'
အမိမြေ

ဗိုလ်ချုပ်ပြောတဲ့ တပ်မတော် ဆိုတာ



Read More

အစိုးရနဲ့ ပြည်သူကို ရန်တိုက်မပေးကြပါနဲ့... ( ပေးစာ ၁၅ )

တက်တစ် ခေါက်ခေါက် ဖြစ် နေပေမယ့်.. နောက်ဆုံးမှ ဖြေသိမ့် နိုင်တာက.. စစ်ရေး နည်းလမ်း နဲ့ သာ ဖြေရှင်း မယ် ဆိုရင်.. Initialization ဖြစ်နေတဲ့ တိုင်းပြည် ရဲ့ အရှိန် သေသွား မှာ စိုးရတယ်.။ တိုင်းပြည်ကို မငဲ့ပဲ တိုက်မယ် ဆိုရင်.. ကုလားမျိုး ပြုတ်တာ ကြာပြီ... ။ အရှေ့တောင် အာရှ မှာ ခြေလျင်တပ်နဲ့ အမြောက်တပ်မှာ မြန်မာက ပြိုင်ဘက် ကင်းပါတယ်.။ တကယ် တမ်း ဆိုရင်လည်း ပေးရမယ့် အရင်းနဲ့ မကာမိလို့ ဒီလို အဆုံးသတ် သွားတာလို့ပဲ ထင်ပါတယ်.။ ဆုံးရှုံး သွားရတာ ပေမယ့်..။ တစ်ဖက် ကြည့်ရင် ဒီ့ထက်မက ရှုံးစရာရှိလို့ လို့ပဲထင်မိပါတယ်.။ ထော်လာဂျီနဲ့ Prado တိုက်ရင်.. ဒဏ်ရာ ပမာဏတူရင် တောင်.. ဆုံးရှုံးမှုပမာဏ မတူနိုင်ပါဘူး..။ ဒီဂရုထဲမှာ အချင်းချင်း တိုက်ခိုက်နေတဲ့ သူတွေများနေတယ်.။ ဆရာကြီးလုပ်တာ မဟုတ်ဘူး.။ ကိုယ်တိုင် ပြောအားရှိလို့ ပြောရဲပါတယ်.။ ကျွန်တော်စစ်သားပါ..။ ကိုယ်ကျင့်သိက္ခာက အစ..၊ စည်းကမ်း အဆုံး မှဲ့တစ်ပေါက် မစွန်းအောင် နေခဲ့တယ်.။ သိပ်ကို တစ်ဖက်သတ်ဆန်တဲ့ အသုံးအနှုန်းတွေ သိပ်မသုံးပါနဲ့.. ကြိုက်တဲ့ဖက်က ယှဉ်ပြိုင်လို့ရတယ်.။ တရားသော နည်းလမ်းဖြင့်ပေါ့..။ လောလောဆယ် တိုင်းပြည် အတက်ဖက်ကို သွားနေချိန်မှာ..။ အချင်းချင်း ဖြစ်တဲ့ ပြဿနာတွေကို.. ရှင်းဖို့ အချိန်သိပ် မရဘူး..။ လူ့ဘ၀က တိုတိုလေးပါ.။ အကုသိုလ် သိပ်မများနဲ့..၊ အချင်းချင်း အမြင်တွေ ချပြတာ. ပြဿနာမရှိဘူး..။ ပုတ်ခတ်ဖို့ မလုပ်ကြရင် သိပ်ကောင်းမယ်..။ ၀န်ထမ်းတွေထဲမှာ လာဘ်စားတဲ့ သူတွေရှိတယ်..။ ဒါပေမယ့် အားလုံး မဟုတ်ဘူး ..။ ခြုံမပြောနဲ့.. ။ဒါက အနည်းစုပဲ.. ။ ဒီလိုပဲ ပွင့်ပွင့် လင်းလင်း ပြောရင်.. စစ်သားတွေ ထဲမှာလဲ ပေါ်ပင် တွေရှိကောင်း ရှိမယ်.။ ၀ါးလုံးရှည်နဲ့ သိမ်းယမ်းတာမျိုး ကိုဘယ်သူမှ လက်မခံပါ..။ ဒေါက်တာ လှိုင်မြင့်..ရေးထားတဲ့.. ပြည့်သူ့ရန်သူ .. ဘာညာ ဆိုတာ ဖတ်ပြီးတော့ ရီချင်တယ်..။ ရင်လည်းနာတယ်...။ သူ့ရည်ရွယ်ချက်ကို ခန့်မှန်းလို့မရဘူး..။ လူကြီးသားတွေ ကျန်ခဲ့တယ်ပြောတဲ့ သူရှိတယ်. ။ လူကြီးသားတွေမှ.. ပါလာတယ်လို့ ပြောသူရှိတယ်။ သူတို့အချင်းချင်းကို လွဲနေကြတယ်။ ဟိုတစ်နေ့က ရုံးစာအတု တစ်ခု တွေ့တယ်..။ နိုင်ငံခြားရေး ၀န်ကြီးဌာန နာမည်နဲ့.. ဂန်ဘီရ ဆိုတဲ့ဘုန်းကြီး အတုဆီ သွားတွေ့တဲ့ အတွက်.. ဗီဇာကို Black List ထဲထည့်လိုက်တယ် ဘာညာနဲ့..။ တစ်ခုရှိတာက.. Facebook သုံးနေတဲ့ သူတွေက ငတုံးတွေ တစ်ယောက်မှ မပါဘူး.။ စစ်သားတွေ ပိုမှန်မယ်.။ ရုံးပေါင်းစုံကို ရောက်ခဲ့ဖူးတယ်.။ တစ်ချို့ဆိုရင် တပ်တွေမှာ Staff ပိုင်းဆိုင်ရာတွေ ကိုင်ခဲ့ရတယ် ..။ အဲဒီတော့ စာကို မြင်လိုက်က တည်းက . ဒီပုံစံက ရုံးတွေ မှာသုံးတဲ့ပုံလား .။ အင် လား ဆိုတာ တန်းသိတယ်.။ အဲဒီနေ့က ဖောင့်လဲ မတူဘူး.။ alignment တွေကလည်း သောက်တစ် လွဲတွေ
ဖြစ်နေတယ်.. ။ SD ပုံစံလုံး မကျကတည်းက အဲဒါဝန်ကြီးကို တင်တဲ့စာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ဘူး.။ ပြောချင်တာက . ကိုယ့်ပါတီကို စည်းရုံးကြပါ..။ အစိုးရနဲ့ ပြည်သူကို ဘယ်နည်းနဲ့မှ ရန်တိုက် မပေးကြပါနဲ့..။ သိပ်ကို အောက်တန်း ကျတယ်.။ သေရင် ခွေးတောင် ဖြစ်မှာမဟုတ်ဘူး...။ အောက်မှာ အင်လုပ် ထားတဲ့ပုံကိုပါ တင်ပေးလိုက်တယ်..။

၁။ နိုင်ငံတော်အစိုးရ ရုံးစာတွေက အဲဒီဖောင့်နဲ့ရိုက်လေ့ရိုက်ထမရှိဘူး..။
၂။ staff Duty နဲ့ ညီညွတ်မှုမရှိဘူး.။ ပုံစံမကျဘူး.။ အပေါ်က Header က align ကို အလယ်ပုံစံနဲ့ရိုက်
ထားပြီးတော့. ညာဘက်ကိုကပ်နေတယ်.။တကယ့်ရုံးစာဆိုရင် အဲဒီရုံးကစာရေးလုပ်တဲ့သူ ပြုတ်ပြီ .။
၃။ နောက်တစ်ခုက ရုံးစာတွေမှာ အဲဒီလိုနေရာတွေမှာလိုင်းတားလေ့မရှိဘူး.။ ၄။ရက်စွဲတပ်တဲ့နေရာ
လည်းမှားနေတယ်.။
၅။ မှ ၊ သို့ ၊ စာ အမှတ် ၊ရက်စွဲ ဆိုတာတွေက လည်း လူအထင်ကြီးအောင်လုပ်ထားတာ ပါ.။တ
ကယ်တော့ အဲဒီလိုပုံစံမဟုတ်ဘူး .။

နောက်တစ်ခါ လိမ်ရင် သိအောင် လုပ်ထားပေါ့ဗျာ. ။ မြန်မာနိုင်ငံမှာ အစိုးရအဖွဲ့ ၊ နဲ့ ကာကွယ်ရေး ၀န်ကြီးဌာန အဲဒီနှစ်ခုပဲ ခေါင်းစဉ်ကို အလယ်မှာ ထားခွင့်ရှိတယ် ဆိုတာ ကိုပေါ့.။ ခုလို အလယ်ပုံစံကြီးကို ဘေးကပ်ထားတာ ကျုပ်တို့မြင်တော့ ရီစရာဖြစ်နေတယ်.။

အင်္ဂလိပ်စာကိုလည်း Arial သို့မဟုတ် Times New Roman နဲ့ရိုက်ကြတယ်.။ ဒီကောင်တွေ လိမ်တာ သိပ်သိသာ လွန်းနေတယ်..။ ဘာရည်ရွယ်ချက် လဲ.. တော်လှန်ရေးကြီး အဓွန့်ရှည်အောင်လား..။ အစိုး
ရကိုဆန့်ကျင်ရင်း..  အထောက်အပံ့တွေ ပျက်ကုန်မှာစိုးလို့လား.။ သိပ်ကိုဆိုးတယ်.။ တစ်ခုခုတော့ တစ်ခုခုပဲ.။

 

ရုံးစာအတုပုံပါ.. ။
Read More

ဒေါ်စုတစ်ယောက်ထည်းကို ဗဟိုပြု အားထားနေသော NLD

လာမယ့်ကြားဖြတ်ရွေးကောက်ပွဲဝင်ဘို့ ပါတီတွေပြင်ကြဆင်ကြတဲ့ အထဲမှာ ပြာယာအခတ်ဆုံးပါတီ ကို ပြပါဆိုရင် ကမ္ဘာကျော် NLD ပါတီကိုပြရမှာပါဘဲ.....။ဘာလို့လဲဆိုတော့ ပထမဆုံးရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းရွေးတာကိုပဲကြည့် တည်တည်ငြိမ်ငြိမ်နဲ့ အကောင်းဆုံးဖြစ်အောင်အချိန် ယူပြီးရွေးလို့ရနိုင်ပါရက်နဲ့ ပြာယာခတ်ပြီး အစောတလျှင်ရွေးခဲ့တယ် ၊ သတ်မှတ်ရက်ထက် အစောကြီးစောပြီး သွားတင်တယ် ၊ ဒီတော့ပြိုင်ဘက် တစ်ဘက်ပါတီက ပြင်ဆင်ချိန်ရသွားတယ် NLD ကဒီလူပြိုင်မယ့်နေရာကို တို့က ဒီလူနဲ့ပြိုင်မယ် ၊သူနဲ့ဆိုရင် သူနဲ့ပြိုင်မှရမယ် စသည်ဖြင့် ပြင်ဆင် ချိန်ရသွားပြီး စံနစ်တကျပြင်ဆင် ထွက်လာနိုင်တာကိုတွေ့ရတယ် ။

ဒီလိုပြာယာခတ်ပြီးလုပ်တဲ့အတွက် အမှားတွေပါလာတယ် ၊ အောက်ခြေကမကျေနပ်မှုတွေ ဖြစ်လာတယ် ၊ ခုပဲ ကသာခရိုင်ကနေပြိုင်မယ့် ဦးစောလှိုင်ဟာ ဒေလီမှာ အသည်းအစားထိုးကုနေတယ် တစ်ချိန်တည်းမှာပဲ ကော်မရှင်ကလည်း သူမွေးတဲ့အချိန်မှာ သူ့အဖေဟာ မြန်မာနိုင်ငံသားမဟုတ်လို့ ကိုယ်စားလှယ်လောင်းစာရင်းကပယ်ဖျက်ခံထား၇တဲ့အတွက် မပြိုင်ခင်ထဲက တစ်နေရာရှုံးနေပြီ ၊ ဇဗ္ဗူသီရိကပြိုင်မယ့် ဒေါ်စန္ဒာမင်းဟာလည်း ကျောင်းသားခေါင်းဆောင်ကိုဌေးကြွယ်နဲ့ ပုဂံမှာ အတူအိပ်ခဲ့ကြတဲ့ ဇာတ်လမ်းကအတော်လေးပျံ့နေတဲ့အတွက် သိက္ခာကအတော်ကျနေပြီ ၊  လူမှုရေးဖေါက်ပြန်တာဟာ မြန်မာမှုမှာအတော်ကြီးတဲ့ ပြဿနာဖြစ်တယ် ၊ နောက်မီးလင်းနေတဲ့သူကိုမဲတွေ ပုံပေး၇လောက်အောင် ပြည်သူတွေ' အ ' မယ်မထင်ဘူး၊ဒီကြားထဲ ဘာနိုင်ငံရေးအရောင်အသွေး အရည်အချင်းမှမရှိတဲ့ ဟစ်ဟော့ အဆိုတော်ကလည်းပါသေးတယ် ၊ အလားတူပဲ မြောင်းမြ ၊ ပခုက္ကူ ၊ မိတ္ထီလာ စတဲ့မြို့တွေမှာလည်း အောက်ခြေနဲ့အဆင်မပြေဘူး ၊ ကျွန်းစုမှာလည်း ဒီအတိုင်းပဲ ဒေါ်တင်တင်ရီကို ဘာကြည့်ပြီးရွေးထားတယ်မသိဘူး ။



 
သူများကို ကူဘို့နေနေသာသာ ကိုယ့်ဖာသာကိုယ်တောင်မရပ်နိုင်လို့ တွဲထားရတယ် တွဲထားတဲ့သူကိုလည်းကြည့်ဦး အရည်းကြီးလိုလိုဘာလိုလို



တစ်ဘက်က ပြည်ခိုင်ဖြိုးပါတီဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဖြစ်တဲ့အတွက် ဘယ်အရာမဆို စစ်ပြင်သလိုပြင်နေတာကိုသတိပြုမိတယ် တစ်ဘက်ရဲ့လှုပ်ရှားမှုကိုကြည့်ပြီး အကောင်းဆုံးပြင်ဆင် တာထွက်လာတာကိုတွေ့ရတယ် ၊ပညာတတ်တွေကို ပွဲထုတ်လာတယ် ၊ သူတို့ဟာနိုင်ငံရေး အရ ဒေါ်စုနဲ့အဖွဲ့ကို အထိုက်အလျှောက်နေ ရာပေးလိုတာမို့ နေရာတိုင်းကိုနိုင်ဘို့လုပ်မနေဘူး NLD အားနည်းတဲ့အချို့နေရာလေးတွေကနေပဲ ၂၅ %လောက် နိုင်ရင်တော်ပြီဆိုပြီး လုပ်နေပုံရတယ် ၊ ပြည်ခိုင်ဖြိုးပါတီသာ တစ်ကယ်အင်တိုက်အားတိုက်လုပ်ရင် မလွယ်ဘူးဆိုတဲ့အတွေး NLD ကိုသိယုံလောက်လုပ်နေတယ် ။NLD  ဒေါ်စုတို့ လူအုပ်ကြားမအားမလပ်ဖြစ်နေချိန်မှာ သူတို့က တစ်အိမ်တက်ဆင်း အသာလေးလုပ်နေတာကို  သတိထားကြည့်ရင်တွေ့နိုင်တယ် ။ 

နောက်ပြီးတော့ NLD ဟာ ဒေါ်စုတစ်ယောက်ထည်းကို ဗဟိုပြု အားထားနေတာကို ပိုပြီး အရှိန်ရအောင် မသိမသာလေး လုပ်နေတာကို ကြည့်ရင် မြင်နိုင်တယ် ၊ အောက်ခြေမှာNLD နဲ့ ဌာနဆိုင်ရာတွေကြားပဋိပက္ခလေးတွေ မသိမသာရော..သိသိသာသာရောလုပ်တယ် နောက်ဆုံးဒေါ်စု နဲ့ထိပ်တိုက်တွေ့ရင် အသာလေးလျှော့ပေးလိုက်တယ် ဒါကို NLD ပါတီဝင်တွေက တို့အမေစုတော့ အာဏာပိုင်တွေကိုနိုင်လိုက်ပဟဲ့လို့ ပျော်နေကြတယ် ၊ ဒါပေမယ့် ဒေါ်စုဗဟိုပြုစံနစ်ကြီးသည်ထက်ကြီးလာ တာကို သူတို့သတိမပြုမိကြဘူး ။

တစ်ချိန်က သာမညတောင် ၊ ရွှေပေါ်ကျွန်း ၊ ကုံလုံ အစရှိတဲ့ ဆရာတော်ကြီးတွေ သတင်းသုံးခဲ့ကြတဲ့နေရာတွေဟာ မြန်မာပြည်တစ်လွှားဟိုးလေးတစ်ကျော်ကျော် ဖြစ်ခဲ့ကြတယ် ၊ ရွှေပေါ်ကျွန်းမှာသက်သတ်လွတ်မစားဘူးရင်ပဲ ခေတ်နောက်ကျနေသလိုလို ၊ သာမညတောင် ဆရာတော်ကြီးကိုမဖူးဘူးရင်ပဲ ဗုဒ္ဒဘာသာမစစ်သလို ဖြစ်ခဲ့ကြတယ်  ၊ ဘုရားဘူးတွေနေ့ညမပြတ် တိုးမပေါက်အောင် စည်ကားခဲ့ကြတယ် ၊ ဆရာတော်ကြီးတွေ ဘ၀နတ်ထံပျံလွန်သွားပြီးနောက်ပိုင်း ဒိနေရာတွေကို သွားတဲ့သူမရှိသလောက် ရှားသွားတယ် ၊ စာနယ်ဇင်းစာမျက်နှာပေါ်တွေ ကပျောက်သွားတယ် ၊ဒီခေတ် ဆယ်ကျော်သက်တွေဆို သိတောင်မသိတော့ဘူး ၊ တစ်နေ့မှာ NLD ပါတီဟာ ဒေါ်စုမရှိရင် ဒီလိုဖြစ်သွားမယ်ဆိုတာကို ပြည်ခိုင်ဖြိုးက စစ်ဗိုလ်ချုပ်ဟောင်းတွေက သိနေတယ် ။ ၂၀၁၅ ရွေးကောက်ပွဲ ကျရင်ဒီနေ့ NLD လူကြီးတွေဖြစ်တဲ့ ဦးတင်ဦး ၊ ဦးဝင်းတင်စတဲ့ ၀ါရင်ပုဂ္ဂိုလ်တွေဟာ အသက်အရွယ်အရ မသေသေးရင်တောင် ဘာမှ လုပ်နိုင်တော့မှာမဟုတ်ဘူး ၊ ဒီအခါမှာ အသက် ၇၂ နှစ်အရွယ်ဒေါ်စုနဲ့ မျိုးဆက်ခါးပြတ်နေတဲ့ NLD ပါတီအခြေအနေကို မှန်းကြည့်လို့ရတယ် ။

နောက်ဆုံးတင်ပြချင်တာက လူတွေကနုံတုံတုံ အတတကြီးလို့ထင်နေတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အကွက်ဖြစ်တယ် ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွေဟာ ၂၀၀၈ ဖွဲ့စည်းပုံကိုရေးဆွဲပြီး ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပြုပြင်ပြောင်းလဲရေးသမား ဦးသိန်းစိန်ကို စင်တင်ပေးခဲ့တယ် ဒီလိုစင်တင်နိုင်အောင် ဦးသိန်းစိန်ကို ၀န်ကြီးချုပ်ဘ၀နဲ့ လေ့ကျင့်ပေးထားလိုက်သေးတယ် ၊ ပြီးမှ ကျန်တဲ့ ပါဝါချိန်ခွင်တွေကို သေချာချိန်ပြီးမှ အနားးယူသွားတာဖြစ်တယ် ၊သူနေရာချသွားတာတွေကိုကြည့်လိုက်ရင် သူဟာအင်မတန်အကွက်စေ့သူဖြစ်တယ်ဆိုတာပေါ်နေတယ် ။

 ထူးခြားတာက ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ နိုင်ငံတော်ရာထူးတွေရယူသွားတဲ့သူတွေကို သက်ဆိုင်ရာပါတီစွဲတွေက ကင်းသွားအောင်ဆိုတဲ့အကြောင်းပြချက်နဲ့ နိုင်ငံတော်ရာထူးယူတာနဲ့ ပါတီကနေထွက်ရမယ် လို့ ပြဌာန်းထားတဲ့ အကွက်ဖြစ်တယ် ။ ခုဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဝင်တွေဟာ လည်း ပါတီကိစ္စတွေမဆောင်ရွက်ရတော့ဘူး ၊ ပါတီကနေထွက်လိုက်ရတယ် ။ ဒါကြောင့်လည်း ခုကြားဖြတ်ရွေးကောက်ပွဲဆိုတာ ပေါ်လာတာပေါ့ ၊ ဒီလိုကြားဖြတ်ရွေးကောက်ပွဲပေါ်လာ လို့လဲ ဒေါ်စုတို့ခုလိုရွေးကောက်ပွဲထဲမှာပါလာတာဖြစ်တယ်.....၊ မပါပါအောင်လည်း အစိုးရကဆွဲခေါ်ခဲ့တယ် ၊အလျော့တွေပေးခဲ့တယ်  ၊ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ကျန်တဲ့ကိုယ်စားလှယ်လောင်းတွေသာမသေချာတာ ဒေါ်စုကတော့နိုင်မှာ သေချာတယ် ။ဒေါ်စုနိုင်လို့ လွှတ်တော်ထဲရောက်လာတဲ့အခါ အစိုးရက ဒေါ်စုကိုနေရာပေးမှာပဲ နိုင်ငံတကာကလည်း ဒါကိုပဲတောင်းဆိုနေကြတယ်  ၊ ဒီတော့အစိုးရကသာ ဒေါ်စုကိုအစိုးရအဖွဲ့ထဲမှာ နိုင်ငံတကာက လက်ခံလောက်တဲ့ ရာထူးတစ်ခုသာပေးခဲ့လိုက်ရင် နိုင်ငံတကာကလည်းသဘောကျသွားမယ် တစ်ချိန်တည်းမှာပဲ ဒေါ်စုဟာ NLD ကထွက်ရမယ် သိပ်လှတဲ့အကွက်ပါဘဲ ။ နိုင်ငံတကာကလည်းသဘောကျ ၊ NLD လည်းခေါင်းပြတ် ၊ ဒေါ်စုအရှိန်နဲ့ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးတွေလည်း အရှိန်တက် ၊ တစ်ချက်ခုတ် ၃ ချက်ပြတ်ဖြစ်မယ့်ကိန်းပါဘဲ.....။

သီဟသူ (  From Facebook   )

Read More

NLD အဖွဲ့ဝင်များအား အရေးယူပေးပါရန် ကျော်ကျော်ဖြိုး ကုမ္ပဏီက ကော်မရှင်ထံ တိုင်ကြား


မတ်လ (၁၆) ရက်နေ့ နံနက်ပိုင်းတွင် မြိတ်မြို့ NLD ပါတီမှ ဘဏ္ဍာရေးအဖွဲ့ဝင် ဦးကြံအောင်၊ အောင်နိုင်ရေး ကော်မတီဝင် ဦးသောင်းတင်(ခ) ဦးဂျိုကာ၊ ဦးလှဝင်း၊ ဒေါ်အေးသူမွန်နှင့် ဒေါ်ဥမ္မာချို တို့သည် ကျွန်းစုမြို့နယ် ပန်လုံးအော် ကျေးရွာရှိ ကျော်ကျော်ဖြိုး ကုမ္ပဏီ အအေးခန်း စက်ရုံဝင်း အတွင်း သို့ တာဝန်ရှိသူများထံမှ ခွင့်ပြုချက် တောင်းခံခြင်း မရှိပဲ ကျူးကျော်ဝင်ရောက်ပြီး ကုမ္ပဏီ ရုံးခန်းနှင့် ၀န်ထမ်း အိမ်ယာများတွင် တစ်အိမ်တက်ဆင်း ပါတီတံဆိပ် ကပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း တို့ ပြုလုပ် ခဲ့သဖြင့် ကုမ္ပဏီ လုံခြုံရေးများက ခွင့်ပြုချက်မရှိပဲ လာရောက်ဆောင်ရွက်သဖြင့် ချက်ချင်း နှင်ထုတ် ခဲ့ကြောင်း ဦးကြံအောင်ပါ (၄)ဦးသည် ကျွန်းပေါ်မှ ပြန်လည် ထွက်ခွာခဲ့ရကြောင်း သိရှိရသည်။ 

ထိုသို့ NLD အဖွဲ့ဝင် ဦးကြံအောင်ပါ (၄)ဦး တို့အား ကျော်ကျော်ဖြိုး ကုမ္ပဏီက ပိုင်ရှင်ခွင့်ပြုချက် မရှိပဲ ကုမ္ပဏီ လုပ်ငန်းခွင်အတွင်း ကျူးကျော်ဝင်ရောက်ပြီး အတင်းအဓမ္မ စတေကာများ ကပ်ခြင်း၊ ကုမ္ပဏီ တာဝန်ရှိသူများ အပေါ် မထီမဲ့မြင် ပြုလုပ်ခြင်းများ ဆောင်ရွက်ခြင်းအတွက် ဥပဒေအရ အရေးယူ ပေးပါရန် မြို့နယ် ကော်မရှင်နှင့် ရဲတပ်ဖွဲ့သို့ တိုင်ကြားထားကြောင်း သတင်းရရှိသည်။NLD့ ပါတီအဖွဲ့ဝင်ဆိုပီး လုပ်ချင်တိုင်းလုပ်မရတာကိုတော့ လူသိအောင် ပြမယ်ဆိုတဲ့သဘောပါ။
Read More

Read More

စစ်သားတွေ ဘာလုပ်နေလဲ ဒီအရေးပြီးတော့ ...



ရေပိုင်နက်တွက် ဖရီးကိတ်လာပြီတပ်မတော်ရေ
 


ဝေဟင်ကိုကာစစ်မျက်နှာယဉ်မှုးအသင့်ရှိနေပြီ

(အမျိုးကိုထိလို့  ဒို့ တွေလေ့ကျင့် စစ်ရေးအသင့်ရှိလေပြီ)
မြန်မာနိုင်ငံရဲ့ မလူးသာ အနေထားနဲ့ ရှင်မဖြူကျွန်းကို ပေးပြီနောက်
လူတိုင်းရင်မှာ မခံသာ စစ်သားတွေလေ့ကျင့်နေလေပြီ။တစ်ခါခံပြီ
နောက်တစ်ခါမဖြစ်ရလေအောင်တစ်မျိုးလုံးမှလည်း တပ်မတော်ကို
... အင်းအားတိုးမြင့် စုဖွဲ့ မျိုးချစ်တွေလိုလေပြီ။

မြန်မာနိုင်ငံမှာ ပူပေါင်းစစ်ဆင်ရေး ခြေလျင်၊အမြောက်၊သံကျပ်ကာ
ပူပေါင်းစစ်ဆင်ရေးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် နှင့် အရာရှိကြီးများကိုတိုင်ပါဝင
လေ့ကျင့်ဆွေးနွေးခဲ့ပါသည်။အဆိုပါလေ့ကျင့်ရေးသည် နိုင်ငံတော်
ကာကွယ်ရေး အတွက် တပ်များ၏ စွမ်းရည်မြင့်တင်မှုတွက် လွန်စွာ
အရေးပါကြောင်းကို မြန်မာဟိုတယ်ဝန်ထမ်း အားပါးရိုက်မှုအား
အရေးယူပေးခဲ့သော် တပ်မတော်ကာကွယ်ရေးဦးစီးချု
ပ်မှပြော
ကြားခဲ့ပါသည်။


မြန်မာနိုင်ငံအခြေခံတပ် များနှင့်စွမ်းအားမြင့်တပ်များမှ တိုက်ခိုက်ရေး
မြင့်တင်မှု စွမ်းအားမြင့်တင်မှုဒီလိုချိန်မှာ ဘာလို့ လုပ်လာလဲ ပြည်သူ
ပြည်သားအားလုံး သိသင့်ပါသည်။

(စိန့် မာတင်အရေးမှသည်>>>>>>ထိုကျွန်းလေးကို အလေးပြုနှုတ်ဆက်ပြီးနောက်>>>>>ရွေမြန်မာ)
ဆိုတဲ့ ကျွန်တော်ရေးထာတာလေးနဲ့  တပ်မတော်၏လက်တွေ့ 
လုပ်ဆောင်ချက်ကို ပြည်သူတွေ ဥာဏ်ရှိသလို တွေးကြပါ။

နောက်ပြီး တပ်မတော်၏ လုပ်ဆောင်ချက် အားလုံးကို
လိုက်လံအသိပေးနေလို့ မရပါ ကို့ နိုင်ငံကိုအကျင့်မကောင်း
အသားလောက်ထွက်များမှ အချက်လက်တွေ ဟိုဘက်ကို
သတင်းပေးလိုက်ယုံဖြင့် တို့ နိုင်ငံတပ်မတော် နှင့်နိုင်ငံကို
တိုက်ခိုက်ပြည်ကို သိမ်းရန် အလွန်လွယ်ကူသွားပါမည်။
မိမိအကြောင်းကိုသိသော် တပန်းသာမည် သို့ ကြောင့်အားလုံး
ပြောပြမရတာကို ပြည်သူက မသိတော့ တဖက်လှည့်ရေးတဲ့
တပ်မကောင်းပြောတဲ့ လူတွေလို သွေးကြောင်မယ်ထင်ပါမယ်။
တပ်မတော်သွေးရဲတာကို ကူမင်တန်လို အရေးမှာတွေ့ နိုင်ပါ
တယ်။မြန်မာနိုင်ငံမှ ရေတပ်ကိုလည်း စွမ်းအားတိုးမြင့်နေပါတယ်။
တပ်အားလုံးစွမ်းအားတိုးမြင်
့ လေးကျင့်နေပါတယ်ဗျာ။

တပ်မတော်သည်ပြည်သူကိုချစ်သည် ပြည်သူသည်
တပ်မတော်ကိုချစ်သည် ။တပ်မတော်အင်းအားရှိမှ
တိုင်းပြည်အင်းအားရှိမည်။တပ
်မတော်နှင့်ပြည်သူတစ်သားတည်
ဒီအရေးကို စိုးရိမ်ချိန်မှာ သွေးခွဲသူများတကယ်ပေးဆပ်မှု
မရှိသော်
အော်သာတောင် သံယောင်အော်ကာ နေသော်လောက်ကောင်များ
ရှိလေပြီ။ဝါဆိုမိုးဦး နှင့် ဗိုလ်လောင်းများ အော်ထိုး ထိုးခိုင်းပုံအား
မဆိုင်သော်စာသား များရေးကာ တပ်မတော်ကို အကြည်ညှိပျက်ရန်
အမျိုးအမျိုးလုပ်လာပါတယ်။တပ်မတော်ဆိုတာပြည်သူထဲက မွေးဖွား
လာတာ ကိုယ့်နိုင်ငံကမင်းသမီးနဲ့ တွေ့ တဲ့ ချိန်မှာ အော်တိုထိုးတာ
ကိုယ့်နိုင်ငံမင်းသမီးကိုချစ်တာကို တပ်မတော်ကိုစော်ကားမှုများထ
ရေးသားပြီးသွေးခွဲဖို့  အာဏာရဖို့ ငွေရဖို့  ကိုယ့်ဖို့ ကိုယ်ဘဲ
လုပ်နေကြတယ်ဆိုတာ အမျိုးကိုချစ်သော် ပြည်သူတိုင်းသိပါတယ်။

မျိုးချစ်ပြည်သူများတွေးကြည့်ပါ တပ်မတော်ရဲ့လေ့ကျင့်မှု သွေးထွက်
မှု ချွေးထွက်မှုဟာ တကယ်လိုအပ်တဲ့ လုပ်ဆောင်ချက်တွေဖြစ်ပါတယ်
တကယ်လုပ် အပြောနဲ့ တင်မဟုတ်ပါဖူး လက်တွေ့ လုပ်ဆောင်နေတဲ့
ပြည်သူကိုချစ်တဲ့ တပ်မတော်သားတွေရဲ့ ချွေးပေးဆပ်မှုပါ သွေးပေး
ဆပ်ဖို့ လဲ ဝန်မလေးပါဖူး။ယခုတပ်မတော်သည် ပြည်သူတွက် အလုပ်
လုပ်နေပါသည် ကာကွယ်ရေးတာဝန်ကိုထမ်းဆောင်
ရင်စွမ်းအားမြင့်
တင်နေသော် တပ်မတော်ကို မိန်းမလောက်စိတ်နဲ့ မစော်ကားပါနဲ့ 
တပ်မတော်မရှိတော့ရင် ဆိုတဲ့ အတွေး စစ်သားတွေအကုန်သေပြီ
ဆိုရင် ဒီနိုင်ငံဘာဖြစ်ပြီလဲ????မရ
ှိမ နောင်တ ရမယ်ဆို ငါတို့ နိုင်ငံ
ကျွန်ဖြစ်ပြီလေ။


ပြည်သူနဲ့ အားလုံးလဲ ကျွန်တော်တို့  ဘာလို့ ခံလိုက်ရလဲ ဆိုတာကို
သိရှိနေပါပြီ။စိန့် မာတင်မှ သည်တစ်နိုင်ငံလုံးသို့ မဖြစ်အောင် မြန်မာ
ထိန်းချုပ်မှုက လွတ်အောင် တပ်မတော်မှ ကြိုးပမ်းသလို၊လူဝင်မှု
ကြီးကြမ်ရေး များများအလုပ်လုပ်ဖို့ လိုပါပြီ၊ မီဒီယာများ မျိုးချစ်စိတ်
နဲ့  မှန်ကန်သော် အသိပေးမှုတွေ ပိုလုပ်သင့်ဖို့ လိုပြီ၊ ပြည်သူများ
မြန်မာချင်းစည်းလုံးဖို့ လိုပြီ ကူညီပြီး အမျိုးကလွဲပြီ တခြားလူမချစ်ဖို့ 
နှင့် မြန်မာအမျိုးသမီးများ မယူသင့်တဲ့သူကိုယူချင်းဆောင
်ကြဉ်ပြီး
မျိုးဆက်သစ်များများ မွေးကြဖို့  လိုပြီ။ခဲမှန်ဖူးတဲ့ စာသူငယ်လိုပေါ့
နာတတ်ကြပါ ဒီဘင်္ဂလားကို လူမျိုးမုန်းတီးရေးမဟုတ်ပါ အမျိုးသား
ရေးပါ လူတိုင်းမှတ်ထားကြပါ ရာဇဝင်ရှိခဲ့ပြီဗျာ။


ဘေးပြောဘုပြောများလည်း ဆင်ခြင်သင့်ပါပီ ဒီချိန်မှာ အာဏာသည်
အရေးမကြီး ရှက်သင့်ပါတယ်။ခုမြန်မာ အမျိုးသမီးများ မျိုးချစ်စိတ်ရှိ
သော် အမျိုးသမီးများပင် တပ်မတော်ကို ဝင်ရောက်နေပါပီ။
မင်းတို့ 
အဓိက ကတော့ တွေးသင့်တာကို မှန်ကန်စွာလုပ်ကြပါ။မင်းတို့ လည်း
မျိဲးချစ်စိတ်ရှိတဲ့သူတွေဘဲ ဒါအမျိုးသားရေးပါ စိန့် မာတင်မာသည်
တစ်မျိုးလုံးမဖြစ်ဖို့  မင်းတို့ မှာလည်းတာဝန်ရှိလေပြီ။BBCလို ရိုးဟင်ဂျာ
ကို ချစ်ရင်တော့ သဘောပေါ့ကွာ။

ပြည်သူများအားလုံးနောက်တစ်ခ
ါ ကျွန်မဖြစ်စေရန် တပ်နှင့် ပြည်သူနှင့်
အစိုးရ ပေါင်းစည်း ဆောင်ရွက်ဖို့ လိုလေပြီ။တိုင်းပြည်ကိုချစ
်သော်
ပြည်သူများတွေးကြည့်ပါဗျာ သီပေါ်မင်းပါတောမှုတာကို မျက်မြင်
မတွေ့ ပေမဲ့ ခုချိန် တို့ နိုင်ငံအကြီးဆုံး ပြည်သူတွေတွက်အနစ်
နာခံပေးတဲ့ သမတ္တ ကြီးကို ငါတို့ သွေးကွဲနေတုန်း ဝင်ဖမ်းပြီး
အလိုတော်ရိကို အိန္ဒိယ ကို ဘုရင်ခံ တင်ခဲ့သလို မြန်မာ
သစ္စာဖေါက်လောက်ကောင်ဘဲဖြစ်ြ
ဖစ် တိုင်းရင်းသားထဲမပါတဲ့
သူကိုဖြစ်ဖြစ်တင်ပြီ တော့ သိမ်းပိုက် ကျွန်လုပ်ရင် ငါတို့ နိုင်ငံ
ဘာဖြစ်မလဲ ဒို့ မျိုးဆက်တွေဘာဖြစ်မလဲ တွေးကြည့်ကြပါဗျာ။


နောက်တစ်ခါကျွန်မဖြစ်ရေး ကိုတွေးကြပါဗျာ မျိုးချစ်များ
တကယ်လိုနေပြီ တပ်မတော်ထဲကို ဝင်ဖို့  ကြိုတင်လေ့ ကျင့်ထား
ခြင်းမရှိရင် ဓါးနဲ့ သေနတ်ကိုတက် ခုတ်သလို နောက်တစ်ခါ
လည်း ရှုံးမှာဘဲ။ အဲ့တော့ အားလုံးလေ့ကျင့်ထားဖို့ လိုပါပီ။
မြန်မာကို ကြားထဲကိုထည့် ဆားသိပ်ပြီး နွားတွေဟာလာ
လှီသလို မဖြစ်ရလေအောင် သာသာနာလံ အမြဲ လွင့်အောင်
ကြိုးစားကြပါတော့ မျိုးချစ်ပြည်သူတို့  ဒါမှရွေတိဂုံသည်
အရောင်တောက်ပေမည် တပ်မတော်မရှိလို့  စစ်သားတွေ 
အကုန် သေသွားလို့ ကျွန်ဖြစ်ခဲ့ရင်တွေးကြည့်ကြပါတော့?


တပ်မတော်ကြည်း ရဲရဲညီ
http.//facebook//
Read More

စိန့် မာတင်အရေးမှသည်>>>>>>ထိုကျွန်းလေးကို အလေးပြုနှုတ်ဆက်ပြီးနောက်>>>>>ရွေမြန်မာ

စိန့် မာတင် ကျွန်းဆိုတာ မြန်မာနိုင်ငံ သမိုင်းဝင် ရှင်မဖြူ ကျွန်းဖြစ်ပါတယ်။ဘင်္ဂလား ရဲ့လူဦးရေ  စိမ့်ထွက်လာမှုနဲ့  မြန်မာရေးဝင်စွက်ဖက် တဲ့ရိုးဟင်ဂျာအမိမြေဟာ ဘင်္ဂ...လားပါ။သူတို့ တွေ နေထိုင်ကြတယ် ရခိုင်ကို သတ်တစ်ရွာလုံးမီးရှို့ ပြီးတော့ အဲ့ကျွန်းကိုအပိုင်စီးတယ်ခုတော့တရားဝင်ဖြစ်သွားပြီ ပေါ့ဒါကြောင့် သူတို့ ပျော်နေတယ် မီဒီယာတွေ အော်လေတယ် မြန်မာကိုနိုင်လေပြီလို

 ရှင်မဖြုကျွန်းဝယ် မဟာဗန္ဓုလ စစ်သူကြီးက အင်္ဂလိပ်အလံတော်ကိုချနင်း ခဲ့တာ သမိုင်းဝင်ခဲ့တယ်။ဒီကျွန်းကို ရဖို့ မပေးနိုင်လို့  စစ်မက်ဖြစ်ပွား ၁၈၂၄မှာ
ပထမကျူးကျော်စစ်မှာ ဒို့ တွေ ရခိုင်တနသာင်္ရီ ကမ်းရိုးတန်းပေးလိုက်ရတာ။
နောက်တော့ တစ်ပြည်လုံးပေါ့ အင်္ဂလိပ် တိုက်ခဲ့တဲ့ တပ်တွေဟာလက်အောက်
ခံ ကုလားဒိန်တပ်တွေ ဆိုတာ မမေ့ပါနဲ့ ။

ဗိုလ်ချုပ်ရဲ့ လွပ်လပ်ရေးရအောင် ကြိုးပမ်းပြီးတော့ ပြန်ပေးခဲ့တဲ့ သူတို့ ဟာ
ခုပါသွားတဲ့ ကျွန်းလေးထိကို တစ်ဝက်ဘဲ ပြန်ပေးခဲ့တယ်ဗျာ အင်္ဂလိပ်က။
ဒါပေမဲ့ ရခိုင် တွေလည်းသတ်မနေရဲ တော့ ဒီကျွန်းဟာ ဘင်္ဂလားများ
ကုလားတွေတွက် တရားဝင်ဖြစ်သလို ဖြစ်ပြီးလူဦးရေ စိမ့်ထွက်လာတဲ့သူတို့ 
တွက် မြန်မာမြေကို မရရအောင်လုပ် ကြတော့တာပေါ့ ခုတော့ရသွားပြီ။

ဒီကျွန်းကနေ ဘာတွေဆက်ဖြစ်နိုင်မလဲ?ဘာတွေလုပ်နိုင်ဦးမလဲ?စဉ်စား
ကြပါဦး မြန်မာနိုင်ငံသည် အာရှ ကုန်းတွင်းပိတ်နိုင်ငံများနဲ့  ကုန်သွယ်
မှု ဆောင်ရွက်ဖို့ ကောင်းအောင် အကောင်းဆုံးဆိပ်ကမ်း ပင်လယ်နက်
ဆိပ်ကမ်းထားဝယ်ကို လုပ်ဆောင်နေတာ အားလုံးအသိပါဘဲ။ဒီပရောဂျက်
အောင်မြင်ခဲ့လို့  မြန်မာခေါင်းမော့လာရင် မြန်မာကိုထိန်းချုပ်နိုင်ဖို့ တွက်
ဒီကျွန်းဟာ အရေးကြီးမြေပါ အခိုင်မာ စစ်စခန်းတည်ဆောက်ပြီး မြန်မာနိုင်ငံ
ကို ထပ်ပြီး ခြမ်းခြောက်လို့ အကောင်းဆုံး နေရာဖြစ်လာနိုင်တယ်လေ
ဒါကြောင့် ဟိုးအရင်က မခံခဲ့လို့ တိုက်ခဲ့လို့  ၃ကြိမ်ပြီးကျွန်ဖြစ်ခဲ့တယ် မမေ့ပါနဲ့ ။

ဒါကြောင်း ဘင်္ဂလားရဲ့ သတင်းငှာနက မြန်မာကိုနိုင်ပြီလို့ ပွစိလှန်တက်
နေအောင် အော်တာ ဒီကျွန်းလေး ဒီပိုပေးလိုက်ရတဲ့ ရေပိုင်နက်လေးကြောင့်
လား?မဟုတ်ဖူး သူတို့ ရည်မှန်းချက်တွေ အကောင်ထည်ဖေါ်နိုင်တော့မှာမို့လို့ ။
မယုံရင် စောင့်ကြည့်ပါ အဖျားဝင်ပြီး တစ်ကိုယ်လုံးလာလိမ့်မည်။

ဒါကြောင့်မြန်မာကိုနိုင်လေ ပြီလို့ အကုန်လုံးကိုအောင်နိုင်တော့မည်ဆိုပြီး
အော်ကြတာ မီဒီယာတွေက အလုယက်ကို ငါ့တို့ မီဒီယာတွေနဲ့  ပြည်သူတွေ
မသိဖူး သူတို့ အော်သံသည် စိန့်မာတင်မှ သည် တစ်နိုင်ငံလုံးသို့ ဆိုတာ။
အကုန်ငြိမ်နေတယ် သူများရေးထားတာကို ဘာသာပြန်ဖို့ လောက်ချောင်း
နေတယ်။အစိုးရ နဲ့ တပ်မတော်ကို ဘာအမှားလုပ်မလဲကြည့်နေတယ်။
ဒေါ်အောင်ဆန်းစုကြည်ဘယ်သွားလဲ နားစွင့်နေတယ်။မဲပေးတဲ့ကိစ္စ
အာဏာရဖို့ တွေလုပ်ပြီးတဲ့ ချိန်မှာ ဟိုဘက်ကုလား သူတို့ ရဲ့ရည်မှန်ချက်
တွေတွက်အုတ်မြတ် အခိုင်မာ ချပြီးပြီးဆိုတာကို မေ့နေကြတယ်။

ကဲခုမကျေနပ်လို့ စစ်ဖြစ်ပြီးတဲ့ မြန်မာ ကို အကြောင်းရှာနေသော် အင်အားကြီး
တွေဝင်လာမည်။ ဘင်္ဂလားတင်မဟုတ်ဖူး မြန်မာကိုအလိုရှိသော်လူများ အခွင့်
ရေးချိုးဖောက်မှု နဲ့ အီရတ်လို ဖြစ်လိမ့်မယ်။အီရတ်က မှ တစ်ခုထဲဝင်တာ
မြန်မာကျရင် ဟိုက တစ်ဖဲ့ ဒီက တစ်တို့ လာဖဲ့ ရင်ဒို့ မြေ ဒို့ ရေ လိုက်စုဖို့ 
နောက်နှစ်ပေါင်း ၁၀၀၀တောင် ရပ့ါမလား တကယ်လို့ဖြစ်လာခဲ့ရင်။
ခုတော့တပ်က အနေဆင်းရဲ အစားဆင်ရဲ နဲ့ အဲ့မှာ တာဝန်ထမ်းဆောင်ရင်း
နေနေတဲ့ ရဲဘော်တွေ တိုင်းပြည်လုံခြုံရေးလုပ်နေတဲ့ ရေယဉ်တွေဟာ
အသဲဖေါက်မတတ် ခလုတ်နှိပ်ခြင်နေပေမဲ့ ငါတို့ တွေမလုပ်ရဲဖူး နောက်ခံ
ပြည်သူကို ကြည့်နေရတယ် ဒါကြောင့် ငါတို့ စိန့်မာတင်ကို အလေးပြု
နှုတ်ဆက်ရတယ် အော် ဒီအရှုံး စစ်မတိုက်ဘဲပေးလိုက်ရတဲ့ အပင်ပန်းခံ
အငတ်ခံ နေခဲ့ရတဲ့ ဒီစစ်သားတွေ ဘယ်ရင်မှာ မချိနေမလဲ စော်ကားကြဦး
နောက်ထပ်။လူတိုင်း အဲ့နေရာကိုမရောက်ပေမဲ့ စစ်သားကတော့ ရောက်ခဲ့
ဖူးတယ် ဒါကို့ မြေကို့ ရေဆိုတာ ကိုပိုသိလို့ ပိုတင်းတယ်ဒါပေမဲ့ နောက်မှာ
ုပြည်သူရှိသေးတယ် ငါတို့ အသက်တွေပေးဖို့ က အဆင်သင့်ဆိုပေမဲ့
နောက်မှာ ဒီကလေးတွေ ရှိသေးတယ် နောက်တစ်ကြိမ်စစ်တလင်းဖြစ်ရင်
ဆိုတဲ့အတွေးကလည်း ငါ တို့ ရင်ကို ခံပြင်းစေခဲ့တယ်။ပြည်သူမပါဒီလမ်း
ငါတို့ ဘယ်လိုလျောက်မလဲ အော်မြန်မာရယ် ညီညွတ်ပါတော့။

တကယ်ပါ ဥာဏ်မီသလောက် တွေးကြည့်ကြပါ စိန့် မာတင်မှ သည်တစ်နိုင်ငံလုံးသို့ ဆိုတာ မမေ့ပါနဲ့  တစ်မျိုးသားလုံးလဲသိအောင်လုပ်ထားကြပါဗျာ။
ဒို့ မြန်မာအင်းအားတောင့်အောင်လုပ်ကြပါ။၁၄.၃.၂၀၁၂ စိန့် မာတင်မှ
သည် သမိုင်းတွင်ရှုံးနိမ့်ခဲ့ သမျှ ရာဇဝင်အရိုင်းဆုံးဆိုတာကို မမေ့ပါနဲ့ 
တကယ်တွေးရင် ကြောက်စရာကြီးပါ ကို့ လူမျိုးနောက်ထပ်ထိန်းချုပ်တာ
တွေကိုခံရတော့မှာ ကိုမသိကြတာ။တပ်မတော်ကို စော်ကားမှု များ တပ်မတော်မရှိမှသိလိမ့်မယ် အချုပ်ခြာဟူသည် ခုလို ထိခံရခြင်းကို ခေါ်သည်။မဲကိစ္စသည်အရေးမကြီး အမျိုးသားရေး ကို့ ပြည်ရေးသည် အရေးကြီးကြောင်းမီဒီယာများ တွေးကြပါ။စိန် မာတင်မှ သည် တစ်နိုင်ငံလုံးတို့ မဖြစ်ရအောင်နောက်ထပ်ထိန်းချုပ်မှုတွေ
ကြားကနေ လွတ်အောင်လုပ်ကြဖို့  ရှုန်းကြပါတော့ အိုမြန်မာ.....

လေးစားစွာဖြင့်
ဖိုးသားလေး
 
့http.//www.face book/
Read More

ဒေါက်တာစိုးမင်း နှင့် တွေ့ဆုံခြင်း





မေး- အန်ကယ် အခုရွေးကောက်ပွဲအတွက်  ပဲ မေးမှာဆိုတော့ အစ်ကိုမေးတာနဲ့လည်း တူတာတွေလည်းရှိပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ International ရွေးကောက်ပွဲတွေ အကြောင်းမေးရင် နည်းနည်းဟတာရှိ တယ်လေ။ အဲဒီထဲမှာ မြန်မာနိုင်ငံနဲ့ဆိုင် တဲ့ အကြောင်းအရာလေးတစ်ခွန်းနှစ်ခွန်း လောက်ပဲ မေးလိုက်မယ်နော်။
ဖြေ- ကျွန်တော်ကလည်း အမျိုးသား နိုင်ငံရေးလုပ်နေတာ ကျွန်တော်တာဝန် က ပြည်သူတွေနဲ့ ထိတွေဖို့ ဆေးခန်း (၂) ခန်းဖွင့်ထားတယ်။ (၁)ခန်းကကော့မှူးမြို့ ပေါ်မှာ ထိုင်ပြီးတော့ စေတနာအခမဲ့ ဆေးခန်းလိုဆိုပြီး နောက်အခန်းကတော့ Mobile Team ပါ။ ကားနဲ့ Nurse ရော ဆေးတွေရောကော့မှူးမြို့နယ် အစွန်အဖျား  ရွာတွေထိအောင်သွားတယ်။ ဟိုတုန်းက တည်းက ကွမ်းခြံကုန်းလမ်းမကြီးရဲ့ ဘယ် ဘက်ကရွာတွေရောညာဘက်ကရွာတွေ ရောမှာ ကတ္တရာလမ်းမရှိဘူး။ ဟိုဘက် က လျားရွာထိအောင်သွားတယ်။ ဟိုတစ် နေ့ကဆို ပိုင်ရွာထိအောင်ရောက်တယ်။ တချို့နေရာတွေမှာ လမ်းမရှိလို့ စပါးသိမ်း  ပြီးကျမှ လမ်းပေါက်တယ်။ အခုအချိန်က စပါးမရှိတဲ့အချိန် ဆေးကုရင်းပြည်သူတွေ နဲ့ ထိတွေ့ဆေးကုတယ်။ ကျွန်တော်တို့ ပါတီရဲ့ ရှေးလုပ်ငန်းစဉ်ကို ရှင်းပြတယ် အဲဒီနည်းနဲ့ဘဲ ကျွန်တော်လုပ်စရာရှိတာ လုပ်ခဲ့တယ်။
မေး- ပြည်သူလူထုရဲ့ ထောက်ခံမှု သူတို့ရဲ့တုန့်ပြန်မှုအနေအထားကရော ဘယ်လိုရှိလဲ။
ဖြေ- ကျွန်တော်လုပ်တာက (၁)လကျော် ပြီပေါ့နော်။ ပြည်သူလူထုရဲ့ တုန့်ပြန်မှုကို ပွင့်ပွင့်လင်းလင်းပြောရရင် ပြည်သူလူထု က အရမ်းရိုးသားကြတယ်။ သူတို့မှာ နိုင်ငံ  ရေးကာလလုံးဝမရှိပါဘူး။ ကျွန်တော်တို့ အဖွဲ့သွားရင် ကျွန်တော်တို့အဖွဲ့ကို သောင်းသောင်းဖျဖျာကြိုဆိုကြတဲ့ တခြား  အဖွဲ့သွားရင်လည်း ကြိုဆိုမှာပဲ။ သူတို့ အဖွဲ့တွေက ၀ိုင်းပြီးသောင်းသောင်းဖျဖျ ကြိုဆိုကြမယ်။ ထမင်းကျွေးမယ်။ ကျေးဇူး တင်စကားပြောမယ်။ ပြီးရင်လည်း ကျွန်တော်ကိုဆို ဆရာ့ရဲ့ကျေးဇူးမမေ့ပါ ဘူးဆိုတာလည်း ပြောသေးတယ်ဗျ။ သူတို့ရဲ့ တုန့်ပြန်မှုက ကျွန်တော်အတွက် အားရှိစရာပါဘဲ။
မေး-  Dr စိုးမင်းယှဉ်ပြိုင်ရမည့်သူက တစ်ဘက်က ဒေါ်အောင်ဆန်းစုကြည်ဖြစ် နေတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့အပေါ်မှာ လူထုထောက်ခံမှုအင်အားက  Dr စိုးမင်းတွေ့တဲ့အတိုင်းပါဘဲ။ အဲဒီတော့ ရွေးကောက်ပွဲမှာ အလားအလာကိုယ့်ဘက် က ကောင်းတယ်လို့ပြောနိုင်မလား။
ဖြေ- ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ image Figure ရှိပြီးသားပါ။ ကျွန်တော့် တာဝန်ကလည်း လွန်ခဲ့တဲ့အနှစ် (၂၀) လုံးလုံးဟာ တိုင်းပြည်တာဝန်ကို အဆင့် မြင့်စစ်တပ်ထဲမှာ တကယ့် Heavy ထမ်း ဆောင်ခဲ့တာပါ။ အဲဒီတော့ လူကြီးတွေ က ရွေးချယ်လိုက်တဲ့အခါမှာ ဒေါ်အောင်  ဆန်းစုကြည်လည်း ၈၈ ကနေ နိုင်ငံရေး လုပ်ခဲ့တာဘဲ။ ကျွန်တော်ကလည်း ၈၈ ကနေ အရာရှိဘ၀နဲ့ တစ်တိုင်းလုံးတစ် ပြည်လုံးကို တာဝန်ထမ်းဆောင်ခဲ့တာပါ ပဲ။ သို့သော် ပြည်သူလူထုရဲ့စိတ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ချစ်တယ်ချစ်တာ က ဗိုလ်ချုပ်ရဲ့ သမီးတစ်ယောက်အနေနဲ့ ချစ်တယ်။ သူတို့မှာ ဘာနိုင်ငံရေးကာလာ မှမပါဘူး။ ကျွန်တော်ကိုကျတော့ လေး စားတယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ ဆရာဝန်တစ်ယောက်အနေနဲ့ လေးစား တယ်။ ဒီမှာ လေးစားတဲ့လူနဲ့ ချစ်တဲ့လူ နဲ့ အားပြိုင်တယ်။ သူ့ကိုကချစ်တာချစ် တာနဲ့ လေးစားတာနဲ့ မတူဘူး။ ကျွန်တော်  ကကျတော့ လွန်ခဲ့တဲ့ ၄-၅ နှစ်လောက် ကတည်းက ဒီကားလေးနဲ့ အိပ်ယာထဲမှာ လဲနေတဲ့ လူနာတွေကအစတကယ်ပဲ ကျွန်တော်စေတနာထားပြီးကုခဲ့တယ်။ ပြိုင်ဖို့ဆိုတာက အခုမှသာဖြစ်လာတာပါ။ အရင်ကတည်းက ကျွန်တော်အဲဒီမှာ ကျင်လည်ခဲ့တာ ကျွန်တော့်ကိုလေးစား တာ သူ့ကိုချစ်တာ ချစ်တာနဲ့ လေးစား တာကြားမှာ သူတို့အတွက်နိုင်ငံရေးအသိ အမြင်မရှိရှာဘူး။ ကျွန်တော်နိုင်ငံရေးအသိ  အမြင်တွေ ပေါ်လစီတွေကိုပြောပြတယ်။ ကျွန်တော်တို့အချုပ်အခြာတည်မြဲရေးမှာ ကျွန်တော်တို့လိုချင်တဲ့ ခေါင်းဆောင်တစ် ဦးက ကိုယ်ဒူးကိုယ်ချွန်ကိုယ့်တိုင်ပြည်ရဲ့ ခေါင်းဆောင်ဖြစ်ဖို့ပါပဲ။ Educate လုပ် ရင်းခေါင်းဆောင်တွေတက်လာတယ်။ ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ လူဦးရေရှိ မယ်။ သူတိုဘက်က နိုင်ငံရေးကာလတွေ လည်း ကျွန်တော်တို့မှာရှိမယ် အရိပ်က ပြန်ပြောင်းလာတယ်။ အခုအချိန်ထဲထဲ ၀င်ဝင်စည်းရုံးတဲ့အခါမှာ ကျွန်တော်ဘက် က အင်အားမသေးပါဘူးလို့မြင်တယ်။
မေး- အကယ်များနိုင်ခဲ့ရင် လွှတ်တော် ထဲကိုရောက်တဲ့အချိန်မှာ အခြေခံအားဖြင့် ဘာတွေစပြီးတော့ ပြောင်းလဲအောင် ဘာကစပြီးတော့လုပ်ဖို့ရည်ရွယ်သလဲ။
ဖြေ- ကျွန်တော်တို့က ပြောင်းလဲအောင် ဆိုတဲ့စကားမှာ Evolution New ကို ပို ပြီးတော့စိတ်ဝင်စားပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်တော်တို့က သားသမီး တွေကို မိဘကမွေးဖွားလို့ လူဖြစ်ရတဲ့ အတွက် မိဘတွေရဲ့ လမ်းစဉ်ကို ကန့်လန့် လုပ်လို့မရသလို နောက် Generation က လိုလားတဲ့လမ်းကိုလည်း ဖွင့်လို့မရဘူး။  ပြုပြင်ပြောင်းလဲရေးကိုလွှတ်တော်မှာ လုပ်မယ်ဆိုရင် ခေတ်ဟောင်းက အမှား တွေကို သုံးသပ်ပြီး ပြင်ရမယ်။ ခေတ်သစ် က လူတွေအတွက် လမ်းမမှားအောင် ပြင်ရမယ်။ အဲဒီနှစ်လမ်းကြားကနေ ဗုဒ္ဓ ဘာသာစကားနဲ့ ပြောရရင်တော့ မဇ္ဈိမပဋိ ပဒါအဲဒီကနေ ဖောက်ထွက်သွားမှ ကျွန်တော်တို့နိုင်ငံ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျွန်တော်တို့အားလုံးအဆင်ပြေသွားမယ် လို့ထင်ပါတယ်။
မေး- ဒါကနိုင်ခဲ့ရင်ပေါ့။ အကယ်၍များ ရှုံးခဲ့ရင်ရော၊ ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံရေးကိစ္စတွေမှာ ဆက်ပြီးတော့ လုပ်ဦးမှာလား။
ဖြေ- ဒီလိုပါဗျ။ ကျွန်တော်တို့ကြားဖြတ် ရွေးကောက်ပွဲတွေက ကျွန်တော်တို့မှတ် တိုင်တစ်ခုပါ။ ဆိုပါတော့ ကျွန်တော်သွား  နေတဲ့ မူလမ်းကြောင်းကြီးက ဟိုတုန်းက တည်းက ကျွန်တော့်ဒေသဇာတိကို ဖွံ့ဖြိုး အောင်လုပ်ခဲ့တယ်။ ကျန်းမာရေးရှု့ထောင့် ကနေ တတ်နိုင်သမျှလုပ်ခဲ့တယ်။ အခု ကျွန်တော့်ကို တာဝန်ပေးတဲ့အလုပ်ကို လုပ်ဖို့ဆိုလည်း ရွေးကောက်ပွဲဝင်ပြီးလုပ် ခဲ့ရတယ။် နိုင်ရင်ကျွန်တော်ဆက်ပြီးတော့ ချီတက်မယ်။ ကျွန်တော်ရှုံးခဲ့လို့ရှိရင် မှုလ လမ်းကြောင်းအတိုင်းပဲ ဆက်လျှောက် သွားမယ်။ မှုလလမ်းကြောင်းဆိုတာက ဒေသခံတွေနဲ့ ရောထွေးယှက်တင်နေပြီး တော့ အရင်တုန်းကနေလာတဲ့အတိုင်း စေတနာဆေးခန်းတွေဖွင့်ပေးမယ်။ ပြီးတော့  ကျွန်တော်ရဲ့ နီးစပ်တဲ့ လူငယ်တွေကို နိုင်ငံရေး  Ideology တွေပေးမယ်။ ကျွန်တော်ကလည်း ပါတီဝင်ဖြစ်နေတော့ ပါတီရဲ့ လှုပ်ရှားမှုတွေကို ဆက်လုပ်သွား မယ်။
မေး- မဲဆွယ်စည်းရုံးရတဲ့ လှုပ်ရှားမှုတွေ မှာ နှစ်ဘက်မျှမျှတတလှုပ်ရှားခွင့် ရပါမ လား။ ဒါမှမဟုတ် မရဘူးလို့ဆိုလိုချင် သလား။
ဖြေ- ကျွန်တော်အနေနဲ့ အမြဲပြောရရင် မဲဆွယ်စည်းရုံးဖို့ဆိုတာ ကော်မရှင်ကနေ မဲဆွယ်စည်းရုံးဖို့ ညွှန်ကြားချက်တွေရှိ တယ်။ အဲဒီလမ်းကြောင်းပေါ်ကိုဘဲ သွားရမှာပဲ။ အခုမနက်ကပဲ စည်းရုံးမှု တွေကို ရုံးမှာပဲခေါ်ပြောတယ်။ အခု နာမည်စာရင်းထွက်ပြီ။ လုပ်လို့ရပြီဆိုတာ ကျေးရွာဘက်ဆင်းပြီး ကျေးရွာဘက်က လူတွေကို ပြောဖို့ဆိုဖို့ ရှိတာပေါ့နော်။ ဟိုဘက်က တခြားအဖွဲ့အစည်းတွေကို လည်း ပိတ်တာဆို့တာမရှိဘူး။ ဥပဒေချ မှတ်ပြီးပြီဖြစ်တဲ့အတွက် ဥပဒေအတိုင်း လုပ်ရင် ဆန်ကျင်ဘက်ဆိုတာ ဘာမှမ ဖြစ်ပါဘူး။  Fair ဖြစ်ပါတယ်။
မေး- ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ပတ်သက် လို့ ဝေဖန်ချက်တွေက မဲဆွယ်တဲ့ကိစ္စ နဲ့ ပတ်သက်လို့ ဥပဒေအနေနဲ့ မဲမထည့် ဘူးဆိုရင် အရင်တုန်းကအတိုးနှုန်းနဲ့ ချေးထားတဲ့ဟာတွေ ပြန်ပေးရမယ်လို့ ပြောထားတာတွေရှိတယ်။ အဲဒါကရော ဟုတ်ပါသလား။
ဖြေ- ကျွန်တော်ကတော့ မကြားမိသ လောက်လဲဗျ။ ဘာလို့လဲဆိုတော့ ဟိုဘက် ကနေ စိတ်သန့်သန့်နဲ့ ကူညီပေးတာလေ။ ဆုံးဖြတ်ပိုင်ခွင့်က သူတိုဆီမှာရှိတယ်။ ဒါပေမဲ့ဗျာ။ ကျေးရွာတစ်ရွာဖြစ်ဖို့ဆိုတာ က ဆွေမျိုးစုကစတာပါ ဆိုကြပါစို့ ဟို  တုန်းက ကျွန်တော်တို့ရွာတွေမှာ ကျွန်တော်တို့အဘိုးအဘွားအပါအ၀င် ဆွေမျိုးစုက သေးသေးလေ။  Generation (၂) ဆက်ရောက်တော့ ရွာကြီးတစ် ရွာ ဘယ်လိုပဲစပ်စပ်ဆွေမျိုးတွေပတ်လည် ဗျ ငွေရေးကျေးရေးဆက်စပ်တော့လည်း ဆွေမျိုးကတောစပ်နေတာဘဲ။ အသိုင်း အ၀ိုင်းဖြစ်နေတယ်။ ဒီရွာပြည်ခိုင်ဖြိုးဖြစ် သွားမယ်ဆိုရင်လည်း တစ်ရွာလုံးဖြစ်သွား  မှာဘဲ သူတို့ရဲ့ ခေါင်းဆောင်ကိုရွေးချယ် မယ်ဆိုလည်း အားလုံးက ထောက်ခံကြ မယ့်အနေမျိုးကို မြင်နေကြတယ်။ ဘယ် နိုင်ငံမဆိုကျေးရွာဆိုတာ ဆွေမျိုးစုတွေ ဖွဲ့စည်းထားတာကို တစ်ယောက်ကမြို့ ပေါ်တက်လာတယ်။ Organization ဖြစ် လာမယ်။ မဲမထည့်ရင်ဆိုတာက ကောလ ဟလစကားတွေ။
မေး- ကော့မှူးမြို့ခံတွေ ကြားမှာ ဒေသ တွေ သွားလာလှုပ်ရှားပြီးနေလာသူတစ် ယောက်အနေနဲ့ ကိုယ့်မဲဆန္ဒနယ်မြေကြား မှာ အလိုအပ်ဆုံးအရာကဘာများပါလိမ့်။
ဖြေ- ကော့မှူးမြို့မှ မဟုတ်ဘူး။ မြန်မာ နိုင်ငံတစ်နိုင်ငံ တစ်လျားမှာ အားလုံးအဆင်  မပြေကြတဲ့သူတွေ့ကြည့်ပါဘဲ။ ပထမဦး ဆုံးပြောချင်တာက ကျွန်တော်တို့ရဲ့ ကျေးလက်ဒေသခံတွေမှာရော နယ်စပ် တွေမှာရော တာဝန်ထမ်းဆောင်ခဲ့ဘူးပါ တယ်။ Communication Center  တစ်ခု အနေနဲ့ အခုဆို ကားလမ်းမရောက်ပေ မယ့် ကျေးရွာလေးတွေမှာ ဆိုင်ကယ်ကိုယ်  စီတွေ့နေရပါပြီ။ ကြိုးဖုန်းခေတ်ကလည်း ဒီအတိုင်းဘဲ တစ်ယောက်နဲ့ တစ်ယောက် စကားပြောဆိုဖို့ စာတတန်ပေတတန်နဲ့ ပြောနေရတယ်။ အခုတော့ GSM တွေ ကနေရာတကာမှာ။ တစ်ချိန်တုန်းက ရန်ကုန်မြို့နဲ့ မိုင် (၂၀) အကွာမှာရှိတဲ့  ကျွန်တော်တို့ရွာကို တစ်ညအိပ်ခရီးသွား ရတယ်။ လိုအပ်ချက်ဆိုတဲ့နေရာမှာ Infrastrature တွေလိုလာပြီး နောက်တစ် ခုက ကျွန်တော်တို့ရဲ့ Lifestyle တွေပေါ့ ကျန်းမာရေးတွေ၊ ပညာရေးတွေ အဲဒါ အားလုံးဘာကြောင့်ပြောရတုန်းဆိုတော့ ဟိုအချိန်ကပိုဆိုးတယ်။ အခုအချိန်က အရမ်းတော်သွားတယ်။ ကျွန်တော်တို့ ခေတ်မှာ ပိုကြိုးစားဖို့လို့ပါတဲ့။ စပါးတွေ ပိုကောင်းအောင်လုပ်တဲ့အတွက် ရေနှုတ် မြှောင်းတွေ ပိုကောင်းအောင်လုပ်ဖို့ အတွက်  Control လုပ်တဲ့ဆည်တွေ အစ လိုနေပါသေးတယ်။
မေး- ခုနကစကားပြန်ရစမယ်ဆိုရင် ဒီနယ်မြေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြိုင်ရမယ်ဆိုတာ နောက်မှသိတာလား။
ဖြေ- ကြေညာချက်ထွက်လာမှ သိတာပါ။ အစတုန်းကကျတော့ ဒီနယ်မြေကော့မှူး နယ်မြေမှာ ကြားဖြတ်ရွေးကောက်ပွဲလုပ် မယ်ဆိုတာ သိတာပါ။ ဒေါ်အောင်ဆန်း စုကြည်က (၄၈) နေရာမှာ ဘယ်နေရာ ကို ရွေးထားမှန်းမသိဘူး။ ကျွန်တော်လည်း  မသိပါဘူး။ ကျွန်တော်ကလှည်ပတ်ဆေး ကုနေတဲ့အနေအထားမှာရှိပါတယ်။
မေး- အခုရွေးကောက်ပွဲမှာလည်း ဟို ဘက်က လူထုထောက်ခံမှုအား ကောင်း တယ်လို့ရော သုံးသပ်ပါသလား။
ဖြေ- သုံးသပ်ပါတယ်။
ဒီလောက်တွေခွင့်မေးခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။


HotNEWS မှကူယူ ဖော်ပြသည် ..

Read More

ပါတီကြော်ငြာဘုတ်တွင် ဘာသာရေးမပါရ၊ စာပေစိစစ်၏ ခွင့်ပြုချက်လည်း ယူရမည်



မည်သည့်ပါတီမဆို ဘာသာရေးနှင့်ငြိစွန်းသည်မှအပ ကြော်ငြာခွင့်ပြုထားကြောင်း ရန်ကုန်တိုင်းဒေသကြီးကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောသည်။   ”ကြော်ငြာဘုတ်   ထောင်မယ်ဆိုရင် ဥပမာ ပါတီရဲ့လှုပ် ရှားမှုကို ဖော်ပြတဲ့ နေရာမှာ သံဃာတော်တွေကို ပါတီဝတ်စုံ ဝတ်ပြီး ဆွမ်းလောင်း နေတာမျိုး။ ဘုန်းကြီးကျောင်းဝင်းထဲမှာ သန့် ရှင်းရေးလုပ်နေတာမျိုးတွေဆို တခြားဟာနဲ့ အစားထိုးပြီး ကြော်ငြာရပါမယ်” ဟု ၄င်းက ပြောသည်။ ဥပဒေ အရလည်း ဘာသာရေးကို အကြောင်းပြ၍ မဲဆွယ်ခွင့်ကို ပိတ်ပင်ထားသည် ဟု ၄င်းက ဆိုသည်။ ”ဘေဘုတ်ထောင်မယ့် နေရာ အတွက်ကတော့ မြို့တော်စည်ပင် မှာ ခွင့်တောင်းပြီး လုပ်ရမယ်။ စည် ပင်ကလည်း ခွင့်ပြုပေး ပါတယ်” ဟု ၄င်းက ပြောသည်။ ပါတီကြော်ငြာ ဘုတ်များတွင် ပါဝင်သည့် စာသားများနှင့် ဓာတ်ပုံ များအတွက် စာပေစိစစ်ရေး၏ ခွင့်ပြုချက်ရယူမည်ဟု ၄င်းက ထပ်   လောင်းပြောသည်။ ”တစ်ခါတစ်ခါ စာပေစိစစ်ရေးက စာသားနဲ့ ဓာတ်ပုံတွေကို သံသယရှိရင် ကော်မရှင်ကို လှမ်းပို့ပေးတယ်။ ကော်မရှင်က စိစစ်ပေး ရပါတယ်” ဟုဦးကိုကိုကပြောသည်။ လက်ရှိ၌ ပါတီကြော်ငြာဘုတ် ထောင်ရန် ပြည်ခိုင်ဖြိုးပါတီကသာ လာရောက် ဆက်သွယ်မှုရှိသေး ကြောင်း၊ ယင်းပါတီအား ဘေဘုတ် ထောင် ခွင့်ပြုထားပြီး အခြားပါတီများ လာရောက် လျှောက်ထားမည်ဆိုပါက လည်းစိစစ်၍ ခွင့်ပြုပေးသွားမည်ဖြစ် ကြောင်းကော်မရှင်ဥက္ကဋ္ဌကဆိုသည်။  ဧပြီ ၁  ရက်   နေ့တွင် ကျင်း ပမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ မဲပေးရန် မဲပုံးများကိုလည်း ၂ဝ၁ဝ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့ သည်များကို ပြန်လည်အသုံးပြု မည်ဖြစ်ကြောင်း၊ မဲရုံနေရာများ အတွက် ကျောင်း၊ လူမနေသေးသည့် တိုက်ခန်း နေရာအပြင် အခြားသင့်တော်မည့် နေရာများ၌ ကျင်းပသွားမည်ဖြစ်ပြီး မဲရုံ တည်ဆောက်မှုကို  ရွေးကောက် ပွဲကျင်း ပရန် ရက်အနည်းငယ် အလိုတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၄င်းကထပ်လောင်း ပြောသည်။

REF : Popularmyanmarnews.com
Read More

မွန်ခွဲထွက် အဖွဲ့ဝင် ၁၆ ဦး လက်နက်စွန့်


(ရန်ကုန်၊ မတ် ၈)

နိုင်အဘင်း ခေါင်းဆောင်သော မွန်ခွဲထွက်ရေး အဖွဲ့ဝင် ၁၆ ဦးသည် လက်နက်မျိုးစုံ ၁၂ လက်နှင့်အတူ လက်နက်ချ အလင်းဝင်ပွဲ အခမ်းအနားကို မတ်လ ၆ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲ ရှိ အမှတ်(၃၁) ခြေလျင်တပ်ရင်း ရိပ်သာတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
နိုင်အဘင်းနှင့် အဖွဲ့အား အမှတ်(၃၁) ခြေလျင် တပ်ရင်းမှ တပ်မတော်သားများ၊ မိသားစုများ နှင့် ခေါဇာမြို့နယ်ခွဲမှ ပြည်သူများက ကြိုဆိုကြပြီး၊ ရိပ်သာ ခန်းမတွင် အခမ်းအနား ဆက်လက် ကျင်းပရာ ရှေးဦးစွာ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ စစ်ဦးစီးအရာရှိ (ပထမတန်း) ဒုတိယ ဗိုလ်မှူးကြီး ကျော်မြင့်က အဖွင့်အမှာ စကား ပြောကြားခဲ့သည်။ ထာဝရ ငြိမ်းချမ်းရေးကို လိုလား၍ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ် သည့်အတွက် နိုင်အဘင်းနှင့် အဖွဲ့ ဝင်များအား လှိုက်လှဲစွာ ကြိုဆို ပါကြောင်း ၄င်းကပြောသည်။ ”လွပ်လပ်ရေးနဲ့ အတူတွဲဖက်ပြီးပါ လာတဲ့ ပြည်တွင်း ပဋိပက္ခတွေကြောင့် တပ်မတော်သားတွေ၊ လက်နက်ကိုင် အဖွဲ့ဝင်တွေနဲ့ အပြစ် မဲ့ပြည်သူ တွေ သေဆုံးခဲ့ရတာ ကျွန်တော် တို့ငယ်ငယ်လေး ထဲကပါပဲ။ ငြိမ်းချမ်းရေးရဲ့ အရသာ ကိုလက်နက်နဲ့ လဲလှယ်ပြီး၊ ထာဝရ လက်နက် စွန့်လွှတ်ခြင်း ဆိုတဲ့ အခုလို အခါမျိုးမှာ ပိုပြီး သိသာ ထင်ရှားစွာ တွေ့မြင် ရမှာဖြစ်ပါတယ်”ဟု ၄င်းက ဆိုသည်။ မတူသည်များကို ဘေးဖယ် ထားကာ တူညီသည့် အချက်များ ကို စတင် လုပ်ဆောင် ကြရန် နိုင်ငံတော် သမ္မတကြီး၏ လမ်းညွှန်ချက် နှင့်အညီ ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေး လမ်းစဉ်ကို အတူ သွားဖို့ လက်တွဲ လာသည့် အ တွက် ကျေးဇူးတင် ပါကြောင်းနှင့် ရဟန်းရှင် ပြည်သူများ လိုလား တောင့်တနေသည့် ထာဝရ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ကျန်ရှိနေ သူများလည်း လက်နက်ချ အလင်း ဝင်ကြပါ ရန် ၄င်းက ထပ်လောင်း ပြောသည်။
ဆက်လက်၍ မွန်ခွဲထွက် အဖွဲ့ ဝင် ခေါင်းဆောင် နိုင်အဘင်းက ဝန်ချ တောင်းပန်စကားပြောကြား ရာတွင် ၄င်းတို့အဖွဲ့ကို ယခုလို လှိုက်လှိုက်လှဲလှဲ ကြိုဆိုသည့် အတွက် နိုင်ငံတော်နှင့် ပြည်သူ လူထုကို ကျေးဇူးတင် ပါကြောင်း၊ နိုင်ငံတော် သမ္မတကြီး၏ စေတနာ အမှန်ကို သိရှိသည့် အတွက် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ် ပြီး ပြည်သူ့ ရင်ခွင်ကို ခိုလှုံခြင်း ဖြစ်ပါ ကြောင်း ပြောသည်။ ကျဉ်းမြောင်း သည့်လူမျိုးရေး အခြေခံပြီး မှားယွင်းတဲ့ လုပ်ရပ်များဖြင့် စည်းရုံးသိမ်းသွင်းခံ ရသည့် အတွက် စာပေ ပညာသင်ကြား ရခြင်း မရှိသည့် မိမဲ့ဖမဲ့ ကလေးသူငယ် များသည် စည်းရုံးသိမ်းသွင်းမှု နောက်ပါသွားပြီး ပြည်သူလူထု အပေါ် မလုပ်သင့် မလုပ်ထိုက်သည့် လုပ်ရပ် များကို ကျူးလွန်ပြစ်မှား မိခဲ့ကြောင်း၊ ၄င်းတို့၏ လုပ်ရပ်အမှား များကို ရှိခိုး ကန်တော့ တောင်းပန် ကြောင်း၊ ကျန်ရှိသည့်ကာလတွေ မှာ နိုင်ငံတော်နှင့် ပြည်သူ့ ရင်ခွင်မှာ အေး ချမ်းစွာဖြင့် ဥပဒေဘောင် အတွင်း နေထိုင်ပြီး နိုင်ငံတော်နှင့် ပြည်သူများ အတွက် အစွမ်းကုန် ဝိုင်းဝန်း ကူညီ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။
ထို့နောက် အမှတ်(၃၁)  ခြေ လျင် တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ထွန်းထွန်းလင်းက  ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး နိုင်အဘင်း ထံမှ လက်နက် များကို လက်ခံ ရယူ ပြီးနောက် စစ်ဦးစီး အရာရှိ (ပထမ တန်း) ဒုတိယ ဗိုလ်မှူးကြီး ကျော်မြင့် က အလင်းဝင် ၁၆ ဦးအတွက် ဆန်၊ ဆီနှင့် ငွေများ  ထောက်ပံ့ပေး အပ်ရာ အသင်း က လက်ခံယူ ကြောင်း သိရသည်။

Ref : Popularmyanmarnews.com


Read More

Popular Posts