြစ်သွားမယ်၊ ဒါကတော့ သူတို့ရဲ့သဘောပဲ၊ ကျွန်တော်တို့ကတော့ ကမ္ဘာ့နိုင်ငံပေါင်း (၂ဝဝ) နဲ့ ချစ်ခင် ချင်တာပဲ။
          နောက်တစ်ခုက 'အမေရိကန်-တရုတ်' ထိပ်တိုက် တွေ့နိုင်ခြေ ရှိ-မရှိဆိုတာ၊ တွေ့နိုင်ခြေ အင်မတန် နည်း ပါးတယ်လို့ ကျွန်တော် သုံးသပ်တယ်၊ အမေရိကန် ဘက်ကကြည့်တော့ တရုတ်ကို နိုင်ငံရေးစနစ်မတူတဲ့၊ အနာဂတ်မှာ ပခုံးချင်းယှဉ်လာမယ့် ကျားတစ်ကောင်လို့ မြင်လိမ့်မယ်၊ သူ့အလုပ် သူ လုပ်လိမ့်မယ်၊ တရုတ်က လည်း နိုင်ငံရေးပါဝါရဖို့ စီးပွားရေးကို နောက် ဆယ်စု နှစ်တစ်ခုကျော် (သို့မဟုတ်) နှစ်ခုအထိ အထိခိုက်ခံ မှာ မဟုတ်ဘူး၊ အဲဒီအတွက် ဘယ်အင်အားကြီးနိုင်ငံနဲ့မှ ထိပ်တိုက်မတွေ့အောင် ရှောင်မှာပါ၊ Strategic Allied လုပ်ထားတဲ့နိုင်ငံတွေကို လေ့လာရင် ... တရုတ်ဘက်မှာ သိပ်ပြီး အားမရှိဘူး၊ ဒါကြောင့် 'အမေရိကန်-တရုတ်' ထိပ်တိုက်မတွေ့နိုင်ဘူးလို့ သုံးသပ်တယ်၊ ကျွန်တော်တို့ နိုင်ငံကတော့ စန်းပွင့်ချိန်ဖြစ်ပြီမို့ အခြေအနေ ကောင်းမယ် လို့ ပြောနိုင်ပါတယ်၊

မေး-လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာရော ဘယ်လောက် မျှတမယ်လို့ ဆရာ ထင်ပါသလဲ၊ NLD ကရော ဘယ်လောက် နိုင်ခြေရှိပါသလဲ၊

ဖြေ-အရင်ထက်စာရင် အများကြီး မျှတပါလိမ့်မယ်၊ လွှတ်တော်ဥက္ကဋ္ဌကြီး၊ကော်မရှင်ဥက္ကဋ္ဌကြီးနဲ့ လူကြီးတွေက ပြောထားပြီးပြီလေ၊ အခြေအနေက အရင်နဲ့ မတူတော့ဘူး၊Democration Practice ဆိုတဲ့ အလေ့အကျင့်က အခု အစိုးရသစ် လက်ထက် (၉) လသားလောက် ကျင့်သုံးကြပြီးပြီဆိုတော့ အတော်အတန် အလေ့အကျင့်ရသွားပြီ၊ NLD အနေနဲ့ အခြေအနေ အတော်ကောင်းပါတယ်၊ မြန်မာ့နိုင်ငံရေး ပိုပြီးအသက်ဝင်လာလိမ့်မယ်၊ မှန်မှန် ကန်ကန် စုစုစည်းစည်း၊ အမျိုးသားရေးစိတ်ဓာတ်ကိုပဲ အခြေခံပြီး လုပ်ကိုင်ကြဖို့လိုတယ်၊ မှန်မှန်ကန်ကန်နဲ့ အပြု သဘောဆောင်ပြီး ဝေဖန်နိုင်ဖို့၊ ငါမပါရင် မပြီးဘူးဆိုတဲ့ စိတ်ဓာတ်မျိုး စွန့်ခွာနိုင်ဖို့လိုတယ်၊

မေး-နောက်ဆုံးမေးခွန်းပါ ဆရာ၊ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မြန်မာနိုင်ငံကိုမကြာသေးခင်လာသွားတုန်းက သမ္မတကြီးဦးသိန်းစိန်နဲ့ရော၊ ဗိုလ်ချုပ်မှုးကြီး သန်းရွှေနဲ့ပါတွေ့ခဲ့တယ်လို့ Bangkok Post သတင်းစာ ရှင်းလင်းပွဲမှာထုတ်ပြောခဲ့တယ်၊ ဆရာဘယ်လိုရှုမြင်ပါ သလဲ၊

ဖြေ-ဗိုလ်ချုပ်မှုးကြီးသန်းရွှေအနေနဲDemocrationzation အတွက်အကောင်းဆုံး လမ်းကြောင်းနဲ့အုတ်မြစ်ကိုချပေး သွားခဲ့တယ်လို့မြင်တယ်၊  စစ်အုပ်ချုပ်ရေးရဲ့ အဆုံးသတ်ကောင်း၊ စာမျက်နှာသစ်ရဲ့အစကောင်းနဲ့ ဗိုလ်ချုပ်မှူး ကြီးရဲGraceful Exist လည်းဖြစ်ပါတယ်။ နှစ်ပေါင်း (၂ဝ) လောက် Stress များလွန်းတဲ့ အလုပ်မှာကြာတော့ ငြီးငွေ့နိုင်တယ်၊ သက်ဆင်အနေနဲ့'ကြီးသူ'ကိုဂါရဝပြုတာ မျိုးဖြစ်နိုင်ပါတယ်၊ လက်ရှိ လူကြီးတွေလည်းဂါရဝပြု ခွင့်ရှိနေတယ်လို့မြင်တယ်၊ ကိုယ့်ဆရာသမားကိုအနား ယူပြီးမှဆက်ပြီးဂါရဝ တရားထားနိုင်တာဟာ မြန်မာ တွေရဲ့တန်ဖိုးနဲ့ ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှု့လို့မြင်ပါတယ်။
          သက်ဆင်လိုပဲ (၁၉၉ဝ) တစ်ဝိုက် လောက်တုန်းက ဆူဟာတိုကြီး လည်းဦးနေဝင်းကို တွေ့ပြီးဂါရဝပြုခဲ့ဘူးသေးတာ အမှတ်ရနိုင်ကြဦးမှာပါ၊  ကျွန်တော်တော့ အသက်ရှင်နေ သေးတဲ့ဆရာသမားတွေကို ဒီနေ့ထိဂါရဝ ထားကူညီလို့ ကောင်းတုန်းပဲ၊ ကုသိုလ်အင်မတန်ကြီး တဲ့ကိစ္စလေ။
 The Messenger ဂျာနယ် facebook မှကူးယူဖေါ်ပြသည် ။
 
 
Read More

၅၀၀၀ တန်ဖုန်း ရောင်းချပေးမည့် ရွှေပြည်တံခွန် ကုမ္ပဏီ၏ MD ဦးလွင်နိုင်ဦး နှင့် တွေ့ဆုံခြင်း


 

 ငွေကျပ် ငါးထောင်ရှိရုံဖြင့် ဂျီအက်စ်အမ်မိုဘိုင်းလ်ဖုန်း ၀ယ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၃ ရက်နေ့က ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ်လ် ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မိုဘိုင်းလ်ဖုန်းဝန်ဆောင်မှုပေးမည့် ရွှေပြည်တံခွန်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောကြားခဲ့သည်။ အဆိုပါ သတင်းနှင့် ပတ်သတ်ပြီး The Messenger ဂျာနယ်က ဦးလွင်နိုင်ဦးနှင့် ဆက်သွယ်မေးမြန်းထားချက်များကို ဖော်ပြလိုက်ပါသည်။   

--၂၀၁၂ နေ့ ပါ့ခ်ရွိုင်ရယ်လ်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ၅၀၀၀ တန် ဂျီအက်စ်အမ်ဖုန်းတွေကို ဒီနှစ်ထဲမှာ စတင်ချပေးမယ်လို့ အသိပေးပြောခဲ့တဲ့အပေါ်မှာ ပြည်သူတွေဘက်က မယုံမရဲ ဖြစ်နေကြတာတွေ ရှိနေပါတယ်။ အဲဒီအပေါ်မှာ ရွှေပြည်တံခွန်အနေနဲ့ ဘယ်လို ဖြေရှင်းပေးနိုင်ပါမလဲ။  

ကျွန်တော်တို့ နိုင်ငံတော် သမ္မတရုံးကို ပရိုပိုဆယ်လ် တင်ထားပါတယ်။ ခွင့်ပြုချက်ရပြီဆိုတာနဲ့ မတ်ခ်ျလမှာ စတင်မိတ်ဆက်ပြီး ဇွန်လလောက်မှာ ရောင်းချပေးသွားနိုင်မှာပါ။ ဒီပရိုပိုဆယ်ကို တင်ထားကတည်းက ကျွန်တော်တို့မှာ Business Plan ရှိပါတယ်။ အဲဒါကြောင့်မလို့ ပြည်သူကို အသိပေးလိုက်တာပါ။

 

ပရိုပိုဆယ်လ်ကို ဘယ်အချိန်က တင်ခဲ့တာပါလဲ၊ ရွှေပြည်တံခွန်လိုပဲ ဒီဖုန်းကိစ္စကို ပရိုပိုဆယ်လ်တင်ထားတဲ့ တခြား ပုဂ္ဂလိက လုပ်ငန်းရှင်ရော ရှိပါသေးသလား 
 

ပရိုပိုဆယ်လ်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ စတင်ခဲ့တာပါ၊ တခြား လုပ်ငန်းရှင်တွေ တင်မတင်တော့ ကျွန်တော်တို့ မသိပါဘူး။ ဒါပေမဲ့ တင်တယ်ဆိုရင် ကျွန်တော်တို့ ကြိုဆိုပါတယ်။ ကျွန်တော်တို့က ငါးထောင်ရောင်းနိုင်ရင် သုံးထောင်၊ နှစ်ထောင်နဲ့ ရောင်းနိုင်မဲ့သူမျိုးရှိရင် ကြိုဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး လုပ်ချင်တဲ့ လုပ်ငန်းရှင်များ ရှိရင်လည်း ကျွန်တော်တို့နဲ့ လာဆွေးနွေးနိုင်ပါတယ်။

ဂျီအက်စ်အမ်ဖုန်းတွေကို မြန်မာငွေ ငါးထောင်လောက်နဲ့ ခြောက်လအတွင်း စရောင်းပေးမယ်ဆိုတော့ လိုအပ်တဲ့ အခြေခံလိုအပ်ချက်တွေ အဆောက်အဦးတွေကိုရော ဘယ်လိုစီစဉ်ထားပါသလဲ။



အခြေခံအဆောက်အဦးတစ်ခု၊ Infrastructure တစ်ခု တည်ဆောက်ရတာ ဘယ်လိုအခြေအနေမျိုးမဆို လေးငါးနှစ် ဆောက်ရမလား၊ နှစ် ၂၀ စီမံကိန်းနဲ့ သွားရမလားလို့ စဉ်းစားကြမြဲပါ။ တကယ်က အဲလောက် မလိုပါဘူး။ လိုအပ်တဲ့ တာဝါတွေကို ခွင့်ပြုချက်ရတာနဲ့ သုံးလနဲ့ ခြောက်လအတွင်းမှာ ပြီးအောင် ဆောက်လို့ရပါတယ်။ ခက်ခဲတဲ့ ကိစ္စမဟုတ်ပါဘူး။



အခု ငါးသိန်းဖုန်းတွေမှာတောင် လိုင်းကျပ်တဲ့ ပြဿနာတွေရှိနေတော့ တကယ်လို့ ဖုန်းတွေများလာရင် အဲဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။



လိုင်းကျပ်တယ်ဆိုတဲ့ ပြဿနာက အင်မတန်သေးငယ်တဲ့ ပြဿနာပါ။ အဲဒါက အသုံးပြုတဲ့ Band Width အပေါ်မူတည်ပါတယ်။ နည်းပညာပဲလိုအပ်ပါတယ်။ ဖြေရှင်းနိုင်တဲ့ နည်းပညာတွေ ကျွန်တော်တို့မှာ အများကြီးရှိပါတယ်။



ဖြေရှင်းနိုင်တဲနည်းပညာတွေထဲက ပညာရပ်အသုံးအနှုန်းနဲ့ မဟုတ်ဘဲနဲ့ လူအများစုနားလည်နိုင်မဲ့ ဖြေရှင်းနည်း တစ်ခုကို ဥပမာ ပြောပြလို့ရနိုင်မလား။



ဥပမာပြောရရင် ဖုန်းလိုင်း ငါးလိုင်း သုံးခွင့်ပြုထားတယ်။ ကျွန်တော်က  လေးလိုင်းပဲ သုံးမယ် တစ်လိုင်းကို emergency အတွက်ထားမယ်ဆိုရင် လိုင်းကျပ်တဲ့ ပြဿနာမရှိနိုင်ပါဘူး။ ငါးလိုင်း သုံးရမဲ့နေရာမှာ ခြောက်လိုင်း သုံးရင်၊ ထပ်ပွားရင်တော့ လိုင်းကျပ်တဲ့ ပြဿနာက ရှိနေမှာပါပဲ။ ငါးလိုင်း သုံးရမှာကို ငါးလိုင်းပဲ သုံးမယ်၊ ထပ်မပွားဘူး၊ ကွာလတီကို ထိန်းထားမယ်ဆိုရင် ပြဿနာမရှိပါဘူး။



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကလဲ ငါးသိန်းထက်လျှော့တဲ့ မိုဘိုင်းဖုန်း သန်းသုံးဆယ် ငါးနှစ် စီမံကိန်းကို အကောင်အထည်ဖော်နေပါတယ်။ ခု ရွှေပြည်တံခွန်က လုပ်တဲ့ ငါးထောင်တန် ဖုန်းကိစ္စကရော မြန်မာ့ ဆက်သွယ်ရေးနဲ့ လုပ်ဆောင်မှာပါလား။



မဟုတ်ပါဘူး။ ကျွန်တော်တို့က ပုဂ္ဂလိက သတ်သတ် လုပ်မှာပါ။ နိုင်ငံတော် သမ္မတရဲ့ ပရိုင်းဗိတ်၊ ပတ်ဗလစ်၊ ပါတနာရှစ် ဆိုတဲ့ 3 Ps ကို တဘက်တလမ်းက ပါဝင်တဲ့သဘောပါ။ ကျွန်တော်တို့ရဲ့ ငါးထောင်တန်ဖုန်းကိစ္စဟာ မြန်မာ့ ဆက်သွယ်ရေးနဲ့ မဆိုင်ပါဘူး။



ခွင့်ပြုချက်ရခဲ့ရင် ဖုန်းအလုံးအရေအတွက် ဘယ်လောက်နဲ့ စတင်ရောင်းချမယ်လို့ ရည်ရွယ်ထားပါသလဲ။ ဘယ်ဒေသတွေမှာ အရင်ရောင်းချမှာပါလဲ။



ကျွန်တော်တို့ Sim Card တစ်သန်း စရောင်းပါ့မယ်။ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေကို ပထမဦးစားပေး အရင်ဆုံးရောင်းချပါ့မယ်။ ဘာကြောင့်လဲ ဆိုတော့ ဧရာဝတီတိုင်းဆိုတာ ကျွန်တော်တို့ နိုင်ငံရဲ့ စပါးကျီပါ။ အဲဒီဒေသက လူတွေ တိုးတက်ဖို့လိုတယ်။ ခုဆိုရင် အင်ဖော်မေးရှင်း စီးဆင်းမှု နှေးကွေးတဲ့အတွက် တကယ်အလုပ်လုပ်သူတွေ၊ ထုတ်လုပ်သူတွေက နစ်နာနေရတယ်။ ဈေးကွက်မှာ ဖြစ်နေတဲ့ ဈေးအတိုင်း တကယ်ထုတ်လုပ်သူတွေက မရဘူး၊ ပွဲစားကုန်သယ် ကြားခံအဆင့်ဆင့်ကြောင့်မလို့ ရသင့်ရထိုက်တဲ့ ဈေးနှုန်းတွေ မရဘူးဖြစ်နေတယ်။ သူတို့မှာသာ ဖုန်းရှိရင် ဆက်သွယ်ရေးလွယ်ကူသွားမယ်ဆိုရင် ဒီကိစ္စတွေနဲသွားမယ်။ ကျွန်တော်တို့ရဲ့ စပါးကျီဒေသက လူတွေ တိုးတက်ရင် ကျွန်တော်တို့ တစ်နိုင်ငံလုံး ထမင်းဝမှာပဲ။



အခု အနည်းဆုံး မြန်မာငွေ ငါးသိန်းပေးမှ ရနိုင်တဲ့ ဂျီအက်စ်အမ်ဖုန်းတွေကို ငွေ ငါးထောင်ထဲနဲ့ ရောင်းမယ်ဆိုတော့ ရွှေပြည်တံခွန်အနေနဲ့ စီးပွားရေးအရ တွက်ခြေကိုက်မှုရော ရှိပါရဲ့လား။



ဒီဖုန်းတွေရဲ့ တန်ဖိုးက ဒီလောက်နဲ့ရောင်းလို့ရလို့ ရောင်းတာပါ။ တကယ်ရောင်းနိုင်လို့ ရောင်းတာပါ။ ကျွန်တော်တို့က ထူးပြီး လုပ်ပေးရတာမရှိပါဘူး။  ဆင်းရဲမွဲတေမှု လျှော့တယ်ဆိုတာ လူတွေကို ပိုက်ဆံပေးလို့ ကောင်းသွားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူတွေမှာ ဒီဆက်သွယ်ရေးလေး တစ်ခုလွယ်ကူအဆင်ပြေသွားမယ်ဆိုရင် သူ့အပေါ်က ရလာမဲ့အကျိုးကျေးဇူးက အများကြီးပဲ။ အဲဒါကိုလဲ နိုင်ငံတော် သမ္မတနဲ့ နိုင်ငံ့အကြီးအကဲတွေက သိတယ်။ အဲဒါကြောင့် လမ်းဖောက်ပေးတယ်။ ဘာကြောင့် ကျွန်တော်တို့က ရဲရဲမလျှောက်ရမှာလဲ။ အမှန်တကယ်က ငါးထောင်ဆိုတာတောင် များတယ်။ အလကားပေးသင့်တာ။ ဖုန်းခေါ်ဆိုခ တစ်မိနစ်ကို အစိတ်ဆိုတာကလဲ များတယ်။ နိုင်ငံတကာမှာ လေးကျပ်ခွဲ ငါးကျပ်လောက်ပဲ ရှိတာ။ ဒါတွေက ကျွန်တော်တို့ ပြည်သူတွေ အားလုံးခံစားရမဲ့ အခွင့်အရေးတွေပါပဲ၊ ကျွန်တော်တို့ ထူးပြီး လုပ်ပေးရတာမရှိဘူး။ ကျွန်တော်တို့ ပြောချင်တာက ဖုန်းဆိုတာ ဇိမ်ခံပစ္စည်းမဟုတ်ဖူး၊ စားစရာလည်း မဟုတ်ဖူး၊ လူတိုင်းလူတိုင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စတွေမှာ အသုံးပြုဖို့ လိုအပ်တဲ့အရာ၊ ကြားခံပစ္စည်းတစ်ခုပဲ။



အခု ရွှေပြည်တံခွန်က နိုင်ငံတော် သမ္မတရုံးကို ပရိုပိုဆယ်လ်တင်ထားတုန်း အဆင့်ပဲ ရှိသေးတယ်။ ခွင့်ပြုမယ် မပြုဘူး မသိရသေးဘဲနဲ့ လူထုကို အသိပေးလိုက်တဲ့အပေါ်မှာရော ဘယ်လိုသဘောထားနဲ့ အသိပေးလိုက်တာပါလဲ။ လိုအပ်တဲ့ Infrastructure တွေက အသင့်ဖြစ်ပါပြီလား။



အဆင်သင့် မဖြစ်သေးပါဘူး။ ကျွန်တော်တို့ ဒီလုပ်ငန်းကို လုပ်နေတယ်ဆိုတာ ပြည်သူကို အသိပေးတာပါ။ ကျွန်တော်တို့မှာ Business Plan ရှိပါတယ်။ ဒီနေ့ ခွင့်ပြုရင် မနက်ဖြန်စလုပ်မယ်။ စမယ်ဆိုတာနဲ့ ဘယ်လို စလုပ်မယ်ဆိုတာ Master Plan ရှိပါတယ်။ ခုချိန်မှာတော့ ပြောဖို့ စောနေပါတယ်။ တခုခု ထူးခြားတာနဲ့ သတင်းစာရှင်းလင်းပွဲ ထပ်လုပ်ပြီးတော့ အခုလိုပဲ အသိပေးပါမယ်။



ကနဦးပေးသွင်းရမှာက မြန်မာငွေကျပ် ငါးထောင်၊ ဖုန်းခေါ်ဆိုခက ၂၅-၃၀ ဆိုတော့ အင်တာနက် အသုံးပြုခကရော ဘယ်လို ပေးဆောင်ရမှာပါလဲ။ အင်တာနက် အသုံးပြုဖို့ကိုသီးသန့် ထပ်ပေးဖို့ လိုပါသလား။



အင်တာနက် အသုံးပြုခက လုပ်ခွင့်ရတာနဲ့ ထပ်ထုတ်ပြန်ပါ့မယ်။ အသေးစိတ်ထုတ်ပြန်ပါ့မယ်။ အင်တာနက် ဆားဗစ်အတွက် ထပ်ပြီး ထည့်ဖို့မလိုပါဘူး။ အဲဒါကျတော့ လူလည်ကျလွန်းရာ ကျနေပါတယ်။ ဥပမာပြောရရင် ကားဝယ်တာ ဘီးပါလား၊ စီယာတိုင်ပါလားလို့ မေးနေတာနဲ့ တူနေတယ်။ ဖုန်းဝယ်ပါပြီဆိုမှ အင်တာနက်ဆားဗစ်လည်း တစ်ပြိုင်တည်းပါပါတယ်။ 3G ဆိုပြီးတော့ အင်တာနက်ထပ်သုံးရင် ဘယ်လောက် ထပ်ဖြည့်ရမယ်ဆိုတာကျတော့ ကျွန်တ်ာတို့ မလုပ် ပါဘူး။



မြန်မာငွေကျပ် ငါးထောင်နဲ့ ဂျီအက်စ်အမ် ဆင်းကဒ်ဝယ်လို့ရတယ်ဆိုတဲ့ သတင်းအပေါ် မယုံမရဲဖြစ်နေကြတဲ့ ပြည်သူတွေကို ရွှေပြည်တံခွန်အနေနဲ့ ဘာများ ထပ်ဖြည့် ပြောချင်ပါသလဲ။



ဒီအခွင့်အရေးဟာ ပြည်သူတိုင်းရရမဲ့ အခွင့်အရေးဖြစ်ပါတယ်။ ကျွန်တော်တို့က Magician တွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပတ်ဝန်းကျင်နိုင်ငံတွေမှာ ဖုန်းတစ်လုံးကို ငွေအနည်းငယ်နဲ့ အလွယ်တကူပိုင်ဆိုင်နေရတဲ့ အချိန်မှာ ကျွန်တော်တို့ကတော့ ဖုန်းတလုံးရဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရတယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စပါ။ ဒီအတွက် ကျွန်တော်တို့ ကုမ္ပဏီက ထူးပြီးလုပ်ပေးရတာလဲ မရှိပါဘူး။ ဒီလုပ်ငန်းကို လုပ်ခွင့်ရရင် လုပ်ခွင့်ရတဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူမှာပါ။ နယ်စပ်ဒေသတွေမှာ ဆိုရင် လူတွေက တစ်ဘက်နိုင်ငံက ဖုန်းတွေကို သုံးကြပါတယ်။ အဲဒါ ဘာဖြစ်တယ်လို့ ကျွန်တော်ခံစားရလဲ ဆိုတော့ ကျွန်တော်တို့ နယ်ချဲ့ခံနေရတယ်လို့ ခံစားရတာ။ ကျွန်နော်တို့ ပိုင်နက်ထဲမှာ၊ ကျွန်တော်တို့ သွေးချင်းတွေက သူများနိုင်ငံက ဖုန်းကို သုံးပြီးတော့ သူများနိုင်ငံကို ဖုန်းဖိုးပေးနေရတယ်။ အဲဒါကို ကျွန်တော် မဖြစ်စေချင်ဘူး။ ကျွန်တော်တို့ နိုင်ငံထဲမှာ ကျွန်တော်တို့က ထုတ်တဲ့ဖုန်းတွေပဲ သုံးနိုင်အောင် ကျွန်တော်တို့ လုပ်ရပါမယ်။ နိုင်ငံတော် သမ္မတကြီးကလဲ ဆင်းရဲမွဲတေမှု ပပျောက်ဖို့လိုတယ်။ လူနေမှု အဆင့်အတန်းမြင့်ရမယ်လို့ ပြောခဲ့တယ်။ အဲဒီစကားကို ကျွန်တော်တို့ ဦးထိပ်ထားပါတယ်။ သမ္မတကြီးရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်တော်တို့ ပါဝင်ချင်တယ်။ ၀င်ငွေနဲပြည်သူတွေ၊ ကျောင်းသူကျောင်းသားတွေ အတွက် ဆက်သွယ်ရေးမြန်ဆန်လွယ်ကူဖို့ ကျွန်တော်တို့ လုပ်ပေးချင်ပါတယ်။ နိုင်ငံတော် သမ္မတရုံးက ခွင့်ပြုချက်ရတာနဲ့ ကျွန်တော်တို့ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပါ့မယ်။

ဟုတ်ကဲ့။ ခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

 The Messenger ဂျာနယ် facebook မှကူးယူဖေါ်ပြသည် 
Read More

Popular Posts