ယခုနှစ်တွင် အဓမ္မပြု ကျင့်ခြင်းများနှင့် လူသတ်မှုများ မကြာခဏ ဖြစ်ပွားခဲ့သည်။ ဓားပြမှုများ၊ ငွေကြေး လိမ်လည်မှုများနှင့် မူးယစ်ဆေးဝါးမှုအချို့ကလည်း ၂၀၁၁ ၏ ကာလအချို့တွင် လူအများကို အံ့သြ မင်တက် သွားစေခဲ့သည်။
ထို့အပြင် အရွယ် မရောက်သေးသူ ကလေးငယ်များကို လိမ်လည် ခေါ်ယူမှုများ၊
ယာဉ်တိုက်မှုများနှင့် ငွေအတု ထုတ်လုပ်ခြင်း အစရှိသည့် အဖြစ်အပျက်များ သည်လည်း
ယခုနှစ်အတွင်း လူအများ သတိထား မိစရာဖြစ်ခဲ့သည်။၂၀၁၁ ဇန်န၀ါရီလ အတွင်းတွင်
ရန်ကုန်မြို့၊ စမ်းချောင်းမြို့ နယ်အတွင်းနေထိုင်သည့် စိတ်ရောဂါသည်
အမျိုးသားတစ်ဦး ကတူဖြစ်သူ၏ လည်ပင်းကို
ဓားနှင့်လှီးကာ ၄င်းကိုယ်တိုင် တိုက်ပေါ်မှ ခုန်ချခဲ့သည့် ဖြစ်ရပ်တစ်ခု
ဖြစ်ပွားခဲ့သည်။
ထိုကာလအတွင်းပင် ရန်ကုန်မြို့၏ မြို့နယ်အချို့ရှိ
စာသင်ကျောင်းများအနီးတွင် ကလေးသူငယ်များအားလိမ်လည်ခေါ်ယူသွားသည့်ကလေးပျောက်
ဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည် ဟု
ပြည်တွင်းမီဒီယာများကရေးသားဖော်ပြကြသည်။ဖေဖော်ဝါရီလအတွင်းပင်
နာမည်ကြီးလူငယ်ဒါရိုက်တာ တစ်ဦး၏ မူးယစ်ဆေးဝါးမှုဖြင့် အရေးယူခဲ့သည့်
ဖြစ်စဉ်ကလည်း လူအများ၏စိတ်ဝင်စားမှုခံခဲ့ရသည့် သတင်းတစ်ပုဒ်ဖြစ်ခဲ့သည်။
မတ်လအတွင်း အထူးခြားဆုံးဖြစ်ရပ်တစ်ခုမှာ ၂၀၁၀ ပြည့်နှစ်ကတည်းက
ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့တွင် ဖြစ်ပေါ် ခဲ့သည့်
ရွာသားသုံးဦးသေဆုံးခဲ့ သော ဓားပြမှုကျူးလွန်သူများကို အစိုးရက
သေဒဏ်ပြစ်ဒဏ်ချမှတ်ခဲ့သည်။၂၀၁၁ ၏ မြန်မာနှစ်သစ်ကူးသင်္ကြန်ကာလအတွင်းတွင်မူ
ယာဉ်တိုက်မှု၆၄ မှုဖြစ်ပေါ်ခဲ့ကာ လူ ၁၀ ဦးသေဆုံးခဲ့သည်။အလိုမတူ
အဓမ္မပြုကျင့်သည့် ဖြစ်ရပ်တစ်ခုမှာ
ပဲခူးတိုင်းဒေသကြီးအတွင်းတွင်ဖြစ်ပွားခဲ့ပြီးအရွယ်မရောက်သေးသည့် ကလေးငယ်ကို
အသက်၂၀ အရွယ် အမျိုးသားတစ်ဦးက ပြစ်မှုကျူးလွန် ခဲ့ခြင်းဖြစ်ကာ
ထိုအမျိုးသားလည်း ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံခဲ့ရသည်။
မေလ ၁ ရက်တွင်မူ ဂိမ်းဆော့ရန် မုန့်ဖိုးတောင်းသည်ကို မပေးသော
အဒေါ်ဖြစ်သူအားဓားနှင့် ၁၁ ချက်ထိုးကာ သတ်ခဲ့သည့် ဖြစ်ရပ်သည်
ရန်ကုန်မြို့၊ ဗဟန်းမြို့ နယ်၌ ဖြစ်ပွားခဲ့သည်။ထိုပြစ်မှုကျူးလွန်သူလူငယ်သည်
ဂိမ်းများကို အလွန်အကျွံ ကစားသဖြင့် ဂိမ်းစွဲလမ်းခြင်း၏ အကျိုးဆက်ကြောင့်
စိတ်အခြေ အနေမမှန်ဖြစ်ကာ ပြစ်မှုကို ကျူး လွန်ခြင်းဖြစ်နိုင်ကြောင်း
နီးစပ်သူများက မှတ်ချက်ပေးခဲ့ကြသည်။ထိုကာလများမှ စက်တင် ဘာလများအထိတွင်
အဓမ္မပြု ကျင့်မှုများ၊ နိုက်ကလပ်များ၊ ဒေး ကလပ်များကို အရေးယူမှုများ၊
ငွေစက္ကူအတုပြုလုပ်သည့် ဖြစ် ရပ်များဖြစ်ပေါ်ခဲ့သည်။
၂၀၁၁ စက်တင်ဘာလအ တွင်း ရန်ကုန်မြို့လယ်တွင် အုပ်စုဖွဲ့ကာ ဓားထောက်လုယက်မှုကို ငါးကြိမ်ဆက်တိုက်ကျူးလွန်သူများကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့သည်။
စက်တင်ဘာ ၂၈ ရက်တွင် ကျောက်ပန်းတောင်းမြို့အနီးတွင် ဆိုင်ကယ်ကယ်ရီမောင်းသူက ခရီးသွား ဂျပန်အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ရန်၍ သတ်ခဲ့မှုကလည်း လူအများ အံ့သြစေခဲ့သည်။
၂၀၁၁ စက်တင်ဘာလအ တွင်း ရန်ကုန်မြို့လယ်တွင် အုပ်စုဖွဲ့ကာ ဓားထောက်လုယက်မှုကို ငါးကြိမ်ဆက်တိုက်ကျူးလွန်သူများကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့သည်။
စက်တင်ဘာ ၂၈ ရက်တွင် ကျောက်ပန်းတောင်းမြို့အနီးတွင် ဆိုင်ကယ်ကယ်ရီမောင်းသူက ခရီးသွား ဂျပန်အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ရန်၍ သတ်ခဲ့မှုကလည်း လူအများ အံ့သြစေခဲ့သည်။
ထိုဖြစ်ရပ်အတွက် သက်ဆိုင်ရာက ပြစ်မှုကျူးလွန်သူကို သေဒဏ်အပြစ်ပေးခဲ့သည်။
ထိုကာလများနောက် စီးပွားရေးလုပ်ငန်းလောကတွင်
ငွေကြေးသိန်းပေါင်းမြောက်မြားစွာ လိမ်လည်မှုများနှင့် မိမိကိုယ်ကို
အဆုံးစီရင်သည့် ဖြစ်ရပ်များဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် နိုဝင်ဘာလအ
တွင်း ရန်ကုန်မြို့တွင် ဒါရိုက်တာ တစ်ဦးကို လူတစ်စုကကားဖြင့်
ဒရွတ်တိုက်ဆွဲခေါ်ကာ သေစေခဲ့သည့်အမှုနှင့် မြောက်ဥကလာပ မြို့နယ်အတွင်း
လူတစ်ဦးကို လူနှစ်ဆယ်နီးပါးခန့်ရှိသော လူအုပ်စုက ဓားနှင့်အချက်
ပေါင်းများစွာ ခုတ်သတ်ခဲ့သည့် ဖြစ်ရပ်များ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။
မြောက်ဥက္ကာလာပလူသတ်တရားခံအချို့ကို ဖမ်းဆီးထားပြီးဖြစ်သည်။
ထို့နောက် ၂၀၁၁ ၏ နောက် ဆုံးနှစ် ဒီဇင်ဘာလ ၂၁ ရက်တွင်
လှည်းတန်းလမ်းဆုံအနီးရှိ အများပြည်သူသုံးသန့်စင်ခန်းအတွင်း
ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် သန့် စင်ခန်းဝန်ထမ်း
အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရသည်။ ၂၀၁၁ ၏ အချိန်ကာလအ ချို့ကို အရုပ်ဆိုး၊
အကျည်းတန်စေခဲ့သည့် အထက်ပါအဖြစ်အပျက်အချို့တွင် ဖြစ်ပွားမှုအများဆုံးဖြစ်သော
အလိုမတူအဓမ္မပြုကျင့် ခြင်းများ၌ အရွယ်မရောက်သေး သူများကို
ပြစ်မှုကျူးလွန်သည့် ပြစ်မှုများကယခင်နှစ်များထက်ပိုမိုများပြားလာခြင်းဖြစ်
သည်။
Ref : 7 Days News
0 comments:
Post a Comment