'
အမိမြေ

ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်သားတစ်ဦး၏ ရိုးရှင်းပွင့်လင်းသောအမြင်

အပိုင်း(၁) ခေါင်းစဉ်ကိုက ရှင်းရှင်းလေးပါပဲ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယနေ့ပြုမူလှုပ်ရှားပြောဆို လုပ်ကိုင်မှုတွေ အပေါ် တပ်မတော်သားတစ်ဦးရဲ့ ရိုးရိုးသားသား ရှင်းရှင်းလင်းလင်း ပွင့်ပွင့်လင်းလင်း အမြင်တွေကို ထုတ်ဖော် သွားမှာ ဖြစ်ပါတယ်။ တပ်မတော်သားတစ်ဦးဆိုတဲ့အတွက် တပ်မတော်ရဲ့ သဘောထားလို့ တထစ်ချပြောလို့မရပေမဲ့ တပ်မတော် သားအားလုံးကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှ ဒီလိုအမြင်၊ ဒီလိုသဘောထားတွေရှိနေတယ်ဆိုတာကိုတော့ ယုံကြည်စေချင်ပါတယ်။ Your browser may not support display of this image. လတ်တလောကာလမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြားဖြတ်ရွေး ကောက်ပွဲအတွက် နယ်လှည့်ခရီးစဉ် ဟောပြောချက်တွေ၊ ရုပ်မြင်သံကြား ကတစ်ဆင့် ပါတီမူဝါဒဆိုင်ရာထုတ်လွှင့်လျက်တွေအရ ဒေါ်အောင်ဆန်း စုကြည် ရဲ့ တပ်မတော်အပေါ်ထားရှိတဲ့ စိတ်ရင်းအမှန်ကို မြင်တွေ့နေရသလို၊ စကား ထဲကဇာတိပြလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နောက်မညီတဲ့စကားလုံး များကိုလည်း စိတ်မကောင်းစွာ ကြားသိနေရပါတယ်။ အထူးသဖြင့် တပ်မတော်သားအများစုနေထိုင်တဲ့ နယ်မြေတွေကိုရောက်ရင် တပ်မတော်နဲ့ပြည်သူကို သွေးကွဲစေတဲ့ စကားလုံးများကိုသုံးသလို၊ တပ်မတော်သားတွေအနေနဲ့ NLD ပါတီကို မဲထည့်ဖို့အရှက်မရှိ တစာစာ မဲတောင်းခံတာကိုလည်း မြင်တွေ့နေရပါတယ်။ မဲဆွယ်ခရီးစဉ်တွေမှာ တပ်မတော်အနေနဲ့ ဒီမိုကရေစီနိုင်ငံကြီးဖြစ်ဖို့ နိုင်ငံရေးမှာ ပါဝင်ရမယ်လို့ပြောပြီး ပါတီမူဝါဒကို မြန်မာ့ရုပ်သံက ရှင်းလင်းပြောကြားချိန်မှာ အမျိုးသားနိုင်ငံရေး ဆောင်ရွက်နေတဲ့ တပ်မတော်သားတွေကို လွှတ်တော်ကနေဖယ်ရှားဖို့ ပေါ်ပေါ်တင်တင်ပဲ Political Challenges လုပ်သွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသိစိတ်ထဲမှာ တပ်မတော်ဆိုတာ ဒီမိုကရေစီစနစ်အတွက် အနှောက်အယှက် ပြုလုပ်မဲ့ အဖွဲ့အစည်းတစ်ရပ်အနေနဲ့ ယူဆထားဟန်တူပါတယ်။ တပ်မတော်သားတွေကလည်း ဒေါ်အောင်ဆန်း စုကြည်ဆိုတာ တပ်မတော်ကို အင်အားချိနဲ့အောင်၊ တိုင်းပြည်ကိုမတည်မငြိမ်ဖြစ်အောင် လုပ်နိုင်စွမ်းရှိတဲ့ ကြိုးဆွဲ ခံထားရတဲ့ ရုပ်သေးရုပ်အဖြစ်သာ မြင်နေကြပါတယ်။ ဒီလိုဖြစ်ရတာကလည်း မည်သူမမူ မိမိပြုဆိုတဲ့အတိုင်း ၁၉၆၀ ခုနှစ်ကစပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြတ်သန်းခဲ့တဲ့ဘ၀တစ်လျှောက် အနောက်တိုင်းပတ်ဝန်းကျင် အသိုင်း အ၀ိုင်းရဲ့နှောင်ကြိုးများကြောင့် ဖြစ်မယ်ထင်ပါတယ်။ ပုဂ္ဂိုလ်ရေးထင်ပေါ်ကျော်ကြားမှုကို အာရုံရောက်လေ့ရှိတဲ့ မြန်မာလူနေမှုဝန်းကျင်မှာ လမ်းပေါ်ကို တက်လာတဲ့ လူထုကိုကြည့်ပြီး ပြည်သူလူထုတစ်ရပ်လုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပြီလို့ မယူဆ စေခြင်ပါဘူး။ အထူးသဖြင့် အပြောင်းအလဲလိုလားနေတဲ့ ပြည်သူအများစုဟာ ဒေါ်အောင်ဆန်းစုကြည်မရှိလဲ အပြောင်းအလဲကို တောင်းဆိုကြမှာဖြစ်ပါတယ်။ ညှင်သာသောအပြောင်းအလဲကို တည်ငြိမ်အေးချမ်းစွာနဲ့ ပြောင်းလဲ ပေးခဲ့တဲ့ တပ်မတော်ကို ပြည်သူနဲ့ရန်တိုက်ပေးပြီး မင်းမဲ့စရိုက်ဆန်ဆန် လမ်းမပေါ်စည်းမရှိကမ်းမရှိ တက်လာတဲ့ ပြည်သူအားလုံးဟာ NLD ကို အရမ်းချစ်လို့တော့ ဟုတ်ဟန်မတူပါဘူး။ နိုင်ငံတစ်နိုင်ငံမှာ မရှိလို့မဖြစ်တဲ့ တပ်မတော်ဆိုတဲ့အဖွဲ့အစည်းနဲ့ တပ်မတော်နှင့်သက်ဆိုင်တဲ့ လူထု လူတန်းစားအသီးသီးက ပြည်သူလူထုဟာလည်း အင်အားစုတစ်ခုအနေနဲ့ရှိနေပြီး ဒီအင်အားစုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှုမရှိဘူးဆိုတာ သတိပြုစေချင်ပါတယ်။ ဒီအင်အားစုက ဒေါ်အောင်ဆန်း စုကြည်ကို မထောက်ခံခြင်းဟာ ဒီမိုကရေစီစနစ်ကို မလိုလားလို့၊ ဒီမိုကရေစီနိုင်ငံတော်သစ်ကို မသွားခြင်လို့ မဟုတ်ပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထင်ရှားတဲ့ လုပ်ရပ်တွေဖြစ်တဲ့ - o တပ်မတော်နှင့် ပြည်သူကို သွေးခွဲခြင်း o အမျိုးသားနိုင်ငံရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်၏ ရပ်တည်ချက်ကို လက်မခံခြင်း o နောက်ကွယ်က နှောင်ကြိုးများကို မလွန်ဆန်နိုင်ခြင်းတို့ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ကြားသိနေရလို့ ဖြစ်ပါတယ်။ ဒီအချက်တွေအပေါ်အခြေခံပြီး တပ်မတော်ကို ဆန့်ကျင်ဘက်အဖွဲ့အစည်းသဖွယ် ပြုမူ ဆက်ဆံပြောဆိုခြင်းများကိုလည်း အထောက်အထားများနှင့် ရှင်းပြလိုပါတယ်။ တပ်မတော်နှင့်ပြည်သူကိုသွေးခွဲခြင်း Your browser may not support display of this image. ``ကျွန်မဖေဖေခေတ်တုန်းက တပ်မတော်သားတွေကို ပြည်သူတွေ သိပ်ချစ်ကြတယ်၊ ပြည်သူတွေရဲ့ပြန်လည် ချစ်ခင်မှုကိုပြန်ရဖို့အတွက် တပ်မတော် သားတွေအနေနဲ့ NLD ကို မဲထည့်ဖို့ပြောခြင်ပါတယ်။ တပ်မတော်သား တွေကို ပြည်သူကချစ်ဖို့လိုသလို၊ တပ်မတော်သားတွေကလည်း ပြည်သူကိုအားကိုးဖို့ မြန်မာတပ်မတော်ဟာ နိုင်ငံရဲ့အခြေခံ ဖြစ်ဖို့နဲ့ ပြည်သူတွေအပေါ်ကို စိုးမိုးချင်တဲ့ဆန္ဒမရှိဖို့လိုပါတယ်´´ ဆိုပြီး မတ်လ(၄)ရက်နေ့က ပုဗ္ဗသီရိမြို့နယ်မှာ ပြောကြားသွားခဲ့ပါတယ်။ ဒီပြောကြားချက်များဟာ လက်ရှိတပ်မတော်တွင် တာဝန် ထမ်းဆောင်ဆဲ တပ်မတော်သားများကို စော်ကားမော်ကား ပြောဆိုသွားခဲ့ခြင်းသာ ဖြစ်ပါတယ်။ တပ်မတော်ဟာ ပြည်သူလူထုအတွင်းက ပေါက်ဖွားလာခဲ့ပြီး ပြည်သူများရဲ့ ဘ၀လုံခြုံမှုနဲ့ နိုင်ငံ့အချုပ် အခြာအာဏာ မဆုံးရှုံးရလေအောင်၊ ပြည်ထောင်စုကြီးမပြိုကွဲရအောင် အသက်သွေးချွေးများ ပေးဆပ်နေသူများ ဖြစ်ပါတယ်။ တပ်မတော်ကမလွှဲမရှောင်သာ နိုင်ငံအာဏာလွှဲပြောင်းရယူခဲ့ရခြင်းကို မျက်စိစုံမှိတ်ပြီး ပြည်သူတွေ ကိုနှိပ်စက်ခြင်လို့၊ ပြည်သူတွေကို စိုးမိုးခြင်လို့ဆိုတဲ့ အနောက်မီဒီယာမှိုင်းမိသူများရဲ့ထုံးစံအတိုင်း တပ်မတော်နဲ့ ပြည်သူ ကို ဆန့်ကျင် ဘက်အုပ်စုအသွင်ဖြစ်စေမဲ့ စကားလုံးမျိုး မပြောသင့်ပါဘူး။ အထူးသဖြင့် တပ်မတော် အစိုးရက ခင်းပေးခဲ့တဲ့ လက်ရှိ ဒီမိုကရေစီအပြောင်းအလဲကာလမှ ယခင်အတွေးအခေါ် အယူအဆများကို တတ်နိုင် သမျှ ထိန်းချုပ်သင့်ကြောင်း အကြံပြုလိုပါတယ်။ ၁၉၈၈ ခုနှစ်မှာ တပ်မတော်က ဘာကြောင့် နိုင်ငံအာဏာကိုရယူခဲ့ရတယ်၊ စစ်အစိုးရအုပ်ချုပ်စဉ် ကာလအတွင်း ပြည်တွင်းမှာ တည်ငြိမ်အေးချမ်းမှုရှိအောင် ပြည်သူတွေရဲ့ လူနေမှုဘ၀တွေ မြင့်မားတိုးတက် လာအောင်၊ လုပ်ဆောင်ပေးခဲ့တဲ့ စွမ်းဆောင်ချက်များနဲ့ နောက်ဆုံးတည်ငြိမ်အေးချမ်းစွာ ဒီမိုကရေစီစနစ်ကို ကူးပြောင်းပေးခဲ့တဲ့ နိုင်ငံရေးအလှည့်အပြောင်းတွေကို အကျယ်ချဲ့ပြီး မပြောလိုတော့ပါဘူး။ ကျွန်မဖေဖေ (ဗိုလ်ချုပ်အောင်ဆန်း)ခေတ်တုန်းက တပ်မတော်သားတွေကို ပြည်သူတွေက သိပ်ချစ် ကြသလို ကျွန်မဖေဖေ (ဗိုလ်ချုပ်အောင်ဆန်း)လုပ်ကြံခံရပြီးနောက်မှာလည်း ပြည်သူတွေက တပ်မတော်သား တွေကို ချစ်ခင်ဆဲပဲလို့ တပ်မတော်သားများက ခံစားယုံကြည် နေကြပါတယ်။ ကျွန်မဖေဖေ(ဗိုလ်ချုပ်အောင်ဆန်း) ခေတ်တုန်းက တပ်မတော်ရဲ့ရန်သူက ဒေါ်အောင်ဆန်းစုကြည် အမျိုးတွေ(အင်္ဂလိပ်)ဖြစ်ပြီး အဲဒီခေတ်တုန်းက လွတ်လပ်ရေးကြိုးပမ်းမှုဟာ တပ်မတော်ရဲ့ အဓိကတာဝန်ပါ။ ကျွန်မဖေဖေ(ဗိုလ်ချုပ်အောင်ဆန်း)ခေတ်နောက်ပိုင်း တပ်မတော်ရဲ့ရန်သူဆိုတာ ဒေါ်အောင်ဆန်းစုကြည် အမျိုးတွေ (အင်္ဂလိပ်)သွေးခွဲဖန်တီးခဲ့လို့ ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်း သောင်းကျန်းသူတွေ ဖြစ်တယ်ဆိုတာတော့ နားလည်မယ်ထင်ပါတယ်။
ပြည်သူတွေရဲ့ ပြန်လည်ချစ်ခင်မှုပြန်ရဖို့ ´´ ဆိုတဲ့ အသုံးအနှုန်းကတော့ လက်ရှိတာဝန်ထမ်းဆောင်ဆဲ တပ်မတော်သားတွေကို ပြည်သူတွေကပဲ မချစ်ခင်၊ မနှစ်သက်တော့သယောင်ယောင် မိမိစိတ်နဲ့နှိုင်းပြီး ပြောခြင်း ဖြစ်မယ်ထင်ပါတယ်။ တပ်မတော်အပေါ်အညှိုးအတေးရှိနေတဲ့စိတ်ခံစားမှုကြောင့် ပြောဆိုတယ်လို့ဘဲ ယူဆပါတယ်။ NLD ပါတီကို မဲထည့်မှ ပြည်သူတွေက တပ်မတော်ကို ပြန်လည်ချစ်ခင်လာမယ်ဆိုတာ ဘာမှမဆိုင်ဘူးထင်ပါတယ်။ - တပ်မတော်အတွက် NLD ဘာလုပ်ပေးပါသလဲ.. ? - ဒေါ်အောင်ဆန်းစုကြည်အနေနဲ့တပ်မတော်ရဲ့ ရပ်တည်ချက်ကိုနားလည်လက်ခံမှာလား.. ? - တပ်မတော်အင်အားရှိအောင် ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်ပေးဖူးပါသလဲ…? မေးလိုက်ချင် ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်ကို တည်ထောင်ခဲ့သူ တပ်မတော်ဖခင်တစ်ဦးဆိုတာ အငြင်းပွားဖွယ် မရှိပါဘူး။ ဒါပေမဲ့ ဗိုလ်ချုပ် လုပ်ကြံခံရပြီးနောက် တပ်မတော်ကတာဝန်ယူခဲ့ရတဲ့ နိုင်ငံတော်ထူထောင်ရေး၊ နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းစဉ်တွေမှာ တပ်မတော်ဖခင် ဗိုလ်ချုပ်တစ်ယောက်ရဲ့သမီးကဘယ်အခန်းကဏ္ဍမှာမှ မပါရှိဘူးဆိုတာကို လူတိုင်းသိပါတယ်။ လူဆိုတာ ကိုယ့်သမိုင်းကိုယ်ရေးပါတယ်။ တပ်မတော်သမိုင်းကို တပ်မတော်သားများက ရေးသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမိုင်းကြောင်းကလည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရေးခဲ့တဲ့သမိုင်းကြောင်းအရ တပ်မတော်အပေါ် ထိပ်တိုက်ရင်ဆိုင်မှုနဲ့ တပ်မတော်သား တွေကို အထင်မကြီး၊ မလေးစားပဲ ပြည်သူကို နိုင်ထက်စီးနင်းလုပ်နေတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ထင်မြင်ယူဆ နေရင်တော့ တပ်မတော်သမိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ နိုင်ငံတော်ရဲ့အချုပ်အချာအာဏာကို ဆုံးရှုံး အောင်လုပ်သွားနိုင်တဲ့ ဆူးညှောင့်ခလုပ်ပဲ ဖြစ်ပါလိမ့်မယ်။ Your browser may not support display of this image. ပြည်သူနဲ့တပ်မတော် ဆန့်ကျင်ဘက်အသွင်ဖြစ်စေမဲ့ အပြုအမူ၊ အပြောအဆိုများဟာ တပ်မတော်အင်အား ချိနဲ့ အောင် လုပ်ဆောင်နေခြင်းသာဖြစ်ပါတယ်။ ဒီနေ့ခေတ်ကာ လမှာ တပ်မတော်အပေါ်အမြင်မကြည်လင်သူ၊ တပ်မတော် အပေါ် နိုင်ငံရေးအရဆန့်ကျင်သူ ၊တပ်မတော်ကို စစ်ရေးအရ တိုက်ခိုက်သူများဟာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး ဆိုတဲ့ မှိုင်းလုံးကြားမှာ မျက်မှန်စိမ်းတပ်ခံထားရတဲ့ ပြည်သူအချို့ဖြစ်တယ်လို့ တပ်မတော်က ယုံကြည်လက်ခံထား ပါတယ်။ ဒီလိုတပ်မတော်အပေါ် မကောင်းမြင်သူတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးဆောင်မှုပေးနေတဲ့ အဓိကပဲ့ကိုင်ရှင် မဖြစ်စေလိုပါဘူး။ ဖြစ်နေလို့ပြောရတာဖြစ်ပြီး မဖြစ်စေလိုတဲ့ တပ်မတော်သား များရဲ့ ဆန္ဒအမှန်ကိုတော့ ယုံကြည်စေချင်ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးက တပ်မတော်အပေါ် မကောင်းမြင်နေ တာမဟုတ်သလို နိုင်ငံတကာကလည်း တပ်မတော်ကို အထင်ကြီးလေးစားမှုတွေ ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျာ - တပ်မတော်အပေါ်အမှန်တကယ်ချစ်ခင်ပါတယ်ဆိုရင် ---- တပ်မတော်မိသားစုဝင်တစ်ဦးပါလို့ အမှန်တကယ်ခံယူထားတယ်ဆိုရင် --- Your browser may not support display of this image. ပြည်သူနှင့် တပ်မတော်ကို သွေးမခွဲဘဲ ပြည်သူထဲက ပေါက်ဖွား လာတဲ့ ပြည်သူ့တပ်မတော်ကို အားပေးထောက်ခံပြီး နိုင်ငံတော်ကို ကာကွယ်စောင့် ရှောက်နိုင် ရန်အလို့ငှာ တိုင်းပြည်အင်အားရှိအောင် တပ်မတော် အင်အားရှိစေရေး ပြောဆိုပြုမူလုပ်ကိုင် ကြံဆသွားသင့်ပါ ကြောင်း အကြံပြုပါတယ်။
Read More

၆၇ နှစ်မြောက် တပ်မတော်သားများနှင့်ပါရမီဖြည့်ဖက်များတွက် ဂုဏ်ပြုသီချင်း

Read More

အမေစု ပြောတဲ့ မနေနိုင်လို့ ယူလိုက်ရသည်

ရန်ဖြစ်ပြီး သေသွားတဲ့ စက်မှုတက္ကသိုလ်ရဲ့ အညံ့ဆုံး ကျောင်းသား ဖုန်းမော်ကို ဂုဏ်ပြုတယ် ဘာညာနဲ့ အရှုပ်တွေ လုပ်နေကြတဲ့ အသက် 50 ကျော် ကျောင်းသား ဂျိုး တွေ လုပ်တဲ့ ပွဲမှာ ဒေါ်စုက ဒီလို သြောဝါဒ ချွေပြီး သူအနေနဲ့ မိုက်ကယ် အဲရစ်ကို မနေနိုင်တော့လို့ ယူလိုက်ရတာ ဖြစ်ကြောင်း ၀န်ခံသွားခဲ့ပါတယ် .. 





ဒေါ်စုက အမျိုးသား ဖခင်ကြီး၏ ကတော် အမေကြီး မဟာသီရိသုဓမ္မဒေါ်ခင်ကြည် မှ သူမ၏ စိတ်နှင့်နှိုင်းယှဉ်၍ မနေနိုင်၍ ဗိုလ်ချုပ်နှင့် လက်ထပ်ခဲ့သည် ဟု ပြောကြားခဲ့ ခြင်းဖြင့် .. ဒေါ်စုအနေနှင့် နိုင်ငံခြားတွင် .. ပညာသင်ကြားနေစဉ်အတွင်း မနေနိုင်သောကြောင့် အမျိုးသားသနာ ကို မစောင့်ထိန်းပဲ မိုက်ကယ် အဲရစ်နှင့် လက်ထပ်လိုက်ခြင်း ဖြစ်ကြောင်းကို သူမပြောကြားခဲ့သော စကားက ပေါ်လွင်စေခဲ့ပါသည် .. 

အမေကြီး မဟာသီရိသုဓမ္မဒေါ်ခင်ကြည် မှ ဒေါ်စုပြောသလို မနေနိုင်၍ ဗိုလ်ချုပ်အောင်ဆန်းအား လက်ထပ်ခဲ့စေကာမူ အမေကြီး မဟာသီရိသုဓမ္မဒေါ်ခင်ကြည် အနေနှင့် ဗိုလ်ချုပ်လို လူမျိုးနှင့် လပ်ထက်ခဲ့သည်မှာ ဂုဏ်ယူဖွယ် ဖြစ်သော်လည်း .. ဒေါ်စုမှာမူ .. သူမ ပြောခဲ့သည့် စကားအတိုင်း မနေနိုင်၍ လက်ထပ်လိုက်သူမှာ တိုင်းတပါးသား မျက်နှာဖြူ လူမျိုး တစ်ယောက် ဖြစ်နေခြင်းမှာ .. သူမ၏ အတ္တစိတ် တစ်ခုထဲကြောင့် ဗိုလ်ချုပ်၏ မျက်နှာ တိုင်းပြည်၏ မျက်နှာကို မထောက်ထား အမျိုးဂုဏ် ဇာတိဂုဏ်ကို မထိန်းသိမ်းပဲ မိမိ၏ မနေနိုင်သော စိတ်တစ်ခုထဲနဲ့ မိုက်ကယ်အဲရစ် နှင်ါ ရွှေဂဟေ ဆက်ခဲ့သည် ယခုအချိန်မှ တိုင်းပြည်ကို ချစ်ပါသည်ဟု တစ်ဆာဆာ အော်နေသော ဒေါ်စုအတွက် အမေရိကန်ကပဲ မြောက်ပင့်၍ အော်နိုင်နေသလော တကယ်ပဲ ချစ်၍ အော်နေသလော ဆိုသည်ကို မကြာသော အချိန်တွင် ကွက်ကွက် ကွင်းကွင်း မြင်ရတော့မှာ ဖြစ်ပါတယ် .. 

ကျွန်တော်ကတော့  မနေနိုင်လို့ မိုက်ကယ် အဲ့ရစ်ကို ယူခဲ့တဲ့ ဒေါ်စုကို  ကျွန်တော်တို့ရဲ့ ရွှေနိုင်ငံကိုလည်း မနေနိုင် မထိုင်နိုင် အမေရိကန် လက်ထဲသို့ ရောက်အောင် မသွက်သွင်းပါနဲ့အုံးလို့ ဒေါ်စုရဲ့ စိတ်ဓာတ်ကို သိ၍ ဒီနေရာကနေ တောင်းဆို တင်ပြလိုက်ရပါတယ် ..
Read More

ဗိုလ်ချုပ်ပြောတဲ့ တပ်မတော် ဆိုတာ



Read More

အစိုးရနဲ့ ပြည်သူကို ရန်တိုက်မပေးကြပါနဲ့... ( ပေးစာ ၁၅ )

တက်တစ် ခေါက်ခေါက် ဖြစ် နေပေမယ့်.. နောက်ဆုံးမှ ဖြေသိမ့် နိုင်တာက.. စစ်ရေး နည်းလမ်း နဲ့ သာ ဖြေရှင်း မယ် ဆိုရင်.. Initialization ဖြစ်နေတဲ့ တိုင်းပြည် ရဲ့ အရှိန် သေသွား မှာ စိုးရတယ်.။ တိုင်းပြည်ကို မငဲ့ပဲ တိုက်မယ် ဆိုရင်.. ကုလားမျိုး ပြုတ်တာ ကြာပြီ... ။ အရှေ့တောင် အာရှ မှာ ခြေလျင်တပ်နဲ့ အမြောက်တပ်မှာ မြန်မာက ပြိုင်ဘက် ကင်းပါတယ်.။ တကယ် တမ်း ဆိုရင်လည်း ပေးရမယ့် အရင်းနဲ့ မကာမိလို့ ဒီလို အဆုံးသတ် သွားတာလို့ပဲ ထင်ပါတယ်.။ ဆုံးရှုံး သွားရတာ ပေမယ့်..။ တစ်ဖက် ကြည့်ရင် ဒီ့ထက်မက ရှုံးစရာရှိလို့ လို့ပဲထင်မိပါတယ်.။ ထော်လာဂျီနဲ့ Prado တိုက်ရင်.. ဒဏ်ရာ ပမာဏတူရင် တောင်.. ဆုံးရှုံးမှုပမာဏ မတူနိုင်ပါဘူး..။ ဒီဂရုထဲမှာ အချင်းချင်း တိုက်ခိုက်နေတဲ့ သူတွေများနေတယ်.။ ဆရာကြီးလုပ်တာ မဟုတ်ဘူး.။ ကိုယ်တိုင် ပြောအားရှိလို့ ပြောရဲပါတယ်.။ ကျွန်တော်စစ်သားပါ..။ ကိုယ်ကျင့်သိက္ခာက အစ..၊ စည်းကမ်း အဆုံး မှဲ့တစ်ပေါက် မစွန်းအောင် နေခဲ့တယ်.။ သိပ်ကို တစ်ဖက်သတ်ဆန်တဲ့ အသုံးအနှုန်းတွေ သိပ်မသုံးပါနဲ့.. ကြိုက်တဲ့ဖက်က ယှဉ်ပြိုင်လို့ရတယ်.။ တရားသော နည်းလမ်းဖြင့်ပေါ့..။ လောလောဆယ် တိုင်းပြည် အတက်ဖက်ကို သွားနေချိန်မှာ..။ အချင်းချင်း ဖြစ်တဲ့ ပြဿနာတွေကို.. ရှင်းဖို့ အချိန်သိပ် မရဘူး..။ လူ့ဘ၀က တိုတိုလေးပါ.။ အကုသိုလ် သိပ်မများနဲ့..၊ အချင်းချင်း အမြင်တွေ ချပြတာ. ပြဿနာမရှိဘူး..။ ပုတ်ခတ်ဖို့ မလုပ်ကြရင် သိပ်ကောင်းမယ်..။ ၀န်ထမ်းတွေထဲမှာ လာဘ်စားတဲ့ သူတွေရှိတယ်..။ ဒါပေမယ့် အားလုံး မဟုတ်ဘူး ..။ ခြုံမပြောနဲ့.. ။ဒါက အနည်းစုပဲ.. ။ ဒီလိုပဲ ပွင့်ပွင့် လင်းလင်း ပြောရင်.. စစ်သားတွေ ထဲမှာလဲ ပေါ်ပင် တွေရှိကောင်း ရှိမယ်.။ ၀ါးလုံးရှည်နဲ့ သိမ်းယမ်းတာမျိုး ကိုဘယ်သူမှ လက်မခံပါ..။ ဒေါက်တာ လှိုင်မြင့်..ရေးထားတဲ့.. ပြည့်သူ့ရန်သူ .. ဘာညာ ဆိုတာ ဖတ်ပြီးတော့ ရီချင်တယ်..။ ရင်လည်းနာတယ်...။ သူ့ရည်ရွယ်ချက်ကို ခန့်မှန်းလို့မရဘူး..။ လူကြီးသားတွေ ကျန်ခဲ့တယ်ပြောတဲ့ သူရှိတယ်. ။ လူကြီးသားတွေမှ.. ပါလာတယ်လို့ ပြောသူရှိတယ်။ သူတို့အချင်းချင်းကို လွဲနေကြတယ်။ ဟိုတစ်နေ့က ရုံးစာအတု တစ်ခု တွေ့တယ်..။ နိုင်ငံခြားရေး ၀န်ကြီးဌာန နာမည်နဲ့.. ဂန်ဘီရ ဆိုတဲ့ဘုန်းကြီး အတုဆီ သွားတွေ့တဲ့ အတွက်.. ဗီဇာကို Black List ထဲထည့်လိုက်တယ် ဘာညာနဲ့..။ တစ်ခုရှိတာက.. Facebook သုံးနေတဲ့ သူတွေက ငတုံးတွေ တစ်ယောက်မှ မပါဘူး.။ စစ်သားတွေ ပိုမှန်မယ်.။ ရုံးပေါင်းစုံကို ရောက်ခဲ့ဖူးတယ်.။ တစ်ချို့ဆိုရင် တပ်တွေမှာ Staff ပိုင်းဆိုင်ရာတွေ ကိုင်ခဲ့ရတယ် ..။ အဲဒီတော့ စာကို မြင်လိုက်က တည်းက . ဒီပုံစံက ရုံးတွေ မှာသုံးတဲ့ပုံလား .။ အင် လား ဆိုတာ တန်းသိတယ်.။ အဲဒီနေ့က ဖောင့်လဲ မတူဘူး.။ alignment တွေကလည်း သောက်တစ် လွဲတွေ
ဖြစ်နေတယ်.. ။ SD ပုံစံလုံး မကျကတည်းက အဲဒါဝန်ကြီးကို တင်တဲ့စာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ဘူး.။ ပြောချင်တာက . ကိုယ့်ပါတီကို စည်းရုံးကြပါ..။ အစိုးရနဲ့ ပြည်သူကို ဘယ်နည်းနဲ့မှ ရန်တိုက် မပေးကြပါနဲ့..။ သိပ်ကို အောက်တန်း ကျတယ်.။ သေရင် ခွေးတောင် ဖြစ်မှာမဟုတ်ဘူး...။ အောက်မှာ အင်လုပ် ထားတဲ့ပုံကိုပါ တင်ပေးလိုက်တယ်..။

၁။ နိုင်ငံတော်အစိုးရ ရုံးစာတွေက အဲဒီဖောင့်နဲ့ရိုက်လေ့ရိုက်ထမရှိဘူး..။
၂။ staff Duty နဲ့ ညီညွတ်မှုမရှိဘူး.။ ပုံစံမကျဘူး.။ အပေါ်က Header က align ကို အလယ်ပုံစံနဲ့ရိုက်
ထားပြီးတော့. ညာဘက်ကိုကပ်နေတယ်.။တကယ့်ရုံးစာဆိုရင် အဲဒီရုံးကစာရေးလုပ်တဲ့သူ ပြုတ်ပြီ .။
၃။ နောက်တစ်ခုက ရုံးစာတွေမှာ အဲဒီလိုနေရာတွေမှာလိုင်းတားလေ့မရှိဘူး.။ ၄။ရက်စွဲတပ်တဲ့နေရာ
လည်းမှားနေတယ်.။
၅။ မှ ၊ သို့ ၊ စာ အမှတ် ၊ရက်စွဲ ဆိုတာတွေက လည်း လူအထင်ကြီးအောင်လုပ်ထားတာ ပါ.။တ
ကယ်တော့ အဲဒီလိုပုံစံမဟုတ်ဘူး .။

နောက်တစ်ခါ လိမ်ရင် သိအောင် လုပ်ထားပေါ့ဗျာ. ။ မြန်မာနိုင်ငံမှာ အစိုးရအဖွဲ့ ၊ နဲ့ ကာကွယ်ရေး ၀န်ကြီးဌာန အဲဒီနှစ်ခုပဲ ခေါင်းစဉ်ကို အလယ်မှာ ထားခွင့်ရှိတယ် ဆိုတာ ကိုပေါ့.။ ခုလို အလယ်ပုံစံကြီးကို ဘေးကပ်ထားတာ ကျုပ်တို့မြင်တော့ ရီစရာဖြစ်နေတယ်.။

အင်္ဂလိပ်စာကိုလည်း Arial သို့မဟုတ် Times New Roman နဲ့ရိုက်ကြတယ်.။ ဒီကောင်တွေ လိမ်တာ သိပ်သိသာ လွန်းနေတယ်..။ ဘာရည်ရွယ်ချက် လဲ.. တော်လှန်ရေးကြီး အဓွန့်ရှည်အောင်လား..။ အစိုး
ရကိုဆန့်ကျင်ရင်း..  အထောက်အပံ့တွေ ပျက်ကုန်မှာစိုးလို့လား.။ သိပ်ကိုဆိုးတယ်.။ တစ်ခုခုတော့ တစ်ခုခုပဲ.။

 

ရုံးစာအတုပုံပါ.. ။
Read More

ဒေါ်စုတစ်ယောက်ထည်းကို ဗဟိုပြု အားထားနေသော NLD

လာမယ့်ကြားဖြတ်ရွေးကောက်ပွဲဝင်ဘို့ ပါတီတွေပြင်ကြဆင်ကြတဲ့ အထဲမှာ ပြာယာအခတ်ဆုံးပါတီ ကို ပြပါဆိုရင် ကမ္ဘာကျော် NLD ပါတီကိုပြရမှာပါဘဲ.....။ဘာလို့လဲဆိုတော့ ပထမဆုံးရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းရွေးတာကိုပဲကြည့် တည်တည်ငြိမ်ငြိမ်နဲ့ အကောင်းဆုံးဖြစ်အောင်အချိန် ယူပြီးရွေးလို့ရနိုင်ပါရက်နဲ့ ပြာယာခတ်ပြီး အစောတလျှင်ရွေးခဲ့တယ် ၊ သတ်မှတ်ရက်ထက် အစောကြီးစောပြီး သွားတင်တယ် ၊ ဒီတော့ပြိုင်ဘက် တစ်ဘက်ပါတီက ပြင်ဆင်ချိန်ရသွားတယ် NLD ကဒီလူပြိုင်မယ့်နေရာကို တို့က ဒီလူနဲ့ပြိုင်မယ် ၊သူနဲ့ဆိုရင် သူနဲ့ပြိုင်မှရမယ် စသည်ဖြင့် ပြင်ဆင် ချိန်ရသွားပြီး စံနစ်တကျပြင်ဆင် ထွက်လာနိုင်တာကိုတွေ့ရတယ် ။

ဒီလိုပြာယာခတ်ပြီးလုပ်တဲ့အတွက် အမှားတွေပါလာတယ် ၊ အောက်ခြေကမကျေနပ်မှုတွေ ဖြစ်လာတယ် ၊ ခုပဲ ကသာခရိုင်ကနေပြိုင်မယ့် ဦးစောလှိုင်ဟာ ဒေလီမှာ အသည်းအစားထိုးကုနေတယ် တစ်ချိန်တည်းမှာပဲ ကော်မရှင်ကလည်း သူမွေးတဲ့အချိန်မှာ သူ့အဖေဟာ မြန်မာနိုင်ငံသားမဟုတ်လို့ ကိုယ်စားလှယ်လောင်းစာရင်းကပယ်ဖျက်ခံထား၇တဲ့အတွက် မပြိုင်ခင်ထဲက တစ်နေရာရှုံးနေပြီ ၊ ဇဗ္ဗူသီရိကပြိုင်မယ့် ဒေါ်စန္ဒာမင်းဟာလည်း ကျောင်းသားခေါင်းဆောင်ကိုဌေးကြွယ်နဲ့ ပုဂံမှာ အတူအိပ်ခဲ့ကြတဲ့ ဇာတ်လမ်းကအတော်လေးပျံ့နေတဲ့အတွက် သိက္ခာကအတော်ကျနေပြီ ၊  လူမှုရေးဖေါက်ပြန်တာဟာ မြန်မာမှုမှာအတော်ကြီးတဲ့ ပြဿနာဖြစ်တယ် ၊ နောက်မီးလင်းနေတဲ့သူကိုမဲတွေ ပုံပေး၇လောက်အောင် ပြည်သူတွေ' အ ' မယ်မထင်ဘူး၊ဒီကြားထဲ ဘာနိုင်ငံရေးအရောင်အသွေး အရည်အချင်းမှမရှိတဲ့ ဟစ်ဟော့ အဆိုတော်ကလည်းပါသေးတယ် ၊ အလားတူပဲ မြောင်းမြ ၊ ပခုက္ကူ ၊ မိတ္ထီလာ စတဲ့မြို့တွေမှာလည်း အောက်ခြေနဲ့အဆင်မပြေဘူး ၊ ကျွန်းစုမှာလည်း ဒီအတိုင်းပဲ ဒေါ်တင်တင်ရီကို ဘာကြည့်ပြီးရွေးထားတယ်မသိဘူး ။



 
သူများကို ကူဘို့နေနေသာသာ ကိုယ့်ဖာသာကိုယ်တောင်မရပ်နိုင်လို့ တွဲထားရတယ် တွဲထားတဲ့သူကိုလည်းကြည့်ဦး အရည်းကြီးလိုလိုဘာလိုလို



တစ်ဘက်က ပြည်ခိုင်ဖြိုးပါတီဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဖြစ်တဲ့အတွက် ဘယ်အရာမဆို စစ်ပြင်သလိုပြင်နေတာကိုသတိပြုမိတယ် တစ်ဘက်ရဲ့လှုပ်ရှားမှုကိုကြည့်ပြီး အကောင်းဆုံးပြင်ဆင် တာထွက်လာတာကိုတွေ့ရတယ် ၊ပညာတတ်တွေကို ပွဲထုတ်လာတယ် ၊ သူတို့ဟာနိုင်ငံရေး အရ ဒေါ်စုနဲ့အဖွဲ့ကို အထိုက်အလျှောက်နေ ရာပေးလိုတာမို့ နေရာတိုင်းကိုနိုင်ဘို့လုပ်မနေဘူး NLD အားနည်းတဲ့အချို့နေရာလေးတွေကနေပဲ ၂၅ %လောက် နိုင်ရင်တော်ပြီဆိုပြီး လုပ်နေပုံရတယ် ၊ ပြည်ခိုင်ဖြိုးပါတီသာ တစ်ကယ်အင်တိုက်အားတိုက်လုပ်ရင် မလွယ်ဘူးဆိုတဲ့အတွေး NLD ကိုသိယုံလောက်လုပ်နေတယ် ။NLD  ဒေါ်စုတို့ လူအုပ်ကြားမအားမလပ်ဖြစ်နေချိန်မှာ သူတို့က တစ်အိမ်တက်ဆင်း အသာလေးလုပ်နေတာကို  သတိထားကြည့်ရင်တွေ့နိုင်တယ် ။ 

နောက်ပြီးတော့ NLD ဟာ ဒေါ်စုတစ်ယောက်ထည်းကို ဗဟိုပြု အားထားနေတာကို ပိုပြီး အရှိန်ရအောင် မသိမသာလေး လုပ်နေတာကို ကြည့်ရင် မြင်နိုင်တယ် ၊ အောက်ခြေမှာNLD နဲ့ ဌာနဆိုင်ရာတွေကြားပဋိပက္ခလေးတွေ မသိမသာရော..သိသိသာသာရောလုပ်တယ် နောက်ဆုံးဒေါ်စု နဲ့ထိပ်တိုက်တွေ့ရင် အသာလေးလျှော့ပေးလိုက်တယ် ဒါကို NLD ပါတီဝင်တွေက တို့အမေစုတော့ အာဏာပိုင်တွေကိုနိုင်လိုက်ပဟဲ့လို့ ပျော်နေကြတယ် ၊ ဒါပေမယ့် ဒေါ်စုဗဟိုပြုစံနစ်ကြီးသည်ထက်ကြီးလာ တာကို သူတို့သတိမပြုမိကြဘူး ။

တစ်ချိန်က သာမညတောင် ၊ ရွှေပေါ်ကျွန်း ၊ ကုံလုံ အစရှိတဲ့ ဆရာတော်ကြီးတွေ သတင်းသုံးခဲ့ကြတဲ့နေရာတွေဟာ မြန်မာပြည်တစ်လွှားဟိုးလေးတစ်ကျော်ကျော် ဖြစ်ခဲ့ကြတယ် ၊ ရွှေပေါ်ကျွန်းမှာသက်သတ်လွတ်မစားဘူးရင်ပဲ ခေတ်နောက်ကျနေသလိုလို ၊ သာမညတောင် ဆရာတော်ကြီးကိုမဖူးဘူးရင်ပဲ ဗုဒ္ဒဘာသာမစစ်သလို ဖြစ်ခဲ့ကြတယ်  ၊ ဘုရားဘူးတွေနေ့ညမပြတ် တိုးမပေါက်အောင် စည်ကားခဲ့ကြတယ် ၊ ဆရာတော်ကြီးတွေ ဘ၀နတ်ထံပျံလွန်သွားပြီးနောက်ပိုင်း ဒိနေရာတွေကို သွားတဲ့သူမရှိသလောက် ရှားသွားတယ် ၊ စာနယ်ဇင်းစာမျက်နှာပေါ်တွေ ကပျောက်သွားတယ် ၊ဒီခေတ် ဆယ်ကျော်သက်တွေဆို သိတောင်မသိတော့ဘူး ၊ တစ်နေ့မှာ NLD ပါတီဟာ ဒေါ်စုမရှိရင် ဒီလိုဖြစ်သွားမယ်ဆိုတာကို ပြည်ခိုင်ဖြိုးက စစ်ဗိုလ်ချုပ်ဟောင်းတွေက သိနေတယ် ။ ၂၀၁၅ ရွေးကောက်ပွဲ ကျရင်ဒီနေ့ NLD လူကြီးတွေဖြစ်တဲ့ ဦးတင်ဦး ၊ ဦးဝင်းတင်စတဲ့ ၀ါရင်ပုဂ္ဂိုလ်တွေဟာ အသက်အရွယ်အရ မသေသေးရင်တောင် ဘာမှ လုပ်နိုင်တော့မှာမဟုတ်ဘူး ၊ ဒီအခါမှာ အသက် ၇၂ နှစ်အရွယ်ဒေါ်စုနဲ့ မျိုးဆက်ခါးပြတ်နေတဲ့ NLD ပါတီအခြေအနေကို မှန်းကြည့်လို့ရတယ် ။

နောက်ဆုံးတင်ပြချင်တာက လူတွေကနုံတုံတုံ အတတကြီးလို့ထင်နေတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အကွက်ဖြစ်တယ် ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွေဟာ ၂၀၀၈ ဖွဲ့စည်းပုံကိုရေးဆွဲပြီး ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပြုပြင်ပြောင်းလဲရေးသမား ဦးသိန်းစိန်ကို စင်တင်ပေးခဲ့တယ် ဒီလိုစင်တင်နိုင်အောင် ဦးသိန်းစိန်ကို ၀န်ကြီးချုပ်ဘ၀နဲ့ လေ့ကျင့်ပေးထားလိုက်သေးတယ် ၊ ပြီးမှ ကျန်တဲ့ ပါဝါချိန်ခွင်တွေကို သေချာချိန်ပြီးမှ အနားးယူသွားတာဖြစ်တယ် ၊သူနေရာချသွားတာတွေကိုကြည့်လိုက်ရင် သူဟာအင်မတန်အကွက်စေ့သူဖြစ်တယ်ဆိုတာပေါ်နေတယ် ။

 ထူးခြားတာက ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ နိုင်ငံတော်ရာထူးတွေရယူသွားတဲ့သူတွေကို သက်ဆိုင်ရာပါတီစွဲတွေက ကင်းသွားအောင်ဆိုတဲ့အကြောင်းပြချက်နဲ့ နိုင်ငံတော်ရာထူးယူတာနဲ့ ပါတီကနေထွက်ရမယ် လို့ ပြဌာန်းထားတဲ့ အကွက်ဖြစ်တယ် ။ ခုဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဝင်တွေဟာ လည်း ပါတီကိစ္စတွေမဆောင်ရွက်ရတော့ဘူး ၊ ပါတီကနေထွက်လိုက်ရတယ် ။ ဒါကြောင့်လည်း ခုကြားဖြတ်ရွေးကောက်ပွဲဆိုတာ ပေါ်လာတာပေါ့ ၊ ဒီလိုကြားဖြတ်ရွေးကောက်ပွဲပေါ်လာ လို့လဲ ဒေါ်စုတို့ခုလိုရွေးကောက်ပွဲထဲမှာပါလာတာဖြစ်တယ်.....၊ မပါပါအောင်လည်း အစိုးရကဆွဲခေါ်ခဲ့တယ် ၊အလျော့တွေပေးခဲ့တယ်  ၊ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ကျန်တဲ့ကိုယ်စားလှယ်လောင်းတွေသာမသေချာတာ ဒေါ်စုကတော့နိုင်မှာ သေချာတယ် ။ဒေါ်စုနိုင်လို့ လွှတ်တော်ထဲရောက်လာတဲ့အခါ အစိုးရက ဒေါ်စုကိုနေရာပေးမှာပဲ နိုင်ငံတကာကလည်း ဒါကိုပဲတောင်းဆိုနေကြတယ်  ၊ ဒီတော့အစိုးရကသာ ဒေါ်စုကိုအစိုးရအဖွဲ့ထဲမှာ နိုင်ငံတကာက လက်ခံလောက်တဲ့ ရာထူးတစ်ခုသာပေးခဲ့လိုက်ရင် နိုင်ငံတကာကလည်းသဘောကျသွားမယ် တစ်ချိန်တည်းမှာပဲ ဒေါ်စုဟာ NLD ကထွက်ရမယ် သိပ်လှတဲ့အကွက်ပါဘဲ ။ နိုင်ငံတကာကလည်းသဘောကျ ၊ NLD လည်းခေါင်းပြတ် ၊ ဒေါ်စုအရှိန်နဲ့ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးတွေလည်း အရှိန်တက် ၊ တစ်ချက်ခုတ် ၃ ချက်ပြတ်ဖြစ်မယ့်ကိန်းပါဘဲ.....။

သီဟသူ (  From Facebook   )

Read More

NLD အဖွဲ့ဝင်များအား အရေးယူပေးပါရန် ကျော်ကျော်ဖြိုး ကုမ္ပဏီက ကော်မရှင်ထံ တိုင်ကြား


မတ်လ (၁၆) ရက်နေ့ နံနက်ပိုင်းတွင် မြိတ်မြို့ NLD ပါတီမှ ဘဏ္ဍာရေးအဖွဲ့ဝင် ဦးကြံအောင်၊ အောင်နိုင်ရေး ကော်မတီဝင် ဦးသောင်းတင်(ခ) ဦးဂျိုကာ၊ ဦးလှဝင်း၊ ဒေါ်အေးသူမွန်နှင့် ဒေါ်ဥမ္မာချို တို့သည် ကျွန်းစုမြို့နယ် ပန်လုံးအော် ကျေးရွာရှိ ကျော်ကျော်ဖြိုး ကုမ္ပဏီ အအေးခန်း စက်ရုံဝင်း အတွင်း သို့ တာဝန်ရှိသူများထံမှ ခွင့်ပြုချက် တောင်းခံခြင်း မရှိပဲ ကျူးကျော်ဝင်ရောက်ပြီး ကုမ္ပဏီ ရုံးခန်းနှင့် ၀န်ထမ်း အိမ်ယာများတွင် တစ်အိမ်တက်ဆင်း ပါတီတံဆိပ် ကပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း တို့ ပြုလုပ် ခဲ့သဖြင့် ကုမ္ပဏီ လုံခြုံရေးများက ခွင့်ပြုချက်မရှိပဲ လာရောက်ဆောင်ရွက်သဖြင့် ချက်ချင်း နှင်ထုတ် ခဲ့ကြောင်း ဦးကြံအောင်ပါ (၄)ဦးသည် ကျွန်းပေါ်မှ ပြန်လည် ထွက်ခွာခဲ့ရကြောင်း သိရှိရသည်။ 

ထိုသို့ NLD အဖွဲ့ဝင် ဦးကြံအောင်ပါ (၄)ဦး တို့အား ကျော်ကျော်ဖြိုး ကုမ္ပဏီက ပိုင်ရှင်ခွင့်ပြုချက် မရှိပဲ ကုမ္ပဏီ လုပ်ငန်းခွင်အတွင်း ကျူးကျော်ဝင်ရောက်ပြီး အတင်းအဓမ္မ စတေကာများ ကပ်ခြင်း၊ ကုမ္ပဏီ တာဝန်ရှိသူများ အပေါ် မထီမဲ့မြင် ပြုလုပ်ခြင်းများ ဆောင်ရွက်ခြင်းအတွက် ဥပဒေအရ အရေးယူ ပေးပါရန် မြို့နယ် ကော်မရှင်နှင့် ရဲတပ်ဖွဲ့သို့ တိုင်ကြားထားကြောင်း သတင်းရရှိသည်။NLD့ ပါတီအဖွဲ့ဝင်ဆိုပီး လုပ်ချင်တိုင်းလုပ်မရတာကိုတော့ လူသိအောင် ပြမယ်ဆိုတဲ့သဘောပါ။
Read More

Read More

စစ်သားတွေ ဘာလုပ်နေလဲ ဒီအရေးပြီးတော့ ...



ရေပိုင်နက်တွက် ဖရီးကိတ်လာပြီတပ်မတော်ရေ
 


ဝေဟင်ကိုကာစစ်မျက်နှာယဉ်မှုးအသင့်ရှိနေပြီ

(အမျိုးကိုထိလို့  ဒို့ တွေလေ့ကျင့် စစ်ရေးအသင့်ရှိလေပြီ)
မြန်မာနိုင်ငံရဲ့ မလူးသာ အနေထားနဲ့ ရှင်မဖြူကျွန်းကို ပေးပြီနောက်
လူတိုင်းရင်မှာ မခံသာ စစ်သားတွေလေ့ကျင့်နေလေပြီ။တစ်ခါခံပြီ
နောက်တစ်ခါမဖြစ်ရလေအောင်တစ်မျိုးလုံးမှလည်း တပ်မတော်ကို
... အင်းအားတိုးမြင့် စုဖွဲ့ မျိုးချစ်တွေလိုလေပြီ။

မြန်မာနိုင်ငံမှာ ပူပေါင်းစစ်ဆင်ရေး ခြေလျင်၊အမြောက်၊သံကျပ်ကာ
ပူပေါင်းစစ်ဆင်ရေးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် နှင့် အရာရှိကြီးများကိုတိုင်ပါဝင်
လေ့ကျင့်ဆွေးနွေးခဲ့ပါသည်။အဆိုပါလေ့ကျင့်ရေးသည် နိုင်ငံတော်
ကာကွယ်ရေး အတွက် တပ်များ၏ စွမ်းရည်မြင့်တင်မှုတွက် လွန်စွာ
အရေးပါကြောင်းကို မြန်မာဟိုတယ်ဝန်ထမ်း အားပါးရိုက်မှုအား
အရေးယူပေးခဲ့သော် တပ်မတော်ကာကွယ်ရေးဦးစီးချု
ပ်မှပြော
ကြားခဲ့ပါသည်။


မြန်မာနိုင်ငံအခြေခံတပ် များနှင့်စွမ်းအားမြင့်တပ်များမှ တိုက်ခိုက်ရေး
မြင့်တင်မှု စွမ်းအားမြင့်တင်မှုဒီလိုချိန်မှာ ဘာလို့ လုပ်လာလဲ ပြည်သူ
ပြည်သားအားလုံး သိသင့်ပါသည်။

(စိန့် မာတင်အရေးမှသည်>>>>>>ထိုကျွန်းလေးကို အလေးပြုနှုတ်ဆက်ပြီးနောက်>>>>>ရွေမြန်မာ)
ဆိုတဲ့ ကျွန်တော်ရေးထာတာလေးနဲ့  တပ်မတော်၏လက်တွေ့ 
လုပ်ဆောင်ချက်ကို ပြည်သူတွေ ဥာဏ်ရှိသလို တွေးကြပါ။

နောက်ပြီး တပ်မတော်၏ လုပ်ဆောင်ချက် အားလုံးကို
လိုက်လံအသိပေးနေလို့ မရပါ ကို့ နိုင်ငံကိုအကျင့်မကောင်း
အသားလောက်ထွက်များမှ အချက်လက်တွေ ဟိုဘက်ကို
သတင်းပေးလိုက်ယုံဖြင့် တို့ နိုင်ငံတပ်မတော် နှင့်နိုင်ငံကို
တိုက်ခိုက်ပြည်ကို သိမ်းရန် အလွန်လွယ်ကူသွားပါမည်။
မိမိအကြောင်းကိုသိသော် တပန်းသာမည် သို့ ကြောင့်အားလုံး
ပြောပြမရတာကို ပြည်သူက မသိတော့ တဖက်လှည့်ရေးတဲ့
တပ်မကောင်းပြောတဲ့ လူတွေလို သွေးကြောင်မယ်ထင်ပါမယ်။
တပ်မတော်သွေးရဲတာကို ကူမင်တန်လို အရေးမှာတွေ့ နိုင်ပါ
တယ်။မြန်မာနိုင်ငံမှ ရေတပ်ကိုလည်း စွမ်းအားတိုးမြင့်နေပါတယ်။
တပ်အားလုံးစွမ်းအားတိုးမြင်
့ လေးကျင့်နေပါတယ်ဗျာ။

တပ်မတော်သည်ပြည်သူကိုချစ်သည် ပြည်သူသည်
တပ်မတော်ကိုချစ်သည် ။တပ်မတော်အင်းအားရှိမှ
တိုင်းပြည်အင်းအားရှိမည်။တပ
်မတော်နှင့်ပြည်သူတစ်သားတည်း
ဒီအရေးကို စိုးရိမ်ချိန်မှာ သွေးခွဲသူများတကယ်ပေးဆပ်မှု
မရှိသော်
အော်သာတောင် သံယောင်အော်ကာ နေသော်လောက်ကောင်များ
ရှိလေပြီ။ဝါဆိုမိုးဦး နှင့် ဗိုလ်လောင်းများ အော်ထိုး ထိုးခိုင်းပုံအား
မဆိုင်သော်စာသား များရေးကာ တပ်မတော်ကို အကြည်ညှိပျက်ရန်
အမျိုးအမျိုးလုပ်လာပါတယ်။တပ်မတော်ဆိုတာပြည်သူထဲက မွေးဖွား
လာတာ ကိုယ့်နိုင်ငံကမင်းသမီးနဲ့ တွေ့ တဲ့ ချိန်မှာ အော်တိုထိုးတာ
ကိုယ့်နိုင်ငံမင်းသမီးကိုချစ်တာကို တပ်မတော်ကိုစော်ကားမှုများထိ
ရေးသားပြီးသွေးခွဲဖို့  အာဏာရဖို့ ငွေရဖို့  ကိုယ့်ဖို့ ကိုယ်ဘဲ
လုပ်နေကြတယ်ဆိုတာ အမျိုးကိုချစ်သော် ပြည်သူတိုင်းသိပါတယ်။

မျိုးချစ်ပြည်သူများတွေးကြည့်ပါ တပ်မတော်ရဲ့လေ့ကျင့်မှု သွေးထွက်
မှု ချွေးထွက်မှုဟာ တကယ်လိုအပ်တဲ့ လုပ်ဆောင်ချက်တွေဖြစ်ပါတယ်
တကယ်လုပ် အပြောနဲ့ တင်မဟုတ်ပါဖူး လက်တွေ့ လုပ်ဆောင်နေတဲ့
ပြည်သူကိုချစ်တဲ့ တပ်မတော်သားတွေရဲ့ ချွေးပေးဆပ်မှုပါ သွေးပေး
ဆပ်ဖို့ လဲ ဝန်မလေးပါဖူး။ယခုတပ်မတော်သည် ပြည်သူတွက် အလုပ်
လုပ်နေပါသည် ကာကွယ်ရေးတာဝန်ကိုထမ်းဆောင်
ရင်စွမ်းအားမြင့်
တင်နေသော် တပ်မတော်ကို မိန်းမလောက်စိတ်နဲ့ မစော်ကားပါနဲ့ 
တပ်မတော်မရှိတော့ရင် ဆိုတဲ့ အတွေး စစ်သားတွေအကုန်သေပြီ
ဆိုရင် ဒီနိုင်ငံဘာဖြစ်ပြီလဲ????မရ
ှိမ နောင်တ ရမယ်ဆို ငါတို့ နိုင်ငံ
ကျွန်ဖြစ်ပြီလေ။


ပြည်သူနဲ့ အားလုံးလဲ ကျွန်တော်တို့  ဘာလို့ ခံလိုက်ရလဲ ဆိုတာကို
သိရှိနေပါပြီ။စိန့် မာတင်မှ သည်တစ်နိုင်ငံလုံးသို့ မဖြစ်အောင် မြန်မာ
ထိန်းချုပ်မှုက လွတ်အောင် တပ်မတော်မှ ကြိုးပမ်းသလို၊လူဝင်မှု
ကြီးကြမ်ရေး များများအလုပ်လုပ်ဖို့ လိုပါပြီ၊ မီဒီယာများ မျိုးချစ်စိတ်
နဲ့  မှန်ကန်သော် အသိပေးမှုတွေ ပိုလုပ်သင့်ဖို့ လိုပြီ၊ ပြည်သူများ
မြန်မာချင်းစည်းလုံးဖို့ လိုပြီ ကူညီပြီး အမျိုးကလွဲပြီ တခြားလူမချစ်ဖို့ 
နှင့် မြန်မာအမျိုးသမီးများ မယူသင့်တဲ့သူကိုယူချင်းဆောင
်ကြဉ်ပြီး
မျိုးဆက်သစ်များများ မွေးကြဖို့  လိုပြီ။ခဲမှန်ဖူးတဲ့ စာသူငယ်လိုပေါ့
နာတတ်ကြပါ ဒီဘင်္ဂလားကို လူမျိုးမုန်းတီးရေးမဟုတ်ပါ အမျိုးသား
ရေးပါ လူတိုင်းမှတ်ထားကြပါ ရာဇဝင်ရှိခဲ့ပြီဗျာ။


ဘေးပြောဘုပြောများလည်း ဆင်ခြင်သင့်ပါပီ ဒီချိန်မှာ အာဏာသည်
အရေးမကြီး ရှက်သင့်ပါတယ်။ခုမြန်မာ အမျိုးသမီးများ မျိုးချစ်စိတ်ရှိ
သော် အမျိုးသမီးများပင် တပ်မတော်ကို ဝင်ရောက်နေပါပီ။
မင်းတို့ 
အဓိက ကတော့ တွေးသင့်တာကို မှန်ကန်စွာလုပ်ကြပါ။မင်းတို့ လည်း
မျိဲးချစ်စိတ်ရှိတဲ့သူတွေဘဲ ဒါအမျိုးသားရေးပါ စိန့် မာတင်မာသည်
တစ်မျိုးလုံးမဖြစ်ဖို့  မင်းတို့ မှာလည်းတာဝန်ရှိလေပြီ။BBCလို ရိုးဟင်ဂျာ
ကို ချစ်ရင်တော့ သဘောပေါ့ကွာ။

ပြည်သူများအားလုံးနောက်တစ်ခ
ါ ကျွန်မဖြစ်စေရန် တပ်နှင့် ပြည်သူနှင့်
အစိုးရ ပေါင်းစည်း ဆောင်ရွက်ဖို့ လိုလေပြီ။တိုင်းပြည်ကိုချစ
်သော်
ပြည်သူများတွေးကြည့်ပါဗျာ သီပေါ်မင်းပါတောမှုတာကို မျက်မြင်
မတွေ့ ပေမဲ့ ခုချိန် တို့ နိုင်ငံအကြီးဆုံး ပြည်သူတွေတွက်အနစ်
နာခံပေးတဲ့ သမတ္တ ကြီးကို ငါတို့ သွေးကွဲနေတုန်း ဝင်ဖမ်းပြီး
အလိုတော်ရိကို အိန္ဒိယ ကို ဘုရင်ခံ တင်ခဲ့သလို မြန်မာ
သစ္စာဖေါက်လောက်ကောင်ဘဲဖြစ်ြ
ဖစ် တိုင်းရင်းသားထဲမပါတဲ့
သူကိုဖြစ်ဖြစ်တင်ပြီ တော့ သိမ်းပိုက် ကျွန်လုပ်ရင် ငါတို့ နိုင်ငံ
ဘာဖြစ်မလဲ ဒို့ မျိုးဆက်တွေဘာဖြစ်မလဲ တွေးကြည့်ကြပါဗျာ။


နောက်တစ်ခါကျွန်မဖြစ်ရေး ကိုတွေးကြပါဗျာ မျိုးချစ်များ
တကယ်လိုနေပြီ တပ်မတော်ထဲကို ဝင်ဖို့  ကြိုတင်လေ့ ကျင့်ထား
ခြင်းမရှိရင် ဓါးနဲ့ သေနတ်ကိုတက် ခုတ်သလို နောက်တစ်ခါ
လည်း ရှုံးမှာဘဲ။ အဲ့တော့ အားလုံးလေ့ကျင့်ထားဖို့ လိုပါပီ။
မြန်မာကို ကြားထဲကိုထည့် ဆားသိပ်ပြီး နွားတွေဟာလာ
လှီသလို မဖြစ်ရလေအောင် သာသာနာလံ အမြဲ လွင့်အောင်
ကြိုးစားကြပါတော့ မျိုးချစ်ပြည်သူတို့  ဒါမှရွေတိဂုံသည်
အရောင်တောက်ပေမည် တပ်မတော်မရှိလို့  စစ်သားတွေ 
အကုန် သေသွားလို့ ကျွန်ဖြစ်ခဲ့ရင်တွေးကြည့်ကြပါတော့?


တပ်မတော်ကြည်း ရဲရဲညီ
http.//facebook//
Read More

စိန့် မာတင်အရေးမှသည်>>>>>>ထိုကျွန်းလေးကို အလေးပြုနှုတ်ဆက်ပြီးနောက်>>>>>ရွေမြန်မာ

စိန့် မာတင် ကျွန်းဆိုတာ မြန်မာနိုင်ငံ သမိုင်းဝင် ရှင်မဖြူ ကျွန်းဖြစ်ပါတယ်။ဘင်္ဂလား ရဲ့လူဦးရေ  စိမ့်ထွက်လာမှုနဲ့  မြန်မာရေးဝင်စွက်ဖက် တဲ့ရိုးဟင်ဂျာအမိမြေဟာ ဘင်္ဂ...လားပါ။သူတို့ တွေ နေထိုင်ကြတယ် ရခိုင်ကို သတ်တစ်ရွာလုံးမီးရှို့ ပြီးတော့ အဲ့ကျွန်းကိုအပိုင်စီးတယ်ခုတော့တရားဝင်ဖြစ်သွားပြီ ပေါ့ဒါကြောင့် သူတို့ ပျော်နေတယ် မီဒီယာတွေ အော်လေတယ် မြန်မာကိုနိုင်လေပြီလို

 ရှင်မဖြုကျွန်းဝယ် မဟာဗန္ဓုလ စစ်သူကြီးက အင်္ဂလိပ်အလံတော်ကိုချနင်း ခဲ့တာ သမိုင်းဝင်ခဲ့တယ်။ဒီကျွန်းကို ရဖို့ မပေးနိုင်လို့  စစ်မက်ဖြစ်ပွား ၁၈၂၄မှာ
ပထမကျူးကျော်စစ်မှာ ဒို့ တွေ ရခိုင်တနသာင်္ရီ ကမ်းရိုးတန်းပေးလိုက်ရတာ။
နောက်တော့ တစ်ပြည်လုံးပေါ့ အင်္ဂလိပ် တိုက်ခဲ့တဲ့ တပ်တွေဟာလက်အောက်
ခံ ကုလားဒိန်တပ်တွေ ဆိုတာ မမေ့ပါနဲ့ ။

ဗိုလ်ချုပ်ရဲ့ လွပ်လပ်ရေးရအောင် ကြိုးပမ်းပြီးတော့ ပြန်ပေးခဲ့တဲ့ သူတို့ ဟာ
ခုပါသွားတဲ့ ကျွန်းလေးထိကို တစ်ဝက်ဘဲ ပြန်ပေးခဲ့တယ်ဗျာ အင်္ဂလိပ်က။
ဒါပေမဲ့ ရခိုင် တွေလည်းသတ်မနေရဲ တော့ ဒီကျွန်းဟာ ဘင်္ဂလားများ
ကုလားတွေတွက် တရားဝင်ဖြစ်သလို ဖြစ်ပြီးလူဦးရေ စိမ့်ထွက်လာတဲ့သူတို့ 
တွက် မြန်မာမြေကို မရရအောင်လုပ် ကြတော့တာပေါ့ ခုတော့ရသွားပြီ။

ဒီကျွန်းကနေ ဘာတွေဆက်ဖြစ်နိုင်မလဲ?ဘာတွေလုပ်နိုင်ဦးမလဲ?စဉ်စား
ကြပါဦး မြန်မာနိုင်ငံသည် အာရှ ကုန်းတွင်းပိတ်နိုင်ငံများနဲ့  ကုန်သွယ်
မှု ဆောင်ရွက်ဖို့ ကောင်းအောင် အကောင်းဆုံးဆိပ်ကမ်း ပင်လယ်နက်
ဆိပ်ကမ်းထားဝယ်ကို လုပ်ဆောင်နေတာ အားလုံးအသိပါဘဲ။ဒီပရောဂျက်
အောင်မြင်ခဲ့လို့  မြန်မာခေါင်းမော့လာရင် မြန်မာကိုထိန်းချုပ်နိုင်ဖို့ တွက်
ဒီကျွန်းဟာ အရေးကြီးမြေပါ အခိုင်မာ စစ်စခန်းတည်ဆောက်ပြီး မြန်မာနိုင်ငံ
ကို ထပ်ပြီး ခြမ်းခြောက်လို့ အကောင်းဆုံး နေရာဖြစ်လာနိုင်တယ်လေ
ဒါကြောင့် ဟိုးအရင်က မခံခဲ့လို့ တိုက်ခဲ့လို့  ၃ကြိမ်ပြီးကျွန်ဖြစ်ခဲ့တယ် မမေ့ပါနဲ့ ။

ဒါကြောင်း ဘင်္ဂလားရဲ့ သတင်းငှာနက မြန်မာကိုနိုင်ပြီလို့ ပွစိလှန်တက်
နေအောင် အော်တာ ဒီကျွန်းလေး ဒီပိုပေးလိုက်ရတဲ့ ရေပိုင်နက်လေးကြောင့်
လား?မဟုတ်ဖူး သူတို့ ရည်မှန်းချက်တွေ အကောင်ထည်ဖေါ်နိုင်တော့မှာမို့လို့ ။
မယုံရင် စောင့်ကြည့်ပါ အဖျားဝင်ပြီး တစ်ကိုယ်လုံးလာလိမ့်မည်။

ဒါကြောင့်မြန်မာကိုနိုင်လေ ပြီလို့ အကုန်လုံးကိုအောင်နိုင်တော့မည်ဆိုပြီး
အော်ကြတာ မီဒီယာတွေက အလုယက်ကို ငါ့တို့ မီဒီယာတွေနဲ့  ပြည်သူတွေ
မသိဖူး သူတို့ အော်သံသည် စိန့်မာတင်မှ သည် တစ်နိုင်ငံလုံးသို့ ဆိုတာ။
အကုန်ငြိမ်နေတယ် သူများရေးထားတာကို ဘာသာပြန်ဖို့ လောက်ချောင်း
နေတယ်။အစိုးရ နဲ့ တပ်မတော်ကို ဘာအမှားလုပ်မလဲကြည့်နေတယ်။
ဒေါ်အောင်ဆန်းစုကြည်ဘယ်သွားလဲ နားစွင့်နေတယ်။မဲပေးတဲ့ကိစ္စ
အာဏာရဖို့ တွေလုပ်ပြီးတဲ့ ချိန်မှာ ဟိုဘက်ကုလား သူတို့ ရဲ့ရည်မှန်ချက်
တွေတွက်အုတ်မြတ် အခိုင်မာ ချပြီးပြီးဆိုတာကို မေ့နေကြတယ်။

ကဲခုမကျေနပ်လို့ စစ်ဖြစ်ပြီးတဲ့ မြန်မာ ကို အကြောင်းရှာနေသော် အင်အားကြီး
တွေဝင်လာမည်။ ဘင်္ဂလားတင်မဟုတ်ဖူး မြန်မာကိုအလိုရှိသော်လူများ အခွင့်
ရေးချိုးဖောက်မှု နဲ့ အီရတ်လို ဖြစ်လိမ့်မယ်။အီရတ်က မှ တစ်ခုထဲဝင်တာ
မြန်မာကျရင် ဟိုက တစ်ဖဲ့ ဒီက တစ်တို့ လာဖဲ့ ရင်ဒို့ မြေ ဒို့ ရေ လိုက်စုဖို့ 
နောက်နှစ်ပေါင်း ၁၀၀၀တောင် ရပ့ါမလား တကယ်လို့ဖြစ်လာခဲ့ရင်။
ခုတော့တပ်က အနေဆင်းရဲ အစားဆင်ရဲ နဲ့ အဲ့မှာ တာဝန်ထမ်းဆောင်ရင်း
နေနေတဲ့ ရဲဘော်တွေ တိုင်းပြည်လုံခြုံရေးလုပ်နေတဲ့ ရေယဉ်တွေဟာ
အသဲဖေါက်မတတ် ခလုတ်နှိပ်ခြင်နေပေမဲ့ ငါတို့ တွေမလုပ်ရဲဖူး နောက်ခံ
ပြည်သူကို ကြည့်နေရတယ် ဒါကြောင့် ငါတို့ စိန့်မာတင်ကို အလေးပြု
နှုတ်ဆက်ရတယ် အော် ဒီအရှုံး စစ်မတိုက်ဘဲပေးလိုက်ရတဲ့ အပင်ပန်းခံ
အငတ်ခံ နေခဲ့ရတဲ့ ဒီစစ်သားတွေ ဘယ်ရင်မှာ မချိနေမလဲ စော်ကားကြဦး
နောက်ထပ်။လူတိုင်း အဲ့နေရာကိုမရောက်ပေမဲ့ စစ်သားကတော့ ရောက်ခဲ့
ဖူးတယ် ဒါကို့ မြေကို့ ရေဆိုတာ ကိုပိုသိလို့ ပိုတင်းတယ်ဒါပေမဲ့ နောက်မှာ
ုပြည်သူရှိသေးတယ် ငါတို့ အသက်တွေပေးဖို့ က အဆင်သင့်ဆိုပေမဲ့
နောက်မှာ ဒီကလေးတွေ ရှိသေးတယ် နောက်တစ်ကြိမ်စစ်တလင်းဖြစ်ရင်
ဆိုတဲ့အတွေးကလည်း ငါ တို့ ရင်ကို ခံပြင်းစေခဲ့တယ်။ပြည်သူမပါဒီလမ်း
ငါတို့ ဘယ်လိုလျောက်မလဲ အော်မြန်မာရယ် ညီညွတ်ပါတော့။

တကယ်ပါ ဥာဏ်မီသလောက် တွေးကြည့်ကြပါ စိန့် မာတင်မှ သည်တစ်နိုင်ငံလုံးသို့ ဆိုတာ မမေ့ပါနဲ့  တစ်မျိုးသားလုံးလဲသိအောင်လုပ်ထားကြပါဗျာ။
ဒို့ မြန်မာအင်းအားတောင့်အောင်လုပ်ကြပါ။၁၄.၃.၂၀၁၂ စိန့် မာတင်မှ
သည် သမိုင်းတွင်ရှုံးနိမ့်ခဲ့ သမျှ ရာဇဝင်အရိုင်းဆုံးဆိုတာကို မမေ့ပါနဲ့ 
တကယ်တွေးရင် ကြောက်စရာကြီးပါ ကို့ လူမျိုးနောက်ထပ်ထိန်းချုပ်တာ
တွေကိုခံရတော့မှာ ကိုမသိကြတာ။တပ်မတော်ကို စော်ကားမှု များ တပ်မတော်မရှိမှသိလိမ့်မယ် အချုပ်ခြာဟူသည် ခုလို ထိခံရခြင်းကို ခေါ်သည်။မဲကိစ္စသည်အရေးမကြီး အမျိုးသားရေး ကို့ ပြည်ရေးသည် အရေးကြီးကြောင်းမီဒီယာများ တွေးကြပါ။စိန် မာတင်မှ သည် တစ်နိုင်ငံလုံးတို့ မဖြစ်ရအောင်နောက်ထပ်ထိန်းချုပ်မှုတွေ
ကြားကနေ လွတ်အောင်လုပ်ကြဖို့  ရှုန်းကြပါတော့ အိုမြန်မာ.....

လေးစားစွာဖြင့်
ဖိုးသားလေး
 
့http.//www.face book/
Read More

Popular Posts