၂ဝ၁၁ ခုနှစ်ကို မြန်မာပြည်ရဲ့
ခြေလှမ်းကောင်းတွေစလှမ်းတဲ့ နှစ် လို့အတော်များများက ပြောနေကြ တယ်။
တချို့ကလည်း အဲဒီခြေ လှမ်းတွေဟာခြေလှမ်းကောင်းဟုတ် မဟုတ်ကို
စောင့်ကြည့်ရဦးမယ်လို့ ပြောကြတာလည်းရှိတယ်။ တချို့ ကတော့ အရင်အစိုးရတွေရဲ့
လုပ် ရပ်တွေကို ထောက်ပြပြီးသင်္ကာမကင်းတဲ့ အမြင်နဲ့ စိုးရိမ်တကြီး ပြောကြ
တာလည်း ရှိတယ်။ ကိစ္စတစ်ခု ဖြစ် လာပြီဆိုရင် ထုံးစံအတိုင်းပဲ မတူ ကွဲပြားတဲ့
အမြင်သဘောထားတွေ ရှိလာတတ်တာဟာ သဘာဝလို့ ပြောရမှာပါ။ ဘယ်သူမှ မငြင်းကြ တဲ့
ကိစ္စကတော့ အခုလက်ရှိ အစိုး ရဟာ အရင်အစိုးရလို မဟုတ်ဘူး ဆိုတာပါပဲ။
လွှတ်တော်နှစ်ခုနဲ့၊ သမ္မတနဲ့၊ ဝန်ကြီးချုပ်တွေနဲ့၊ အရပ်သားတွေနဲ့
ဖွဲ့ထားတဲ့ အစိုးရဖြစ်လာပြီဆိုတာရယ် အသိအမှတ်ပြု လက်ခံထားကြတာပဲ
ဖြစ်ပါတယ်။
ပြောင်းလာတာတွေ
အခုအစိုးရသစ် လက်ထက်မှာ သမ္မတကအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီး ဆွေးနွေးတယ်။ အဲဒီ ဆွေးနွေးပွဲကို အစိုးရဘက်ကရော၊ အတိုက်အခံ ပါတီဘက်ကပါ အဆိုးမြင်တဲ့ မှတ် ချက်ပေးသံမျိုး မကြားရဘူး။ အစိုး ရဘက်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကြားမှာ ကူးလူးဆက်ဆံမှုတွေ ရှိလာတယ်။ သမ္မတနဲ့ဆွေးနွေး ကြတဲ့ကိစ္စကို သတင်းအနေနဲ့ပဲ ဖော်ပြပြီးဝန်ကြီးဦးအောင်ကြည်နဲ့ တွေ့ဆုံဆွေးနွေးတဲ့ ကိစ္စရဲ့ ခေါင်းစဉ် တွေကိုတော့ သတင်းထုတ်ပြန်ခဲ့ တယ်။ ဒီလိုကိစ္စတွေဟာအရင်အစိုး ရလက်ထက်က မလုပ်ခဲ့ဖူးတဲ့ ကိစ္စ မျိုးလို့ ပြောရင်ရတယ်။ အရင်အစိုး ရ ခေါင်းဆောင်နဲ့၊ ဝန်ကြီးနဲ့ အတိုက်အခံ ပါတီခေါင်းဆောင်နဲ့ တွေ့ခဲ့တာ တွေ ရှိခဲ့ပေမယ့် အစိုးရသာ ပြောင်း သွားခဲ့တယ်။ အခြေအနေက အပြောင်းအလဲမရှိဘူး။ အခုအစိုးရ လက်ထက်မှာတော့ အပြောင်း အလဲ ဖြစ်လာနိုင်ခြေတွေ ရှိလာ ပြီလို့ ပြောကြဆိုကြတာရှိတယ်။ တချို့က ပြောင်းလဲလာပြီလို့ပြော တယ်။ ဘာတွေ ဘယ်လိုပြောင်းလဲ လာခဲ့ပြီလဲ။ ပြောင်းလဲလာပြီလို့ပြော လို့ရနိုင်တာတွေက ဘာတွေလဲ။ ဘာတွေကတော့ အရင်အတိုင်းပဲ လို့ ပြောစရာဖြစ်နေသေးလား။ ၂ဝ၁၁ဟာ၂ဝ၁ဝနဲ့ မတူခဲ့တာက တော့ သေချာပါတယ်။ မတူတဲ့ အခြေအနေ ဖြစ်လာတာ တွေထဲမှာ အဓိက အချက်ကတော့၂ဝ၁၁ ထဲမှာ အရပ်သားအစိုးရ ပေါ်လာ တာနဲ့ အဲဒီအရပ်သား အစိုးရဘက် က အရင်အစိုးရနဲ့ မတူတဲ့ စကားတချို့၊ ခြေလှမ်း တချို့ ကြောင့်လို့ ပြောရင် ရမယ်ထင်ပါတယ်။ ဒီစကားကို တချို့က စောဒကတက် နိုင်ပါတယ်။”အရင်က ယူနီဖောင်း ဝတ်အစိုးရ၊ အခုက အရပ်သား အစိုးရဆိုတော့ အရပ်သား အစိုးရက လုပ်ကို လုပ်ရမယ့် အလုပ်တွေကို လက်ရှိ အစိုးရက လုပ်တာပဲလေ။ အစိုးရချင်း မတူတော့လုပ်တာကိုင် တာ၊ စဉ်းစားတာချင်းတော့ ဘယ်တူ ပါ့မလဲ” ဆိုပြီး စောဒကတက်တာ မျိုးလည်း ရှိနိုင်ပါတယ်။ ဒီလို ပြောတယ်ဆိုရင်ပဲ အရင်နဲ့အခုက မတူဘူးဆိုတာကို အသိအမှတ်ပြုပြီး သား ဖြစ်နေပါပြီ။ ပုံသဏ္ဌာန်ပြောင်း လဲမှုနဲ့ လိုက်လျောညီထွေရှိမယ့် အခြေအနေ၊ အခင်းအကျင်းတွေရှိ လာအောင်တော့ လုပ်ဖို့ လိုတယ်ဆို တာကိုတော့ အစိုးရဘက်ကရော၊ အတိုက်အခံတွေဘက်ကပါ နား လည် ထားကြပြီးသားပါ။ ဒီကြားထဲ မှာ အသိခေါက်ခက် အဝင်နက်ပြီး ပုံသဏ္ဌာန်အပြောင်းအလဲနဲ့အတူ စဉ်းစားပုံ၊ လုပ်ကိုင်ပုံတွေ လိုက်မ ပြောင်းနိုင်ကြသူတွေဟာ ဘယ်သူ တွေပါလဲ။ ကျွန်တော်က ဒီမေး ခွန်းပဲ မေးနိုင်ပါတယ်။ အဖြေကို တော့အတွင်းသိ၊ အဆင်းသိတွေ ကဖြေကြပါလိမ့်မယ်။ အစိုး ရဘက် ကလား၊ အတိုက်အခံတွေ ဘက်က လား။

တွေ့တာကောင်းတယ်
မတူလို့ကွဲကြတာကနေ ဆန့် ကျင်ဘက်အနေအထားကို ရောက် ခဲ့ပြီး ပဋိပက္ခဖြစ်ခဲ့ကြတဲ့ ကာလဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး သက်တမ်းနဲ့အမျှပါပဲ။ မတူတာဟာ ဘက်ပေါင်းစုံမှ မတူတာလား။ တူတာ တွေရော မရှိတော့ဘူးလားဆိုတာ ကို စဉ်းစားကြည့်ရုံနဲ့ မပြီးပါဘူး။ ဆန့်ကျင်ဘက် အနေအထားမှာ ရှိနေကြတဲ့ဖက် နှစ်ဘက် စလုံးက တွေ့ဆုံဆွေးနွေးကြည့်မှ အတိအ ကျ သိရမှာပါ။ အခုရှိနေတဲ့ နိုင်ငံရေး စနစ်ဟာ ပါတီစုံစနစ်ပါ။ ပါတီစုံ ဆိုကတည်းက တစ်ပါတီနဲ့ တစ်ပါ တီရဲ့ ရည်မှန်းချက်ခြင်း က ကွဲပြား နေကြမှာ သေချာပါတယ်။ ရည်မှန်း ချက်တွေချင်း မတူညီကြတဲ့ ပါတီ တွေဟာ ပါတီစုံနိုင်ငံရေးစနစ် အောက်မှာ အတူယှဉ်တွဲ ရပ်တည် ခွင့်ရှိပါတယ်။ အဲဒီအတိုင်းလည်း ရပ် တည်နေကြတယ် လို့ပြောရင်ရပါတယ်။ ဒါဆိုရင် တခြားသော ပါတီ အဖွဲ့အစည်းတွေပါ အဲဒီပါတီစုံ နိုင်ငံရေးစနစ်အောက်မှာ လွတ်လပ်ပြီး အာမခံ ချက်ရှိရှိနဲ့ ရပ်တည် နေနိုင်ကြဖို့၊ စည်းရုံးလှုပ်ရှားနိုင်ကြ ဖို့ လိုအပ်တယ်ဆိုတာ မပြောဘဲ နဲ့ သိပြီးသားဖြစ်နေလိမ့်မယ် ထင်ပါတယ်။ အဲဒီအတွက် အရင် ကတည်းက ပဋိပက္ခဖြစ်နေခဲ့တဲ့ ပါတီ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေး ညှိနှိုင်းကြဖို့လိုတယ် ဆိုတဲ့အဖြေ ထွက်ပါတယ်။ သမ္မတဦးသိန်းစိန် အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်။ အဲဒီဆွေးနွေးညှိ နှိုင်းမှုတွေရဲ့ လတ်တလော အဖြေ ကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်က ပါတီမှတ်ပုံတင်ပြီး ကြားဖြတ် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲတာပါပဲ။ အဲဒီဆုံးဖြတ်ချက်ကို ကြိုဆိုသူတွေ၊ ထောက်ခံသူတွေရှိသလို သဘော မတူသူတွေ၊ စိုးရိမ်သူတွေ၊ ဆန့် ကျင်သူတွေလည်းရှိကြတယ်။ အစောပိုင်းမှာ ပြောခဲ့သလိုပါပဲ။ အရေးကြီးတဲ့ ကိစ္စတစ်ခုပေါ်လာ ရင် အမြင်အမျိုးမျိုး၊ သဘော ထားပုံ အမျိုးမျိုး ရှိလာတတ်တဲ့ သဘာဝကိုပဲ ပြန်ပြောရမယ်ထင်ပါ တယ်။ ကြိုဆိုသူတွေ ထဲမှာ အစိုး ရအဖွဲ့ရဲ့ထိပ်ပိုင်းတာဝန်ရှိသူတွေ ပါ ဝင်နေတယ် ဆိုတာကိုလည်း သတိ ထားမိပါတယ်။ အမေရိကန်အပါအ ဝင် ဥရောပနိုင်ငံတွေ၊ အာရှက တရုတ်၊ ဂျပန်နဲ့ အရှေ့တောင်အာ ရှနိုင်ငံများအသင်း(အာဆီယံ) တွေ လည်း စကားလုံးကွဲပေမယ့် ခပ် သွက်သွက်ကြီးပဲကြိုဆိုခဲ့ကြပါတယ်။ ဒီလို အခြေအနေတွေကြောင့် မြန်မာနိုင်ငံ ထဲက သဘောထားကွဲ လွဲမှုတွေ၊ ပဋိပက္ခတွေပြီးဆုံးသွားပြီ လို့ ဘယ်သူကမှ မပြောကြပါဘူး။ အစိုးရအဖွဲ့ကလည်း မပြောခဲ့ဘူး။ အတိုက်အခံ အင်အားစုတွေဘက် ကလည်း မပြောဘူး။ နိုင်ငံတကာ ကလည်း မပြောခဲ့ကြပါဘူး။ အမျိုး သားပြန်လည်သင့်မြတ်ရေးအတွက် အစပျိုးတဲ့ ခြေလှမ်းအနေနဲ့ပဲ သဘောထားခဲ့ကြ၊ ကြိုဆိုခဲ့ကြ၊ လမ်းဖွင့်ခဲ့ကြတာပါ။ ဒါဟာ မတွေ့ ဘဲ နေတာထက်တွေ့တာကောင်း တယ်။ တွေ့ပြီး ဆွေးနွေးညှိနှိုင်း ကြ တာကောင်းတယ်ဆိုတဲ့အမြင်သဘော ထားကို အတည်ပြုလိုက် တာလည်း ဖြစ်ပါတယ်။

မကောင်းမှန်းသိရင်ပြောင်း
အဲဒီကာလထဲမှာပဲ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတွေ နဲ့ အစိုးရ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းနေကြတယ် ဆိုတာရယ်၊ တချို့ အဖွဲ့တွေနဲ့ စစ်ရပ်စဲရေး (အပစ် အခတ်ရပ်စဲရေး) လုပ်နိုင်ခဲ့ပြီ ဆိုတာရယ်ကို ဖတ် နေ ကြားနေရတယ်။ တကယ်တော့ ကျွန်တော်တို့ တိုင်းပြည်မှာ လက် နက်ကိုင်ပြီး တစ်ဖက်နဲ့ တစ်ဖက် တိုက်ခိုက်ကြရတဲ့အထိ ဖြစ်ခဲ့ရတဲ့ ပြဿနာရဲ့အရင်းခံ အကြောင်းက တော့ နိုင်ငံရေးပြဿနာပဲ ဖြစ်တယ် ဆိုတာ အားလုံးသိပြီးသားပါ။ အပစ် အခတ်ရပ်စဲနိုင် ခြင်းဟာ ပြဿနာ ကို ယာယီဖြေရှင်းတာပဲဆိုတာကို လည်း အားလုံး နားလည်ပြီးသား ပါ။ အခြေခံကျတဲ့ နိုင်ငံရေးပြဿနာ ကို ပြေလည်အောင်မဖြေရှင်းနိုင်ကြ ရင် စစ်ပွဲတွေ ပြန်ဖြစ်လာတတ် တယ်ဆိုတာကို လည်းသက်ဆိုင်တဲ့ ကာယကံရှင်တွေ အားလုံးက တွေ့ ခဲ့ကြုံခဲ့ဖူးပြီးသားပါ။ လွတ်လပ်ရေးရပြီးကတည်း က ကျွန်တော်တို့ တိုင်းပြည်မှာ အမျိုးသားညီညွတ်ရေး ပြိုကွဲခဲ့တာ ကို သမိုင်းဖတ်ဖူးသူတိုင်း သိကြပါ တယ်။ ဥပဒေတွင်းမှာ အငြင်းအခုံ၊ အကွဲအပြဲတွေဖြစ်ကြ၊ ဥပဒေ ပြင်ပမှာ စစ်ပွဲ တွေဖြစ်ခဲ့ကြနဲ့ အနှစ် ၆ဝ ကျော်ကြာလာချိန်မှာ ဘယ်သူ တွေပဲ တကယ်အကျိုးရှိခဲ့ဖြစ်ခဲ့ပါ သလဲ။ ပြည်သူတွေမွဲပြီး တိုင်းပြည် ဆင်းရဲတွင်းနက်ခဲ့တာပဲ။ အဖတ်တင် ကျန်ခဲ့တာမဟုတ်လား။ ပညာရေး လူစဉ်မမီ၊ စီးပွားရေး လူစဉ်မမီ၊ ကျန်းမာရေးလူစဉ်မမီတဲ့ ဖွံ့ဖြိုးတိုး တက်မှု နောက်ကျ ကျန်ရစ်ခဲ့တဲ့ တိုင်းပြည်ဘဝနဲ့ ကမ္ဘာ့ဇာတ်ခုံ ပေါ် ကနေ ဇောက်ထိုးကျခဲ့ရတာ မဟုတ်လား။ ဒီအခြေအနေကို တာဝန်ရှိတဲ့ အစိုးရရော၊ တာဝန် သိတဲ့ပြည်သူတွေပါ မြင်ခဲ့၊ သိခဲ့၊ ခံစားခဲ့ကြရပြီးပါပြီ။ ဒီအခြေအနေ ဟောင်း ကို ပြောင်းပစ်မှဖြစ်မယ် ဆိုတဲ့ အမြင်တွေလည်း ပြန့်နှံ့ ကျယ်ပျံ့ခဲ့ပြီးပါ ပြီ။ ဒုက္ခဘုံထက်က သုခပျားရည်စက်ကို လျှာနဲ့လျက် ပြီးတော့ ငြိမ့်နေနိုင်သူတွေ ထဲမှာလည်း အဟောင်း ကို ပြောင်းပစ်ချင် သူတွေရှိလာ၊ ပေါ်လာနေတဲ့ ကာလကြီးတစ်ခု ဖြစ်ပါတယ်။သူတို့ တွေက တကယ်ပြောင်းလဲချင်စိတ် ရှိလို့လား။ ဟန်ဆောင်ပြောနေတာ ရောမဖြစ်နိုင်ဘူး လားဆိုတဲ့ သံသ ယ စောဒကတက်သံတွေကိုလည်း ကြားနေရတဲ့ အချိန်မျိုးပါ။ သံသယ ပျောက်ဖို့ဆိုရင် အမှန်ဘဝရောက်ဖို့ လိုပါတယ်။ အမှန်ဘဝ ရောက်ဖို့ ဆိုတာ တိုင်းပြည်ထဲမှာ ညီညွတ် ငြိမ်းချမ်းပြီး လွတ်လပ်သာယာတဲ့ အခြေအနေ ဖြစ်လာအောင် လုပ်ပြ နိုင်ဖို့ပဲဖြစ်ပါတယ်။ အဲဒီလို အခြေ အနေဖြစ်လာအောင် လုပ်ဖို့ဆိုရင် အစိုးရဘက်မှာ ပိုပြီးတာဝန်ရှိပါ တယ်။ အခုရေတွင်းတူး ပြီးအခု ရေကြည်သောက် ဖို့ဆိုတာ မလွယ်ကူမှန်း တိုင်းပြည်ကောင်းမွန်စေချင်သူ အားလုံးက နား လည်ကြပါ တယ်။ ဒါပေမဲ့ ရေထွက်လာတဲ့ အထိ ရေတွင်းတူးပြတာကိုတော့ အရင်ဆုံးမြင်ချင်ကြမှာ တကယ့်ကို သေချာပါတယ်။

အတိတ်မှာ ထားခဲ့ရမယ့် အကွဲ
အခုတွေ့ဆုံကြ၊ ဆွေးနွေးညှိ နှိုင်းကြတာတွေဟာ တိုင်းပြည် ကောင်းအောင် ဘယ်လိုလုပ်သင့် သလဲဆိုတဲ့ အခြေခံစိတ်နဲ့ ဆွေးနွေးနေ ကြတာလို့ အဓိပ္ပာယ်ကောက်ယူ မယ် ဆိုရင်ဘယ်လို ထင်မြင်ပါသလဲ။ ရေရှည် တည်တံ့ခိုင်မြဲတဲ့ ညီညွတ်ရေး၊ ငြိမ်းချမ်းရေး ရရှိဖို့ဆို တဲ့အမြင်ပေါ်ကနေ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းနေကြတယ်ဆိုရင် သဘော တူနိုင်ပါသလား။ သဘောတရားအရ ရော၊ လက် တွေ့ဖြစ်ရပ်တွေအရပါ တိုင်း ပြည်နဲ့ လူထုအတွက် အကျိုးသက် ရောက် မှုကောင်းတွေဖြစ်စေနိုင်မှာ က တွေ့ဆုံဆွေးနွေး ပြီး ညှိနှိုင်းဖြေ ရှင်း ခြင်းသာဖြစ်ပြီး ဒါကလွဲလို့ တခြားနည်းလမ်းမရှိနိုင်ဘူးလို့ တကယ့်ကို ယုံယုံကြည်ကြည်နဲ့ နှစ်ဖက်စလုံးက ပြောနေလုပ်နေ ကြတာလို့ သတ်မှတ်မယ် ဆိုရင် လက်ခံချင်ပါသလား။ အရင်တုန်းက ဖြစ်ခဲ့တဲ့ အမှား ဟောင်းတွေမျိုး ထပ်မမှားအောင် ရှောင်ရင်းသံသယတွေ၊ အမုန်းတွေ၊ အငြိုးအတေးတွေတဖြည်းဖြည်း ပျောက်ကွယ်သွားစေချင်တဲ့ စိတ် တွေနဲ့ အာမခံချက်ရှိရှိ တွေ့ဆုံ ညှိနှိုင်းကြတဲ့ ဆွေးနွေးပွဲတွေဆီကို ဦးတည်လာနေပြီဆိုရင်ဘယ်လိုဝေ ဖန်ချင်ပါသလဲ။ ကျွန်တော်က ဒီလိုမေးခွန်းတွေ ကို ကိုယ်တိုင်ဖြေကြည့်ဖို့လည်း စဉ်း စားမိလိုက်ပါသေးတယ်။ တော်လှန် ရေး တပ်ပေါင်းစုတစ်ခုရဲ့ မူတွေထဲ မှာ’တူတာတွဲလုပ်၊ မတူတာခွဲလုပ်’ လို့ ဆိုဖူးပါတယ်။ နိုင်ငံတည် ဆောက်ရေး ကိစ္စတွေမှာတော့ တူ တာတွဲလုပ်တာ မှန်ပေမယ့် မတူ တာ ခွဲလုပ်မယ်ဆိုရင် မှားနိုင်ပါလိမ့် မယ်။ မတူတာက ဘာမတူတာလဲ။ အထူးသဖြင့် အစိုးရနဲ့ အတိုက်အခံ ဆိုတဲ့ ဘက်နှစ်ဘက်က ညီညွတ် ပြေလည်ရေးအတွက် ကြိုးစား ဆောင်ရွက်နေကြတဲ့ ကာလမှာ အရင်တုန်းက မတူလို့ကွဲခဲ့၊ ဆန့် ကျင်ဘက်ဖြစ်ခဲ့တာမျိုး ထပ်မဖြစ် အောင်အပေးအယူ၊အလျှော့အတင်း တွေနဲ့ အနီးစပ်ဆုံး၊ အပြေလည် ဆုံးဖြစ်အောင်ညှိနှိုင်းကြရမှာပါ။ အခြေခံအားဖြင့် မတူနိုင်ခဲ့ကြ တာကို နှစ်ဖက်စလုံးက အတိတ်မှာ ထားရစ် ခဲ့နိုင်ရေးအတွက် ကြိုးပမ်းကြရမှာပါ။ တစ်ထပ်တည်း မတူနိုင်ပေမယ့် အလုပ်တွဲလုပ်လို့ရတဲ့ တူညီမှုမျိုးရ အောင် အားထုတ် ရလိမ့်မယ်လို့ မြင်ပါတယ်။

ပုံသဏ္ဌာန်သစ်နဲ့အတူ
၂ဝ၁၁ ထဲမှာ ညီညွတ်ရေး၊ ငြိမ်းချမ်းရေးအတွက် ပြန်လည်သင့် မြတ်ရေးရနိုင်အောင် ကြိုးစားအား ထုတ်မှုတွေ တွေ့ခဲ့ရတယ်။ အစိုးရ ပုံသဏ္ဌာန်ပြောင်းသွားခဲ့တာနဲ့ အတူ စဉ်းစားပုံ၊ ဆောင်ရွက်ပုံတွေပြောင်း ဖို့ပြင်ဆင်လာတဲ့ ကနဦးခြေလှမ်း။ ပုံသဏ္ဌာန်န်နဲ့ အနှစ်သာရတွေ လိုက်လျော ညီထွေရှိအောင် ပြုပြင် လာတဲ့ ကနဦး ခြေလှမ်း တွေဆိုပြီး သတ်မှတ် လို့ရပါတယ်။ ပုံသဏ္ဌာန်နဲ့ အနှစ် သာရက လိုက်ဖက်ညီမှု ရှိနေမှသာ ကောင်းတယ်လို့ ပြောခဲ့ကြတာပဲမဟုတ် ပါလား။ အစပိုင်းမှာတော့ သံသယတွေ ရှိနေကြမယ်ဆိုတာကို အစိုးရဘက် ကလည်းတွက်ထားပြီးသားဖြစ်မယ် လို့ ထင်ပါတယ်။ တကယ်လည်း သံသယရှိနေကြတုန်းပါပဲ။ သံသယ တွေ၊ သင်္ကာမကင်းစိတ်တွေ ပျောက်အောင်တကယ် လုပ်ပြနိုင် တဲ့သူတွေဟာ လက်ရှိအစိုးရပဲ ဖြစ် ပါတယ်။ သံသယဖြစ်နိုင်တာတွေ၊ ဖြစ်နေတာတွေကို တစ်ခုပြီးတစ်ခု၊ တစ်ဆင့်ပြီးတစ်ဆင့် ဖြေရှင်းနိုင်ခဲ့ လေလေ၊ ယုံကြည်လက်ခံမှု တိုး တက်ရရှိလေလေဖြစ်လာလိမ့်မှာပါ။ အဲဒီလို ဖြစ်ဖို့ဆိုတာကလည်း လမ်းဟောင်းဆီကို နောက်ပြန် မလှည့် ချင်တဲ့စိတ်နဲ့ အပြောင်းအလဲ အတွက် ခိုင်ခိုင်မာမာ ယုံကြည် မျှော်လင့်ပြီး လက်တွေ့လုပ်ပြနိုင်မှု ပေါ်မှာ အခြေခံနေတယ်လို့ ယူ ဆမိကြောင်းပါ ခင်ဗျာ့။

နောင်ကျော်
Ref : Popularmyanmar.com
0 comments:
Post a Comment