'
အမိမြေ
Showing posts with label ရွေးကောက်ပွဲသတင်း. Show all posts
Showing posts with label ရွေးကောက်ပွဲသတင်း. Show all posts

ဖွဲ့စည်းပုံအခြေခံဥပဒေ ထိပါးသည့်နိုင်ငံရေးပါတီကို ဖျက်သိမ်းသည်အထိ အရေးယူမည်

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ထိပါးလာသည့် နိုင်ငံရေး ပါတီများကို ပါတီဖျောက် သိမ်းသည်အထိ အရေး ယူမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မီဒီယာများမှ တစ်ဆင့် သတိပေး ပြောကြား လိုက်သည်။

" ကျွန်တော့်အနေနဲ့ မပြည့်တဲ့ အိုးဘောင်ဘင် ခတ်တာကို ပြည့်အောင် စိတ်ရှည်ရှည်နဲပ စောင့် ကြည့်နေပါတယ်။ သို့သော် ဖွဲ့စည်းပုံအခြေခံကို ထိပါးလာရင် ဘောင်ဘင် တအားခတ်လို့ အခြားသူတွေကို စဉ်ကုန်ပြီ ဆိုရင်တော့ ကျွန်တော်က သွန်ပစ်လိုက်မယ့် အခြေအနေရှိပါတယ်။ ဒါကိုခင်ဗျားတို့ ကနေတစ်ဆင့် အသိပေးတဲ့သဘောပါ" ဟု ဦးတင်အေးက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ရုံးခန်းမ၌ ဒီဇင်ဘာ ၁၆ ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ် ယင်းသို့ပြောကြားခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံကောင်းကျိုးအတွက် ဆောင်ရွက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းနှင့် ဒိုတာဝန်အရေးသုံးပါးကို အထိပါးမခံခြင်း စသည့် အချက် သုံးချက်ကို အခြေခံထားကာ ဆောင်ရွက်နေသည်ဟု ဆိုသည်။

" ပါတီတွေအနေနဲပ ဥပဒေရေးရာနဲ့ ပတ်သက်ရင် ကျွမ်းကျွမ်းကျင်ကျင် နှံ့နှံ့စပ်စပ်လုပ်ပါ။ သို့သော် အခွန်ကင်းလွတ်တယ်ဆိုတဲ့ ဥပဒေကို ကြည့်ပြီးတော့ လမ်းအသုံးပြုခတောင်းတာတောင် မပေးတဲ့ ပုဂ္ဂိုလ်မျိုးတွေလဲရှိတော့ အတော်ခက်ပါတယ်။ မပြည့်တဲ့အိုး ဘောင်ဘင်ခတ်တာပေါ့" ဟု အဆိုပါပုဂ္ဂိုလ်က ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများကို လွတ်လပ်စွာ လှုပ်ရှား ဆောင်ရွက်စေလိုပြီး ဆောင်ရွက်ခွင့်ပြုထားကြောင်း၊ ပါတီကိစ္စဖြင့် ခရီးထွက်ပါက ကော်မရှင်ထံ သတင်းပို့အ ကြောင်းကြားရန်လည်း မလိုအပ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

Read More

ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် နုတ်ထွက်ခွင့်ပြု

ပြည်ထောင်စု ၀န်ကြီး ဦးကျော်စွာခိုင် နဲ့ တနင်္သာရီတိုင်း ၀န်ကြီးချုပ် ဦးခင်ဇော် တို့ ကို နုတ်ထွက်ခွင့် ပြုကြောင်း ယနေ့ထုတ် မြန်မာ့အလင်း နှင့် ကြေးမုံသတင်းစာ တို့တွင် ဖော်ပြပါ ရှိပါတယ်။



နိုင်ငံတော် သမ္မတရုံးက ပြည်ထောင်စုဝန်ကြီး ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း၊ အမိန့်အမှတ် ၂/၂၀၁၂ ကို ဇန်နဝါရီလ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာ လိုက်သည်။ အဆိုပါ အမိန့်တွင် ပြည်ထောင်စု ဝန်ကြီး ရာထူးမှ ကျန်းမာရေး အခြေအနေ အရ နုတ်ထွက်ခွင့်ပြုရန် တင်ပြလာသည့် သမ္မတရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်စွာခိုင်အား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၅၊ ပုဒ်မခွဲ (ခ)နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၈၊ ပုဒ်မခွဲ (က) တို့အရ မိမိ သဘော ဆန္ဒ အလျောက် ပြည်ထောင်စု ဝန်ကြီး ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ထုတ် သတင်းစာတွင် ဖော်ပြထားပါသည်။



နိုင်ငံတော်သမ္မတရုံးက တိုင်းဒေသကြီး ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း၊ အမိန့်အမှတ် ၃/၂၀၁၂ ကို ဇန်နဝါရီလ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ အမိန့်တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ရာထူးမှ ကျန်းမာရေး အခြေအနေအရ နုတ်ထွက်ခွင့်ပြုရန် တင်ပြလာသည့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးခင်ဇော်အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (က)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၂၊ ပုဒ်မခွဲ (က) တို့အရ မိမိသဘောဆန္ဒအလျောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ထုတ် သတင်းစာတွင် ဖော်ပြထားပါသည်။

Read More

အမျိုးသားဒီမိုကရေစီအင်အားစုပါတီက နိုင်ငံရေးဒုတိယခေါင်းဆောင်ကိုထုတ်ပယ်


အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(အင်န်ဒီအက်ဖ်)က ၎င်းပါတီ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ဒုတိယ ခေါင်းဆောင် သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့် ကို ပါတီမှ နိုဝင်ဘာ ၁၈ ရက်နေ့စွဲဖြင့် ထုတ်ပယ်လိုက်ကြောင်း ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက မြန်မာတိုင်း(မ်)ကို ပြောသည်။
ထုတ်ပယ်ရသည့်အကြောင်းရင်းများနှင့်ပတ်သက်၍ "တစ်ပတ်အတွင်း ဂျာနယ်လေးစောင်မှာ၊ ပါတီအတွင်းရေးတွေပြောတယ်။ ဒေါက်တာ သန်းငြိမ်းကို တိုင်မယ်။ ကော်မရှင်ကို ငွေကြေးကိစ္စတိုင်မယ်ဆိုပြီး ပါတီကို မလာဘဲ အပြင်ကနေ ပြောနေတယ်။ နှစ်ခါခေါ် ညှိတယ်။ မရဘူး။ ဒါကြောင့် နိုင်ငံရေး ဦးဆောင်အဖွဲ့ ၁၅ ယောက် အနက် ၁၂ ဦးရဲ့ ထောက်ခံချက်နဲ့ ထုတ်ပယ်လိုက်တယ်"ဟု ဦးခင်မောင်ဆွေက ပြောသည်။
ဆက်လက်၍ ၎င်းက "သူကိုယ်တိုင် ရေးပြီး ကော်မရှင်ကိုတင်တဲ့ ပါတီစည်းမျဉ်းမှာ ပါတီအတွင်းရေးများကို ပြင်ပသို့ ပြောဆိုခြင်း မပြုရ၊ ပါတီညီညွတ်ရေး၊ စည်းရုံးရေး မပြိုကွဲစေရ၊ အများ ခေါင်းဆောင်မှုကို တစ်ဦးတစ်ယောက်က လိုက်နာရမည် ဆိုတာတွေ ပါတယ်။ နောက်ပြီး ပါတီအောင်နိုင်ရေးမှာ ကျန်ပါတီခေါင်းဆောင်တွေက နေရာအစုံ သွားကြပေမယ့် သူက သူ့သင်္ဃန်းကျွန်းမှာပဲ နေတယ်။ သူ့နေရာကိုပဲ အောင်နိုင်ရေးလုပ်တယ်။ ဒါကြောင့် ၁၈ ရက်နေ့ကစပြီး သူက ကျွန်တော်တို့ ပါတီဝင် မဟုတ်တော့ဘူး။ ပါတီဒုတိယခေါင်းဆောင် မဟုတ်တော့ဘူး။ ပြောရေးဆိုခွင့်လည်း မရှိတော့ဘူး"ဟု ဆိုသည်။
လွှတ်တော်အတွင်း ဆက်လက် ပူးပေါင်းဆောင်ရွက်မှု ရှိမရှိဆိုသည့် မြန်မာတိုင်း(မ်)၏ မေးခွန်းကိုမူ ဦးခင်မောင်ဆွေက
"လွှတ်တော်ထဲမှာ သူ ပါတီအပြင်က သီးခြားအမတ်ဖြစ်သွားပါပြီ။ ဒီတော့ လူထုကောင်းကျိုးအတွက် လုပ်ဆောင်ရာမှာ သဘော ဆန္ဒတူရင် တွဲလုပ်မယ်။ မတူရင်ကန့်ကွက်မယ်"ဟု ပြောသည်။
ထိုသို့ ထုတ်ပယ်ခြင်းနှင့်ပတ်သက်၍ ဦးသိန်းညွန့်က ၎င်းထံသို့ ဦးခင်မောင်ဆွေ လက်မှတ်ထိုးပေးပို့သော ပါတီဝင်အဖြစ်မှ ရပ်စဲခြင်း ကိစ္စစာကို ထုတ်ပြပြီး ၎င်းစာမှာ တရားမ၀င်ကြောင်း၊ ပါတီစည်းမျဉ်းအရ ပါတီတာဝန်မှ ရပ်ဆိုင်းခြင်းသာ ပြုလုပ်နိုင်ပြီး ပါတီဝင် အဖြစ်မှရပ်စဲခြင်းမပြုနိုင်ကြောင်း၊ ထို့ပြင် ၎င်းသည် သာမန် ပါတီဝင်မဟုတ်ဘဲ ကော်မရှင်အသိအမှတ်ပြု နိုင်ငံရေးဦးဆောင်အဖွဲ့ ဒုတိယခေါင်းဆောင် ဖြစ်ကြောင်း၊ ဆုံးဖြတ်ချက်ချရာနေ့မှာ အစိုးရရုံးပိတ်ရက်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ၀ိုင်းဝန်းလုပ်ကိုင်ပေးခဲ့သူ မွတ်စလင်ဘာသာဝင် လူငယ်များ၏ ဖိတ်ကြားချက်အရ အစ်ပွဲသို့သွားရောက်နေကြောင်း၊ အစိုးရ ရုံးပိတ် ရက်တွင် ထိုသို့အစည်းအဝေးလုပ်ခြင်းမှာ မရိုးသားကြောင်း ပြောသည်။
ဆက်လက်၍ ၎င်းကိစ္စမှာ ဥပဒေနှင့် မညီကြောင်း ကော်မရှင်ကို တင်ပြမည် ဖြစ်သည့်အပြင် ပါတီတွင်း ငွေကြေး ကိစ္စများကို စုံစမ်းစစ်ဆေးရန်အတွက်လည်း ကော်မရှင်သို့ တင်ပြသွားမည်ဟု ဆိုသည်။
အင်န်ဒီအက်ဖ်ပါတီအတွင်း လက်ခံထားသောငွေကြေးကိစ္စနှင့် ပတ်သက်၍ မြန်မာတိုင်း(မ်)၏ မေးမြန်းချက်ကို ဦးသိန်းညွန့်က
"ပါတီရဲ့ နိုင်ငံရေး ဦးဆောင်အဖွဲ့ ဒုတိယခေါင်းဆောင် အနေနဲ့ ဒါကိုလုံးဝမသိဘူး။ မေးတော့ ရွေးကောက်ပွဲပြီးရင် ပြောမယ်လို့ပဲ ပြောတယ်"ဟု ဖြေကြားခဲ့သည်။
အင်န်ဒီအက်ဖ်ပါတီသည်၊ရွေးကောက်ပွဲတွင် ၁၆၈ ဦး ယှဉ်ပြိုင်ရာ ၁၆ ဦး ရွေးချယ်ခံရသည်။

Ref : မြန်မာ့တိုင်းမ်

Read More

ကြားဖြတ်ရွှေးကောက်ပွဲအတွက် လစ်လပ်နေရာများကြေညာ


ဧပြီလ(၁)ရက်တွင်ကျင်းပ မည့်ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီးမှ ကိုယ်စား လှယ်လစ်လပ်နေသော မဲဆန္ဒ နယ်များကိုရွေးကောက်ပွဲကော်မရှင် က သတ်မှတ်ကြေညာလိုက်ပြီဖြစ် ကြောင်း သိရသည်။၎င်းလစ်လပ် မဲဆန္ဒနယ်များမှာ ပြည်သူ့လွှတ် တော်တွင် မြို့နယ် (၄၀)၊ အမျိုး သားလွှတ်တော်တွင် လစ်လပ် မဲ ဆန္ဒနယ်(၆)မြို့နယ်နှင့်၊ တိုင်းဒေသကြီးမဲဆန္ဒနယ်တွင် (၂)မြို့နယ် ရှိကြောင်း သိရသည်။
အဆိုပါ(၄၈)မြို့နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များ မှာ ဖားကန့်၊ မိုးကောင်း၊ ဗန်းမော်၊ စစ်ကိုင်း၊ ပုလဲ၊ မင်းကင်း၊ ကျွန်းစု၊ ကောင်းလုံ၊ တောင်ငူ၊ထန်းတပင်၊ သနပ်ပင်၊ လက်ပံတန်း၊ မကွေး၊ ရေစကြို၊ မြိုင်၊ ပခုက္ကူ၊ ပွင့်ဖြူ၊ ဇမ္ဗူသီရိ၊ ပုဗ္ပသီရိ၊ ဒက်္ခိဏ၊ ဥတ္တရ သီရိ၊ ကျောက်ပန်းတောင်း၊ နွား ထိုးကြီး၊ မဟာအောင်မြေ၊ တံတားဦး၊ မိတ်္ထီလာ၊ ပြင်ဦးလွင်၊ မော်လမြိုင်၊ ကော့မှူး၊ သုံးခွ၊ ဒဂုံ မြို့သစ်(ဆိပ်ကမ်း)၊မင်္ဂလာတောင်ညွှန့်၊ လှည်းကူး၊ မရမ်းကုန်း၊ က လော၊ ပုသိမ်၊ မအူပင်၊ မြောင်းမြ၊ ၀ါးခယ်မ၊ မြန်အောင်တို့ဖြစ်ကြပြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် များမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၃)တွင် ကန့် ဘလူ၊ ကျွန်းလှ၊ ရေဦး၊တန့်ဆည်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ် (၇)တွင် ဗန်းမော်၊ ကောလင်း၊ ၀န်းသို၊ ပင်လည်ဘူး၊ ပဲခူးတိုင်းဒေသကြီး၊ မဲဆန်္ဒနယ် အမှတ်(၇)တွင် အုတ်တွင်း၊ ထန်း တပင်၊ မကွေးတိုင်းဒေသကြီး၊ မဲ ဆန္ဒနယ်အမှတ်(၄)တွင် တောင် တွင်းကြီး၊ရှမ်းပြည်နယ်၊မဲဆန္ဒနယ် အမှတ်(၃)တွင် လားရှိုး၊တန့်ယန်း၊ မိုင်းရယ်၊ သိန်္နီ၊ ကွမ်းလုံတို့ဖြစ်ကြ ပြီး ဧရာဝတီတိုင်းဒေသကြီး၊ မဲ ဆန္ဒနယ်အမှတ် (၁၀)တွင် ဖျာပုံ နှင့်ဒေးဒရဲမြို့နယ်များဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီးလွှတ်တော် လစ်လပ်မဲဆန္ဒနယ်များမှာ က၀ မြို့နယ်မဲဆန္ဒနယ်အမှတ် (၂)နှင့် ရေကြည်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂)တို့ဖြစ်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် ၏ထုတ်ပြန်ချက်မှ သိရသည်။

Read More

Popular Posts