မြန်မာနိုင်ငံတော်
သမတ ဦးသိန်းစိန်၊ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့်
တွေ့ဆုံခဲ့ပြီးနောက် အမေရိကန် ဘီလျံနာသူဌေးကြီး ဂျော့ ဆိုရော့စ်က သူ၏
ပရဟိတလုပ်ငန်းများဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံအခြေစိုက်
ရုံးခန်းဖွင့်လှစ်ရန် သဘောတူညီခဲ့သည်ဟု ပြောကြားကြောင်း အေအက်ဖ်ပီ
သတင်းတစ်ရပ်အရ သိရသည်။ ၂၀၁၁ ဒီဇင်ဘာ ၂၆ မှ ၂၀၁၂ ဇန်န၀ါရီ ၃ ရက်နေ့အထိ
မြန်မာနိုင်ငံခရီးစဉ်မှ အပြန်တွင် ဆိုရော့စ်က
ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ “တံခါးပိတ်ထားတဲ့ အခြေအနေကနေ
ပွင့်လင်းတဲ့လူ့အဖွဲ့အစည်းတစ်ခုအဖြစ်ပြောင်းလဲနေတာပါ”ဟု သူကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်း
စဉ်နှင့်ပတ်သက်၍ ကျယ်ပြန့်စွာဆွေးနွေးခဲ့ကြောင်း ယင်းကပြောပါသေးသည်။
“ကျွန်တော်ရဲ့ ဖောင်ဒေးရှင်းဟာ ဒီမိုကရေစီအရေးတွေအတွက်
နှစ်၂၀လောက်ပံ့ပိုး ပေးခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖြစ်တာကတော့
ခုမှ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့
နိုင်ငံရေးပွင့်လင်းမှုနဲ့ပတ်သက်တဲ့ အရိပ်နိမိတ်တွေအတွက် ကျွန်တော်
အင်မတန်မှကိုကြေနပ်အားရမိပါတယ်။ လောလောဆယ်မှာတော့ ထိပ်ပိုင်းရဲ့
စေတနာကောင်းတွေနဲ့ အောက်ခြေပိုင်းရဲ့ အခြေအနေတွေအကြားမှာ တော် တော်လေး
ကွာဟမှုရှိနေပါသေးတယ်”ဟု ဂျော့ ဆိုရော့စ်ကပြောသည်။
Ref : ပေါ်ပြူလာမြန်မာ
0 comments:
Post a Comment