'
အမိမြေ
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts
ဒီမိုကရေစီ ဆိုတာ ချိုနဲ့လား
ယခုအချိန်သည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးလည်းပြီး ပထမအကြိမ်လွှတ်တော်များ ပထမပုံမှန် အစည်းအဝေးများလည်းပြီး၍ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံအစိုးရသစ်လည်း ဖွဲ့ စည်းပြီးကာ တာဝန်များ ထမ်းဆောင် လျက် ပထမအကြိမ်လွှတ်တော်သုံးရပ် ဒုတိယပုံမှန်အစည်းအဝေးများပင်ပြုလုပ် နေပြီ။ နှစ်ပေါင်း ၂၀ကျော်အော်ဟစ်လာ  ခဲ့သော ဒီမိုကရေစီရရှိရေးဆိုသည့် အသံ တချို့သည် ပျောက်ပျက်မသွားသေး။ ပြည်သူများထဲမှာပင် ထိုအသိက အရိုး ထဲစွဲနေပြီ။ သို့သော် ယင်းသို့ပြောနေကြ သည့် ပြည်သူများထဲမှ ၉၀ရာခိုင်နှုန်းခန့် ပင်ဒီမိုကရေစီဆိုတာကို ဘာမှန်းမသိ။ မိမိတို့ထိတွေ့နေရသော အဖြစ်အပျက် များကို ခံစားကာသာ လက်ဖက်ရည်ဆိုင် များ ဈေးထဲမှာ ဘောလုံးပွဲမှာ ကားပေါ် မှာ တစ်ဦးနှင့်တစ်ဦးဆုံသောအခါ ပြော လို့ကောင်းတုန်းဖြစ်သည်။ အမှန်တော့ ဒီမိုကရေစီဆိုသည်ကို တကယ်သိမှသာ ဒီမိုကရေစီ၏ အရသာ၊ ဒီမိုကရေစီမှ ရပိုင်ခွင့်တို့ကို ထိတွေ့ခံစားနိုင်မည်ဖြစ် သလို အမှန်တကယ်ဒီမိုကရေစီကို မိမိတို့ရ၊ မရသိနိုင်ပေမည်။
သာမန်အခြေခံလူတန်းစားများ၊  အသိပညာနိမ့်ကျသူများအားလုံးကို ဆိုလို ခြင်းဖြစ်သည်။ မြန်မာပြည်သူတစ်ရပ်လုံး သည် ဒီမိုကရေစီဆိုသော စနစ်တစ်ခုနိုင်ငံ တွင်းဖြစ်ပေါ်ရေးကို အလွန်တရာလိုလား စိတ်ဝင်စားကြသည်။ အခြေခံအားဖြင့် တော့ စားဝတ်နေရေးကျပ်တည်းမှုဆို သောအရာမှ ယင်းလိုလားချက်တို့ဖြစ် ပေါ်လာခြင်းဖြစ်သည်။ ဒီမိုကရေစီဆိုသည် မှာ ပြည်သူအများစုနားလည်သည်က ဒါကြီးရလျှင် ငါတို့အဆင်ပြေနိုင်သည် ဟူ၍သာ ““ဒီ””ဆိုတာ ဘာအဓိပ္ပာယ်၊ ““မို”” ဆိုတာ ဘာအဓိပ္ပာယ်ဆိုတာမဟုတ်။ မျဉ်းကွေးများ၊ မျဉ်းဖြောင့်များနှင့် သီအိုရီ  သဘောတရားများမဟုတ်။ ယင်းတို့နှင့် ပြောဆိုနေလျှင်လည်း လူတစ်ရာတွင် လူကိုးဆယ်မှာခေါင်းရှုပ်ခံပြီး လေ့လာမည် မဟုတ်။ ၎င်းတို့၏ အခက်အခဲအကျပ် အတည်းပြေလည်မှုသည်သာ ဒီမိုကရေစီ ဖြစ်သည်။
တိုင်းပြည်တွင် လူတိုင်းအဆင်ပြေ လျှင် ဆင်းရဲချို့တဲ့မှုများ ပပျောက်လျှင် တစ်ဦးချင်းဝင်ငွေများမြှင့်တက်၍ မိသားစု တိုင်းလူတန်းစေ့နေနိုင်လျှင် တိုင်းပြည် ချမ်းသာကြွယ်ဝလာခြင်းဖြစ်သည်။ သို့ ဆိုလျှင် တိုင်းပြည်၌ အဘက်ဘက်မှ ဖွံ့ ဖြိုးတိုးတက်မှုများဖြစ်လာမည်။ ဒါသည် အလွန်ကောင်းသည့်ဖြစ်ရပ်ဖြစ်သည်။ သို့ သော် ယင်းဖြစ်ရပ်သည် ယင်းအချက် များသည်ရော ဒီမိုကရေစီဆိုကာ ပြော ဆိုပေးလိုက်ရုံနှင့်မရ ဒီမိုကရေစီစနစ် တစ်ရပ်၏ အခြေခံအခွင့်အရေးများ၊ ဒီမို ကရေစီစနစ်နှင့် လျော်ညီသော အခြေခံ ဥပဒေများ၊ ဒီမိုကရေစီစနစ်နှင့်လျော်ညီ သောလုပ်ငန်းဆောင်ရွက်ချက်များပါရှိမှ ဖြစ်မည်။ ယင်းသို့ ပါရှိရန်မှာလည်း ပြည် သူလူထုတစ်ရပ်လုံး ဒီမိုကရေစီဆိုသည် ကို သေချာစွာ သိဖို့လိုအပ်သည်။ သို့ မဟုတ်လျှင် အနှစ်မပါသော ဒီမိုကရေစီ သာဖြစ်လိမ့်မည်။ နိုင်ငံတော်အကြီးအကဲ များ မျှော်မှန်းဆသော စစ်မှန်ပြည့်ဝသည့် ဒီမိုကရေစီဖြစ်လာမည်မဟုတ်။ ဒီမို ကရေစီဆိုသည်ကို မသိလျှင် စစ်မှန်ပြည့်ဝ သော ဒီမိုကရေစီကိုလည်းရအောင် ယူ နိုင်မည်မဟုတ်။
ပြည်သူများသည် နိုင်ငံရေးသမား များ ရွေးကောက်ပွဲဝင် လွှတ်တော်များ ပေါ် အစိုးရအဖွဲ့ပြောင်း အုပ်ချုပ်ရေးပုံစံ ပြောင်းလျှင် ဒီမိုကရေစီဆိုတာကြီး အလို လျောက်ရလာမည်ဟု တွက်ဆထားခဲ့ကြ သည်။ ရွေးကောက်ပွဲကာလနိုင်ငံရေး သမားများ၏ စကားလှိုင်းများကြား ပျော် ပျော်ကြီးစီးခဲ့ကြသည်။ ဒီမိုကရေစီကို နား လည်အောင်လုပ်ရမည်မှာ နိုင်ငံရေးသမား များ၏ တာဝန်၊ ငါတို့က ဒီမိုကရေစီဆို တာကြီးရရင်ပြီးရောဟု လက်သီးလက် မောင်းတန်းခဲ့ကြပုံရသည်။ သို့သော် ဒီမို ကရေစီဆိုသည်မှာ အချို့ပြည်သူများ ထင်သလို ပရမ်းပတာမဟုတ်။ လူသား များ၏ မွေးရာပါလွတ်လပ်ခွင့်များနှင့် လူ သားတိုင်းတန်းတူအခွင့်အရေးများ ခံစား နိုင်ခွင့်ဖြစ်သည်။ အကျင့်ပျက်ခြစားမှုများ ပပျောက်ခြင်းသည် ဒီမိုကရေစီမဟုတ် ဆင်းရဲချမ်းသာကွာဟချက်မြင့်မားခြင်း၊ မမြင့်မားခြင်းသည် ဒီမိုကရေစီမဟုတ်၊ တဲပေါ်မှ တိုက်ပေါ်ရောက်ခြင်းသည် ဒီမို ကရေစီမဟုတ်။
ဒီမိုကရေစီဆိုသည်၏ အခြေခံအခွင့် အရေးများကို ဒီမိုကရေစီစနစ်အခြေခံ ဥပဒေများတွင် ဖော်ပြထားလေ့ရှိသည်။ ယင်းအခြေခံအခွင့်အရေးများမှာ
-    တစ်ဦးချင်း လွတ်လပ်ခွင့်နှင့် သူ့ ကိုကိုယ်မထိပါး၊ ကိုယ့်ကိုသူမထိ ပါးဘဲ စည်းကမ်းဘောင်ရှိသော လွတ်လပ်ခွင့်။
-    လွတ်လပ်စွာ ယုံကြည်သက်ဝင် တွေးတောဆင်ခြင်ခွင့်။
-    လွတ်လပ်စွာ ပြောဆို၊ ရေးသား၊ ဖော်ပြခွင့်။
-    လွတ်လပ်စွာ သင်းပင်းဖွဲ့စည်း စုဝေးစည်းရုံးခွင့်။
-    လွတ်လပ်စွာ ဘာသာရေး ကိုးကွယ် ယုံကြည်ခွင့်။
-    မတရားသဖြင့် ဖမ်းဆီး၊ ချုပ်နှောင် မှုမရှိဘဲ မျှတတဲ့ အများလက်ခံ သော တရားဥပဒေအောက်တွင် လုံခြုံစွာ နေထိုင်နိုင်ခွင့်။
-    စီးပွားရေး၊ လူမှုရေးကိစ္စရပ်များ တွင် တစ်ဖက်စောင်းနင်း မတရား ဖြစ်မှုမှ ကင်းလွတ်၍ လွတ်လပ် စွာ လုပ်ကိုင်ဆောင်ရွက်ခွင့်။
-    လူမျိုး၊ ဘာသာ၊ လိင်နှင့် အဆင့် အတန်းမခွဲခြားဆက်ဆံမှု။
-    လူတိုင်းတွင် ကိုယ်စွမ်းရှိသလောက် လုပ်ပိုင်နိုင်ခွင့်နှင့် ရပိုင်ခွင့်။
-    နိုင်ငံပိုင် ရေမြေ၊ တောတောင်၊ သဘာဝသယံဇာတများကို နိုင်ငံ သားတိုင်းသာတူညီမျှ ဝေမျှခံ စားပိုင်ခွင့်။
-    လူတိုင်းပညာသင်ယူနိုင်ခွင့်။
-    လူမျိုးစုတိုင်း၊ လူတိုင်း၊ ဘာသာ တိုင်း၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကိစ်္စရပ်များအား အထူး ကာကွယ်စောင့်ရှောက်ပေးခြင်း ခံရပိုင်ခွင့်။
တို့ဖြစ်သည်။
ယင်းအချက်များသည်သာ ဒီမို ကရေစီဆိုသည်ဖြစ်ပြီး ယင်းအချက်များ ကို သိရှိနားလည်မှသာ စစ်မှန်ပြည့်ဝ သော ဒီမိုကရေစီရရှိနိုင်မည်ဖြစ်သလို ရရှိ ရန် ဆောင်ရွက်လုပ်ကိုင်နိုင်မည်ဖြစ်သည်။ ဒီမိုကရေစီ၏ အခြေခံအခွင့်အရေးများ သည် နိုင်ငံသားပြည်သူတိုင်းနှင့် သက် ဆိုင်နေသလို စစ်မှန်ပြည့်ဝသော ဒီမို ကရေစီရရှိရေးသည်လည်း နိုင်ငံသား ပြည်သူတိုင်းနှင့် သက်ဆိုင်ပေသည်။ အစိုးရတစ်ဖွဲ့၊ နိုင်ငံရေးဆောင်ရွက်သူ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့နှင့် ပြည်သူ့အလွှာတစ်ခုနှစ်ခုနှင့် ဒီမိုကရေစီ ရရှိရေး၊ ဒီမိုကရေစီအခြေခံအခွင့်အရေး များ မဖော်ဆောင်နိုင်။ နိုင်ငံသားပြည်သူ တိုင်း ဒီမိုကရေစီကို နားလည်၍ ဒီမိုကရေစီ ရရှိအောင် ၀ိုင်းဝန်းဖော်ဆောင်မှသာ စစ် မှန်ပြည့်ဝသော ဒီမိုကရေစီကို ရရှိနိုင်ပေ မည်။ ဒီမိုကရေစီဆိုတာချိုနဲ့လားဟုမေး နေကြမည်သာဆိုလျှင်တော့။
အံ့မင်းကျော်
Read More
အမြင်ကွဲပြားမှုမှသည် တိုးတက်မှုဆီသို့
Facebook ပေါ်မှာ တပ်မတော်နဲ့ ပတ်သက်ပြီး ရေးသားတဲ့ စာ ၂ စောင်ကို ဒီနေ့ ဖတ်ရပါတယ်။ ကွန်မန့်တွေလည်း အများကြီး ဖတ်ရပါတယ်။ ဗဟုသုတ အများကြီးရပါတယ်။ ပြည်သူတွေ ဖြစ်စေချင်တဲ့ ဆန္ဒတွေကိုလည်း သိရပါတယ်။ တချိန်တည်းမှာပဲ ဒီမိုကရေစီ ခရီးအတွက် စိုးရိမ်ပူပန်မိလာရတာ ရှိပါတယ်။  
တပ်မတော် ဆိုတာလည်း ပြည်သူထဲက ပြည်သူတွေဖြစ်ပြီး နိုင်ငံတာဝန် ထမ်းဆောင်နေသူတွေပါပဲ။ တိုင်းပြည်တခုမှာ ပြည်ပကျူးကျော် ရန်စတိုက်ခိုက်မှုတွေကို  ကာကွယ်ပေးဖို့ စစ်တပ်မရှိဘဲ ရပ်တည်နိုင်ဖို့ ဆိုတာက အင်မတန် ခက်ခဲတဲ့ကိစ္စပါ။ စစ်သည်တွေဟာ အသက်နဲ့လဲပြီး တာဝန်ထမ်းဆောင်သူတွေ ဖြစ်လို့လည်း လေးစားရပါတယ်။ စစ်အာဏာရှင်စနစ်ကို အသက်သွင်း အကောင်အထည်ဖော်တဲ့ ခေါင်းဆောင်တွေနဲ့ တပ်မတော်ကို ခွဲခြားမြင်တတ်ရင် အဖြေရှာရတာ လွယ်သွားပါမယ်။
ထိုက်သင့်တဲ့ စားဝတ်နေရေး၊ လုံခြုံမှုနဲ့ တိုးတက်ဖွံ့ဖြိုးမှုတွေအပေါ်မှာ မြန်မာနိုင်ငံသားတိုင်း ဘယ်သူမဆို ဘယ်အချိန်မဆို တူညီစွာ ခံစားပိုင်ခွင့် ရှိနေရပါမယ်။ တပ်မတော်သားတွေလည်း ခံစားပိုင်ခွင့် ရှိပါတယ်။ ဆင်းရဲတွင်းနက်ပြီး ဘဝလုံခြုံမှုတွေကို မခံစားနိုင်သေးတဲ့ ပြည်သူတွေအထဲမှာ တပ်မတော်သားတွေနဲ့ သူတို့ မိသားစုတွေလည်း ပါဝင်နေပါတယ်။ ဒါကြောင့် ခွဲခြားလို့ မရပါဘူး။ ဒီမိုကရေစီရဲ့ သဘောကိုက ခွဲခြားခြင်း မရှိတာကြောင့် ကနေ့ မြန်မာနိုင်ငံသားတွေအတွက် အင်မတန် သင့်တော်တဲ့ အနေအထားဖြစ်နေပါတယ်။  
ဒီမိုကရေစီ ကျင့်သုံးတဲ့ နိုင်ငံရေးစနစ်ကို တူညီတဲ့ဆန္ဒနဲ့ တည်ဆောက်နေချိန်မှာ ခံစားချက်တွေအရ တဦးနဲ့တဦး၊ တဖွဲ့နဲ့တဖွဲ့ အမြင်ကွဲပြားတာတွေ ရှိနိုင်ပါတယ်။ အမြင်ကွဲပြားရင် လွတ်လပ်စွာ ဆွေးနွေးနိုင်ပါတယ်။ အခြေခံ ထားရမှာက အပြုသဘောနဲ့ တိုးတက်စေဖို့သာ ဖြစ်ပါတယ်။
အပြုသဘော ဖြစ်စေတဲ့ စရိုက်မျိုးဟာ မြန်မာနိုင်ငံမှာ အရေးတကြီး လိုအပ်နေတဲ့ စရိုက်ဖြစ်ပါတယ်။ ဒါကလည်း မကောင်းတဲ့ ခေတ်စနစ်တခုကို ဖြတ်သန်းပြီးချိန်မှာ ကျန်ရစ်ခဲ့တဲ့ ဆိုးမွေလို့ ပြောနိုင်ပါတယ်။ တကယ်လို့ အပြုသဘောကို အခြေခံမိသွားတဲ့အခါ ပုဂ္ဂိုလ်စွဲနဲ့ အဖွဲ့အစည်းအစွဲတွေ လျော့ကျသွားပါတယ်။ ဆွေးနွေးရင်းနဲ့ အတွေးအခေါ်သစ်တွေ စဉ်းစားမိလာပါတယ်။ အစီအစဉ်သစ်တွေ အကောင်အထည်ဖော်ဖို့ ဖြစ်လာပါတယ်။
အမြင်ကွဲပြားစွာ ဆွေးနွေးနေကြသူတွေအနေနဲ့ လက်ရှိ ကြိုးပမ်းနေတဲ့ ရည်မှန်းချက်တွေအပေါ် အထစ်အငေါ့မရှိ အောင်မြင်နိုင်စေဖို့ကိုသာ စိတ်ဝင်တစား အားပေးကြရပါမယ်။ ဒါဆိုရင် ကျနော်တို့အားလုံး မျှော်လင့်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းနေတဲ့ကိစ္စတွေ အောင်မြင်ပြီး ပြည်တွင်းငြိမ်းချမ်းရေးကို မြန်မြန် ရနိုင်ပါမယ်။ အဲဒီအခါမှာ အနာဂတ်ဘဝတွေ စိတ်ချလုံခြုံပြီး တိုးတက်ဖွံ့ဖြိုးလာမှာကို ပြည်သူတွေအားလုံး တပြေးညီ မြန်မြန် ခံစားနိုင်ပါမယ်။
ခေတ်သစ်မြန်မာနိုင်ငံကို တည်ဆောက်နေကြတာဖြစ်လို့ လက်ရှိနိုင်ငံရေးအခင်းအကျင်းတွေ တိုးတက်လာအောင် မြန်မာပြည်သူတိုင်းက ပံ့ပိုးကူညီသင့်ပါတယ်။ ပြည်သူတွေဖြစ်ကြတဲ့အတွက် ကိုယ်တာဝန်ယူတဲ့ကိစ္စ၊ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာရေး ဆိုပြီး အစွဲထား ခွဲခြားနေလို့ မဖြစ်ပါဘူး။ နိုင်ငံသမ္မတကအစ လယ်သမား၊ အလုပ်သမား၊ ကျောင်းသား၊ တပ်မတော်သား၊ စာရေးစာချီ၊ ခေါင်းရွက်ဗျတ်ထိုး ဈေးရောင်းသူတွေ အဆုံး အားလုံးက တမျိုးသားလုံး ကောင်းစားရေးစိတ်ဓါတ်နဲ့ ပါဝင်ပံ့ပိုးရမှာပဲ ဖြစ်ပါတယ်။
ပြည်သူတွေ များများနဲ့ ကျယ်ကျယ်ပြန့်ပြန့် ညီညီညွတ်ညွတ် ပါဝင်လေ ရည်မှန်းချက်ကို မြန်မြန်ရောက်လေဖြစ်လို့ နိုင်ငံတကာနည်းတူ ဒီမိုကရေစီရဲ့ ကောင်းတာတွေကို မြန်မြန်ကြီး ခံစားရမှာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုလျက်….
လွင်အောင်စိုး
၁၁-၂-၂ဝ၁၂
Ref : http://www.facebook.com/notes/
Read More
၆၄နှစ်မြောက်ဂုဏ်ပြုဆောင်းပါး
(တိုင်းရင်သားအချင်းချင်းညီညွတ်ရေး၊တိုင်းသူပြည်သားလူထုအချင်းချင်း၊အဲ့ ဒီညီညွတ်ရေးနှစ်ခုမရှိသမျှကာလပတ်လုံးဒီတိုင်းပြည်ဟာလွတ်လပ်ပင်လွတ်လပ်ငြားသော်လဲဘယ်ပါတီတက်တက်၊ဘယ်အစိုးရလုပ်လုပ်
ဖာသယ်တိုင်းပြည်ဖြစ်နေမှာပဲလို့ ကျနော်ပြောချင်တယ်။အဲ့ ဒီတော့ ကာနှစ်ခုကိုခင်ဗျားတို့ မပျက်ပြားပါစေနဲ့ ၊ဘယ်သူကဘာလုပ်လုပ်မပျက်ပါစေနဲ့ အဲ့ ဒါအင်မတန်အရေးကြီးဖြစ်ပါတယ်၊)လို့ ပြောခဲ့ ပါတယ်။အဲ့ လိုညီညွတ်မှုတွေဖြစ်အောင်လို့ အခုလက်ရှိနိုင်ငံအကြီးအကဲတွေလုပ်နေတာအားလုံးလဲအသိပါဘဲ။ကျွန်တော်တို့ လုပ်နိုင်တယ်ကောင်းတယ်လို့ ကိုယ်နိုင်ငံကောင်းဖို့ လို့ 
အတွက်ကျွန်တော်တို့ တွေညီညွတ်ကြရမယ်အချင်းချင်းကူညီရမယ်နိုင်ငံကလိုအပိလို့ ချမှတ်တဲ့ စည်းကမ်းတွေကိုအရှေ့ မှာရောအနောက်မှာပါကိုယ့် အသိတရားနဲ့ လိုက်နာကြရပါမယ်။အဲ့ လိုကောင်းဖို့ အတွက်လိုက်နာကြသလိုမကောင်းဘူးမဖြစ်သင့်ဖူးဆိုရင်လဲရဲရဲဝံဝံတင်ပြဖို့ လိုပါတယ်။အဲ့ ဒါမှလွတ်လပ်တဲ့ခောတ်မီဒီမိုခရေစီနိုင်ငံတော်ဖြစ်မှာပါ။
(လူမှာအရေးကြီးဆုံးနှစ်ခုဘဲရှိတယ်၊အဲဒါကိုယ်ကျင့်တရားရယ်အမှန်တရားကိုမြတ်နိုးမှုရယ်(Love of truth)ဒါဘဲဖြစ်တယ်ဘယ်နေရာမှာမဆိုအမှန်ကိုအမှန်အတိုင်းပြောရမယ်ပြောဝံတဲ့ သတ္တိလဲရှိရမယ်)။ဒီစကားစုလေးဗိုလ်ချုပ်ပြောသွားတဲ့ ဟာကကျွန်တော်တို့ အမှန်ကိုအမှန်တိုင်းကိုယ်နိုင်ငံကောင်းဖို့ ပြောဖို့ အားပေးထားတယ်ဆိုတာကိုအားလုံးလဲသိပါတယ်။ဒါကြောင့်ကျွန်တော်တို့ တစ်မျိုးသားလုံးယခု၆၄နှစ်မြောက်လွတ်လပ်ရေးနေ့ မှသည်နောက်နှစ်စဉ်ဆက်တိုင်းအတူတကွလွတ်လပ်တယ်ဆိုတဲ့ နိုင်ငံတင်မဟုတ်ဘဲခောတ်မီနိုင်ငံတော်ဖြစ်အောင်ကြိုးပမ်းကြပါလို့ အကြံပေးတိုက်တွန်းရေးသားလိုက်ပါတယ်။ဒီနေ့ လွတ်လပ်းရေးနေ့ မှာလည်လူသားတိုင်းစိတ်နှလုံးကြည်သာပီးလွတ်လပ်ငြိမ်းအေးပျော်ရွင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ကနောင်စစ်သည်
ဒို့ ပြည်ကိုမထိနဲ့ မီးပွင့် မည်။
၆၄နှစ်မြောက်လွတ်လပ်ရေးနေ့ ကိုဂုဏ်ပြုပါတယ်။
ဒို့ ဘာသာသာသနာကိုမထိနဲ့ ။
နောင်တစ်ခောတ်အောင်စစ်သည်တွေရှိတယ်။
Read More
မုန်းချင်လဲမုန်းလိုက်ပါ
ကျွန်တော်တို့ တွေ ပြောလိုက်ရင်ဗုဒ္ဒဘာသာမြန်မာလူမျိုး လောကမှာ အကြင်နာတရားနဲ့ ပြည့်ဝပီး ရင်မှာနက်ရိုင်းစွာကိုးကွယ်တယ်တဲ့
ပီးရင်ကြည့်လိုက် ဘယ်နှစ်ယောက်များ လူငယ်တွေ ဘုန်ကြီးကျောင်း ဥပုဒ်နေ့ မှာရှိသလဲ တစ်ပါတ်တစ်ခါ ဘယ်သူများ ဘုန်ကြီးကျောင်
သွားသလဲ ကြည့်လိုက် ခလေးနဲ့  သက်ကြီးရွယ်အိုတွေများတယ် တရားကို ကျွန်တော်တို့ တရားမရှာနိုင်ရင်နေပါ တကယ်ကျောင်းကန်
စေတီ ဘုရားတွေမှာ ဂျင်းဘောင်းဘီ စကတ်အတိုနဲ့  ၇ွာထိပ်ကဘုန်ကြီးကျောင်းတွေ ဘုရားတွေမှာချိန်းတွေ့ လို (အတွဲများ မသင့်မလျော်မပြုလုပ်ရ၊စကတ်အတိုများနှင့်မတတ်ရ)ဆိုပေါ်လာတာမလားအဲ့ဆိုင်းပုဒ်တွေပေါ်လာတာမလား။ဘာသာခြားစော်ကားတော့မှ မနာနဲ့ လေကိုတွေ ကရောဘယ်လောက် ကို့ ယုံကြည်မူကိုလေးစားနေလဲဘယ်သူတွေလုပ်တာလဲ???အဲ့လို အနေအထားမျိုးတွေ ရောက်လာလို့ ပြင်မပြောခင်  ကျွန်တော်တို့ တွေကိုယ်တိုင် ဘယ်လောက်များ ဘုရားတရားကို ရင်မှာ ကိန်းဝပ် နေပီလဲ သူတို့ ဘယ်လောက်ဘဲ စော်ကားစော်ကား သူ့ စရိတ်နဲ့ သူသွားပါလိမ့် မယ်။ထားပါကိုယ့်အကြောင်းကိုဘဲပြောမယ် သူများအကြောင်းမဝေဖန်ဘူး။ ကျွန်တော်တို့ တွေ ဘုရားမှာဖိနပ်မစီးရ၊ ဟိုဟာမလုပ်ရဒီဟာမလုပ်ရလိုက်လံပိတ်ပင်စရာ ဘာကြောင့်လိုလာတာလဲ ဘာကြောင့်လဲ သူများဘာသာကလာစော်ကားပြောဆိုသွားမှ နာပီ မနေနဲ ကျွန်တော်တို့ ကိုယ်တိုင်
လေစားမူဘယ်လောက်ရှိနေပီလဲ????
ကဲသူများမေးလို့ ဖြေပါပီ ရွေမြန်မာ ကျွန်တော်တို့ ကြွားပီ တကယ် လာကြည့် လမ်းဘေးမှာ အမှိုက်မပစ်ရဆောင်ပုဒ်လေ ထောင်ထားတယ်ကွမ်းတံထွေးလေထောင်ထားတယ် လမ်းမပေါ် ကားတစ်စင်းထွီခနဲ နေအောင် ထွေးသွားတယ် လမ်းမပေါ်မှာရဲပလောင်ခတ်နေတယ်လမ်းသွယ်ထဲဝင်လိုက် ညမှာလူလစ်တုန်း ကစ်သွားတဲ့ မစင်တောင် မခြောက်သေးဘူး အမှိုက်ဆိုတာတော့ မပြောတော့ဘူး ပီးမှစည်ပင် ကလာမလုပ်သလိုအော်ကြတယ် အဲ့အမှိုက်ဘယ်သူပစ်သလဲ အဲ့ကွမ်းတံထွေး
ဘယ်သူထွေးတာလဲ???? ဟင်မင်းတို့ နိုင်ငံ နိုင်ငံကြီးတာ မပီသဘူး အဆင့်အတန်းကိုမရှိဘူးပြောသွား မခံပြင်းနဲ့  ကျွန်တော်တို့ 
ထွေး ကျွန်တော်တို့ လုပ်ထားတာမဟုတ်လား ဒီဆိုင်ပုဒ်တွေ ဘာလို့ ထောင်နေရတာလဲ????
အော်ရှေးဟောင်းရိုးရာတွေ အလွန် လှပါတယ်ဆိုတဲ့ နေရာတွေ ဘုရားကျောင်းကန် ရင်ပြင်တွေ တောင်ပေါ်ဘုရားတွေ လာလည်
ိလို့  လိုက်ပြ အဝေးက ကြည့်တော့ လှလိုက်တာချီးမွမ်း အနီးကပ်ကြည့်တော့ ကဲဇတ်လမ်းစပီ အဖြူတမျိုး အမဲတစ်ဖုံ ရေးထားတဲ့
နာမည်ကင်ပွန်းတပ် အချစ်ကြောင်းတွေ လှပစွာ သရုပ်ဖေါ်ထားတာ ကြောင်ကိုရေထဲနစ်ထားသလို ဖွာစုတ်စုတ် ဟိုတစ်ကွက်
ဒီတစ်ကွက် နှာခေါင်းရှုံ ခေါင်းမော့ အထင်သေး မျက်လုံး အရောင်တွေ့ လို ကြီးကျယ်တယ်သွား မပြောနဲ့  အဲ့စာတွေ ဘယ်သူရေး
ခိုင်းလို့ လဲ ကျွန်တော်တို့ တွေရေးတာဘဲမဟုတ်လား???
ကို့ နိုင်ငံက ကောင်မလေးတွေ ကြည့်လိုက်သူများနိုင်ငံအထင်ကြီးလေစား နိုက်ကလပ်တတ် အရက်သောက်ပီးတော့ တွဲပြကဲကြ ဟိုက
လှမ်းပြော ဟေ့မင်းတို့ုမြန်မာမတွေကွာ ညကစောက်ရမ်းမိုက်တာကွ သိလား ပါသွားပီ မခံပြင်းနဲ့  ကျွန်တော်တို့ ကိုယ်တိုင်ရော တရုတ်မ
လေးမြင် ကိုရီးယားမလေးမြင် ငမ်းလိုက်တာပါ ကိုက တော့အရှက်တရားနဲ့  နိုင်ငံမို့  လျော့ ပေးလိုက်တာ ဆိုပေမဲ့  ဟို ငတိတွေက
မြန်မာမလေးတွေ ကွာ ဆိုပြောသွားကြရအောင်လုပ်ခဲ့တယ် မတင်းနဲ့  ကျွန်တော်တို့ ကိုယ်တိုင် ကိုယ့်မြန်မာလူမျိုး ခြင်းထက် တိုင်းတပါး
သားကို အထင်းကြီးလေစားနေတာမလား ကျွန်တော်တို့  မြန်မာမလေးကို နာလည်းမူပေးပီ ပွင့်ပွင့်လင်းလင်းဆက်ဆံနေခဲ့ လို့ လား
အခွင့်အရေးပေးခဲ့လို့ လား ဟိုက ပွင့် လို့ ရတဲ့နေရာမှာ ပွင့်တော့ ပြောရော သူတို့ မိန်းခလေးတန်မဲ့ မပြောနဲ့ ကျွန်တော်တို့ ကိုယ်တိုင်
ဘယ်လောက်ဆွဲဆောင်ပီး နာလည်မူပေးပွင့် ပွင့်လင်းလင်းထိန်းသိမ်းနေလို့ လဲ????၁၈နှစ် မပြည့်မီ အရက်ဘီယာ ဆေးလိပ်မသောက်ရ
ဘယ်သူများ  တားဖူးလဲ????
ဟင်မြန်မာတွေ သွေးရဲလိုက်တာမှာရဲလို့  နီနေတာဘဲ ပြောကြိုက်သလို ဖြစ်ပြန်ပီးခဏနေ ကျောင်းသားရိုက်ပွဲ ဘယ်သူကတော့ ရိုက်
လိုက်တာ ဘယ်လို ဖဲ့ လိုက်တာ ကြားလိုက်ရတာအချင်းချင်း ကဲဟို လူမျိုးခြားရှေ့ ရောက်တော့ ခေါင်းပုံဖြတ် အမြတ်ထုတ်တော့ ခေါင်း
လေးတွေငုတ် ဟုတ်ဘော့စ် ဟုတ်ဘော့စ်နဲ့ ကိုယ့်ညီမအမြတ်ထုတ်ခံလိုက်ရလို့  မသိနေခဲ့ရတယ် ညီမတစ်လုံးနဲ့ ကျန်ခဲ့မှ မျက်ရည်လေး
ထုတ် မကြေကွဲနဲ့  တကယ် အလေးပေးဆက်ဆံနေတာ ကျွန်တော်တို့ မလား ကိုယ့်ချင်းစည်းရုံးဖို့ ထက် တိုက်ခိုက်ဖို့  လုပ်နေတာမလား
လက်တစ်လုံးခြား အခွင့်ရေး ကျွန်တော်တို့ ပေးခဲ့တာမလား????
ကိုယ့်နိုင်ငံ တကယ်စီပွားရေးတွေ ဝင်နှောင့် ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရ ပိတ်ခံရမှ မတင်းနဲ့ လေ ကျွန်တော်တို့ မှာ အံတုနိုင်တဲ့ ကြိုးစာ
မူ ပါရှိခဲ့ လို့ လဲ လမ်းဘေးကားတိုက်သေမလို ဖြစ်နေတာကို ဝိုင်းကြည့်နေတတ်သလို ဘာအရင်လုပ်ဖို့  မစဉ်စား တွေဝေ ပီး ဝေဖန်
လေကန်နေကြတာ သေတဲ့လူသေမှ ဆေးရုံးရောက်သွား သလို့ ဖြစ်သမျှ ပြသာနာကို ကိုယ်ကချည်းဘဲ မသိသလို နေဝင်လုပ်တဲ့လူ
ကို မင်းအမူတွဲထဲ ပါမယ်ဆိုကြောက်ရွံနေတာ ဝေဖန်လေကန်ရင်းတွေဝေနေတာ ကျွန်တော်တို့ ဘဲမလား ပိတ်ဆို့ မူတွေ တိုက်ဖျက်
ကြိုးစား မယ် အလုပ်မရှိဘူး ရှားတယ်ချည်း အော်နေ တကယ်အလုပ်ကို ကြိုးစားပီး ရှာဖွေဖို့ မလုပ်ခဲ့ တာ ကျွန်တော်တို့ တွေမလား
သူတောင်းစားကို ခလေးနဲ့ အများဆုံးထုတ်ပီး ဖင်မနိုင်ပဲချည်း ဟင်းစား လွယ်လွယ် အလုပ်လုပ်ဖို့ ကြိုးစားခဲ့ကြတာ ကျွန်တော်တို့ 
ဘဲမလား????
မင်းတို့  သူများနိုင်ငံအလုပ်လုပ် မယုံနဲ့ မြန်မာဆို နှိမ်ထား ဒီကောင်တွေကိုစောင့် ကြည့် သူခိုးဖမ်းတဲ့ မျက်လုံးနဲ့ ကြည့်ခံရလို့  စိတ်
မဆိုးပါနဲ့  ကျွန်တော်တို့ နိုင်ငံသောက်ရေ အိုးစင်တွေမှာ ခွက်တွေခုချိန်ထိ သံကြိုးဆွဲထား ဘုရားတတ်ချင်ရင်ဖိနပ်ကို သော့ခပ်ပီး
အပ်ထားခဲ့ရတာ မလား အဲ့လို့ ရေအိုးစင်က ရေခွက်တွေ ပြောက်တာဘယ်သူတွေကြောင့်လဲ ဖိနပ်တွေ လုံခြုံတဲ့ နေရာမှာ ထားရ
တာဘယ်သူကြောင့်လဲ သူခိုးတွေလို့ ပြောမှ မခံပြင်းနဲ့ လေ အဲ့လို ဖိနပ်တွေ ရေခွက်တွေ အမြဲ ဒီတိုင်းထားနိုင်အောင် ကျွန်တော်
တို့ လုပ်နိုင်ပီလား????
နိုင်ငံခြားမှာ ပညာသင်မယ် ဟိုဟာထွင်မယ် ဒီဟာထွင်မယ်ကြိုက်သလို ပြောတကယ်လာကြည့် ကျောင်းသားဘဝ မူလတန်းခလေး
တွေ သွားကြည့်  ကြိုးခုန် ဂေါ်လီလိမ့် ကျောင်းကပြန်ရင်အိပ် ကျွန်တော်ကိုယ်တိုင်လဲတူတူဘဲ အလယ်တန်းခလေးတွေ သွားကြည့်
နည်းနည်းကြီးလာတော့ ဂိမ်းလောကထဲ စဝင် ပျော်မြူး အပျော်သာဖက်ခဲ့တာမလား အထက်တန်းကျောင်းသား ကျတော့ အံမယ်
ဆေးလိပ်လေးနဲ့  ရည်စားလေးထားချင်လို့  အတွဲလေးတွေရှိသေး ဗျာ ကဲပြောပီ မြန်မာနိုင်ငံပညာရေး စနစ် အရမ်းနိမ့် ပါးလွန်းတယ်
မနာနဲ့  ကြိုးစားတဲ့ ခလေးက ၅၀မှာ ၅ယောက်ဘဲရှိတယ် လေ သူများနိမ့် ပါးလှပါတယ်ဆိုတာကို တဖုန်းဖုန်းကျနေကြတာ ကျွန်တော်
တို့ ဘဲမလား အဲ့လိုမကြိုးစား ဖရီးရိုက်နိုင်သလောက် ရိုက်ခဲ့ တာ ကျွန်တော်တို့ ဘဲမလား????
ယူဒီမတ်အဲ့လမင်ကျမ်းကဆန့် ကျင်ဖီလာဖြစ်သော်အဆိုကိုမှားကြောင်းဖေါ်ပြပီး(စက်ဝိုင်းတို့ သည် အချင်းများပေါ်ရှိ စတုရန်းများ အချိုး
တိုင်းရှိကြသည်)သက်သေပြခဲ့သလိုဘဲ တကယ်ကျွန်တော်တို့သူများပြောတာကို မနာခင် စက်ဝိုင်းတစ်ခုရဲ့အတွင်းက စတုရန်းတွေ အချိုး
တူညီကြသလို(့ဘယ်သူမပြု မိမိ အမူလို )ကျွန်တော်တို့ ကိုယ်တိုင်လုပ်ခဲ့လို့ အားထုတ်မူမရှိခဲ့လို့  ကိုယ့်အချင်းချင်းအထင်မကြီးလို့  မကြိုးစားလို့ အပြင်ကနေလဲ အချိုးကျတဲ့ တန်ပြန်သက်ရောက်မူတွေ လာတာပါ တူညီတဲ့အချိုးတွေလာတာမလား????
ဒါကြောင်းဒီစာကိုရေးလို့ မုန်းခံလိုက်ပ့ါမယ် ဒါပေမဲ့ဗျာ ကျွန်တော်တို့ သူများ မျက်နှာ ပေါ်က မျက်ချေး ကို မကြည့်ခင် ကိုယ့်ကို မျက်နှာ
သစ်ပီးပီးလား အရင်ကြည့် ပါ ကျွန်တော်တို့ ကိုယ်တိုင် စည်ကမ်းမရှိ မဆင်မခြင်နေထိုင်မူ အပျင်းကြီးခဲ့လို့  ယခုချိန်ထိ ၆၄နှစ်ထိ
ပြောဆိုခံနေရတာ ပါ စော်ကားခံနေရတာပါ ပိတ်ဆို့ ခံနေရတာပါ အနှိမ်ခံနေရတာ ပါ ကိုယ်ပြုသော်ကံပဲ့ထင်သံ ကိုယ့်ထန်ပြန်လာ
မည်ဆို သလို ကျွန်တော်တို့  ပုံမလာလို့ အဲ့လို အသံတွေထွက်လာ တာပါ အဲ့တော့မနာပါနဲ့ ဗျာ။ခုချိန်မှာ အားလုံးနိုးထပီး အဲ့အသံတွေ
ပိတ်သွားအောင် အနှိမ်မခံရအောင်ကြိုးစားကြပါလို့ အားလုံးကိုအမုန်းခံရေးသားအကြံပေးလိုက်ပါတယ်။
                             လေစားစွာဖြင့် ကနောင်စစ်သည်
• ငါ သာလျှင် တော် ၊ သူ မတော် ဟု
လူတော် ထင်ပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊
• ကြွားရင်းနှင့် နစ် ၊
... ဝါးရင်း နစ်သည့်နစ်လျက်နေပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊
• အကောင်း ဆိုးထင် ၊ ဆိုး ကောင်းထင် နှင့်
အထင်လွဲပါ ၊ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမလဲ ၊၊
• သူ့ကို ငါညှိုး ၊ ငါ့ သူညှိုးနှင့်
အညှိုးကြီးပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊
• ညည်း၍ မပြီး ၊ ညူ မပြီးဘူး
အပြီးတကာ ၊ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့ ၊၊
နိုးကြ ထကြ မြန်မာတို့ ၊၊
သားမြေးတို့တွက် ကြိုးစားစို့ ၊၊ ၊
( မင်းသုဝဏ် )
တပ်နဲ့ ပြည်သူမြဲကြည်ဖြူ အကုန်စည်းရုံးပီ
ဒို့ ရိုးရာဒို့ ထိန်းမှာ
ခောတ်ပညာကြိုးစားရှာ
ယဉ်ကျေးမူ
Read More
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့မြန်မာပြည်ကိုပြန်ပေးဆွဲခဲ့တာနှစ်နှစ်ဆယ်ကျော်ပါပြီ
ကျွန်တော်စာ နည်း နည်း ရေးချင်ပါတယ် ပထမဆုံး စာထဲမှာပါမယ့် "ဗုဒ္ဒဘာသာ"ဆိုတဲ့ စာလုံးကို အရင် တောင်းပန်ပါတယ်။ ကျွန်တော်တို့ ဗုဒ္ဒဘာသာမှာ တစ်ဦးတစ်ယောက်က တစ်ဦးတစ်ယောက်ကို သို့မဟုတ် လူထုကို အကြပ်ကိုင်နှိပ်စက် ခြိမ်းခြောက်ခြင်းကို အဓမ္မ၀ါဒအဖြစ် လက်ခံ ကြပါတယ်။ ပြန်ပေးဆွဲခြင်း နိုင်လိုမင်းထက် ပြုမူခြင်း ကိုယ်ကျိုးအတွက် တစ်ပါးသူအား သို့မဟုတ် တစ်စုံတစ်ခုအား သိမ်းပိုက်ယူ ဆောင်ထားပြီး မိမိအကျိုးကို ရှာဖွေခြင်းဟာ အောက်တန်း နောက်တန်းကျ လှတဲ့အဓမ္မ၀ါဒ သာလျှင်ဖြစ်ပါတယ်။ဲ ဖြစ်စဉ်(၁) ကျွန်တော် အလုပ်လုပ်ရာ ရုံးမှ အကို တစ်ယောက်ဟာ ဖုန်းတစ်လုံး (ဟန်းဆက်+ဆင်းကတ်) ကျပျောက်သွားပါတယ်။ သူသတိထားမိတဲ့ အချိန်မှာဖုန်းဟာ လူတစ်ဦး လက်ထဲရောက်လို့ နေပါတယ်။ သို့သော် ဖုန်းကိုတော့ စက်ပိတ်ထားပါတယ်။ ဒီလိုနဲ့ ဖုန်းပျောက်သူ အကိုကြီးမှာ တစ်ချိန်လုံး သူ့ဖုန်းကို ဆက်ဆက်ပြီး ဖုန်းပြန်ဖွင့်မယ့် အချိန်ကို aစာင့်နေရပါတယ်။ ဒိလိုနဲ့ တစ်နေ့တာပြီးဆုံးပြီး နောက်တစ်နေ့နံနက်ပိုင်းမှာ ပျောက်သွားသောဖုန်းစက်ပြန်ဖွင့်ထားသဖြင့်သူပျော်ပြီးဖုန်းဆက်လိုက်ပါတယ်။ တစ်ဖက်မှအမျိုးသားတစ်ဦး လာကိုင်ပါတယ်။ဖုန်းပိုင်ရှင်အကိုကြီးမှ မိမိဖုန်းပျောက်သွားပါသဖြင့် ပြန်ပေးဖို့တောင်ပန်ရှာပါတယ်။ ထိုဖုန်းမှာမိမိကိုယ်ပိုင်ဖုန်းမဟုတ်ကြောင်းရုံးမှလုပ်ငန်းလိုအပ်ချက်အရ ထုတ်ပေးထားသောဖုန်းဖြစ်ကြောင်းပြောဆိုတောင်းပန်ရှာ ပါတယ်။ သို့သော်လည်းတစ်ဖက်မှပြန်လိုချင်လျှင်အလကားမရနိုင်ကြောင်းပြောဆိုသဖြင့် နောက်ဆုံးမှာ ငွေကျပ်၄၀၀၀၀(လေးသောင်းကျပ်) ပေးလျှင်ဖုန်းပြန်ပေးမည်ဟုပြောသဖြင့် ထိုသူချိန်းဆိုသောနေရာသို့သွားစောင့်နေခဲ့ပါတယ်။သို့သော်လဲချိန်းထားသောအချိန်ထက် နှစ်နာရီလောက်ပိုစောင့်ပြီးသော်လည်း ဖုန်းပြန်ပေးသမားမှာရောက်မလာပဲ ဖုန်းကိုစက်ပိတ်ထားခဲ့ပါတယ်။ယခုစာရေးနေချိန်ထိ ဖုန်းပြန်ရခြင်းမရှိသေးကြောင်းသိရပါတယ်။  ဒီနေရာမှာကျွန်တော်စဉ်းစားတာဟာ ကျွန်တော်တို့မြန်မာလူမျိုးတွေစိတ်ဓါတ် အဲ့လောက် အောက်ကျနောက်ကျဖြစ်နေပြီလား ဒီဖုန်းဟာ အချိန်တန်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ပိတ်ခိုင်းလိုက်တဲ့အခါ သူလဲသုံးမရ မူလဖုန်းပိုင်ရှင်လဲ ငွေကုန်ကြေးကျများမယ့်အခြေအနေပါ။ ကျွန်တော်နိုင်ငံခြားတိုင်းပြည်တွေကိုမရောက်ဖူးပါဘူး သို့သော်လည်း လေ့လာမိသလောက်မှာ တိုးတက်ချမ်းသာနေပါတယ်ဆိုတဲ့နိုင်ငံတွေမှာ လူတွေစိတ်ဓါတ်ဟာ ခုလိုဖုန်းပြန်ပေး သမားလိုစိတ်ဓါတ်မျိုးမဟုတ်ပါဘူး။ မိမိပိုင်ပစ္စည်းမဟုတ်လျှင် မိမိနှင့်သက်ဆိုင်သောပစ္စည်းမဟုတ်လျှင် ကိုင်ကြည့်ချင်လျှင်တောင် ခွင့်တောင်းတတ်ကြတယ်လို့သိရပါတယ်။ဖုန်းတစ်လုံးလမ်းမှာကျနေလျှင် ပိုင်ရှင်မှဆက်သွယ်တောင်းခံလာပါကကောက်ရသူ ဟာပိုင်ရှင်ကိုတိုက်ရိုက်သော်လည်ကောင်းရဲစခန်းတစ်ခုခုမှတဆင့်သော်လည်းကောင်း ဆက်သွယ်ပြီးပြန်ပေးတတ်တာကို လဲ ကိုရီးယားဇာတ်လမ်းတွဲတွေထဲမှာတွေ့ဖူးပါတယ်။ တစ်ဆက်တည်း ကမ္ဘာပေါ်မှာဖုန်း(အရှင်)ဖြုတ်တပ်အလွယ်တကူလုပ်လို့ရပြီး ညနေပိတ်လျှင်ဖုန်းခွက်အိမ်ပြန်သယ်သွားရတဲ့အများသုံးဖုန်းဆိုတာလဲမြန်မာပြည်မှာပဲရှိပါတယ်။ထားတော့ ခုနကလို ကိုယ့်ကိုယ်ပိုင် ပစ္စည်းဥစ္စာမဟုတ်ပါပဲ သိမ်းယူထားပြီးပိုင်ရှင်ကပြန်တောင်းတော့အကြပ်ကိုင်ငွေညှစ်တဲ့စိတ်ဓါတ်တွေဟာ မြန်မာတွေ ဗုဒ္ဒဘာသာတွေနေတဲ့နိုင်ငံမှာမရှိသင့်မဖြစ်သင့်တဲ့ကိစ္စတွေပါပဲ။ဒီလိုကိစ္စတွေရှိနေသမျှဟာ ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေ စိတ်ဓါတ်အဆင့်အတန်းအောက်ကျနောက်ကျဖြစ်နေဆဲလို့သတ်မှတ်ရပါမယ်။စိတ်ဓါတ်အဆင့်အတန်းတွေအောက်ကျ နောက်ကျဖြစ်နေတဲ့ နိုင်ငံသားတွေရှိတဲ့နိုင်ငံဟာလဲအောက်ကျနောက်ကျဖြစ်နေမှာပဲလို့ပြောချင်ပါတယ်။    ဖြစ်စဉ်(၂) ပြန်ပေးဆွဲတဲ့နေရာမှာလူတစ်ဦးတစ်ယောက် ပစ္စည်းတစ်စုံတစ်ခုကိုပြန်ပေးဆွဲတတ်သလို လူတစ်စု သို့မဟုတ် လူထုတစ်ရပ်လုံး၏လွတ်လပ်ခွင့်တန်းတူရည်တူခွင့်တွေကို မိမိအကျိုးတစ်စုံတရာအလို့ငှာ ထိန်ချန်ထားစေခြင်း ပိတ်ဆို့ဟန့်တားထား စေခြင်းဟာလဲအဓမ္မ၀ါဒပြန်ပေးဆွဲဝါဒဖြစ်ပါတယ်။ကျွန်တော်ဒဲ့ပဲနာမည်တပ်ရေးပါမယ်။ဒေါ်အောင်ဆန်းစုကြည် အနေနဲ့မြန်မာပြည်ကိုပြန်ပေးဆွဲခဲ့တာနှစ်နှစ်ဆယ်ကျော်ပါပြီ။ပြန်လွှတ်ပေးသင့်ပြီလို့လဲထင်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုပဲငြင်းငြင်း စာသက်သေကြေငြာချက်သက်သေတွေက မြန်မာပြည်ကိုစီးပွားရေးပိတ်ဆို့ဖို့မြန်မာအစိုးရကိုဝိုင်းဖယ်ထားဖို့ ကုလမှသည်အမျိုးမျိုးသောအဖွဲ့အစည်း၊နိုင်ငံတွေကိုတောင်းဆိုခဲ့ကြောင်းထင်ရှားပါတယ်။Dear ..ဘာညာနဲ့ ပို့ထားတဲ့စာတွေ လဲအကုန်ဖမ်းမိထားပြီးဖြစ်ပါတယ်။ဒါတွေဟာအတိတ်ကဖြစ်ရပ်တွေမှာသူမှားကိုယ်မှားမှားခဲ့ကြတာကိုလက်ခံနိုင်ပေမယ့် ယခု နှစ်ဖက် အပြောင်းအလဲတွေလုပ်ဆောင်လာကြတဲ့အချိန်မှာ ထပ်မမှားဖို့ကိုတော့တာဝန်ယူသင့်နေပြီလို့ထင်ပါတယ်။ယခင်ကအစိုးရပြောင်းလဲ မှု့တွေရှိအောင် မိမိဖက်ကလက်နက်သဖွယ်သုံးတာကိုလက်ခံပေးနိုင်ပေမယ့် ယခုသိသာထင်ရှားတဲ့ပြောင်းလဲမှု့တွေရှိလာတဲ့အခါမှာ အနိုင်ပိုင်းချင်စိတ် (ငွေကျပ်လေးသောင်းပေးတာကိုမယူပဲ ဆက်ပြန်ပေးဆွဲထားတဲ့ဖုန်းပြန်ပေးသမားလို)နဲ့ ပိတ်ဆို့မှု့တွေဖက်က ဆက်လက်ပြီးရပ်တည်နေဦးမယ် ရွေးကောက်ပွဲအတွက်စိတ်ကြိုက်ဆက်လုပ်ချင်သမျှလုပ်ဖို့အရေးအတွက် ပိတ်ဆို့မှု့တွေနဲ့အကြပ်ကိုင် ဦးမယ်ဆိုရင် (ကျွန်တော်ရိုင်းသွားရင်ခွင့်လွတ်ပါ) အရမ်းအောက်တန်းကျနေမလားလို့ပါ။ ထိပ်တိုက်ရင်ဆိုင်ရေးစကားလုံးတွေ တွင်တွင်ကျယ်ကျယ်ပြောနိုင်ဖို့ပိတ်ထားဆို့ထားလို့ ဆင်းရဲဒုက္ခရောက်နေတဲ့ပြည်သူတွေကိုစည်းရုံးရလွယ်လို့ ပိတ်ဆို့အရေးယူတာကို ကာကွယ်ပြောဆိုထောက်ခံနေတာလို့ပဲကျွန်တော်ရိုးရိုးသားသားထင်မိပါတယ်။ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြန်လွတ်ခါစကပြည်သူ လူထုနဲ့တွေ့ဆုံ တဲ့ပွဲတစ်ခုမှာထောင်ပြတဲ့ကားချပ်ကြီးထဲကစာတွေဟာရင်ထဲကတကယ်လာတယ်ဆိုရင် မိမိအကျိုးမိမိအတ္တတစ်ခု ကိုပဲ မကြည့်ပဲစီးပွားရေးပိတ်ဆို့ခံရလို့အတိဒုက္ခရောက်နေကြတဲ့ဆင်းရဲသားပြည်သူတွေရဲ့မျက်နှာကိုထောက်ထားပြီး စီးပွားရေးပိတ်ဆို့တာ ကိုပြန်ဖွင့်ပေးဖို့ တစ်ခွန်းတစ်လေလောက်ကိုတောင်းဆိုသင့်ပါတယ်။ပြည်သူတို့ရဲ့ လွတ်လပ်စွာကမ္ဘာ့နိုင်ငံများနည်းတူ စီးပွားရှာခွင့်ကြိုး စားပိုင်ခွင့်တွေကို မိမိပြန်ပေးဆွဲထားတာကိုပြန်လွတ်ပေးဖို့အချိန်တန်ပါပြီလို့တိုက်တွန်းချင်ပါတယ်။သတ္တ၀ါအပေါင်း အဓမ္မ၀ါဒကင်းရှင်းကြပါစေ။         
                                                                                                                            ဆန်းသစ်
Read More
သူတို့ပြုံးပြီးကြည့်နေကြတယ်
သမ္မတရဲ့ လွတ်ငြိမ်းခွင့်နဲ့ လွတ်လာကြသူအသီးသီးဟာ အကျဉ်းကျစဉ်က မတွေ့ရသူ မိဘဆွေမျိုးတွေ ၊ လုပ်ဖေါ်ကိုင်ဘက်တွေ ၊ မိတ်ဆွေအပေါင်းအသင်းတွေ နဲ့ တွေ့ကြဆုံကြ ၊ ပြောကြဆိုကြနဲ့ မြင်ရ တဲ့ မြင်ကွင်းတွေဟာ ကြည်နူးစရာပါဘဲ ၊ဒီလို တွေ့ကြဆုံကြ ပြောကြဆိုကြရာမှာ အဓိက အကြောင်းအရာ ကတော့ ထောင်ထဲမှာ သူတို့နေခဲ့ရတဲ့အခြေအနေတွေ ၊ အတွေ့အကြုံတွေ ၊ အခက်အခဲတွေ ကို မေးကြမြန်းကြ ပြောကြဆိုကြတာပါဘဲ ၊ ပြောရဆိုရမှာပေါ့လေ... ထောင်ဆိုတာ ပျော်စရာကောင်းတဲ့ အရပ်မှမဟုတ်တာကိုး ... ၊ အပြင်မှာနေတဲ့ သူတွေကလည်း သူတို့မရောက်ဘူတဲ့ထောင်ဆိုတာကြီးဟာ ဘယ်လိုပါလိမ့်ဆိုပြီး သိချင်ကြ ရှာမှာ သဘာဝပါဘဲ ...။
ဒီနေရာမှာ ပြောစရာရှိတာက တချို့က ဒီထောင်ဆိုတဲ့အကြောင်းကို ပြောဆိုရာမှာ သူ့ရဲ့ခံစားချက်မူရင်း အတွေ့အကြုံမူရင်းတွေကို ပြန်ဖောက်သည်ချနေပေမယ့် အများစုကတော့ ဒီထောင်ကျတာကိုပဲ အင်မတန်ကြီးမားတဲ့ အံ့ဘွယ်အနစ်နာခံမှုကြီးတစ်ခုလိုလို ၊ ဟိမ၀န္တာ စွန့်စားခန်းကြီးတစ်ခုလိုလို ၊ငရဲပြည်ကနေ ပဲ နေ့ချင်းညချင်း ပြန်လာသလိုလို ၊ ချဲ့ကားပြောဆိုနေကြတာကိုလည်း တွေ့နေရပါတယ် ၊ဒီလိုလူတွေကို ရည်ရွယ်ပြီးဒီဆောင်းပါးကို ရေးပါတယ် ။
ဒီပုံလေးကိုကြည့်စမ်းပါဗျာ...ခင်ဗျားတို့ ထောင်ကချက်ပြီးသား အဆင့်သင့် ထမင်းကို မကောင်းပါဘူးလို့ ညီးညူနေချိန်မှာ ဒီရဲဘော်လေးတွေက ကိုယ်စားဘို့ ဆန်အညံ့စားလေးတွေ ကို ကျောပေါ်လွယ်ပြီးသွား လာနေရတယ် ၊ ဒီလိုနေရာမျိုးမှာ ထမင်းချက်စားဘို့ဝေးစွ မီးဘယ်လိုမွှေးရ မလဲတောင် စဉ်းစားလို့မရပါဘူး ဒါပေမယ့် ဒီရဲဘော်တွေက ခင်ဗျားတို့လို မညည်းဘူး ၊ အော်မနေဘူး ၊ အပြုံးမပျက်ဘူး ။
ကဲဒီပုံကိုလည်း ကြည့်ပါဦး ၊ အန္တရာယ်မများဘူးလား ?..... ထောင်ထဲမှာ အမိုးအကာ နဲ့ ခြောက်ခြောက်သွေ့သွေ့ ၊လုံလုံခြုံခြုံ နေနေရတဲ့သူတွေက ကျန်းမာရေးနဲ့မညီညွတ်ဘူး ၊ အင်္ကျီအထူကြီးတွေဝတ်ပြီး ခန္တီးထောင်ကဘယ်လိုအေးတာ တို့ဘာတို့ အော်နေတဲ့သူတွေကို ဒီလို မိုးရေထဲမှာ လနဲ့ချီပြီးနေနေတဲ့သူတွေက ရယ်နေမှာပေါ့ဗျ မဟုတ်ဘူးလား ...၊ ဒါပေမယ့် ခင်ဗျားတို့လို ခိုညည်း ညည်းမနေဘူး ၊ ဝေလံခေါင်ဖျားတဲ့ အရပ်တွေကို ပို့ပါတယ်တို့ ၊ မိသားစုနဲ့ ဝေးတယ်တို့ ဒီရဲဘော်တွေပါးစပ်က မပြောကြဘူး ။မကွာဘူးလား ခင်ဗျားတို့နဲ့။
ဒါတောင် ဘယ်အချိန် ရန်သူကချောင်းပစ်လိုက်မလဲ ၊ ဘယ်အချိန် မိုင်းတက်နင်းလိုက်မလဲဆိုတာ တထင့်ထင့်နဲ့ သွားနေလာနေရတဲ့ စိုးရိမ်စိတ်မပါသေးဘူး...။
ခင်ဗျားတို့ ထောင်ထဲမှာ လမ်းလျှာက်ချိန်နည်းလို့ ၊ လမ်းလျှောက်ရတဲ့ဧရိယာ ကျဉ်းလို့တိုလို့ ဆူပူအော်ဟစ်နေကြပေမယ့်  မိုးရွာရင်စိုလိုက် ၊ နေပူရင်ခြောက်လိုက် ၊ ချောင်းဖြတ်ရင်စိုလိုက် ၊ မဖြတ်တာကြာရင်ပြန်ခြောက်လိုက်နဲ့ တစ်နေ့မိုင်ပေါင်းများစွာနဲ့ နေ့စဉ် လမ်းလျှောက်နေရတဲ့ ဒီခြေထောက်ပိုင်ရှင်တွေကတော့ ရယ်နေကြတယ် ။
ဒါ မြန်မာ့တပ်မတော်က ရှေ့တန်းစခန်းကလေးတစ်ခုပါဘဲ...ဘယ်မှာများ စားရသောက်ရ နေရထိုင်ရတာ ကျန်းမာရေးနဲ့ ညီညွတ်ပါ့မလဲ ၊ ဘယ်မှာလာပြီး အဟာရဖြစ်ပါ့မလဲ ၊ဘယ်မှာလာပြီး သောက်ရေသန့်တွေ ရပါ့မလဲ ၊ ဘယ်မှာလာပြီးဂျာနယ်ဖတ်ရပါ့မလဲ ၊ ဘယ်မှာလာပြီး လုံခြုံမှုရှိပါ့မလဲ ၊ ဒါပေမယ့် သူတို့တွေ စစ်သားအခွင့်အရေးဆူံးရှုံးနေပါတယ် ၊ စာအုပ်ထဲမှာပါတဲ့ စစ်သားအခွင့်အရေးတွေမရ ဘူးဆိုပြီး အစာအငတ်ခံ ဆန္ဒပြတာများ တစ်ခါတစ်လေ ကြားဘူးကြသလား ၊ ထောင်ထဲကနေ အကျဉ်းသား အခွင့်အရေးမရလို့ အော်နေတဲ့သူတွေကို ဒီစစ်သည်လေးတွေက ပြုံးနေမှာပေါ့ဗျာ... မဟုတ်ဘူးလား ။ 
ဒါ တပ်မတော်စစ်ကြောင်းတစ်ခု ချီတက်နေတဲ့ပုံပါ ၊ ကြည့်ပါဦးဗျာ.. နေ့စဉ် ရာသီဥတုဒဏ်ခံနေရတော့ အ၀တ်အစားတွေ ၊ စစ်ဘိနပ်တွေ ၊ ချပ်ဝတ်တန်ဆာတွေဟာ မကောင်းနိုင်တော့ပါဘူး ... ၊ စုတ်ပြတ်နေတာပါဘဲ ... ၊ သူတို့လဲ လူတွေပဲ ... အမေရိကန် မရိန်းတပ်သားတွေလို သွားချင်တဲ့နေရာကို ရဟတ်ယာဉ်ကြီးတွေ နဲ့သွား ၊ လေယာဉ်တွေနဲ့ လာချပေးတဲ့စည်သွတ်ဘူးတွေစား ၊ ဂြိုလ်တု ဆက်သွယ်ရေးတွေပါတဲ့ ခေတ်မီ ချပ်ဝပ်တန်ဆာတွေနဲ့ သွားရရင် ကောင်းမှန်း သိတာပေါ့ ... ၊ ဒါပေမယ့် တိုင်းပြည်ဆင်းရဲနေတော့ ပြောမထွက်ဘူး ၊ မတောင်းရက်ဘူး ၊ ဆင်းရဲတဲ့ မိဘဆီက မရနိုင်တာတွေတောင်းပြီး မိဘကို စိတ်ဆင်းရဲစေမယ့် အလုပ်တွေ သူတို့မလုပ်ဘူး...၊ ဘာလို့လဲဆိုတော့ ပေးဆပ်နေရတာကို ဂုဏ်ယူနေကြတာကိုး...။
ဒီလိုဖြစ်နေတာတောင် စစ်အသုံးစရိတ်များနေပါတယ်တို့ ထပ်လျော့ရမယ်တို့ ပြောနေတဲ့ ခင်ဗျားတို့ကို မေတ္တာ မပျက်ဘူး ၊ စစ်ခွေးလို့ခေါ်လဲ အပြုံးမပျက်ဘူး ၊ ခင်ဗျားတို့ရဲ့ ထောင်တွင်းဟိမ၀န္တာ စွန့်စားခန်းတွေကို ပြည်ပအသံလွှင့် ဌာနတွေကတစ်ဆင့်နားထောင်ရင်း သူတို့ ပြုံးနေကြတယ် ၊ လှောင်ပြုံးမဟုတ်ပါဘူး ... ပေးဆပ်သူတို့ရဲ့အပြုံး ၊ နှလုံးလှသူတို့ရဲ့ အပြုံးတွေနဲ့ပါ.....။
ဒေါက်တာဆိတ်ဖွား
Read More
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စစ်ဖက်နှင့် အရပ်ဖက်ဆက်ဆံရေး
ပထမကမ္ဘာဟုခေါ်သော ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် တတိယကမ္ဘာဟုခေါ်သော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စစ်ဖက်အပြုအမူနှင့်လောကအမြင်တို့တူညီခြင်း မရှိကြပေ။ အထူးသဖြင့် နိုင်ငံရေးအပေါ် ရှုမြင်ပုံ ကွာခြားမှုကို
 ရှင်းပြနိုင်ရန်အတွက် ကမ္ဘာနှစ်ခုတွင်နိုင်ငံရေးနှင့် စစ်ရေးခေတ်မီရန် ကြိုးပမ်းအားထုတ်ပုံခြားနားမှုကို သဘောပေါက်ရန် လိုသည်။ ဥရောပနိုင်ငံ အတော်များများ နှင့် အမေရိကန် ပြည်ထောင်စု တို့တွင် နိုင်ငံရေး ခေတ်မီမှုက ရှေ့ကသွားပြီးမှ ခေတ်မီပြီး မိမိအလုပ်ကို မိမိလုပ်သော တပ်မတော်က နောက်က လိုက်သည်။ အခြေတကျရှိပြီး နိုင်ငံရေး စနစ်ဟူသော မူဘောင်အရွေ့မှ၊ စစ်ဖက်ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုများ ပေါ်ပေါက်သည်။
 သို့သော်ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မူ ထိုကဲ့သို့ မဟုတ်ပေ။ အထူးသဖြင့် အရှေ့အာဖရိကနှင့် လက်တင်အမေရိကတို့တွင်ခေတ်မီတိုးတက်ရန် ကြိုးပမ်းအားထုတ်မှုများကို စစ်ဖက်က ဦးဆောင်ရသည်။ သာဓကများစွာရှိသည်။ ထိုနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးကို အနောက်နိုင်ငံ၊ အထူးသဖြင့်
 အနောက်တိုင်းနယ်ချဲ့ဝါဒက လွှမ်းမိုးမှုရှိ၍ နယ်ချဲ့ဝါဒကို ထိုးဖောက်မှုနှင့် လွှမ်းမိုးမှုကို ဆန့်ကျင်ရန်အတွက် လက်နက်ကိုင်တပ်ဖွဲ့များသည် ခေတ်အမီဆုံး၊ အထိရောက် ဆုံးအဖွဲ့အစည်းများ ဖြစ်လာကြသည်။ နောက်ဆုံးတွင်၎င်းတို့သည် ခေတ်မီတိုးတက်ရေး၊ အမျိုးသားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အတောင့်တင်းဆုံး အင်အားစုများဖြစ်လာကြသည်။
 ထိုအခြေအနေမျိုးတွင် သဘာဝကျစွာ စစ်ဖက်သည် လူ့အဖွဲ့အစည်း၏ ဦးဆောင်လမ်းပြဖြစ်ကာ အခြားအုပ်စုများထက်  တစ်ပန်းသာနေတတ်ကြောင်း၊ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တွေ့ရှိရသည်။ စစ်ဘက်သာပို၍ စုစုစည်းစည်း စနစ်တကျ စည်းကမ်းတကျရှိရုံ မျှသာမက အမျိုးသားရေးနှင့် တစ်တန်းတည်းလိုလို ဖြစ်လာကြသည်။ လူမျိုး၊ ဘာသာ၊ ဘာသာစကားနှင့် ဒေသကို အခြေခံကာ အကျိုးစီးပွားအတွက် ဖွဲ့စည်းထားသောအဖွဲ့အစည်းတစ်ရပ်မဟုတ်ပေ။
ဤကွဲပြားခြားနားချက်ကိုသိရှိမှသာလျှင် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများနှင့်မတူသော တတိယကမ္ဘာ၏ နိုင်ငံရေးတွင် စစ်ဘက်၏အရေးပါမှုကို နားလည်နိုင်မည်။
(၁၉၅ဝ)ပြည့်လွန်နှစ်နှောင်းပိုင်းမှစ၍ ၁၉၈ဝပြည့်လွန်နှစ်များအတွင်းတတိယကမ္ဘာနိုင်ငံ အတော်များများတွင်စစ်ဘက်က တိုက်ရိုက်အုပ်စိုးသည်။ အချို့ နိုင်ငံများ၌ နိုင်ငံရေးနှင့် မူဝါဒချမှတ်ရာတို့တွင် စစ်ဘက်က သြဇာကြီးမားသည်။ ပညာရှင် ရောဘတ်ကလပ် Robert Clarn က တတိယကမ္ဘာနိုင်ငံများတွင် စစ်ဘက်၏ အခန်းကဏ္ဍနဲ့ပတ်သက်သော သုတေသနများကို ပြန်လည်သုံးသပ်ကာ နိုင်ငံရေးနဲ့ စစ်ဘက်၏ ဝင်ရောက်စွက်ဖက်ရခြင်းအတွက်အကြောင်းပြသောအချက်များကို အောက်ပါအတိုင်း ဖော်ပြခဲ့သည်။
(၁)အစိုးရ သို့မဟုတ် အာဏာရနိုင်ငံရေးပါတီ၏ ဂုဏ်သိက္ခာ၊ လျင်မြန်စွာကျဆင်းနေခြင်း။
(၂)နိုင်ငံရေးခေါင်းဆောင်များအကြား စိတ်ဝမ်းကွဲမှုများ ပေါ်ပေါက်ကာ အရပ်ဘက် အစိုးရ၏ ထိထိရောက်ရောက် ဆက်လက်အုပ်ချုပ်နိုင်စွမ်းကို စစ်ဖက်ခေါင်းဆောင်များက သံသယဖြစ်လာကြခြင်း။
(၃)စစ်ဘက်ကအာဏာသိမ်းခဲ့လျှင် ကမ္ဘာ့အင်အားကြီးနိုင်ငံ များကသော်လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံများကသော်လည်းကောင်း ဝင်ရောက်စွက်ဖက်မည့် အလားအလာနည်းခြင်း။
(၄)အိမ်နီးချင်းနိုင်ငံများ၌ စစ်ဘက်မှ အာဏာသိမ်းမှုများပြုလုပ်နေကြရာမှ ကူးစက်ပြန့်ပွားခြင်း။
(၅) လူနည်းစုအုပ်စုများက အုပ်စိုးသော နိုင်ငံများ၌ ပြည်တွင်းတွင် လူမှုရေး ပဋိပက္ခများ ဖြစ်ပွားနေခြင်း။
(၆)စီးပွားရေးအကြပ်အတည်း များကြောင့် ခြိုးခြံချွေတာရေး အစီအစဉ်များဖြစ်ပေါ်ကာ မြို့ပြဒေသများကိုထိခိုက်ခြင်း။
(၇)အစိုးရနှင့် ပါတီခေါင်း ဆောင်များအကြား အကျင့်ပျက်မှုနှင့် စွမ်းရည်ညံ့ဖျင်းမှုတို့ပေါ် ပေါက်နေပြီ၊ နိုင်ငံကိုပြည်ပအုပ်စုများသို့ရောင်းစားတော့မည့်ဆဲဆဲဖြစ်နေခြင်း။
(၈)ဆင်းရဲသားများ အောက်ခြေမှ ထိပ်ဆုံးသို့ တက်လှမ်းနိုင်ရန်အတွက်
 စစ်တပ်သို့ ဝင်ရောက်ခြင်းသည်သာတစ်ခု တည်းသော နည်းလမ်းဖြစ်နေခြင်း။
 (၉)ရှေးရိုးအစဉ်အလာ၊ နိုင်ငံတစ်နိုင်ငံအဖြစ်မှ ခေတ်မီဖွံ့ဖြိုးသောနိုင်ငံတစ်နိုင်ငံဖြစ်ရန်အတွက် လိုအပ်သော သန္နိဋ္ဌာန်နှင့် စည်း ကမ်းရှိသည့် တစ်ခုတည်းသော လူတန်းစားဖြစ်ကြောင်း စစ်ဘက်တွင် ယုံကြည်မှုတိုးပွားနေခြင်း။
(၁ဝ)နိုင်ငံခြား အစိုးရများ၏ စစ်စခန်းချခြင်းအပါအဝင် နိုင်ငံကြား သြဇာလွှမ်းမိုးခြင်း၊ နိုင်ငံခြားတွင် စစ်တိုက်ရာမှ အတွေ့အကြုံရလာခြင်း သို့မဟုတ် နိုင်ငံခြားတွင် စစ်ရေးလေ့ကျင့်မှုရခြင်း သို့မဟုတ်
 စစ်လက်နက်ပစ္စည်းများကို နိုင်ငံခြားအကူအညီအဖြစ် ရရှိခြင်း။
 (၁၁)တခြားနိုင်ငံများနှင့် စစ်တိုက်ရာတွင် စစ်ရှုံးခြင်း၊ အထူးသဖြင့် စစ်ဘက်က အရပ်သား အစိုးရသည် စစ်ပြေငြိမ်းရေးစာ ချုပ်ချုပ်ဆိုသည့်အခါ အလျော့ပေးလိုက်လျောကာ သစ္စာဖောက်သည်ကို စစ် သို့မဟုတ် နောက်နေ့တွင် စစ်ကိုစီမံခန့်ခွဲမှု ညံ့ဖျင်း သည်ဟု ယုံကြည်ခြင်းတို့ဖြစ်သည်။  ယေဘုယျအားဖြင့် မည်သည့်နေရာ၌မဆိုစစ်ဘက်သည် အောက်ပါအခြေအနေများ၏အမျိုးသားနိုင်ငံရေးနဲ့ ပိုမိုပတ်သက်လို့ စိတ်များကိုဖြစ်ပေါ်စေသည်။
(၁) အကယ်၍ နိုင်ငံအတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့များ၏ တည်ရှိမှုကို ခြိမ်းခြောက်သော အင်အားကောင်းသည့် အုပ်စုများ ရှိနေလျှင် မိမိကိုယ်မိမိကာကွယ် စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့်
 လက်နက်ကိုင်တပ်ဖွဲ့များက  အာဏာသိမ်းစေရန် ဖိအားပေး လိုက်သလိုဖြစ်ခြင်း။
 (၂) လက်ရှိနိုင်ငံရေး ပုံသဏ္ဌာန်တွင် မိမိတို့နှင့် ထိုက် တန်သည်ဟု စစ်ဘက်အရာရှိများ ယူဆသော အာဏာရရှိရန်အတွက် စစ်ဖက်က နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်ခြင်း။
 (၃)စစ်ဘက်၏ စီးပွားရေး အကျိုးစီးပွားသည် အရေးပါပြီး ထိုအခွင့်အလမ်းများ ဆုံးရှုံးမည့် အရိပ်အယောင်ဖြစ်ပေါ်နေခြင်း။
ပညာရှင် Tautin Abdulla ''နိုင်ငံရေးတွင် ဝင်ရောက် စွက်ဖက်ရန် အလားအလာသည် စစ်ဘက်၌သာရှိနေသည်မဟုတ် စစ်ဖက်ပြင်ပမှ နိုင်ငံရေးအခြေ အနေများကလည်း အဆုံးအဖြတ်ပေးသည်။ ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးချွတ်ခြုံကျခြင်း။ ကိုယ် ကျင့်၊ ပျက်ပြားခြင်းတို့သည် စီးပွားရေးအကြပ်အတည်းနှင့် ပေါင်းစပ်မိပြီး စစ်ဘက်က တစ်စုံ တစ်ရာလုပ်ဆောင်ရန် တွန်းအား ပေးလိုက်သည်ဟု ရေးသားခဲ့သည်။
 သို့သော် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နိုင်ငံရေး၌ စစ်ဘက်၏ ဝင်ရောက်စွက်ဖက်မှုနှင့် ပတ်သက်သောအကြောင်းတရားများကို အလွယ်တကူရှင်းလင်းပြ၍မရပေ၊ မိမိ၏ နောက်ခံနိုင်ငံရေး သမိုင်းကြောင်းကိုလိုက်ကြ၊ နိုင်ငံအသီး သီး၏ စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးများသို့ ပြောင်းလဲဖြစ် ပေါ်ကြသည်။ အရပ်ဘက်အာဏာ ပိုင်များအပေါ်စစ်ဖက်၏ သြဇာ လွှမ်းမိုးမှုအနည်းအများကို လိုက်၍
 အမျိုးမျိုးခွဲခြားနိုင်သည်။Morms Janowity က အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးကို အောက်ပါအတိုင်း လေးမျိုးခွဲပြသည်။
 (၁) ပုဂ္ဂိုလ်တစ်ဦး၏ ထိန်းချုပ်မှုအောက်မှ အာဏာရှင် စနစ်
 (၂) ပါတီတစ်ခု၏ ထိန်းချုပ်မှုအောက်မှ အာဏာရှင်စနစ်
 (၃) အရပ်ဘက်၊ စစ်ဘက်၊ မဟာမိတ်နှင့် ပြိုင်ဆိုင်မှုရှိသော ဒီမိုကရေစီ
 (၄) စစ်ဘက်အုပ်စိုးမှုတို့ဖြစ်သည်။
မောင်ရန်အေး
ခေတ်လူငယ်မှ ကူးယူဖော်ပြသည် 
Read More
ကောင်းစေချင်၊ ပြောင်းစေချင် စိတ်တွေနဲ့
၂ဝ၁၁ ခုနှစ်ကို  မြန်မာပြည်ရဲ့ ခြေလှမ်းကောင်းတွေစလှမ်းတဲ့ နှစ် လို့အတော်များများက ပြောနေကြ တယ်။ တချို့ကလည်း အဲဒီခြေ လှမ်းတွေဟာခြေလှမ်းကောင်းဟုတ် မဟုတ်ကို စောင့်ကြည့်ရဦးမယ်လို့ ပြောကြတာလည်းရှိတယ်။ တချို့ ကတော့ အရင်အစိုးရတွေရဲ့ လုပ် ရပ်တွေကို ထောက်ပြပြီးသင်္ကာမကင်းတဲ့ အမြင်နဲ့ စိုးရိမ်တကြီး   ပြောကြ တာလည်း ရှိတယ်။ ကိစ္စတစ်ခု ဖြစ် လာပြီဆိုရင် ထုံးစံအတိုင်းပဲ မတူ ကွဲပြားတဲ့ အမြင်သဘောထားတွေ ရှိလာတတ်တာဟာ သဘာဝလို့ ပြောရမှာပါ။ ဘယ်သူမှ မငြင်းကြ တဲ့ ကိစ္စကတော့ အခုလက်ရှိ အစိုး ရဟာ အရင်အစိုးရလို မဟုတ်ဘူး ဆိုတာပါပဲ။ လွှတ်တော်နှစ်ခုနဲ့၊ သမ္မတနဲ့၊ ဝန်ကြီးချုပ်တွေနဲ့၊ အရပ်သားတွေနဲ့ ဖွဲ့ထားတဲ့ အစိုးရဖြစ်လာပြီဆိုတာရယ်  အသိအမှတ်ပြု လက်ခံထားကြတာပဲ ဖြစ်ပါတယ်။
ပြောင်းလာတာတွေ
အခုအစိုးရသစ် လက်ထက်မှာ သမ္မတကအတိုက်အခံခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီး ဆွေးနွေးတယ်။ အဲဒီ ဆွေးနွေးပွဲကို  အစိုးရဘက်ကရော၊ အတိုက်အခံ ပါတီဘက်ကပါ အဆိုးမြင်တဲ့ မှတ် ချက်ပေးသံမျိုး မကြားရဘူး။ အစိုး ရဘက်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကြားမှာ ကူးလူးဆက်ဆံမှုတွေ ရှိလာတယ်။ သမ္မတနဲ့ဆွေးနွေး ကြတဲ့ကိစ္စကို သတင်းအနေနဲ့ပဲ ဖော်ပြပြီးဝန်ကြီးဦးအောင်ကြည်နဲ့ တွေ့ဆုံဆွေးနွေးတဲ့ ကိစ္စရဲ့ ခေါင်းစဉ် တွေကိုတော့ သတင်းထုတ်ပြန်ခဲ့ တယ်။ ဒီလိုကိစ္စတွေဟာအရင်အစိုး ရလက်ထက်က မလုပ်ခဲ့ဖူးတဲ့ ကိစ္စ မျိုးလို့ ပြောရင်ရတယ်။ အရင်အစိုး ရ ခေါင်းဆောင်နဲ့၊ ဝန်ကြီးနဲ့ အတိုက်အခံ ပါတီခေါင်းဆောင်နဲ့   တွေ့ခဲ့တာ တွေ ရှိခဲ့ပေမယ့် အစိုးရသာ ပြောင်း သွားခဲ့တယ်။ အခြေအနေက အပြောင်းအလဲမရှိဘူး။ အခုအစိုးရ လက်ထက်မှာတော့ အပြောင်း အလဲ ဖြစ်လာနိုင်ခြေတွေ ရှိလာ ပြီလို့ ပြောကြဆိုကြတာရှိတယ်။ တချို့က ပြောင်းလဲလာပြီလို့ပြော တယ်။ ဘာတွေ ဘယ်လိုပြောင်းလဲ လာခဲ့ပြီလဲ။ ပြောင်းလဲလာပြီလို့ပြော လို့ရနိုင်တာတွေက ဘာတွေလဲ။ ဘာတွေကတော့ အရင်အတိုင်းပဲ လို့ ပြောစရာဖြစ်နေသေးလား။ ၂ဝ၁၁ဟာ၂ဝ၁ဝနဲ့ မတူခဲ့တာက တော့ သေချာပါတယ်။ မတူတဲ့ အခြေအနေ   ဖြစ်လာတာ   တွေထဲမှာ အဓိက အချက်ကတော့၂ဝ၁၁ ထဲမှာ အရပ်သားအစိုးရ ပေါ်လာ တာနဲ့ အဲဒီအရပ်သား အစိုးရဘက် က အရင်အစိုးရနဲ့ မတူတဲ့ စကားတချို့၊ ခြေလှမ်း တချို့ ကြောင့်လို့ ပြောရင် ရမယ်ထင်ပါတယ်။ ဒီစကားကို တချို့က စောဒကတက် နိုင်ပါတယ်။”အရင်က ယူနီဖောင်း ဝတ်အစိုးရ၊ အခုက အရပ်သား အစိုးရဆိုတော့ အရပ်သား အစိုးရက လုပ်ကို လုပ်ရမယ့် အလုပ်တွေကို လက်ရှိ အစိုးရက လုပ်တာပဲလေ။ အစိုးရချင်း မတူတော့လုပ်တာကိုင် တာ၊ စဉ်းစားတာချင်းတော့ ဘယ်တူ ပါ့မလဲ” ဆိုပြီး   စောဒကတက်တာ မျိုးလည်း ရှိနိုင်ပါတယ်။ ဒီလို ပြောတယ်ဆိုရင်ပဲ အရင်နဲ့အခုက မတူဘူးဆိုတာကို အသိအမှတ်ပြုပြီး သား ဖြစ်နေပါပြီ။ ပုံသဏ္ဌာန်ပြောင်း လဲမှုနဲ့ လိုက်လျောညီထွေရှိမယ့် အခြေအနေ၊ အခင်းအကျင်းတွေရှိ လာအောင်တော့ လုပ်ဖို့ လိုတယ်ဆို တာကိုတော့ အစိုးရဘက်ကရော၊ အတိုက်အခံတွေဘက်ကပါ နား လည် ထားကြပြီးသားပါ။ ဒီကြားထဲ မှာ အသိခေါက်ခက် အဝင်နက်ပြီး ပုံသဏ္ဌာန်အပြောင်းအလဲနဲ့အတူ စဉ်းစားပုံ၊ လုပ်ကိုင်ပုံတွေ လိုက်မ ပြောင်းနိုင်ကြသူတွေဟာ ဘယ်သူ   တွေပါလဲ။ ကျွန်တော်က ဒီမေး ခွန်းပဲ မေးနိုင်ပါတယ်။ အဖြေကို တော့အတွင်းသိ၊  အဆင်းသိတွေ ကဖြေကြပါလိမ့်မယ်။ အစိုး ရဘက် ကလား၊ အတိုက်အခံတွေ ဘက်က လား။
တွေ့တာကောင်းတယ်
မတူလို့ကွဲကြတာကနေ ဆန့် ကျင်ဘက်အနေအထားကို ရောက် ခဲ့ပြီး ပဋိပက္ခဖြစ်ခဲ့ကြတဲ့ ကာလဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး သက်တမ်းနဲ့အမျှပါပဲ။ မတူတာဟာ ဘက်ပေါင်းစုံမှ မတူတာလား။ တူတာ တွေရော မရှိတော့ဘူးလားဆိုတာ ကို စဉ်းစားကြည့်ရုံနဲ့ မပြီးပါဘူး။ ဆန့်ကျင်ဘက် အနေအထားမှာ ရှိနေကြတဲ့ဖက်   နှစ်ဘက် စလုံးက တွေ့ဆုံဆွေးနွေးကြည့်မှ အတိအ ကျ သိရမှာပါ။ အခုရှိနေတဲ့ နိုင်ငံရေး စနစ်ဟာ ပါတီစုံစနစ်ပါ။ ပါတီစုံ ဆိုကတည်းက တစ်ပါတီနဲ့ တစ်ပါ တီရဲ့ ရည်မှန်းချက်ခြင်း က ကွဲပြား နေကြမှာ သေချာပါတယ်။ ရည်မှန်း ချက်တွေချင်း မတူညီကြတဲ့ ပါတီ တွေဟာ ပါတီစုံနိုင်ငံရေးစနစ် အောက်မှာ အတူယှဉ်တွဲ ရပ်တည် ခွင့်ရှိပါတယ်။ အဲဒီအတိုင်းလည်း ရပ် တည်နေကြတယ် လို့ပြောရင်ရပါတယ်။ ဒါဆိုရင် တခြားသော ပါတီ အဖွဲ့အစည်းတွေပါ အဲဒီပါတီစုံ နိုင်ငံရေးစနစ်အောက်မှာ လွတ်လပ်ပြီး အာမခံ ချက်ရှိရှိနဲ့ ရပ်တည် နေနိုင်ကြဖို့၊ စည်းရုံးလှုပ်ရှားနိုင်ကြ ဖို့ လိုအပ်တယ်ဆိုတာ မပြောဘဲ နဲ့ သိပြီးသားဖြစ်နေလိမ့်မယ် ထင်ပါတယ်။ အဲဒီအတွက် အရင် ကတည်းက  ပဋိပက္ခဖြစ်နေခဲ့တဲ့ ပါတီ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေး ညှိနှိုင်းကြဖို့လိုတယ် ဆိုတဲ့အဖြေ ထွက်ပါတယ်။ သမ္မတဦးသိန်းစိန် အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့   တွေ့ဆုံ   ဆွေးနွေးခဲ့တယ်။ အဲဒီဆွေးနွေးညှိ နှိုင်းမှုတွေရဲ့ လတ်တလော အဖြေ ကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်က ပါတီမှတ်ပုံတင်ပြီး ကြားဖြတ် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲတာပါပဲ။ အဲဒီဆုံးဖြတ်ချက်ကို ကြိုဆိုသူတွေ၊ ထောက်ခံသူတွေရှိသလို သဘော မတူသူတွေ၊ စိုးရိမ်သူတွေ၊ ဆန့် ကျင်သူတွေလည်းရှိကြတယ်။ အစောပိုင်းမှာ   ပြောခဲ့သလိုပါပဲ။ အရေးကြီးတဲ့ ကိစ္စတစ်ခုပေါ်လာ ရင် အမြင်အမျိုးမျိုး၊ သဘော ထားပုံ အမျိုးမျိုး ရှိလာတတ်တဲ့ သဘာဝကိုပဲ ပြန်ပြောရမယ်ထင်ပါ တယ်။ ကြိုဆိုသူတွေ ထဲမှာ အစိုး ရအဖွဲ့ရဲ့ထိပ်ပိုင်းတာဝန်ရှိသူတွေ ပါ ဝင်နေတယ် ဆိုတာကိုလည်း သတိ ထားမိပါတယ်။ အမေရိကန်အပါအ ဝင် ဥရောပနိုင်ငံတွေ၊ အာရှက တရုတ်၊ ဂျပန်နဲ့ အရှေ့တောင်အာ ရှနိုင်ငံများအသင်း(အာဆီယံ) တွေ လည်း စကားလုံးကွဲပေမယ့် ခပ် သွက်သွက်ကြီးပဲကြိုဆိုခဲ့ကြပါတယ်။  ဒီလို အခြေအနေတွေကြောင့်    မြန်မာနိုင်ငံ ထဲက သဘောထားကွဲ လွဲမှုတွေ၊ ပဋိပက္ခတွေပြီးဆုံးသွားပြီ လို့ ဘယ်သူကမှ မပြောကြပါဘူး။ အစိုးရအဖွဲ့ကလည်း မပြောခဲ့ဘူး။ အတိုက်အခံ အင်အားစုတွေဘက် ကလည်း မပြောဘူး။ နိုင်ငံတကာ ကလည်း မပြောခဲ့ကြပါဘူး။ အမျိုး သားပြန်လည်သင့်မြတ်ရေးအတွက် အစပျိုးတဲ့ ခြေလှမ်းအနေနဲ့ပဲ သဘောထားခဲ့ကြ၊ ကြိုဆိုခဲ့ကြ၊ လမ်းဖွင့်ခဲ့ကြတာပါ။ ဒါဟာ မတွေ့ ဘဲ နေတာထက်တွေ့တာကောင်း တယ်။ တွေ့ပြီး ဆွေးနွေးညှိနှိုင်း ကြ တာကောင်းတယ်ဆိုတဲ့အမြင်သဘော ထားကို အတည်ပြုလိုက် တာလည်း ဖြစ်ပါတယ်။
မကောင်းမှန်းသိရင်ပြောင်း
အဲဒီကာလထဲမှာပဲ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတွေ နဲ့ အစိုးရ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းနေကြတယ် ဆိုတာရယ်၊ တချို့ အဖွဲ့တွေနဲ့ စစ်ရပ်စဲရေး (အပစ် အခတ်ရပ်စဲရေး) လုပ်နိုင်ခဲ့ပြီ ဆိုတာရယ်ကို ဖတ် နေ ကြားနေရတယ်။ တကယ်တော့ ကျွန်တော်တို့ တိုင်းပြည်မှာ လက် နက်ကိုင်ပြီး တစ်ဖက်နဲ့ တစ်ဖက် တိုက်ခိုက်ကြရတဲ့အထိ ဖြစ်ခဲ့ရတဲ့ ပြဿနာရဲ့အရင်းခံ အကြောင်းက တော့ နိုင်ငံရေးပြဿနာပဲ ဖြစ်တယ် ဆိုတာ အားလုံးသိပြီးသားပါ။ အပစ် အခတ်ရပ်စဲနိုင်   ခြင်းဟာ ပြဿနာ ကို ယာယီဖြေရှင်းတာပဲဆိုတာကို လည်း အားလုံး နားလည်ပြီးသား ပါ။ အခြေခံကျတဲ့ နိုင်ငံရေးပြဿနာ ကို ပြေလည်အောင်မဖြေရှင်းနိုင်ကြ ရင် စစ်ပွဲတွေ ပြန်ဖြစ်လာတတ် တယ်ဆိုတာကို လည်းသက်ဆိုင်တဲ့ ကာယကံရှင်တွေ အားလုံးက တွေ့ ခဲ့ကြုံခဲ့ဖူးပြီးသားပါ။ လွတ်လပ်ရေးရပြီးကတည်း က ကျွန်တော်တို့ တိုင်းပြည်မှာ အမျိုးသားညီညွတ်ရေး ပြိုကွဲခဲ့တာ ကို သမိုင်းဖတ်ဖူးသူတိုင်း သိကြပါ တယ်။ ဥပဒေတွင်းမှာ အငြင်းအခုံ၊ အကွဲအပြဲတွေဖြစ်ကြ၊ ဥပဒေ ပြင်ပမှာ စစ်ပွဲ   တွေဖြစ်ခဲ့ကြနဲ့ အနှစ် ၆ဝ ကျော်ကြာလာချိန်မှာ ဘယ်သူ တွေပဲ တကယ်အကျိုးရှိခဲ့ဖြစ်ခဲ့ပါ သလဲ။ ပြည်သူတွေမွဲပြီး တိုင်းပြည် ဆင်းရဲတွင်းနက်ခဲ့တာပဲ။ အဖတ်တင် ကျန်ခဲ့တာမဟုတ်လား။ ပညာရေး လူစဉ်မမီ၊ စီးပွားရေး လူစဉ်မမီ၊ ကျန်းမာရေးလူစဉ်မမီတဲ့ ဖွံ့ဖြိုးတိုး တက်မှု နောက်ကျ ကျန်ရစ်ခဲ့တဲ့ တိုင်းပြည်ဘဝနဲ့ ကမ္ဘာ့ဇာတ်ခုံ ပေါ် ကနေ ဇောက်ထိုးကျခဲ့ရတာ မဟုတ်လား။ ဒီအခြေအနေကို တာဝန်ရှိတဲ့ အစိုးရရော၊ တာဝန် သိတဲ့ပြည်သူတွေပါ မြင်ခဲ့၊ သိခဲ့၊ ခံစားခဲ့ကြရပြီးပါပြီ။ ဒီအခြေအနေ ဟောင်း ကို ပြောင်းပစ်မှဖြစ်မယ် ဆိုတဲ့ အမြင်တွေလည်း ပြန့်နှံ့ ကျယ်ပျံ့ခဲ့ပြီးပါ ပြီ။ ဒုက္ခဘုံထက်က သုခပျားရည်စက်ကို လျှာနဲ့လျက် ပြီးတော့ ငြိမ့်နေနိုင်သူတွေ ထဲမှာလည်း အဟောင်း ကို ပြောင်းပစ်ချင် သူတွေရှိလာ၊ ပေါ်လာနေတဲ့ ကာလကြီးတစ်ခု ဖြစ်ပါတယ်။သူတို့ တွေက တကယ်ပြောင်းလဲချင်စိတ် ရှိလို့လား။ ဟန်ဆောင်ပြောနေတာ   ရောမဖြစ်နိုင်ဘူး လားဆိုတဲ့ သံသ ယ စောဒကတက်သံတွေကိုလည်း ကြားနေရတဲ့ အချိန်မျိုးပါ။ သံသယ ပျောက်ဖို့ဆိုရင် အမှန်ဘဝရောက်ဖို့ လိုပါတယ်။ အမှန်ဘဝ   ရောက်ဖို့ ဆိုတာ တိုင်းပြည်ထဲမှာ ညီညွတ် ငြိမ်းချမ်းပြီး လွတ်လပ်သာယာတဲ့ အခြေအနေ ဖြစ်လာအောင် လုပ်ပြ နိုင်ဖို့ပဲဖြစ်ပါတယ်။ အဲဒီလို အခြေ အနေဖြစ်လာအောင် လုပ်ဖို့ဆိုရင် အစိုးရဘက်မှာ ပိုပြီးတာဝန်ရှိပါ တယ်။ အခုရေတွင်းတူး ပြီးအခု ရေကြည်သောက် ဖို့ဆိုတာ မလွယ်ကူမှန်း တိုင်းပြည်ကောင်းမွန်စေချင်သူ အားလုံးက နား လည်ကြပါ တယ်။ ဒါပေမဲ့ ရေထွက်လာတဲ့ အထိ ရေတွင်းတူးပြတာကိုတော့ အရင်ဆုံးမြင်ချင်ကြမှာ တကယ့်ကို သေချာပါတယ်။
အတိတ်မှာ ထားခဲ့ရမယ့် အကွဲ
အခုတွေ့ဆုံကြ၊ ဆွေးနွေးညှိ နှိုင်းကြတာတွေဟာ တိုင်းပြည် ကောင်းအောင် ဘယ်လိုလုပ်သင့် သလဲဆိုတဲ့ အခြေခံစိတ်နဲ့ ဆွေးနွေးနေ ကြတာလို့ အဓိပ္ပာယ်ကောက်ယူ မယ် ဆိုရင်ဘယ်လို ထင်မြင်ပါသလဲ။ ရေရှည် တည်တံ့ခိုင်မြဲတဲ့ ညီညွတ်ရေး၊ ငြိမ်းချမ်းရေး ရရှိဖို့ဆို တဲ့အမြင်ပေါ်ကနေ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းနေကြတယ်ဆိုရင် သဘော တူနိုင်ပါသလား။ သဘောတရားအရ ရော၊ လက် တွေ့ဖြစ်ရပ်တွေအရပါ တိုင်း ပြည်နဲ့ လူထုအတွက် အကျိုးသက် ရောက် မှုကောင်းတွေဖြစ်စေနိုင်မှာ က တွေ့ဆုံဆွေးနွေး ပြီး ညှိနှိုင်းဖြေ ရှင်း ခြင်းသာဖြစ်ပြီး ဒါကလွဲလို့ တခြားနည်းလမ်းမရှိနိုင်ဘူးလို့ တကယ့်ကို ယုံယုံကြည်ကြည်နဲ့ နှစ်ဖက်စလုံးက ပြောနေလုပ်နေ ကြတာလို့ သတ်မှတ်မယ် ဆိုရင် လက်ခံချင်ပါသလား။ အရင်တုန်းက ဖြစ်ခဲ့တဲ့ အမှား ဟောင်းတွေမျိုး ထပ်မမှားအောင် ရှောင်ရင်းသံသယတွေ၊ အမုန်းတွေ၊ အငြိုးအတေးတွေတဖြည်းဖြည်း   ပျောက်ကွယ်သွားစေချင်တဲ့ စိတ် တွေနဲ့ အာမခံချက်ရှိရှိ တွေ့ဆုံ ညှိနှိုင်းကြတဲ့ ဆွေးနွေးပွဲတွေဆီကို ဦးတည်လာနေပြီဆိုရင်ဘယ်လိုဝေ ဖန်ချင်ပါသလဲ။  ကျွန်တော်က  ဒီလိုမေးခွန်းတွေ ကို ကိုယ်တိုင်ဖြေကြည့်ဖို့လည်း စဉ်း စားမိလိုက်ပါသေးတယ်။ တော်လှန် ရေး တပ်ပေါင်းစုတစ်ခုရဲ့ မူတွေထဲ မှာ’တူတာတွဲလုပ်၊ မတူတာခွဲလုပ်’ လို့ ဆိုဖူးပါတယ်။ နိုင်ငံတည် ဆောက်ရေး ကိစ္စတွေမှာတော့ တူ တာတွဲလုပ်တာ မှန်ပေမယ့် မတူ တာ ခွဲလုပ်မယ်ဆိုရင် မှားနိုင်ပါလိမ့် မယ်။ မတူတာက ဘာမတူတာလဲ။ အထူးသဖြင့် အစိုးရနဲ့ အတိုက်အခံ ဆိုတဲ့ ဘက်နှစ်ဘက်က ညီညွတ် ပြေလည်ရေးအတွက် ကြိုးစား ဆောင်ရွက်နေကြတဲ့ ကာလမှာ အရင်တုန်းက မတူလို့ကွဲခဲ့၊ ဆန့် ကျင်ဘက်ဖြစ်ခဲ့တာမျိုး ထပ်မဖြစ် အောင်အပေးအယူ၊အလျှော့အတင်း တွေနဲ့ အနီးစပ်ဆုံး၊ အပြေလည် ဆုံးဖြစ်အောင်ညှိနှိုင်းကြရမှာပါ။ အခြေခံအားဖြင့် မတူနိုင်ခဲ့ကြ တာကို နှစ်ဖက်စလုံးက အတိတ်မှာ ထားရစ် ခဲ့နိုင်ရေးအတွက် ကြိုးပမ်းကြရမှာပါ။ တစ်ထပ်တည်း မတူနိုင်ပေမယ့် အလုပ်တွဲလုပ်လို့ရတဲ့ တူညီမှုမျိုးရ အောင် အားထုတ် ရလိမ့်မယ်လို့ မြင်ပါတယ်။
ပုံသဏ္ဌာန်သစ်နဲ့အတူ
၂ဝ၁၁ ထဲမှာ ညီညွတ်ရေး၊ ငြိမ်းချမ်းရေးအတွက် ပြန်လည်သင့် မြတ်ရေးရနိုင်အောင် ကြိုးစားအား ထုတ်မှုတွေ တွေ့ခဲ့ရတယ်။ အစိုးရ ပုံသဏ္ဌာန်ပြောင်းသွားခဲ့တာနဲ့ အတူ စဉ်းစားပုံ၊ ဆောင်ရွက်ပုံတွေပြောင်း ဖို့ပြင်ဆင်လာတဲ့ ကနဦးခြေလှမ်း။ ပုံသဏ္ဌာန်န်နဲ့ အနှစ်သာရတွေ လိုက်လျော ညီထွေရှိအောင် ပြုပြင် လာတဲ့ ကနဦး ခြေလှမ်း   တွေဆိုပြီး သတ်မှတ် လို့ရပါတယ်။ ပုံသဏ္ဌာန်နဲ့ အနှစ် သာရက လိုက်ဖက်ညီမှု ရှိနေမှသာ ကောင်းတယ်လို့ ပြောခဲ့ကြတာပဲမဟုတ် ပါလား။  အစပိုင်းမှာတော့ သံသယတွေ  ရှိနေကြမယ်ဆိုတာကို အစိုးရဘက် ကလည်းတွက်ထားပြီးသားဖြစ်မယ် လို့ ထင်ပါတယ်။ တကယ်လည်း သံသယရှိနေကြတုန်းပါပဲ။ သံသယ တွေ၊ သင်္ကာမကင်းစိတ်တွေ ပျောက်အောင်တကယ် လုပ်ပြနိုင် တဲ့သူတွေဟာ လက်ရှိအစိုးရပဲ ဖြစ် ပါတယ်။ သံသယဖြစ်နိုင်တာတွေ၊ ဖြစ်နေတာတွေကို တစ်ခုပြီးတစ်ခု၊ တစ်ဆင့်ပြီးတစ်ဆင့် ဖြေရှင်းနိုင်ခဲ့ လေလေ၊ ယုံကြည်လက်ခံမှု တိုး တက်ရရှိလေလေဖြစ်လာလိမ့်မှာပါ။ အဲဒီလို ဖြစ်ဖို့ဆိုတာကလည်း လမ်းဟောင်းဆီကို   နောက်ပြန် မလှည့် ချင်တဲ့စိတ်နဲ့ အပြောင်းအလဲ အတွက် ခိုင်ခိုင်မာမာ ယုံကြည် မျှော်လင့်ပြီး လက်တွေ့လုပ်ပြနိုင်မှု ပေါ်မှာ အခြေခံနေတယ်လို့ ယူ ဆမိကြောင်းပါ ခင်ဗျာ့။
နောင်ကျော်
Ref : Popularmyanmar.com
Read More
ဗိုလ်ချုပ်အောင်ဆန်း ၏ တကယ့်လူ
လွန်ခဲ့သောအနှစ်(၂၀)လောက်က တကယ့်လူ အမည်နှင့် ကျွန်တော်သည် ၀တ္ထုဇာတ်ညွှန်းရေးဖူးသည်။ အကယ်ဒမီ ဒါရိုက်တာ ပန်းချီစိုးမိုးကစိုးသူ(ပေါက်စ)၊ စိုးစိုး(စိုးမြတ်သူဇာ)တို့နှင့် စိုးမိုး၊ စိုးသူ၊ စိုးမြတ်သူဇာ တို့၏ စိုးသုံးလုံး ရုပ်ရှင် က ရိုက်ကူးခဲ့ခြင်းဖြစ်သည်။စာရေးဆရာ မောင်သာချိုကလည်း ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ချင်းစာစိတ်၊ လာဘ် ပေး လာဘ် ယူကင်း မှုနှင့် ရိုးသားမှုကို တကယ့်လူအမည်နှင့်ဟောပြောသွားသည် မှာ ကရုဏာဖြစ်ဖွယ်၊ လေးစားဖွယ်ပင်။ ၁၉၄၆ ခုနှစ်၊  နှစ်ကုန်ကာနီးတွင် ဖဆပလ က ကွန်မြူနစ်ပါတီ ကိုထုတ် ပစ်လိုက်ပြီးနောက် ဗိုလ်ချုပ်သည်ဦးကျော် ငြိမ်း၊ ဦးဘဆွေစသောဆိုရှယ်လစ်ပါတီ ခေါင်းဆောင်တွေနှင့် ပေါင်းလိုက်သည်။ ကွန်မြူနစ်ပါတီကလည်း ဆိုရှယ်လစ်တွေ လက်မှာ ခွေးသေ၊ ၀က်သေသေရစ်ပေ တော့ဟု ပြင်းထန်ထိရှသောစကားလုံး တွေနှင့် ဗိုလ်ချုပ်ကိုရှေ့မှာထားလျက် ကမ္ဗည်းနိမိတ်ခပ်နှိပ်ခဲ့သည်။ဤမျှမက ကွန်မြူနစ်ပါတီ၏မီဒီယာ များဖြစ်ကြသော ကွန်မြူနစ်နေ့စဉ်၊ ပြည် သူ့အာဏာဂျာနယ် တို့ကနေ၍ ဗိုလ်ချုပ် နှင့်ဖဆပလ ကိုနှစ်ပြားမတန်အောင် တိုက်ခိုက်ရေးသား ထိုးနှက်ခဲ့သည်။
ဗိုလ်ချုပ်နှင့်ဖဆပလဘက်ကလည်း ကွန်မြူနစ်တွေကိုဓားပြတွေ၊ သူခိုးတွေ စသဖြင့် နှစ်ပြားမတန်အောင် ပြန်နှက်ခဲ့ သည်။ ယင်းကြောင့် တစ်သက်တော့ ဗိုလ်ချုပ်နှင့်ကွန်မြူနစ်တွေ လမ်းဆုံးသွား ပြီဟု ထင်မှတ်စရာပင်။ထိုမတိုင် မီကလေး ၁၉၄၆ခုနှစ်၊စက် တင်ဘာလ ၂၁ ရက်နေ့တွင် မြေနီကုန်း၊ ပြည်လမ်းမှာ ဂဠုန်ဦးစော သေနတ်ပစ် ခံရသည်။ ယင်းပစ်ခတ်မှုသည် ဗိုလ်ချုပ် လက်ချက်ဟု ဦးစော ကစွပ်စွဲသည်။ ဗြိ တိသျှဘုရင်ခံခေတ်ဖြစ်၍ ဘုရင်ခံကိုပါ (ဗိုလ်ချုပ်လက်ချက်ဖြစ်ကြောင်း) ဦးစော ကစွပ်စွဲတိုင်ကြားသည်။
ရှစ်မိုင်ခွဲ၊ အေ၀မ်းခြံ (ယခု သိန်းထွဋ်၊ သန်းထွဋ်အမွှာတို့နေရာ) တွင် ဗိုလ်ချုပ်နှင့်အလွန်ရင်းနှီးသော ဒဂုန် မဂ္ဂဇင်းမန်နေဂျာသခင်လှဘူး နေသည်။ သခင်လှဘူး၊ အေ၀မ်းဦးတင်နွယ် တို့ အကူအညီနှင့်၁၉၄၆ခု၊အောက်တိုဘာလ (၁၀)ရက်နေ့တွင် သခင်လှဘူး၊ ဒေါ်ခင်လဲ့ တို့အိမ်မှာ ဗိုလ်ချုပ် နှင့် ဦးစော တို့ တွေ့ကြသည်။ ဦးစောက၀န်ကြီးချုပ် တာဝန်ထမ်းဆောင်နေသော ဗိုလ်ချုပ် ကိုမင်းနှင့်ငါနှင့်ပြောလျက် လက်ညှိုး ငေါက်ငေါက်ထိုးကာ မဟုတ်မတရား ဒေါနှင့်မောနှင့် စွပ်စွဲ၏။ဗိုလ်ချုပ်သည်ဦးစောအကြိမ်ကြိမ် စွပ်စွဲသည့်ကြားက သုံးကြိမ်၊ သုံးခါစိတ် ရှည်သည်းခံစွာပင် ဦးစောကိုတောင်းပန် ခဲ့သည်။ သူ၏ရိုးသားဖြူစင်မှုကို ဦးစော နှင့်မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ပြသခဲ့ သည်။
ကွန်မြူနစ်ပါတီကို၁၉၄၆ခု၊အောက် တိုဘာလတွင် ဖဆပလကထုတ်ပယ်ပြီး နောက် ရက်တစ်ရက်မှာ ဗိုလ်ချုပ်တပည့် ဗိုလ်ထွန်းလှ(တက်္ကသိုလ်နေ၀င်း) ကား မောင်းပြီး ဗိုလ်ချုပ်က ဗိုလ်ထွန်းလှ ဘေး မှာလိုက်ပါလျက် သူ့ရုံးခန်းရှိရာ အတွင်း ၀န်ရုံးသို့ဦးတည်လာသည်။တိရစ္ဆာန်ရုံဘေးသို့ ဗိုလ်ချုပ်တို့ကား ဖြတ်အလာမှာ ပလက်ဖောင်းပေါ်တွင် လမ်းလျှောက်လျက် ဗဟန်းဘက်ကပြန် လာပုံရသော သခင်မြသွင်ကို ဗိုလ်ချုပ် လှမ်းမြင်လိုက်သည်။““ဟေ့၊ ဟိုမှာကြည့်စမ်း သခင်မြသွင် မဟုတ်လား”” ဗိုလ်ထွန်းလှ လှမ်းကြည့် လိုက်တော့ တကယ်ပင် ကွန်မြူနစ်ခေါင်း ဆောင်တစ်ဦးဖြစ်သူ သခင်မြသွင်ကိုတွေ့ လိုက်ရသည်။““အစစ်ပဲ ဗိုလ်ချုပ်။ နေပူထဲမှာချွေး တွေနဲ့ရွှဲလို့ သခင်မြသွင်နွမ်းနေပုံပဲ””““ဒါဆိုကားရပ်ကွာ””
သခင်မြသွင် အနီးတွင်ကားရပ်သွား ရာ သခင်မြသွင်ကလှမ်းကြည့်သည်။ ဗိုလ်ချုပ် နှင့်သူ့တပည့် ဗိုလ်ထွန်းလှတို့။သူ့ကိုဗိုလ်ချုပ်တို့ဆရာတပည့်နှစ်ယောက် ကရန်ပြုမှာလားဟု သခင်မြသွင်စိုးရိမ် သွားသည်။ဗိုလ်ချုပ်အလွန်စေတနာကောင်း သည်။ကားထဲကကပျာကယာဆင်းသည် ““ကဲ၊ တက် သခင်မြသွင်။ပါတီချင်းမတည့် တာနဲ့ လူချင်းအခင်မင်မပျက်ပါဘူး။ မြို့ ထဲသွားမှာမို့လား။ တက်သာတက်ပါ။ လိုက်ပို့ပါ့မယ်””သခင်မြသွင်သည်တော်တော်အံ့အား သင့်သွားသည်။ ဗိုလ်ချုပ်သည်အရိုးခံ အတိုင်း သခင်မြသွင်လက်ကိုဆွဲပြီး ကား ပေါ်သို့ခေါ်တင်၏။ သခင်မြသွင်သွားလို ရာဆီလိုက်ပို့ပေး၏။ သူ့ကိုဆိုရှယ်လစ် တွေလက်ထဲ ခွေးသေ၀က်သေ သေရစ် တော့ဟု မေတ္တာပို့ခဲ့သော ကွန်မြူနစ်တွေ ကို ပုဂိ္ဂုလ်ရေးမမုန်းကြောင်း သခင်မြသွင် ကိုကားပေါ်ခေါ်တင်ခြင်းဖြင့်သက်သေ ပြခဲ့သည်။၁၉၄၇ခုနှစ်၊ဧပြီလတွင် ရွေးကောက် ပွဲကျင်းပသည်။ ဗိုလ်ချုပ်တို့ ဖဆပလ က တစ်နိုင်ငံလုံးလိုလိုမှာ အပြတ်အသတ်နိုင် သည်။ သို့သော် ကွန်မြူနစ်ပါတီက (၇) နေရာရလိုက်သေးသည်။ ယင်းအနက် ကွန်မြူနစ်အမတ်ဖြူးသခင်သန်းဖေသည် ဗိုလ်ချုပ်တို့ ဖဆပလကို တောင်ငူတောင် ပိုင်း မဲဆန်္ဒနယ်တွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရသွားသည်။ဖြူးသခင်သန်းဖေသည် ကွန်မြူနစ် ပါတီတွင် သခင်သန်းထွန်းကလွဲလျှင် သြဇာတိက္ကမကြီးသူဖြစ်သည်။လွှတ်တော် အစည်းအဝေးကျင်းပနေချိန်တွင် သခင် သန်းဖေသည် ဗိုလ်ချုပ်နှင့်တွေ့ဆုံဆွေး နွေးလိုကြောင်း၊ ဖဆပလနှင့် ကွန်မြူနစ် ပါတီညီညွတ်ရေးကို ဆွေးနွေးရန်ဖြစ် ကြောင်း ဗိုလ်ချုပ်ကိုတွေ့ပြီးပြောသည်။ဗိုလ်ချုပ်သည်ဖဆပလနှင့်ကွန်မြူနစ် တို့ညီညွတ်ရေးကို အလွန်အလိုရှိသူဖြစ် သည်။ သခင်သန်းဖေကဖွင့်ဟပြောပြ လာ၍အလိုလိုရွှင်လန်းတက်ကြွလာသည်။ ခက်နေသည်မှာညနေလေးနာရီခွဲလောက် ထိဗိုလ်ချုပ်မှာ တာဝန်တွေပါနေ၏။
““ဒီလိုလုပ်ပါလား သခင်သန်းဖေ””
““ဆို၊ သခင်အောင်ဆန်း””
““ညနေရုံးဆင်းရင် အိမ်လိုက်ခဲ့ဗျာ၊ အိမ်မှာ အေးအေးဆေးဆေးဆွေးနွေး ကြတာပေါ့””
ဗိုလ်ချုပ်ကိုရွှင်ပြတက်ကြွနေ၍ သခင်သန်းဖေ စိတ်ချမ်းသာသွား၏။ ဗိုလ်ချုပ် အိမ်တွင်ညနေ ၅ နာရီကစ၍ သခင်သန်းဖေနှင့်ဗိုလ်ချုပ်တို့ ဆွေးနွေး ကြသည်မှာညသန်းခေါင်တောင်တိုင်သွား လေသည်။ ဗိုလ်ချုပ်ကတော်ကညစာပြင် ကျွေးတော့လည်းစားရင်း၊သောက်ရင်း ဆွေးနွေးဆဲ။ ထန်းလျက်နှင့်လက်ဖက်၊ ပဲလှော်ကြော်တို့ဖြင့် အချိုတည်းကြတော့ လည်း အမျှင်မပြတ် စကားဆက်နေဆဲ။ ဗိုလ်ချုပ်သည်အင်မတန်ရိုးသားသည်။ အမျိုးသားညီညွတ်ရေးကို အလွန်တန်ဖိုး ထားသည်။ ဆိုရှယ်လစ်တွေလက်မှာခွေး သေ၀က်သေ သေရစ်လေတော့လို့ ကွန် မြူနစ်တွေပြောရက်တယ်ဗျာဟု စကား နာမထိုးပါ။ ဗိုလ်ချုပ်သည်သခင်သန်းဖေ တို့ကွန်မြူနစ်မဖြစ်ခင်ကပင် ၁၉၃၉ခု၊ သြဂုတ်လ(၁၅)ရက်နေ့တွင် ဗမာပြည် ကွန်မြူနစ်ပါတီကိုစတင်တည်ထောင်ခဲ့သူ အထွေထွေအတွင်းရေးမှူးတာဝန်ကိုရယူ ခဲ့သူဖြစ်သည့်တိုင် ဟန်ဓာတ်ခုတ် ကြွားဝါခြင်း လုံးဝမရှိ။ ပကတိရိုးသား ဖြူစင်စွာဖြင့် ပေါင်းသင်း ဆက်ဆံ တတ်သည်မှာ မှတ်သားထိုက်လှသည်။ဗိုလ်ချုပ်အိမ်တွင် ရဲဘော်ကျော်စိန် အမည်ရှိ ယာဉ်မောင်းတစ်ဦးရှိသည်။ ရဲဘော်ကျော်စိန်တွင်ထူးခြားချက်နှစ်ချက် ရှိသည်။ပထမအချက်သည်ဖြစ်သည့်နည်း နှင့် ညနေတိုင်းအရက်သောက်ခြင်းဖြစ်၍ ဒုတိယအချက်မှာ ဗိုလ်ချုပ်၏အချစ်ဆုံး သမီးကလေး မစု(ယခု ဒေါ်အောင်ဆန်းစု ကြည်)ကို ရဲဘော်ကျော်စိန်ကအလိုလိုက် ခြင်းပင်ဖြစ်သည်။
တစ်ခါတစ်ရံ မစုကလေးသည် ရဲဘော်ကျော်စိန်ကို သီချင်းဆိုခိုင်းရုံသာ မကဦးရွှေရိုးအကကိုပါကခိုင်းတတ်လေ သည်။ ရဲဘော်ကျော်စိန်သည်ဦးရွှေရိုးဟန် ဖြင့် မကတတ်ကတတ်ကပြီး ““လူထုအား ကိုအများကြီးလိုသည်။ ဗိုလ်ချုပ်အစိုးရ အချိုးကျကူညီ”” သီချင်းကိုစည်းချက်ကျ ကျဆိုလျက် မစု ကလေးကိုဖျော်ဖြေလေ့ ရှိ၏။ ဗိုလ်ချုပ်နှင့် ဗိုလ်ချုပ်ကတော်တို့ ကလည်း ရဲဘော်ကျော်စိန်ကိုသမီကလေး မစု ပျော်အောင် ဖျော်ဖြေနိုင်၍ တော် တော်သဘောကျ၏။
တစ်နေ့တွင် ဗိုလ်ချုပ်နှင့်တပည့် အတွင်းရေးအတွင်းဝန် ဗိုလ်ထွန်းလှ (တက်္ကသိုလ်နေ၀င်း)တို့ ဘုရင်ခံဧည့်ခံပွဲ သို့ ရဲဘော်ကျော်စိန် မောင်းသောကားဖြင့် သွား၏။ ညဦးယံဧည့်ခံပွဲသည် နှစ်နာရီ ခန့်ကြာ၏။ဗိုလ်ချုပ်နှင့်ဗိုလ်ထွန်းလှတို့ကိစ္စပြီး၍ ကားဆီသို့ပြန်လာတော့ ရဲဘော်ကျော်စိန် သည်တခေါခေါဟောက်လျက်ကားနောက် ခန်းမှာ စက်တော်ခေါ်လျက်ရှိ၏။ ရဲဘော်ကျော်စိန် သည်ကားသမားများကို ဧည့်ခံသော ဇိုးသမားယမကာမောင်တွေ အလွန်ကြိုက်သည့် ဘီးဟိုက် Bee-Hive (ပျားအုံဘရန်ဒီ)ကို နှစ်သက်စွာသောက် သုံးလေရာ များသွားပြီး ကားနောက်ခန်း မှာအိပ်မောကျသွားခြင်းဖြစ်၏။မိမိ၏ကားသမားကအရက်မူးပြီး အိပ်ပျော်နေသည်ဆိုလျှင်မြန်မာနိုင်ငံတွင်  ဘုရင်ခံကလွဲ၍အဆင့်အမြင့်ဆုံးပုဂိ္ဂုလ် သည် စိတ်ဆိုးဒေါပွကာဆူပူကြိမ်းမောင်း မည်ပင်။ ““ဟေ့ကောင်ကျော်စိန်။ ခွေးမ သား။ ထ၊ ဇိမ်ကျပြီးဟောက်နေလိုက်တာ ဇရက်မင်းစည်းစိမ်ကျနေတာပဲ။ အတော် အသုံးမကျတဲ့ကောင်””ဟု ဗိုလ်ချုပ်က ဆူပူပြောဆိုလိမ့်မည်ဟုထင်ပါသလား။စင်စစ် ဗိုလ်ချုပ်က ရဲဘော်ကျော်စိန် စိတ်ချလက်ချဟောက်နေသည်ကိုကြည့် ရင်း သဘောကျသလိုပြုံး၏ ““တစ်ခါတစ် ရံခံစားရတာ။ ခံစားခွင့်ပေးလိုက်ပါကွာ။ မင်းပဲမောင်းပြီးသူ့ကိုအိပ်စက်ခွင့်ပေးလိုက် ကြရအောင်””ဟု ဗိုလ်ချုပ်ကဗိုလ်ထွန်းလှ ကိုပြော၏။
ယင်းမှာ ဗိုလ်ထွန်းလှမောင်းလာ သော ဗိုလ်ချုပ်စီးလာသည့်ကားပေါ်တွင် ရဲဘော်ကျော်စိန်သည် နတ်စည်းစိမ်ခံစား လျက် ဇိမ်ခံလိုက်ပါကာ နေလေတော့ သတည်း။
မြေနီသစ္စာ
Ref : The Hot News Journal
Read More
တိဗက်လူမျိုးအတိုက်အခံတွေကတော့ကိုယ့်ကိုယ်ကိုမီးရှို့ ဆန္ဒပြတယ် မြန်မာလူမျိုးအတိုက်အခံတွေကတော့ ပြည်သူ့ အိုးအိမ်အသက်တွေကိုမိုင်းခွဲသတ်ဖြတ်ပြီးဆန္ဒပြ
တိဗက် လူမျိုးများ တရုတ်တို့ ရဲ့ အုပ်ချုပ်မှု့ ကို မလိုလားလို့  အမျိုးမျိုး ဆန္ဒပြကြ ပါတယ်။ ယခုလည်း တိဗက်လူမျိုး အတိုက်အခံ တစ်ယောက် မိမိခန္ဗာကိုယ်ကို မီးရှို့ ကာ တရုတ်တို့ ရဲ့ အုပ်ချုပ်မှု့ ကို ဆန္ဒပြတာပါ ။ ဆန္ဒပြခြင်းသည် မိမိလိုချင်သော အခွင့်အရေးကို တောင်းဆိုခြင်းဖြစ်ပြီး မည်သူတစ်ဦး တစ်ယောက်ကိုမျှ မထိခိုက် သော် မိမိကိုယ်ကို အနာခံကာ တိဗက်လူမျိုး အတိုက်အခံမှာ ဆန္ဒပြ တောင်းဆိုခဲ့ ပါသည်။ ၎င်းလုပ်ရပ်သည်မှားသည်၊ မှန်သည်နောက်ထား မိမိကိုယ်ကို စတေးကာ လို ချင်လိုချင်သော ဆန္ဒကို ထုပ်ဖော်သွားခြင်းဖြစ်၍ လေးစားစရာတစ်ခုပါ။ မြန်မာ့အတိုက်အခံ များမှာတော့ မိမိကိုယ်ကို မီးရှို့ ဖို့ နေနေသာသာ မိမိဆီမှာ တစ်ခုလေးမှအဆုံး အရှုံးမခံတတ်ကြပါ။ မြန်မာ့အတိုက်အခံတို့ ဆန္ဒပြလျှင် အိမ်သာ၊ ရထားဘူတာ၊ ဈေး၊ ကွမ်းယာဆိုင်၊ လူထိများနိုင်သောပွဲလမ်းသဘင်များ စသည့် နေရာများကိုသာေ၇ွး ချယ်ကာ မိုင်းထောင် ဗုံးခွဲပြည်သူများကို သတ်ကာ ဆန္ဒပြတတ်ကြပါသည်။ မြန်မာ့အတိုက်အခံတို့ မှာ အမှန်တကယ်မှာ လိုချင်တာကို တောင်းဆိုချင်၍ မဟုတ် မြန်မာ ဆူပူအုံကြွမှု့ ကို သာလိုလားပါသည်။ စက်တင်ဘာလ သံဃာများ စုပေါင်းလှည့်လည် တန်းစီမှု့ ကိုပဲကြည့်ပါ။ ပြည်သူလူထုအားမပါ ပါအောင် စည်း၇ှုံး၊ အေးဆေးငြိမ်သက် နေသော ပြည်သူတို့ အားဆူပူ အုံကြွစေရန် အလို့ ငှာရည်၇ွယ်ခဲ့ကြသည်။၎င်းတို့ မည်သည့်အရာကိုလိုအပ်၍ဆန္ဒပြခဲ့ကြသလဲ။ အမှန်မှာတော့မြန်မာပြည်သူလူထုတစ်ခု လုံးအုံကြွကာတိုင်းပြည်ပျက်စေလို့ သည့်ဆန္ဒပါ။ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် ၊ပြင်ဦးလွင် စသည့်လူစည်ကားရာမြို့ များကိုမှရွေးချယ်ကာ မိုင်းထောင်၍ဖောက်ခွဲ ကြသည်။၎င်းတို့ ဘာကိုလိုချင်ပါသလဲ။သိသိသာသာကြီးပါပြည်သူတွေကိုသေစေချင်၏။ ပြည်သူတွေရဲ့ အိုးအိမ်တွေပျက်စီးစေလို၏။ လိုချင်မှု့ တစ်ခုကိုထောက်ပြကာ တိုင်းပြည်တစ်ခုလုံးဆူပူအုံကြွစေရန်သာ မြန်မာအတိုက်အခံတို့ ဆန္ဒပြကြပါသည်။
မြန်မာအတိုက်အခံတို့ မိမိတစ်ကိုယ်တည်းကောင်းကြိုးကိုသာမျှော်ပါသည်။ဘယ်သူသေသေငတေမာပြီးရော ဆိုသည့်စကားအတိုင်း မိမိလိုချင်တာရဖို့ အ ရေးဘယ်သူဘာဖြစ်ဖြစ် မိုင်းခွဲမည်၊ ပြည်သူဆူပူအုံကြွလျင် ၎င်းတို့ ဒေါ်လာပိုရမည် မြန်မာပြည်ပျက်စီးမှာ ၎င်းတို့ ဂ၇ုမစိုက်၊ မြန်မာပြည်ကြီးပျက်စီးသွားလည်း သူတို့  အတွက်ပြေးခိုစရာပထွေးရင်ခွင်ကကြိုထားပြီးသား။အစိုးရတစ်ခုခုလုပ်လျှင် ဖျက်လိုဖျက်စီးတားဖို့ ကအ၇င် ကောင်းသည်မကောင်းသည်အပထား ၊အစိုးရကကောင်း ကျိုးဆိုးကျိုးတွက်ပြီးမှ စီမံခဲ့ သည်အရာတွေချည်းပါပဲ။ေ၇နက်ဆိပ်ကမ်းဆောက်တော့လည်း ဆောက်လို့ စစ်တွေ မှာဆိပ်ကမ်းဆောက်တော့လည်းဆောက်လို့ ၊အပြစ် မကင်း ၎င်းပြောနေမြဲ၊ အကျဉ်းသားတွေ လွှတ်ပေးပြန်ပါတော့လည်းနိုင်ငံရေးအကျဉ်းသားပါသောကြောင့်အပြစ်မကင်း မည်သို့ ပင်ဆိုစေ နိုင်ငံရေးအကျဉ်းသားမှ အ ကျဉ်းကလွတ်မြောက်ချင်သည်မဟုတ်ပါ ၊ အကျဉ်းကျနေသူအားလုံးလွတ်ချင်ကြသည်ပါပဲ။ အကျဉ်းကျဦးရေ ထောင်ဂဏန်းမျှလွှတ်ပေးပါသော်လည်း အကောင်းမ မပြောနိုင်သေး ၎င်းတို့ လူမပါမချင်းအဆိုးပြောနေမြဲပါ။ အကျဉ်းသားစုစုပေါင်း ၆၆၅၆ ဦးမျှလွှတ်ပေးခဲ့ ပါသော်လည်း မြန်မာ့အတိုက်အခံတို့ မှာ ထိုအကျဉ်းသား ၆၆၅၆ ဦးလွတ်မြောက်သည်ကို ၀မ်းမသာ ဂ၇ုမစိုက်ပါ။၎င်း အချက်ကိုကြည့်လျင်ပင်မြန်မာအတိုက်အခံတို့ ၎င်းတို့ ကိုယ်ကျိုးသာကြည့်သည်ကပေါ်လွင်ပါသည်။ ထိုအကျဉ်းသား ၆၆၅၆ ဦးမှာမြန်မာ့အတိုက်အခံတို့ တို့ အမြင်တွင်လူသားမဟုတ်၍လား၊ ထိုအကျဉ်းသားများကိုမလွှတ်ပဲ နိုင်ငံရေးအကျဉ်း သားများနဲ့ လဲလှယ်ပြီးလွှတ်ပေးစေချင်သည်လား၊ နိုင်ငံရေးအကျဉ်းသားများအတွက် ယခုလွတ်မြောက်လာသူ ၆၆၀၀ ကျော်မျှသောအကျဉ်းသားများက စတေးပေးခံရမည်လား။ မြန်မာ့နိုင်ငံေ၇းသမားများ ၎င်းတို့ အကျဉ်းသားများလွှတ်ပေးေ၇း မိမိကိုယ်ကို မီးရှို့ ဆန္ဒလည်း ဘယ်သူမှ မပြပါဘူး အမှန်တကယ်က သူတို့  လိုချင်တာ အစိုးရကိုမကောင်းပြောနေဖို့ နိုင်ငံဆူပူဖို့ ၇ည်၇ွက်ချက်သာ အဓိက သူတို့ အတွက်ဖြစ်သည် ။ 
Ref :သဘာဝမြေ
Read More
မြန်မာဖြစ်ရတာ ဂုဏ်ယူပါ
စစ်တပ်ထဲက မြန်မာ
            ကျွန်တော် စင်ကာပူရောက်တာ တစ်နှစ်ရှိပြီ။ အလုပ်က စင်ကာပူလေတပ်တစ်ခုအတွင်း
အဆောက်အဦသစ်များတွင် ရေပေးဝေရေးပိုက်လိုင်းများ၊ မီးသတ်ပိုက်လိုင်းများ တပ်ဆင်ရခြင်းဖြစ်သည်။
စစ်တပ်တွင်း အလုပ်လုပ်ရခြင်းကြောင့် အ၀င်တွင် ၀င်ခွင့် Pass လဲရသည်။ ကျွန်တော်တို့
Work Permit ကဒ် များ၊ S Pass ကဒ်များကို စစ်တပ်တွင်းသွားလာခွင့်ကဒ်များဖြင့်
လဲလှယ်ပြီးမှသာလျင် ၀င်၍ လုပ်ကိုင်ခွင့်ရကြလေသည်။
                တစ်နေ့တွင် လဲလှယ်ပေးသော ရုံးခန်းရှေ့ တန်းစီနေခိုက် စစ်တပ်မှ ရာထူးကြီး ဗိုလ်များ
တပ်ကြပ်များ ရောက်လာပြီး ရုံးခန်းထဲရှိ တပ်သားများအား စစ်ဆေးကြသည်။ ထိုအခါ
လျော့တိလျော့ရဲစာရင်းများ၊ စနစ်တကျမရှိသော လဲလှယ်ပေးခြင်းများ တွေ့သွားကြသဖြင့်
ဆူပူလေတော့သည်။ အလုပ်သမားများ အဆင်ပြေစေရန် အလွယ်တကူ ၀င်ခွင့်လဲလှယ်ပေးမိသော
စစ်သားလေးများမှာ မျက်နှာငယ်လေးများဖြင့် သနားစဖွယ်။ အပြင်မှ ကျွန်တော်တို့လည်း
ကြည့်၍သာ နေရသည်။ ဗိုလ်များက တင်းကြပ်စွာ လုပ်ကိုင်ဆောင်ရွက်ရန် ညွှန်ကြားရင်း
ပြန်ထွက်သွားကြ၏ ။ ထိုအထဲမှ ဗိုလ်တစ်ဦးကမူ ကျွန်တော်တို့ တန်းစီစောင့်ဆိုင်းနေရာ အပြင်သို့
ထွက်လာပြီး ရှေ့ဆုံးမှ ကျွန်တော့်ကို ရင်းရင်းနှီးနှီး လာရောက်နှုတ်ဆက်လေသည်။
                ကျွန်တော် ဘုမသိ ဘမသိဖြင့် ပြန်၍ နှုတ်ဆက်လိုက်ရသော်လည်း သူ့ကိုမသိ။
ကျွန်တော့်အလုပ်သမားများကလည်း လုပ်ငန်းခွင်သို့ နောက်ဆုံးမှ ရောက်လာသော ကျွန်တော်နှင့်
စစ်တပ်က ဗိုလ်တစ်ယောက် ဘယ်လိုလုပ် ခင်နေသလဲဟု အံ့သြနေကြ၏ ။ ထိုစစ်ဗိုလ်က ကျွန်တော့်ကို
ဘာအလုပ်လုပ်သလဲဟု မေးသဖြင့် ကျွန်တော့်အလုပ်ကို ပြောပြလိုက်ရာ အံ့သြသွားပြီး အတူပါလာသော
စစ်ဗိုလ်တစ်ဦးကို တရုတ်လို ပြန်ပြောနေသည်။ ပြီးမှ ကျွန်တော့်ကို ဘယ်နိုင်ငံသားလဲဟု မေးလေသည်။
ကျွန်တော်က မြန်မာ ဟု ဖြေသောအခါ မြန်မာတွေ စိတ်ထားအလွန်ကောင်းကြောင်း ချီးကျူးလေသည်။
                ဖြစ်ပုံမှာ ထိုစစ်ဗိုလ်သည် လုံခြုံရေးကင်မရာများကို မကြာခဏ စစ်ဆေးရသူဖြစ်၏ ။
ကင်မရာစောင့်ကြည့်ရသည့် စစ်သားများက ပြောသဖြင့် ကျွန်တော့်ကို သတိထားမိကြောင်း ပြောပြသည်။
သူတို့က ကျွန်တော့်ကို လမ်းဖောက်သည့် ကုမ္ပဏီမှ ကြီးကြပ်သူတစ်ယောက်ဟု ထင်ထားကြသည်။
ကျွန်တော်တို့အလုပ်က တစ်နေရာနှင့် တစ်နေရာ ဝေးသဖြင့် ယာဉ်မောင်းလိုင်စင်မရှိသော ကျွန်တော်က
အခြား အလုပ်သမားများနည်းတူ စက်ဘီးဖြင့် သွားလာနေကျ။ သွားတိုင်းလည်း လမ်းပေါ်တွင်
မြေသယ်ကားကြီးများပေါ်မှ ကျသော မြေကြီးကျစ်စာခဲများ၊ ရွှံ့တုံးများကို လမ်းဘေးသို့ တတ်နိုင်သမျှ
ကန်သွားနေကျဖြစ်သည်။ ရှင်းလင်းသူများ ရှိသော်လည်း အမြဲမလုပ်နိုင်ကြသဖြင့် မြေကြီးခဲများမှာ
လမ်းပေါ်တွင် ပြန့်ကျဲပြီး ကားနင်းသွားလျင် အလွန် ညစ်ပတ်လှသောကြောင့် ကျွန်တော်စက်ဘီးစီးလျင်
ခြေနှင့် ဘေးသို့ ကန်ထုတ်ပေးသွားသည်ကို သူတို့စောင့်ကြည့်သူများ အမြဲမြင်တွေ့နေကြခြင်းဖြစ်လေသည်။
                ငယ်ငယ်ကတည်းက ဘောလုံးကန်လေ့ရှိခဲ့သောကြောင့် စက်ဘီးပေါ်မှ မြေကြီးခဲတိုင်း
မလွဲအောင် ကန်နိုင်သည်ကို စစ်သားလေးများက စောင့်ကြည့်ရင်း ပြောဆိုကြသည်ဆို၏ ။ တစ်ခါတရံ
သစ်ကိုင်းကျိုးများ၊ ဆူးခက်များ လမ်းပေါ်ကျနေလျင်လည်း ရှင်းလင်း ဖယ်ရှားပေးတတ်သောကြောင့်
ထိုစစ်ဗိုလ်က ချီးကျူးနေခြင်းဖြစ်သည်။ ကျွန်တော်က ဒါ လူတိုင်း အလွယ်တကူလုပ်နိုင်တဲ့ ကိစ္စပါ။
ဘာမှ မခဲယဉ်းပါဘူး၊ အဲလို အသိစိတ်ဓာတ်လေး ရှိနေဖို့ပဲ လိုတာပါ ဟု ပြောသောအခါ
သူတွေ့ဖူးတာတော့ ဘယ်သူမှ အဲလို မရှိကြဘူးလေ ဟု ရယ်ရင်း ပြန်ပြောလေသည်။
                အဲဒီနောက်ပိုင်း ကျွန်တော့်ကို စစ်သားတော်တော်များများ သိသွားကြသည်။
ကျွန်တော် pass သွားလဲလျင် အခြားသူများလို Clearance ခေါ်သော မှတ်ပုံတင်ထားသော
လူစာရင်းပုံစံပင် ပြရန်မလို၊ လူမြင်သည်နှင့် ချက်ချင်း လဲပေးကြသည်။ တစ်ခါတရံ pass မလဲဘဲ
ဝင်သွားသော်လည်း လက်ပြ နှုတ်ဆက်ကြသည်မှ လွဲ၍ မစစ်ဆေးကြချေ။ အမှန်မှာ စစ်သားအချင်းချင်းပင်
ကိုယ်ပိုင် Pass များ ပြရသည်။ အလုပ်သမားများမှာမူ မန်နေဂျာဖြစ်ဖြစ် ဥက္ကဋ္ဌဖြစ်ဖြစ် Pass လဲပြီးမှသာ
သူတို့ကိုပြပြီး ၀င်ခွင့်ရကြလေသည်။ ကျွန်တော်ကလည်း တမင်အခွင့်အရေးယူခြင်း မဟုတ်ပါ။
S pass ကဒ် မေ့ကျန်ခဲ့သည့်အခါ သို့မဟုတ် clearance မရှိသည့်အခါများတွင်သာ မလဲဘဲ
ခပ်တည်တည် ၀င်ခြင်းဖြစ်လေသည်။
ဘတ်စ်ကားပေါ်မှာ
                အရင်က ခုလို ကြိုပို့ကား မရှိသေး။ ခရီးကလည်း နီးသဖြင့် အလုပ်ကို ဘတ်စ်ကားနှင့်ပဲ
သွားလိုက်သည်။ ဘတ်စ်ကားနှင့်ဖြစ်သောကြောင့် ထချင်သည့်အချိန်မှ ထ သွားလို့ရသည်။
ပြန်ချင်သည့်အချိန် ပြန်၍ ရသည်။ ထို့ပြင် ကားခ ပြန်တောင်းလို့ ရသေးသည်။ ထို့ကြောင့်
ဘတ်စ်ကားက ကျွန်တော့်အတွက် အဆင်ပြေ၏ ။ ညနေဘက် အပြန်နောက်ကျလျင်တော့
လူကြပ်တတ်လေသည်။
                တစ်ညနေ၊ မှတ်တိုင်တစ်ခုတွင် အဘိုးကြီး အဘွားကြီးတွေချည်း ပြုံတက်လာသည်။
သင်္ချိုင်းမှာ ဘိုးဘွားကန်တော့ကြချိန်ဖြစ်ရာ လူတွေ များလှသည်။ ဂိတ်အစပိုင်းမှ စီးလာသော
ကျွန်တော်က ရှေ့ဆုံးခုံမှာ နေရာရထားသည်။ ဘေးမှာ လူတစ်ယောက်ပါသည်။ ကျွန်တော့်မှာက
အထုပ်တွေ အိတ်တွေနှင့်၊ သို့သော် မြန်မာပြည်ကအတိုင်း အသက်ကြီးသူတွေကို နေရာဖယ်ပေးလိုက်သည်။
ကျပ်သပ်နေသည့် လူတွေထဲ တိုးကာ အဘိုးကြီးတစ်ဦးကို လက်တို့၍ ဒီမှာ လာထိုင်ပါဟု ပြောလိုက်သည်။
အဘိုးကြီးက လှည့်ကြည့်ပြီး လက်ခါပြကာ တစ်ဖက်သို့ လှည့်သွားသည်။ နောက် အနီးမှ
အဘွားကြီးတစ်ဦးကို ထိုင်ရန် ပြောလိုက်ပြန်သည်။ ထိုအဘွားကြီးက တစ်ချက်မော့ကြည့်ကာ
တုန်တုန်ချည့်ချည့်ဖြင့် အတွင်းသို့ အတင်းတိုးသွားတော့သည်။
                အနီးအနားမှ အဘိုးကြီးအဘွားကြီးအားလုံး ထိုအတိုင်းပင် အတင်းငြင်းကြသည်။
ထိုင်ရမှာ ကြောက်သောကြောင့် ကားလာတိုးစီးကြသည့်နှယ် မတ်တပ်ရပ်ရမည့်အခွင့်အရေးကို
အသည်းအသန် ကာကွယ်နေပုံရလေသည်။ ပြန်ထိုင်ချင်စိတ်လည်း မရှိ၊ ထို့ကြောင့် ဘေးက
ကိုယ့်ထက်ကြီးသူတွေ ထိုင်ဖို့ ပြောတော့လည်း အားလုံးက ငြင်းကြပြန်သည်။ ထိုခုံက
နှစ်မှတ်တိုင်လောက် လွတ်နေသည်။ နောက်မှ တက်လာသော မိန်းမကြီးတစ်ယောက် ၀င်ထိုင်သွား၏ ။
                ဘေးမှ ဦးလေးကြီးတစ်ဦးက မေးလာသည်။
“မောင်ရင်က မြန်မာလား” .. တဲ့။
“ဟုတ်ကဲ့.. ဦးလေးက ဘယ်လိုလုပ် သိလဲ”
“သိပါတယ်.. ဒါက မြန်မာလူမျိုးတွေမှာပဲ တွေ့ရတဲ့ လေးစားသမှုပြုခြင်းပဲဟာ.. တခြား ဘယ်နိုင်ငံသားမှ
အဲလို မရှိဘူးလေ”
                ကျွန်တော် ဂုဏ်ယူမိသွားသည်။ ပြုံးပြီး
“ကျွန်တော်တို့ဆီမှာတော့ အဲလိုပဲ ထပေးနေကျကိုး။ လူတိုင်းက ထပေးတတ်ကြတယ်။ သက်ကြီးရွယ်အိုတွေကလည်း မငြင်းပါဘူး။ ဒီမှာတော့ ဘာလို့ ငြင်းလဲ မသိဘူး”
“သြော်.. စင်ကာပူလူမျိုးတွေက အဲလိုပဲကွ.. ဦးတို့လူမျိုးတွေကိုယ်စား ဦးကပဲ တောင်းပန်ပါတယ်။
သူတို့က ဒီလိုပဲ။ နားမလည်တတ်ကြဘူး။ မြန်မာတွေလို အားလည်း မနာကြဘူး။
ဦးတို့အလုပ်ထဲမှာလည်း မြန်မာတွေ အများကြီး ရှိတယ်။ တော်တော်များများက ကောင်းကြတယ်”
                ကောင်းတဲ့ မြန်မာများအတွက် ဂုဏ်ယူရပါသည်။ ထိုဦးလေးကြီးမှာ ကုမ္ပဏီတစ်ခုမှ
မန်နေဂျာဖြစ်ကြောင်း သိရ၏ ။ နောက် သုံးလေးမှတ်တိုင်ရောက်သောအခါ ကျွန်တော်
ဆင်းရတော့မည်ဖြစ်ကြောင်း နှုတ်ဆက်လိုက်သည်။ ထိုလူကြီးက ကျေးဇူးတင်ပါတယ် ဟု ဆို၏ ။
အနားမှာ ရပ်နေသော စစ်သားများထဲမှ တစ်ဦးက အလေးပြုဟန် လုပ်ပြသည်။ ကျွန်တော်ကလည်း
ပြန်လုပ်ပြလိုက်ပြီး ဆင်းမည်ဟု ရှေ့ပေါက်ကို တိုးထွက်တော့ ဒရိုင်ဘာမိန်းမကြီး
(ဒီမှာတော့ Bus Captain ဟု ခေါ်ကြသည်) က ပြုံးပြီး လက်ပြနေလေသည်။ သြော်.. လုပ်လိုက်တာက
ဘာမှမဟုတ်၊ အကျိုးကတော့ တော်တော်ပီတိဖြစ်ရပါလား ဟု တွေးလိုက်မိပါသည်။
မြန်မာ့နည်း မြန်မာ့ဟန်
                အလုပ်ထဲမှာ မြေတူးပြီး ပိုက်လုံးကြီးတွေ ဆက်ကာ ကွန်ကရစ်လောင်းရစဉ်က ဖြစ်သည်။
ကျွန်တော်က ကြီးကြပ်ပြီး၍ စစ်ဆေးပုံစံတင်ရန် ပုံဆွဲပြီး လုပ်ငန်းခွင်ရှိရာသို့ ပြန်သွားသောအခါ
ပြဿနာတစ်ခုနှင့် ကြုံရ၏ ။ Main Contarct မှ ကျွန်တော်တို့ကို ကြည့်ရှုစစ်ဆေးပေးရသော
မြန်မာအကိုကြီးနှင့် ကျွန်တော့်အောက်ရှိ ကြီးကြပ်သူ တရုတ်အဘိုးကြီးများ ဘိလပ်မြေမဆလာ (Cement)
ဘယ်လောက်မှာရမည်ကို  ငြင်းခုံနေကြလေသည်။ ကျွန်တော့်ကို တွေ့သောအခါ မြန်မာအကိုကြီးက
ဟိုမှာ အင်ဂျင်နီယာလာပြီ၊ သူ့မေးကြည့်ဦး ဟု ဆိုလေသည်။ တကယ်တော့ ကျွန်တော်က ရောက်တာ
၆ လသာ ကြာသေးသည်။ သူတို့တွေ အားလုံးက လုပ်သက် နှစ် ၃၀ ၄၀ ရှိပြီးသား အဖိုးကြီးတွေ၊
မြန်မာအကိုကြီးသည်ပင် ၁၅ နှစ်ရှိပြီး ဖြစ်သည်။ သူတို့ ငြင်းခုံနေရသည်က လောင်းရမည့် မြောင်းမှာ
ပုံမှန်မဟုတ်၊ အကျဉ်းအကျယ် မညီသဖြင့် ပုံမှန်တိုင်း တွက်၍ မရ။ ရေပြင်ညီလည်း ရှိမနေ၊
တဖြည်းဖြည်း နိမ့်ဆင့်သွားပြီး မြောင်းကြီးတစ်ခုအောက်မှ သွယ်ကာ အပေါ်ကို
ထောင်တက်ထားခြင်းဖြစ်ရာ တွက်ချက်ကြသည်များမှာ အမျိုးမျိုး ထွက်နေကြလေသည်။
                မြန်မာအကိုကြီးက Cement  ခုနစ်မီတာဟု ဆို၏ ။ တရုတ်အဖိုးကြီးတွေက ၁၂ ဆိုသူဆို
၁၄ ဆိုသူဆို၊ နောက်ဆုံး ၁၄ မီတာ မှာပေးရန်သာ တောင်းဆိုနေ၏ ။ ကျွန်တော့်ကိုတော့
ဘာမှ မပြောကြ၊ ဒီကောင် မသိလောက်ပါဘူးဟုသာ ထင်ကြပုံရသည်။ ကျွန်တော်က ၆လလောက်
မျက်မှန်းတန်းမိနေပြီဖြစ်သဖြင့် ကိုးမီတာမှာပေးပါ ဟုသာ ပြောလိုက်သည်။ သူတို့တွက်သည်နှင့်
အလွန်ကွာနေသဖြင့် အဖိုးကြီးတွေက မျက်စောင်းထိုးကြသည်။ မင်း ဘယ်လို တွက်လိုက်တာလဲ ဟု
ဆိုကြ၏ ။ ကျွန်တော်က ရောက်ရောက်ချင်း တစ်ချက်ကြည့်ပြီး ပြောလိုက်သည်ကိုး။ ဒါ မြန်မာ့နည်း
မြန်မာ့ဟန်ပါ ဟုသာ ပြန်ပြောလိုက်သည်။ မြန်မာတွေ စိတ်ထဲမှ တွက်တတ်တာ သူတို့ သိနေကြသဖြင့်
ဘာမှတော့ ပြန်မပြောကြ။
(ဟုတ်သည်။ သူတို့က ၆၀ ကို ၆ နဲ့စား ဆိုတာတောင် ချတွက်ချင် တွက်ကြသည်။
ကျွန်တော့်မန်နေဂျာကအစ လက်ချိုး အသံထွက်၍ တွက်တတ်သည်။ ချက်ချင်း မပြောနိုင်ကြချေ။
ထိုအခါ သင်္ချာညံ့သော ကျွန်တော်က သူတို့ထက်တော့ မြန်တာ သိနေကြသည်။
၁၂ အလီထိတော့ ငယ်ငယ်ထဲက ရထားသည်ကိုးး :D )
                တကယ်က မျက်မှန်းနှင့် ရမ်းလိုက်ခြင်းသာ ဖြစ်သည်။ ဟုတ်ရင်ဟုတ်ပေါ့ကွာဟု
အောင့်သက်သက်ဖြင့်ငြိမ်နေကြလေသည်။သူတို့အထက်ကဖြစ်နေ၍ ပြန်တော့ မပြောသာ။
မှားလျင်တော့ ကျွန်တော့်ကို ၀ိုင်းပြော၍ မန်နေဂျာကို အလုအယက် တိုင်ကြမည်ဖြစ်သည်။
(အန္တရာယ်တော့ များသည်။) သို့သော် ကွန်ကရစ်လောင်းပြီးသောအခါ ကိုးမီတာလည်း ကုန်
ပိုက်တွေလည်း ကွက်တိ ဖုံးပြီးလေပြီ။ သူတို့ အံ့သြနေကြ၏ ။ မင်းမြန်မာ့နည်းက တယ်ဟုတ်ပါလားဟု
တစ်ယောက်က ဆိုလေသည်။
(ကွန်ကရစ် တစ်မီတာကျုလျင် ထုထည်မှာ ရေခဲသေတ္တာအကြီးတစ်လုံးစာသာသာလောက် ရှိသည်။
တစ်မီတာ ဟုသာ ခေါ်လေ့ရှိပါသည်။)
မြန်မာ - စင်ကာပူ ဘောလုံးပွဲ
                ကျွန်တော်နေရသည်က သူဋ္ဌေးပေးသော အခန်းတွင် ဖိလစ်ပိုင်များ တရုတ်များနှင့်
နေရခြင်းဖြစ်သည်။ ဖိလစ်ပိုင်တွေက ကျွန်တော်နှင့် အတော်ခင်ကြသည်။ သူတို့လည်း
ဘောလုံးဝါသနာ ပါကြရာ ကျွန်တော့်ကို တစ်ရက်တွင် ဘောလုံးလာကန်ဖို့ ခေါ်လေသည်။
သူတို့က စင်ကာပူမလေးနှစ်ယောက်၊ စင်ကာပူတရုတ်တစ်ယောက်ပါသည်။ ဖိလစ်ပိုင်နှစ်ယောက်နှင့်
ပေါင်း ငါးယောက်၊ ကျွန်တော်က အလုပ်ထဲမှ ကန်နေကျ မြန်မာသူငယ်ချင်းတွေ ခေါ်သွားသည်။
ငါးယောက် ငါးယောက် ကွင်းသေးကန်ကြခြင်း ဖြစ်သည်။
                စင်ကာပူတရုတ်က ကျွန်တော်တို့ရုံးမှ ဖြစ်ပြီး ကျောင်းလက်ရွေးစင်မှန်း ထိုအခါကျမှ
သိရသည်။ ဘောလုံးနည်းပညာကြွယ်သည်။ အခြေခံကောင်းပြီး ပိုင်နိုင်သည်။ ဘောလုံးသည်
သူ့ခြေထောက်ထဲတွင် လိုသလို လှုပ်ရှားနေရသည်။ မလေးနှစ်ယောက်ကလည်း
အတော်ကစားတတ်သည်။ ဖိလစ်ပိုင်နှစ်ဦးထဲမှ တစ်ဦးသာ ပုံမှန် ကစားတတ်ရုံဖြစ်ပြီး
အားလုံးမှာ ဘောလုံးကန်ကောင်းကြသူချည်း။ ကျွန်တော် ခေါ်သွားသော မွန်နှစ်ယောက်နှင့်
မြန်မာနှစ်ယောက်တွင် တစ်ယောက်သာ သိပ်မကစားတတ်။ကျန်သူများက အတော်ကစားတတ်ကြပြီး
ပါးနပ်ကြပါသည်။ ခြေစမ်းကြသည့်ပွဲက ပွဲကြီးပွဲကောင်း။ ကြေးကတော့ အပျော်
ဘီယာတစ်ကဒ်ကြေးဖြစ်ပြီး ကျွန်တော့်အတွက်တော့ ကျွဲရိုင်းပေါ့။
                ပွဲစသည်နှင့် တရုတ်က မွှေပါတော့သည်။ ရှေ့တန်းမှ ကစားပြီး သူ့ဆီ ဘောလုံးရောက်သွားလျင်
လု၍မရ။ သူ့ခြေထဲမှာသာလည်နေသည်။ ဂိုးသွင်းခြေလည်းမှန်သည်။ အသည်းအသန် ကာကွယ်နေရသည်။
မလေးနှစ်ယောက်ကလည်း လျင်မြန်ကျွမ်းကျင်ကြသည်။ ကျွန်တော့် မြန်မာများက အမ်းနေပြီး
သိပ်မရဲကြချေ။ တွန့်ဆုတ်ဆုတ် ဖြစ်နေစဉ် နှစ်ဂိုးသွင်းခံလိုက်ရသည်။ ဖိလစ်ပိုင်တစ်ယောက်က
လူဝသလောက် ဖြတ်လတ်လှရာ အားလုံးကို လိုက်ထိန်းနေရတာနှင့်ပဲ အကွက်က တည်မရတော့။
ဘောလုံးက သူ့ခြေထဲမှာသာ အနေများနေတော့သည်။
                ပထမပိုင်း တစ်နာရီ ပြီးသွားတော့ ကျွန်တော်တို့က လေးဂိုး တစ်ဂိုးဖြင့် အရှုံးကြီး ရှုံးနေပြီ။
သူတို့က ဘာဘီယာသောက်မယ် ရွေးချယ်နေကြပြီ။ ကျွန်တော်တို့က ခံစစ်က မတက်နိုင်သေး။
မွန်နှစ်ယောက်၏ ကစားအားကလည်း ရှေ့မှာ အပျက်များနေရသည်။ ကျွန်တော်က အလယ်မှာ
ဗျာများနေပြီး နောက်က နှစ်ကောင်က မတည်ငြိမ်၊ တက်ချင်တက် ဆင်းချင်ဆင်း လုပ်ချင်သလို
လုပ်နေကြရာ ဖြစ်သလို ကန်နေကြသည့်အတိုင်းပင်။ သို့နှင့် နားချိန် ဆယ်မိနစ်လောက်အတွင်း
ကျွန်တော်က အကွက်ပြင်လိုက်ပြီး နေရာတကျ ကစားကြဖို့ စီလိုက်သည်။
                  ဒုတိယပိုင်း ပြန်စတော့ လူတွေက ဒီပုံအတိုင်း၊ ထူးထူးခြားခြား မပြောင်းလဲသဖြင့် သူတို့
အမှတ်မဲ့သာ ရှိကြသည်။ ရှေ့မှာ နှစ်ယောက်တစ်တန်းတည်းပုံစံမှ ရှေ့နောက်ပုံစံသာ ပြောင်းသွားပြီး
ဂိုးသွင်းသေချာသော မွန်တစ်ယောက်က ထိပ်ဆုံးမှာ၊ နေရာယူတတ်သော လူပေးတိကျသော
မြန်မာတစ်ယောက်ပြီး ကျွန်တော်၊ ဘေးမှာ မွန်တစ်ယောက်ရှိသည်။ နောက်မှာ ဂိုးပိတ်ထားသော
တစ်ယောက်သာ ကျန်တော့သည်။ ဘောလုံးအရည်အသွေးကောင်းသော ကျောင်းလက်ရွေးစင်
တရုတ်ကတော့ ရှေ့ဆုံးမှာ နောက်ပြန်မဆင်းတမ်း နေသည်။ အလယ်ထိ ဆင်းယူပြီး မွှေမြဲ မွှေလေသည်။
Zip-Zap ပုံ ကန့်လန့်ဖြတ် အတန်းလိုက် နေရာယူထားသော ကျွန်တော်တို့ကို ဒီတစ်ခါတော့
အလုံးစုံလွတ်မြောက်ရန် မတတ်နိုင်တော့။ တစ်ယောက် နှစ်ယောက် ကျော်ပြီးသောအခါ
ကျွန်တော်တို့က ကျွံထွက်လာသော ဘောလုံးကို ဖျတ်ကနဲ ပြေးတက်ယူပြီး ရုတ်တရက် ထုတ်ပြေးတော့
သူကျန်ခဲ့ပြီ။ ကပ်လာသူများကို ကျွန်တော်က မလိမ်၊ ရှေ့မှ ရှိနေနှင့်သူများနှင့် ၀မ်းတူး ရိုက်ထွက်သည်။
ဘေးမှ မွန်တစ်ယောက်ကတော့ ဘောလုံးရလျင် ပြေးအားကောင်းကောင်း အလိမ်အခေါက်
ကောင်းကောင်းဖြင့် တစ်ယောက်နှစ်ယောက် လွတ်အောင် ထွက်လျင် ဘောလုံးက
ဂိုးရှေ့ရောက်ပြီ ဖြစ်သည်။
                       ကျွန်တော်က ဂိုးသွင်းသည့်နေရာမှာတော့ ဘယ်လိုပိတ်ပိတ်၊
ဘယ်လောက်ကာကာ ရအောင်သွင်းတတ်သည်။ ဘောလုံးတစ်လုံးစာ အပေါက်မြင်ရလျင်ပင်
ဂိုးဖို့သေချာသလောက်ရှိနေပြီ။ နှစ်ယောက်သုံးယောက် ဂိုးရှေ့ပိတ်ကာလျင်တော့ ကျွန်တော်တို့ကလည်း
နှစ်ယောက်သုံးယောက် စုပြုံတိုးဝင်ပြီး အပြင်းကန်ကြသည်။ ထိုသို့ တရုတ်က ဆွဲလာလိုက်၊
နောက်က ဖြတ်ယူပြေးပြီး လူပေးရင်း ဆွဲသွင်းသွားလိုက်ဖြင့် ၄ ဂိုးစီ ညီသွားသောအခါ သူတို့ သိသွားကြပြီ။
အမြန်ကာကွယ်ကြတော့သည်။ တရုတ်လည်း ရှေ့မတက်နိုင်တော့။ ဂိုးရှေ့နားက သိပ်မတက်ရဲကြတော့။
ကျွန်တော့်လူတွေတော့ လွတ်လပ်စွာ ယုံကြည်မှုအပြည့်ဖြင့် လှုပ်ရှားနေကြပြီဖြစ်လေသည်။
                ပွဲပြီးခါနီးသောအခါ ကျွန်တော်တို့က နောက်ဆင်းလိုက်ကြသည်။ ကောင်တာချောင်းကစားကြရန်
အားလုံးကို နောက်တွင်သာ နေစေသည်။ သူတို့တက်ဖိလာသည်။ ရှေ့မှာမွန်တစ်ယောက်ပဲကျန်ခဲ့ပြီး
ကျွန်တော်တို့ ဂိုးရှေ့မှာပိတ်ထားကြရသည်။ သူတို့က တဒိုင်းဒိုင်းသွင်း၏ ။  ရုတ်တရက် ကျွန်တော်က
လုရင်း ရှေ့ကို ပြေးတက်သွားပြီး လူရှင်းသည့်နေရာမှ သွားစောင့်လိုက်သည်။ ရှေ့ကို မဲနေကြသော
သူတို့တွေ သတိမထားမိ။ မြန်မာတစ်ယောက် ခြေထဲ ဘောလုံးရောက်လာသောအခါမှ ကျွန်တော်က
အော်တောင်းလိုက်သည်။ လွတ်နေတာ မြင်သောကြောင့် သူက အမြောက်ကန်တင်လိုက်ရာ ကျွန်တော်
ဆွဲပြေးသည်။ နောက်က မလေးတစ်ယောက် အတင်းလိုက်လာသည်။ ကျွန်တော်က အရှိန်မြှင့်ပြေးသည်။
သူကလည်း အရှိန်မြှင့်လိုက်လာသည်။ ဂိုးရှေ့ရောက်သည်အထိ ဇွတ်ဆွဲပြေးပြီး ကန်သွင်းဟန် ခြေကို
လွှဲလိုက်သောအခါ ပိတ်ထားသော ဖိလစ်ပိုင်တစ်ယောက်က ဂိုးတစ်ဖက်ကို ကာလေသည်။ ကျွန်တော်က
ဟန်ပြပြီး ဘောလုံးကို နောက်သို့ချပေးခဲ့ခြင်းဖြစ်၏ ။ အသင့်စောင့်နေသော မွန်က
အပြင်းကန်သွင်းသွားလေသည်။
                     ထို့ပြင် ပွဲသိမ်းကာနီးတွင်လည်း ကျွန်တော်က ရှေ့အနည်းငယ်တက်နေသော
နောက်ခံလူအလစ် အဝေးမှ ကန်သွင်းလိုက်ပြီး ၆ ဂိုး - ၄ ဂိုးဖြင့် ရွှေမြန်မာတွေ နိုင်ပွဲရခဲ့သည်။
သူတို့က ပြောင်းလဲသွားသော အကွက်ကို သတိထားမိစွာ ချီးကျူးကြသည်။ ရုတ်တရက် အရှုံးကနေ
အနိုင်ဖြစ်သွားလောက်အောင် မြန်မာတွေ နည်းဗျူဟာပိုင်ကြသည်ဟု ပြောလေသည်။ အမှန်တော့
သူတို့က ဘယ်နေရာမှာ ဘယ်သူက ဘယ်လိုကစားဟု ကြိုတင်အကွက်ချ ကြံစည်ထားခဲ့ကြသည်။
ကျွန်တော်တို့က ကိုယ့်ကိုယ်ကို အထင်ကြီးပြီး ဒီကောင်တွေလောက်တော့ နိုင်မှာပါဟု ပေါ့ပေါ့တန်တန်
သဘောထားမိခြင်း ဖြစ်လေသည်။ ကွင်းထဲကျမှ သူတို့အလွန်ကောင်းကြောင်း သိရခြင်းဖြစ်လေသည်။
သို့သော် မြန်မာတွေကိုတော့ ဘယ်မီမလဲ.. နော့။ ကျွန်တော်တို့က မွေးလာကတည်းက
စွဲစွဲမြဲမြဲကစားစရာ ဒါပဲ ရှိခဲ့ကြသည်ကိုး။
                       သူတို့ကလည်း ဘက်စကတ်ဘော ဘယ်လိုကစားရမည် မသိကြသော ခပ်ပုပု ခပ်သေးသေး
မြန်မာများကို အထင်သေးထားကြသည်။ မြန်မာတွေ ဘယ်လောက်မြန်ပြီး ဘယ်လောက်မာကြောင်း
ဘီယာသောက် ပြန်သွားကြတော့မှ နားလည်သွားကြသည်။ ဒါတောင် ကျွန်တော်က ပြောလိုက်သေးသည်။
ငါ ခေါ်လာတာက သာမန်အလုပ်သမားလေးတွေ၊ ကျောင်းလက်ရွေးစင် မပြောနဲ့
ရပ်ကွက်လက်ရွေးစင်တောင် မပါဘူး ဟု။ ကြွားတာတော့ မဟုတ်ပါ။ တကယ်လည်း ကျွန်တော်တို့
မြန်မာတွေ စနစ်တကျ လေ့ကျင့်သင်ကြားခဲ့ရခြင်းမရှိဘဲ ၀ါနှင့် သမ္ဘာနှင့်သာ ကစားရခြင်း ဖြစ်ပါသည်။
                        ယခုတော့ ကျွန်တော်တို့ကို ဘောလုံးကန်ဖို့ သူတို့မခေါ်ရဲတော့ပါ။
မြန်မာတွေလည်း ကောင်းပါတယ်ဟု ပြောတတ်နေကြပြီ ဖြစ်လေသည်။
(မြန်မာဖြစ်ရတာ ဂုဏ်ယူပါ။ မိမိကိုယ်ကိုယ် မြှင့်တင်ပါ။ မိမိတိုင်းပြည်ကို မြှင့်တင်ပါ။
ထို့နောက် မိမိကိုယ်ကိုယ် ဂုဏ်ယူပါ)
 From Facebook Page
Read More
Popular Posts