'
အမိမြေ
Showing posts with label နိုင်ငံတောင်သီချင်းကို ပြတ်ရယ် ပြုကြသူများ. Show all posts
Showing posts with label နိုင်ငံတောင်သီချင်းကို ပြတ်ရယ် ပြုကြသူများ. Show all posts

နိုင်ငံတော် သီချင်းကိုပြတ်ရယ် ပြုကြသူများ

ခြေဆင်း

"တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ၊ ... ဒို့ပြေ(ပြည်)၊ ဒို့မြေ (သံပြိုင်)
များလူခပ်သိမ်း၊ ငြိမ်းချမ်းစေဖို့၊
ခွင့်တူညီမျှ၊ ဝါဒဖြူစင်တဲ့မြေ၊ ... ဒို့ပြေ(ပြည်)၊ ဒို့မြေ (သံပြိုင်)
ပြည်ထောင်စုအမွေ၊ အမြဲတည်တန့်စေ၊
အဓိဋ္ဌာန်ပြုပေ၊ ထိမ်းသိမ်းစို့လေ ...။"


သီချင်း (သံပြိုင်)

"ကမ္ဘာမကြေ၊ မြန်မာပြေ(ပြည်)
ဒို့ဘိုးဘွား အမွေစစ်မို့၊ ချစ်မြတ်နိုးပေ
ကမ္ဘာမကြေ၊ မြန်မာပြေ(ပြည်)
ဒို့ဘိုးဘွား အမွေစစ်မို့၊ ချစ်မြတ်နိုးပေ
ပြည်ထောင်စုကို အသက်ပေးလို့ ဒို့ကာကွယ်မလေ
ဒါ ဒို့ပြေ(ပြည်)၊ ဒါ ဒို့မြေ၊ ဒို့ပိုင်တဲ့မြေ
ဒို့ ... ပြေ(ပြည်)၊ ဒို့ ... မြေ အကျိုးကို
ညီညာစွာ ဒို့တတွေ၊ ထမ်းဆောင်ပါစို့လေ
ဒို့တာဝန်ပေ ...။
အဖိုးတန်မြေ ...။"


ဒီနေ့ သီးလေးသီး အဖွဲ့ရဲ့ အငြိမ့်တစ်ခုမှာ ကျွန်တော်တို့ မြန်မာနိုင်ငံတော် သီချင်းကို ပြတ်ရယ်ပြု ထားတဲ့ RepMix သီချင်းတစ်ပုဒ်ကို ကြည့်လိုက် ရတော့ တော်တော်လေးကို စိတ်မကောင်း ဖြစ်သွားမိပါတယ် .. ငါတို့ မြန်မာလူမျိုးတွေ ဒီလောက်တောင် မျိုးချစ်စိတ် ခေါင်းပါးနေပြီလား လက်ရှိအစိုးရကို မကျေနပ်တာ တစ်ခုထဲနဲ့ လွတ်လပ်ရေး ရထဲက ခေတ်အဆက်ဆက် အသုံးပြုခဲ့တဲ့ နိုင်ငံတော် သီချင်းကို ပြတ်ရယ် ပြုဖို့ လောက်အထိ အသိစိတ်တွေ ခေါင်းပါးနေကြ ပြီလား ဒါမှမဟုတ် ဒီလူတွေ ကိုယ်တိုင်က နိုင်ငံတော် သီချင်း ဘယ်လိုပေါ်ပေါက်လာတယ် ဆိုတာကို မသိ နိုင်ငံခြားမှာ အနေကြာလို့ တိုင်းပြည်ချစ်စိတ် လူမျိုးချစ်စိတ်တွေပဲ ခေါင်းပါးကုန်ကြပြီလား ဆိုတာကိုတော့ သီးလေးသီး အဖွဲ့သားများ ကိုယ်တိုင်ပဲ အသိဆုံး ဖြစ်မယ်ထင်ပါတယ် .. ဒီလို တိုင်းသိပြည်သိ အနုပညာရှင်တွေ ကိုယ်တိုင်က လွတ်လပ်ရေးနဲ့ အတူမွေးဖွားလာခဲ့တဲ့ နိုင်ငံတော် သီချင်းကို  အလေးထားရကောင်းမှန်း မသိတာကတော့ အရမ်းကို အရှက်ရစရာ အဖြစ်အပျက် တစ်ခု ဖြစ်ပါတယ် .. သီးလေးသီး ပြတ်ရယ် ပြုခဲ့တဲ့ နိုင်ငံတော်သီချင်း ဆိုတာ ဘယ်လို ပေါ်ပေါက်လာတဲ့ ဆိုတဲ့ သမိုင်းကြောင်းလေးကိုတော့ အားလုံးပဲ ဗဟုသုတရအောင် မသိသေးသူများလည်း အတုယူတက်အောင် ဆောင်းပါးလေး တစ်ပုဒ်အနေနဲ့ တင်ပြပေးလိုက်ပါတယ် ..

ကမ္ဘာမကြေ သီချင်းသည်ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့သော တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာကသိသော သီချင်းဖြစ်ပါသည်။ သို့ရာတွင် သီချင်းရေးစပ်ခဲ့သူ၊ မွေးဖွားပေးခဲ့သူ၊ မူလပိုင်ရှင် အစစ်အမှန်ကိုတော့ သိသူမရှိသလောက်ဟုဆိုရမှာဖြစ်ပါတယ်။ ကမ္ဘာမကြေ သီချင်းကို ရေးခဲ့သူမှာ စန္ဒရားဦးစိန်မြမောင် ဖြစ်ပါသည်။ ယခု သူကွယ်လွန်ခဲ့သည် မှာ ၂ နှစ်နီးပါးရှိခဲ့ပါပြီ။ ဦးစိန်မြမောင်သည် မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားတွင် ကာလပေါ်နှင် ခေတ်ဟောင်းတေး စိစစ်ရေး ဘုတ်အဖွဲ့ဝင်ဖြစ်ပါသည်။ သူသည် ကဏ္ဍစုံ၊ ထောင့်စုံမှ ရသစုံ ပေါ်လွင်သော တေးသီချင်းပုဒ်ရေ တစ်ထောင်ကျော် ရေးသားသီကုံး ခဲ့သူ ၊ မော်ကွန်းဝင်( ပထမအဆင့်)၊ နှင့် ဝိဇ္ဇာထူးချွန်ဆု(ဒုတိယအဆင့်)တို့ကို ရရှိခဲ့သူ ဖြစ်ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရ သည့် ၁၉၄၈ ဇန်နဝါရီ ၄ ရက်နေ့မှာ နိုင်ငံတော်အလံကိုလွှင့်တင်ရမှာဖြစ်သည့်အတွက် ထိုနေ့ နိုင်ငံတော်အလံတင်ပွဲ အခမ်းအနားတွင် သီဆိုဖို့သီချင်း တစ်ပုဒ်လိုအပ်လာပါသည်။ သည်အတွက် ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုက ထိုနေ့ အခမ်းအနားတွင် သီဆိုဖို့သီချင်းတစ်ပုဒ်ရေးရန် ဆရာရွှေတိုင်ညွှန့်အား ခေါ်လာပေးရန် ဦးစိန်မြမောင်ကို ပြောပါသည်။ ဦးစိန်မြမောင်က ဆရာရွှေတိုင်ညွှန့် ကွယ်လွန်သွားပြီဖြစ်သည့်အတွက် မရှိတော့ကြောင်း အကြောင်းပြန်ခဲ့ရာ ဦးနုက တခြားတေးရေးဆရာများနှင့် တိုင်ပင်ရေးပေးရန် ဦးစိန်မြမောင်ကို ထပ်မံတာဝန်ပေးလိုကပြန်ပ်ါသည်။ဦးစိန်မြမောင်သည် ဆရာစိန်ဝေလျှံ၊ ဒဂုန်ဆရာတင်၊ စောင်းဦးဘသန်း၊ ဂီတာဦးစိန်အောင်၊ နှင့် ဆရာရန်နိုင်စိန် တို့ကို လိုက်လံခေါ်ဆောင်ခဲ့ပါသည်။ သူတို့အားလုံးစုစည်းရောက်ရှိလာပြီး သီချင်းရေးစပ်ဖို့တိုင်ပင်ရာ ဆရာဦးစိန်ဝေလျှံ နှင့် စောင်ဦးဘသန်းတို့တစ်ယောက်နှင့်တစ်ယောက် စကားများ ရန်ဖြစ်ရာမှ သီချင်းရေးဖို့ အစီအစဉ် ပျက်ပြားခဲ့ရပါသည်။ နောက်ထပ်သီချင်းရေးစပ်ဖို့ မည်သူ့ကိုမှစည်းရုံးမရတော့ဘဲဖြစ်ခဲ့ရပါသည်။ အကြောင်းစုံကို ဦးစိန်မြမောင်က ဦးနု ထံ တင်ပြခဲ့ရာ ဦးနုက ဦးစိန်မြမောင် တစ်ယောက်ထဲရေးနိုင်ပါက ရေးပေးစေလိုကြောင်း ပြောကြားတာဝန်ပေးလိုက်ပါတော့သည်။ ဦးစိန်မြမောင် သည် ဦးနုအိမ်တွင် တစ်ယောက်တည်းရေးသားစပ်ဆိုခဲ့ရပါတော့သည်။ သီးချင်းအစအဆုံး တစ်ပုဒ်လုံးကို ဆရာဇော်ဂျီဦးဆောင်သော အကဲဖြတ်အဖွဲ့က သီချင်းစာသားများ၊ တစ်လုံးချင်းအသေးစိပ် စိစစ်ပြီး သီချင်းကိုအတည်ပြုခဲ့ကြပါသည်။ အကဲဖြတ်အဖွဲ့ ကအတည်ပြုပြီးနောက် ဝန်ကြီးအဖွဲ့နှင့် လွှတ်တော်အဖွဲ့နှစ်ရပ်လုံးကပါ ထပ်ဆင့်အတည် ပြုခဲ့ကြပါသည်။ ထိုသို့ အဆင့်ဆင့် အတည်ပြုပြီးသော ကမ္ဘာမကြေ သီချင်းကိုမြန့်မာ့အသံမှ ဒါရိုက်တာဦးခင်ဇော်က မြန်မာနိုင်ငံသို့ ခေတ္တရောက်နေသော အမေရိကန် တီးဝိုင်းတစ်ခု၏ အကူအညီဖြင့် အသံသွင်းခဲ့ပါသည်။ သီချင်းသီဆိုသူက အဆိုတော်ရွှေညာမောင် ဖြစ်ပါသည်။ ထိုသို့ ဖြင့် ကမ္ဘာမကြေ သီချင်းသည် မြန်မာ့လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားတွင် ယူနီဂျက်အလံဖြုတ်ချ ပြီး မြန်မာနိုင်ငံတော်အလံ လွှင့်ထူ၇မည့်အချိန်တွင် သီဆိုရမည့် နိုင်ငံတော် သီချင်းဖြစ်လာပါတော့သည်။ လွတ်လပ်ရေးနေ့ ဘွဲ့ထူးဂုဏ်ထူးချီးမြှင့်ပေးအပ်ရာတွင် ဦးစိန်မြမောင် သည် ကမ္ဘာမကြေ သီချင်းဖြင့်ဝဏ္ဏကျော်ထင်ဘွဲ့ကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါသည်။ ဦးစိန်မြမောင်က သူမကွယ်လွန်မီ ကမ္ဘာမကြေ သီချင်းကို သူရေးစပ်ခဲ့ကြောင်း ခိုင်မာသောအထောက်အထားတို့ဖြင့်တင်ပြနိုင်ခဲ့ သဖြင့်ယနေ့နိုင်ငံတော်က သူ့အား ဝိဇ္ဇာထူးချွန်ဆု(ဒုတိယအဆင့်)အား ချီးမြှင့်ပေးအပ်ခဲ့ပါသည်။"




နိုင်ငံတော်သီချင်းကိုသီးလေးသီးက ဒီလိုသရော်ခဲ့တယ်

Read More

Popular Posts