'
အမိမြေ

မြို့တစ်မြို့တည်းတွင် ဆီးရီးယားတပ်များက လူပေါင်း ၁၁၁ဦးကို သတ်ဖြတ်ခဲ့ပြီး အင်အား ပြသည့် အနေဖြင့် ဒုံးကျည်စမ်းသပ် ပစ်ခတ်မှုများ ပြုလုပ်

ဆီးရီးယားတပ်များသည် ဒီဇင်ဘာလ ၂ဝရက်နေ့က မြို့တစ်မြို့တည်းတွင် လူပေါင်း ၁၁၁ဦးကို သတ်ဖြတ်ခဲ့ပြီး အင်အားပြသည့်အနေဖြင့် ဒီဇင်ဘာလ ၂၁ရက်နေ့၌ ဒုံးကျယ်စမ်းသပ် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း အိုင်ဒလစ်ပြည်နယ် ကီဖာအိုဝိတ်မြို့တွင် ဆီးရီးယား တပ်များသည် လက်နက်ကြီးများ အမြောက်များဖြင့် ပစ်ခတ်ခဲ့ပြီး လူပေါင်း ၁၁၁ဦးကို သေကျေစေခဲ့သည် ဟုဆိုသည်။ ယင်းမြို့၌ ဆီးရီးယားတပ်များသည် အစိုးရဆန့်ကျင်ရေး လှုပ်ရှားသူများနှင့် စစ်တပ်မှ ကူးပြောင်းသွားသူ များကို လိုက်လံရှာဖွေ ခဲ့သည်ဟုဆိုသည်။ ဆီးရီးယားနိုင်ငံ၏ အတိုက်အခံအုပ်စု ဖြစ်သော ဆီးရီးယား အမျိုးသားကောင်စီက ဒီဇင်ဘာလ ၁၉ရက်နေ့ ၂ဝရက်နေ့ နှစ်ရက်တည်း၌ လူပေါင်း ၁၅ဝသတ်ဖြတ် ခံခဲ့ရသည် ဟုဆိုသည်။ အဆိုပါ ဆီးရီးယား အတိုက်အခံအုပ်စုက ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ ဆီးရီးယားကိစ္စနှင့် ပတ်သက်၍ အရေးပေါ် အစည်းအဝေး ခေါ်ယူပေးရန်လည်း တောင်းဆိုခဲ့ကြောင်း သိရသည်။

Ref : http://swesonemedia.org/

Read More

အစိုးရနှင့် ကေအင်န်ယူ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးရန် နီးကပ်လာ

Photo

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ကေအင်န်ယူ (ကရင်အမျိုးသားအစည်းအရုံး) တို့ လာမည့်ဇန်န၀ါရီ ၁၂ ရက်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၌ တွေ့ဆုံဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးနိုင်ရန် ကိုးဆယ် ရာခိုင်နှုန်းကျော် သေချာနေကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်တစ်ဦးက ပြောသည်။
“အဓိကကတော့ အပစ်အခတ် ရပ်စဲဖို့ ဆွေးနွေးမှာ။ သဘော တူညီချက်ရဖို့ ၉၅ ရာခိုင်နှုန်းကတော့ သေချာတယ်လို့ ထင်တယ်။ ၅ ရာခိုင်နှုန်းကတော့ ကံတရားပဲ
ပေါ့” ဟု ငြိမ်းချမ်းရေး အကျိုးဆောင်တစ်ဦးက သူ၏အမြင်ကိုပြောသည်။    ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သော ရထားပို့
ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနှင့်ကေအင်န်ယူလက်နက်ကိုင်အဖွဲ့မှ တာဝန်ရှိသူများ    နှစ်လအတွင်းသုံးကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဒီဇင်ဘာ ၂၁ ရက်က တတိယအကြိမ်  တွေ့ဆုံဆွေးနွေးမှုအပြီးစတုတ္ထအကြိမ်တွေ့ဆုံမှုကိုကရင်ပြည်နယ် ဘားအံမြို့တွင် တွေ့ဆုံရန်သဘောတူခဲ့သည်။ ဒီဇင်ဘာ ၂၂ရက်တွင် ဦးအောင်မင်းနှင့် မွန်ပြည်သစ်ပါတီတို့ တွေ့ဆုံဆွေး နွေးခဲ့သေးသည်။
  
“ဆွေးနွေးပွဲပေါ်မှာ မူတည်ပါတယ်။ အဲဒီနေ့ကျရင်တော့သိရမှာပေါ့”ဟု ကေအင်န်ယူမှ အတွင်းရေးမှူး ဖရိုစောဒေးဗစ်တောကဘားအံ အစည်းအဝေးနှင့်ပတ်
သက်၍ မေးမြန်းမှုကို ဖြေကြားသည်။ ၎င်းက ဦးအောင်မင်းနှင့်ပတ်သက်၍လည်း အောက်ပါအတိုင်း သဘောထားမှတ်ချက်ပေးသည်။ “ပွင့်လင်းတယ်။ အစက
ပြောသလိုပဲ တာဝန်ယူနိုင်တဲ့ဟာကို (ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်နေမှုများ) တာဝန်ယူနိုင်စွမ်းရှိတဲ့သူလို့ပဲ မြင်ပါတယ်”။
ဖရိုစောဒေးဗစ်တောကပင်တွေ့ဆုံဆွေးနွေးမှုများနှင့် ပတ်သက်၍လည်း “ဦးအောင်မင်းနဲ့ တစ်ခါထက်တစ်ခါ ပိုပြီးရင်းနှီးမှုရလာတယ်။ သူကပွင့်လင်းတယ်။ ပြောသင့် ပြောထိုက်တာတွေ ပြောပါတယ်။ အလုပ်သဘောတွေတဲ့အချိန်မှာ ဘားအံမှာ ထပ်တွေ့ဖို့ သဘောတူညီချက်ရခဲ့တယ်။ သွားရေး၊ လာရေးမှာ လုံခြုံရေးရဖို့ ၀န် ကြီးဘက်က သဘောတူညီမှုရခဲ့တယ်။ သွားရေး၊ လာရေးဆိုတာက မြ၀တီကနေ ဘားအံကို သွားမယ့်အပိုင်းကိုပြောတာ”ဟု ၎င်းက ပြောသည်။
ဦးအောင်မင်းခေါင်းဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့မှာ ဒီဇင်ဘာ ၂ ရက်က ရှမ်းပြည်တပ်မတော် တောင်ပိုင်း-  SSA   နှင့်အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု လက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်နိုင်ခဲ့သည်။

Ref : 7 Days News

Read More

ပြာမှုန်ကလေးတောင် ဂုဏ်သိက္ခာရှိတယ်



နာမည်ကြောင့် မဟုတ်ဘူး
ငွေကြေးကြောင့် မဟုတ်ဘူး
ရာထူးကြောင့် မဟုတ်ဘူး
ဘာအတွက်ကြောင့်မှ မဟုတ်ဘူး
လူပီသစိတ် တစ်ခုတည်းကြောင့်
သူ့အသက်တစ်ခုလုံး အလဲအထပ်လုပ်သွားခဲ့
အများအတွက်။

နာမည်မကြီးခဲ့ဘူး၊ နာမည်မကြီးချင်ဘူး
အားလုံးရဲ့ ခေါင်းထဲမှာ သူ့အမည် မရှိခဲ့ဘူး
သူ့ခေါင်းထဲမှာ အားလုံးအတွက်ပဲရှိတယ်
သူ့အတွက်ကျ
သူ့အသက်ကိုတောင် ငဲ့မကြည့်ဖြစ်ခဲ့ဘူး။

အာဇာနည်တွေအားလုံးနဲ့ တစ်တန်းတည်း
အညတြ အာဇာနည်
သူ့ရုပ်ကြွင်း ပြာမှုန်ကလေးတောင်
ဂုဏ်သိက္ခာရှိတယ်။

ကျဆုံးသွားသူတွေ နောက်ဆံမငင်ရအောင်
သေလုမြောပါး အသက်တစ်ချောင်းထားခဲ့
ကျနော် ဘယ်ရောက်နေတာလဲ၊
အဖေရောဟင်၊
အမေရော အန္တာရယ်ကင်းရဲ့လား၊
ညီလေး မတွေ့ပါလား၊
ညီမလေး ဘာမှမဖြစ်ဘူးနော်၊ …
ဆိုတဲ့ ကြားနေကျစကားတွေ မဟုတ်ဘူး
နာရီပေါင်းများစွာ သေမင်းနဲ့စစ်ခင်း
သတိရရချင်းမှာ ထွက်လာတဲ့စကား
“မီးငြိမ်းသွားပြီလား၊ မိုးလင်းပြီလား” တဲ့။

“အားလုံးဘေးကင်းရဲ့လား၊
ဘယ်အချိန်မှာ မီးငြိမ်းသွားသလဲ၊
အသေအပျောက်မရှိဘူး မဟုတ်လား၊
လူတွေ အထိတ်တလန့် ဖြစ်နေတုန်းလား၊
အိုးမဲ့ အိမ်မဲ့တွေများ ဖြစ်ကုန်ကြသေးသလား၊
….  ….  ….  …..
….  …..  ….  …..   …..   ….
မင်း .. မေးထားလိုက်ပါ
လိုအပ်နေသူတွေအတွက် မင်းရှိနေပေးမှဖြစ်မယ် ”
လို့များ ….
ကျဆုံးသွားသူတွေက မှာခဲ့လေသလား။
အာဇာနည်တွေအားလုံးနဲ့ တစ်တန်းတည်း
အညတြ အာဇာနည်
သူ့ နှုတ်ထွက်စကားလေးတစ်ခွန်းတောင်
လူပီသနေတယ်။

========================================================

မင်္ဂလာတောင်ညွန့်မြို့နယ် မီးဘေးတွင် အများအတွက် အသက်ပေးလှူသွားသော ကျဆုံးမီးသတ်ရဲဘော်များ၊
နှင့် သေမင်းဆီသို့ လက်တစ်ကမ်းထိ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သော မီးသတ်ရဲဘော်များသို့
အထူးတလည် ဂုဏ်ပြုရည်ညွှန်းပါသည်။

ပြုခဲ့ဖူးလေသမျှ ကုသိုလ်အစုစုကို တိုင်တည်ပြီး … ဒီစာမျက်နှာ၊ ဒီနေရာမှ …
ဒီကဗျာရေးသူက အမျှပေးဝေလိုက်ပါတယ် အာဇာနည်အပေါင်းခင်ဗျာ ….။

ကိုကြည်နိုင်

ကျုံးတိုင်းရွာမှ ကူးယူဖော်ပြပါသည် ..
Read More

ဖုန်းတစ်လုံး ကျပ်ငါးထောင်ဖြင့် မကြာမီ ရောင်းချပေးတော့မည်

 
ရန်ကုန်၊ ဇန်နဝါရီ ၃
ငွေကျပ် ငါးထောင်နှုန်းဖြင့် အင်တာနက်ပါ သုံးစွဲနိုင်သော ဖုန်းများအား ယခုနှစ်အတွင်း အများပြည်သူ သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဝန်ဆောင် မှုပေးသည့် ရွှေပြည်တံခွန်ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောသည်။ ”နိုင်ငံတော် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ထားတာပါ။ ဒီနှုန်းနဲ့ ဖုန်းသုံးစွဲနိုင်ဖို့ အတွက် နိုင်ငံတော် သမ္မတကြီးရဲ့ ခွင့်ပြုချက်အရ ဆောင်ရွက်ပေးတာပါ။ အဓိက ကတော့ ဝင်ငွေနည်းတဲ့ ပြည်သူ တွေနဲ့ အခြေခံလူတန်းစားတွေ ဖုန်း သုံးစွဲနိုင်အောင် ရည်ရွယ်ပြီး နိုင်ငံတော် သမ္မတကြီးက ဆောင်ရွက် ပေးခြင်းဖြစ်ပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ အဆိုပါ ဖုန်းလိုင်းအား ၅ နှစ်အတွင်း ဖုန်းလိုင်း သန်း ၃ဝ ထုတ်လုပ်ဖြန့်ချိပေးသွားမည် ဖြစ် ပြီး ယခုနှစ်အတွင်း ဖုန်းလိုင်း ၁သန်း ထုတ်လုပ်ဖြန့်ချိပေးမည် ဖြစ် ကြောင်း သိရသည်။ ”မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ ပတ်သက်မှု မရှိပါဘူး။ အထွက်ခေါ်ဆိုနှုန်း မြို့တွင်း ၂၅ ကျပ်၊ နယ်ဝေး ၃ဝကျပ်နဲ့ ကောက်ခံသွားမှာပါ။ ဖုန်းကတ် တွေကိုလည်း ဖုန်းဆိုင်တွေမှာ မှတ်ပုံတင်ပြရုံနဲ့ ဝယ်နိုင်မှာပါ။ ဘယ် တော့ဖုန်းတွေ ချထားပေးမလဲ ဆိုတာကတော့ လာမယ့် မတ်လမှာ စတင် အကောင်အထည် ဖော်ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်   ပြောသည်။ ၄င်းဖုန်းများအား စတင် သုံးစွဲခွင့်ရပါက တစ်ခါသုံးဖုန်းကတ်များ ကဲ့သို့ နံပါတ်ပြောင်းလဲသွားမည် မဟုတ်ဘဲ နံပါတ်အသေ ဖုန်းများ ဖြစ်ကြောင်း၊ 3 G ကွန်ရက်စနစ်ဖြင့် ပေးသွားမည်ဖြစ်ပြီး ဖုန်းဘေလ်ကြို တင်ငွေဖြည့်ကတ် စနစ်ဖြင့် အသုံး ပြုရမည် ဖြစ်ကြောင်း နံပါတ်မှာ ဝ၉-၁ ဖြင့် စတင်သွားမည် ဖြစ် ကြောင်း၊ အင်တာနက်သုံးစွဲမှုမှာ မြန် နှုန်းအပေါ် မူတည်၍ ကျသင့်မည် ဖြစ်ကြောင်း သိရသည်။ ”ဖုန်းကတော့ GSM ဖုန်း အမျိုးအစားပါ။ ပြည်တွင်းခေါ်ဆိုမှု သာမက အာဆီယံနဲ့ အာရှနိုင်ငံ များကိုပါ ဖုန်းခေါ်ဆိုနိုင်မှာပါ။ နှုန်း ထားကတော့ လက်ရှိအသုံးပြုနေ တဲ့ နှုန်းအတိုင်း ကတ်ထဲက နုတ် ယူသွားမှာပါ။ ပထမနှစ် ဖုန်း၁သန်းမှာတော့ ရန်ကုန် တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီး ၂ ခုပဲ သုံးစွဲနိုင်မှာပါ။ နောက်ပိုင်း မန္တလေးတိုင်းဒေသကြီးနဲ့ နေပြည် တော်တိုင်းဒေသကြီးတို့ အပြင် တစ်နိုင်ငံလုံး သုံးစွဲနိုင်   အောင် ဆောင်ရွက် သွားမှာပါ” ဟု ၄င်းက ဆက်လက် ပြောသည်။ အဆိုပါ ဖုန်းများအား နိုင်ငံ တော် အစိုးရမှ ၄ဝ ရာခိုင်နှုန်း၊ ရွှေပြည်တံခွန် ကုမ္ပဏီမှ ၃ဝ ရာခိုင်နှုန်း နှင့် သုံးစွဲသူများမှ ဝင်ရောက် ရှယ် ယာဝင်မည်ဆိုပါက ၃ဝ ရာခိုင်နှုန်း ခွင့်ပြုပေးမည် ဖြစ်ကြောင်း၊ ဖုန်း လိုင်း သန်း ၃ဝ အတွက် ဒေါ်လာ သန်း ၇၇ဝ ကုန်ကျမည်ဖြစ်ပြီး ရှယ် ယာဝင်မည်ဆိုပါက ပထမနှစ် ဖုန်းလိုင်း ၁သန်းအတွက် ငွေကျပ် အနည်းဆုံး ၂ သိန်းခန့် သတ်မှတ်သွားမည် ဖြစ်ပြီး ရှယ်ယာဝင်ခွင့်များအား စီမံကိန်းစတင်ပြီး ၃ လနှင့် ၆ လအတွင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖုန်းများအတွက် ကြို တင်ငွေဖြည့်ကတ်များမှာ ကျပ် ငါးထောင်တန်ကတ်၊ ကျပ်တစ်သောင်းကတ်နှင့် ကျပ်ငါးသောင်း ကတ်များ ဟူ၍ သုံးမျိုး ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ပေါ်ပြူလာသတင်းဂျာနယ်
 
Read More

တရုတ်နိုင်ငံတွင် ဆေးဝါးအတုများပြုလုပ်ရောင်းချသူ ၃၉ ဦးအား ဖမ်းဆီး

 
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် ကျန်းမာရေး သုံးပစ္စည်းများနှင့် ဆေးဝါးအတုများ ပြုလုပ်ရောင်းချမှု အတွက် ၃၉ ဦးအား ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့သည် အဆိုပါမှုနှင့် စပ်လျဉ်း၍ လေးလကြာ စုံစမ်းပြီးနောက် ကွမ်ရှိကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသ မြို့တော် နန်နင်းအခြေစိုက် ဆေးဝါးအတုများ ပြုလုပ်သည့်ကွန်ရက်အဖွဲ့မှ တန်ဖိုးငွေ ယွမ် ၄၆ သန်းရှိသည့် ဆေးဝါးများကို သိမ်းဆည်းရမိခဲ့ကြောင်း ယင်းမြို့၏ ရဲတပ်ဖွဲ့ဌာနမှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ထိုနည်းတူ ရဲတပ်ဖွဲ့ဝင်များသည် စက်တင်ဘာလနှင့် ဒီဇင်ဘာလအတွင်းကလည်း ဆေးဝါးအတုများ ရောင်းချသည့် နေရာ ၆၉ နေရာအား စီးနင်းဝင်ရောက်ခဲ့ပြီး ဆေးဝါးများပြုလုပ်ရာတွင် အသုံးပြုသည့် ဂိုဒေါင်ရုံ အလုံး ၂၀ အားသိမ်းဆည်းရမိခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်စီးနင်းစဉ်အတွင်း ဆေးဝါးအတုများပြုလုပ်ရာတွင် ပါဝင်ခဲ့သည်ဟု သံသယရှိသူ ၁၇၇၀ ဦးအား ဖမ်းဆီးနိုင်ခဲ့သည်။ (ဆင်ဟွာ)

Ref : ခေတ်လူငယ်
Read More

Eleven Media က ဒေါ်အောင်ဆန်းစုကြည် အားဝေဖန်သည့် ဆောင်းပါးဖေါ်ပြ ၊ "လူထုစိန်ဝင်းလား Eleven စိန်ဝင်းလား" ဟုဆောင်းပါးရှင်အား မေးခွန်းထုတ်မှုများ ဖြစ်ပေါ်

 Eleven စိန်ဝင်း

ဒီနေ့ ၂၀၁၂ ခု ဇန်န၀ါရီလ ၁ ရက်နေ့မှာပဲ Eleven Media မှာဖေါ်ပြလာတဲ့ လူထုစိန်ဝင်းရဲ့ အောင်ခြေကလူတွေအတွက် သံတော်ဆင့် ဆောင်းပါးကြောင့် ဆောင်းပါးရှင် လူထုစိန်ဝင်းကို လူထုစိန်ဝင်းလား Eleven စိန်ဝင်းလားဆိုပြီး မေးခွန်းထုတ်မှုတွေနဲ့အတူ ဝေဖန်မှုတွေ ပါဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေကြောင်း သိရှိရပါတယ် ။



အကြောင်းကတော့ အဲဒီဆောင်းပါးမှာ ဆောင်းပါးရှင် လူထုစိန်ဝင်းဟာ အစိုးရကိုဝေဖန် သလိုလိုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက်ဝေဖန်လာလို့ ဖြစ်ပါတယ် ။ ဆောင်းပါးရဲ့ နိဂုံးပိုင်းမှာလည်း NLD ဟာ ပြည်ခိုင်ဖြိုးနဲ့ မောင်နှမဖြစ်သွားလို့ အားမကိုးထိုက်တဲ့ အကြောင်း ပေါ်ပေါ်တင်တင် ဝေဖန်ထားတာကိုလည်းတွေ့ရပါတယ် ။ ဒါကြောင့် NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများ နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရတက်ညီလက်ညီလက်တွဲကာ နိုင်ငံအပြောင်းအလဲကို လိုလားသူများက အဆိုပါဆောင်းပါးရေးသားသူ လူထုစိန်ဝင်းနှင့် ဆောင်းပါးကိုဖေါ်ပြထားသည့် Eleven Media Group အား ဝေဖန် ကန့်ကွက်မှုများ တိုးလာနေကြောင်း သိရပါတယ် ။




 

ဆောင်းပါးရှင် လူထုစိန်ဝင်းဟာ အဲဒီဆောင်းပါးရဲ့ အစပိုင်းမှာကတည်းကဒေါ်အောင်ဆန်းစုကြည် ဟာ နှစ်ဆယ့်သုံးနှစ်လုံးလုံး အခိုင်အမာကိုင်စွဲထားတဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်ရေး၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး၊ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ပြုလုပ်ရေးဆိုတဲ့ အချက်တွေကို မပြောတော့ကြောင်း  ၂၀၁၀ ပြည့်နှစ်အထိ ပြောနေသေးတဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းတို့၊ ဒုတိယပင်လုံညီလာ
ခံတို့ဆိုတဲ့ စကားတွေလည်း မပြောတော့ကြောင်း  အဲဒီအစား ဒီမိုကရေစီလမ်း စမြင်တွေ့နေရပြီတို့၊ သမ္မတကြီးဦးသိန်းစိန်ကို ယုံကြည်တယ်တို့ဆိုတဲ့ စကားတွေပဲပြောတော့ကြောင်း ဒါ့အပြင်  ထောင်သောင်းချီတဲ့ လူစုလူဝေးကြီးတွေလည်း မလုပ်တော့ဘဲ ရုပ်ရှင်မင်းသားမင်းသမီးတွေ၊ အဆိုတော်တွေကို သီးခြားတွေ့ဆုံတာ မျိုးတွေပဲ လုပ်တော့ကြောင်း ပြောဆို ကာပေါ်ပေါ်တင်တင်  ဝေဖန်လိုက်ပါတယ် ။




 

အဲဒီနောက်ဆောင်းပါးရှင်ဟာ နိုင်ငံမှာအပြောင်းအလဲတွေ ဖြစ်နေပြီဆိုပေမယ့် အပြောင်းအလဲရဲ့ အသီးအပွင့် အရသာတွေကို အောက်ခြေလူထုဟာ မခံစားရသေးတဲ့အကြောင်း အကိုးအကားများနှင့် အနည်းငယ်ရေးကာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD ပါတီကလည်း အတိုက်အခံပါတီမဟုတ်တော့ပဲ အာဏာရ ပြည်ခိုင်ဖြိုးနဲ့ မောင်နှမပါတီဖြစ်သွားလို့ အားမကိုးထိုက်တော့အကြောင်း အခုလို ဖေါ်ပြထားပြန်ပါတယ် ။






ခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို အားမကိုးထိုက်တော့တဲ့အတွက် သူပင်တိုင်ရေးနေတဲ့ Eleven ကိုပဲ လူထုက အားကိုးရတော့မလိုလို အဆုံးသတ်ရေးသားထားမှုတွေကြောင့် ဆောင်းပါးရှင်အား လူထုစိန်ဝင်း အစား  Eleven စိန်ဝင်းဟု သာ ပြောင်းခေါ်သင့်ကြောင်း ဝေဖန်မှုတွေ ဖြစ်လာတာဖြစ်ကြောင်း သိရပါတယ် ။

Voice Of Myanmar
Read More

အကြောင်းသိတွေအတွက် ဒေါ်စုတန်ဖိုးဘာမှ မဟုတ်ပေမယ့် ဈေးကွက် အတွင်း မှာတော့ ဒေါ်စုတန်ဖိုး မြင့်တက်နေ

ဈေးရောင်းပွဲတွေ ဂီတပွဲတွေ တစ်ခုပြီး တစ်ခုလုပ် ကိုယ့်ဖခင် အတွက်ပါ ရည်စူးပြီး လုပ်တဲ့ အလှူပွဲတော့ မတက်တဲ့ ဒေါ်စုတစ်ယောက် ဖခင်ကျေးဇူးကို မသိတတ်တဲ့ လူအဖြစ် လူမှုရေး နယ်ပယ်မှာ တန်ဖိုး နိမ့်ကျ နေပေမယ့် ဈေးကွက် အတွင်းမှာတော့ ဒေါ်စုတန်ဖိုးက ထောင်ဂဏန်းကနေ သောင်းဂဏန်း အထိ တန်ဖိုး တက်နေပါတယ်။ ယခုလို တန်ဖိုးတွေ တက်လာ အောင်လည်း ဒေါ်စု တစ်ယောက် ဈေးရောင်းပွဲတွေမှာ ရောင်းဖို့ ပိုစတာတွေ ပြက္ခဒိန်တွေ အတွက် အသက်အရွယ်နဲ့မှ မလိုက် မော်ဒယ် တစ်ယောက်လို စတိုင်အမျိုးမျိုးနဲ့ ရှိုးထုတ် သရုပ်ဆောင်ပြခဲ့ရတာပါ။

ဒေါ်စုတန်ဖိုး ဘယ်လောက် ရှိတယ် ဒေါ်စုစတိုင်တွေ ဘယ်လိုလန်းတယ်ဆိုတာ သိချင်ရင် NLD ကလုပ်နေတဲ့ ပညာရေးရန်ပုံငွေလို့ ခေါင်းစဉ်တပ်ထားတဲ့ ဈေးရောင်းပွဲမှာ သွားကြည့်နိုင်ပါတယ်။ ရတဲ့ငွေတွေ တကယ်ပဲလှူသလား NLD ကနေ့စဉ် ချက်စားနေကြတဲ့ ထမင်းဖိုးထဲပဲ ထည့်သလားတော့ မသိပါဘူး။ ဒီဇင်ဘာလ(၂၆) ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ကွယ်လွန် သွားရှာပြီဖြစ်တဲ့ ရဲဘော်သုံးကျိပ်ဝင်ထဲမှ ရဲဘော်(၂၈) ဦးကိုရည်စူးပြီး လုပ်တဲ့ အလှူပွဲအတွက်  အလှူသွားခံတော့ တစ်ကျပ်မှ မထည့်တဲ့အပြင် အလှူလာခံတဲ့ လူကိုတောင် အတွေ့မခံဘဲ နှင်လွှတ်ခဲ့ပါတယ်။ အလှူပွဲကိုလည်း မတက်ရောက်ခဲ့ပါဘူး။ ကိုယ့်ဖခင် အတွက် ရည်စူးတဲ့ အလှူ အတွက်တောင် သဒ္ဓါ တရားမရှိတာ ကျန်တဲ့သူတွေအတွက် ဘယ်လိုစိတ်ရှိမလဲဆိုတာ အသိဉာဏ်ရှိရှိ စဉ်းစားသင့် ပါတယ်။ ဒါတွေဟာ တကယ့် အဖြစ်အပျက်တွေပါ။ ဒေါ်စုနား ကပ်စား နေကြတဲ့လူတွေ ဗိုလ်ချုပ်သမီး ဆိုပြီး ဗိုလ်ချုပ်လိုပဲ အထင်ကြီးနေကြတဲ့ လူတွေဟာ ဒေါ်စုမကောင်းသတင်းဆို အမြဲဖုံးကွယ်ထားကြလို့ ဒေါ်စုရဲ့ ပင်ကိုစိတ် မကောင်းတဲ့သတင်းတွေဟာ လူမသိ သူမသိ ပျောက်ပျောက်နေရပါတယ်။ ဒေါ်စုနဲ့ နီးစပ်တဲ့ လူတစ်ယောက်ဆီက သိရတာကတော့ ဒီလိုဈေးရောင်းပွဲတွေ ဂီတပွဲတွေလုပ်မှ အဲကရတဲ့ငွေတွေနဲ့ NLD အဖွဲ့သူ အဖွဲ့သားတွေ စားဖို့သောက်ဖို့ ကာမိတာလို့ ဆိုပါတယ်။ ဒေါ်စုရဲ့ တန်ဖိုးဟာ တကယ့်အကြောင်းသိတဲ့ သူတွေအတွက် ဘာမှမဟုတ်နေပေမယ့် ဈေးကွက်ထဲမှာတော့ ဘယ်လောက် တန်ဖိုးရှိလဲ ဆိုတာ ရွှေမြန်မာက တင်ပြလိုက်တဲ့ ပုံတွေမှာ လေ့လာနိုင်ပါတယ်။ 

ဒေါ်စုအတွက် အနည်းဆုံးဈေးကတော့ ၂၀၀ ပါ။ ဒေါ်စုစတိုင်ပေါ် 
မူတည်ပြီး ဈေးကြီးတတ်ပါတယ်။

ဒေါ်စုကို ဘာနဲ့ကွပ်ထားလဲတော့ မသိဘူး ဈေးက သုံးသောင်းတဲ့ 

လာကြနော်လာကြ အမေစု ဈေးချိုတယ်

အမေစု တို့ ရိုက်ချက် တစ်ပုံဆွဲ သုံးထောင်

သမီးအလိမ္မာဒေါ်စုကြောင့် ဖခင်ဗိုလ်ချုပ်လည်း
လူတကာနင်းတဲ့လမ်းမပေါ် ရောက်ရရှာတယ်

ဖခင်အတွက်တော့ စိတ်မ၀င်စား၊ မလှူတဲ့ဒေါ်စု နာမည်ကြီးဖို့အတွက် 
ပြက္ခဒိန်ပေါ်မှာ သာမက projector ပေါ်မှာပါ စတိုင်ထုတ်နေ


Read More

ဒေါ်အောင်ဆန်းစုကြည်၏ အားနည်းချက် များကို စောင့်ကြည်ရန် ဒေါက်တာ သန်းထွဋ်အောင် ညွန်ကြား

သန်းထွဋ်အောင်
 
 အလဲဗင်းမီဒီယာအုပ်စု၏ CEO ဒေါက်တာသန်းထွဋ်အောင်သည်  ဒေါ်အောင်ဆန်းစုကြည်၏ အားနည်းချက် များကို စောင့်ကြည့်မှတ်တမ်းတင်ရန် ၎င်း၏ သတင်းထောက်တစ်ချို့ကို ညွန်ကြားထားကြောင်း ရန်ကုန်မြို့ စာနယ်ဇင်းအသိုင်းက ပြောကြားသည်။
အားစားဂျာနယ်ထုတ်ဝေရာမှတဆင့် သတင်းဂျာနယ်ထုတ်ဝေပြီး နာမည်ကျော်ကြားသူ ဒေါက်တာသန်းထွဋ်အောင် သည် မြစ်ဆုံအရေးကို အကြောင်း ပြုပြီး နိုင်ငံရေးလုပ်ရန် ခြေလှမ်းပြင်နေကာ ၎င်း၏ဖေ့ဘုတ်တွင် ၈၈အရေးခင်းကာလက နိုင်ငံရေးလှုပ်ရှားမှုများကို တင်ထားကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။
နိုင်ငံရေးလုပ်ခြင်းအပါအ၀င် ဘ၀ပုံသဏ္ဍန်ကို လူတစ်ဦးချင်း လွတ်လပ်စွာရွေးချယ်ခွင့်ရှိကြောင်း သို့ရာတွင် အောက်လမ်းနည်း ဖြတ်လမ်းနည်းများ သုံးပြီး လုပ်ကိုင်ရန်မသင့်ကြောင်း ၊  ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်အဖွဲ့မှ အလဲဗင်းကို ဆုချီးမြှင့်ခဲ့ရာတွင်လည်း ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် ဧရာဝတီ မဂ္ဂဇင်းအယ်ဒီတာ ဦးအောင်ဇော် ထောက်ခံပေးခဲ့ကြောင်း ဦးအောင်ဇော်သည် ဘက်မလိုက်သည့် မီဒီယာသမား ရပ်တည်ချက်အကြောင်းပြုပြီး နာမည်ကြီးသူ များကို တိုက်ခိုက်ကာ နာမည်ကြီးအောင်လုပ်သူတစ်ဦးဖြစ်သဖြင့် ဒေါ်စုကို တိုက်ခိုက်ရန် ကြိုးစားနေကြောင်း ၀ါရင့် အယ်ဒီတာတစ်ဦးက ပြောကြားသည်။
 နိင်ငံရေးလုပ်ခြင်း၊ မလုပ်ချင်းသည် ဒေါက်တာသန်းထွဋ်အောင်၏ လွတ်လပ်စွာ ရွေးချယ်ခွင့်ဖြစ်သော်လည်း နိင်ငံရေးလောဘတက်ပြီး အောက်လမ်း နည်း ဖြတ်လမ်းနည်းများသုံးပြီး လုပ်ကိုင်ရန်မသင့်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

သတင်းအရင်းမြစ် ။     ။ http://transparencymyanmar2010.blogspot.com/search?updated-min=2012-01-01T00:00:00%2B08:00&updated-max=2013-01-01T00:00:00%2B08:00&max-results=1
Read More

သမ္မတကြီး ဦးသိန်းစိန်၏နောက်ထပ် စေတနာတစ်ရပ်အဖြစ် အကျဉ်းသားများအား လွတ်ငြိမ်း ချမ်းသာခွင့်ပေး (Breaking News)

 အစိုးရအဖြစ် တာဝန်ယူအပြီး အကျဉ်းကျခံနေရသော အကျဉ်းသား များအပေါ် ပြစ်ဒဏ်လျှော့ပေါ့ခြင်း လွှတ်ပေးခြင်းများ ပြုလုပ်ပြီး နိုင်ငံတော်အစိုးရရဲ့ စေတနာကို ပြသခဲ့တဲ့ သမ္မတကြီး ဦးသိန်းစိန်အနေနဲ့  နောက်ထပ် ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား များအပေါ် လျှော့ပေါ့ပေးခြင်းများပြုလုပ်ခဲ့ပါတယ်။ ယနေ့ (၂၀၁၂)ခုနှစ် ဇန်န၀ါရီလ (၂) ရက်နေ့ (၄း၂၀) နာရီခန့်က MRTV-4 မှ  Breaking News အဖြစ် သတင်းတစ်ပုဒ်ထုတ်လွှင့်သွားပါတယ်။ အဲဒါကတော့

(၆၄) နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမိန့်ကြေငြာစာအမှတ် ၁/၂၀၁၂ လွတ်ငြိမ်းချမ်းသာခွင့်အရ
- သေဒဏ်ကျခံရသူများအား ထောင်ဒဏ်တစ်သက် (နှစ်အကန့်အသက်မရှိ)၊ 
- နှစ် ၃၀ အထက် ကျခံနေရသူများ (နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ်တစ်သက်မပါ) အား နှစ် ၃၀၊  
-နှစ် ၂၀ မှ နှစ် ၃၀ အထိ ကျခံနေရသူများအား နှစ် ၂၀၊
- နှစ် ၂၀ အောက် ကျခံနေရသူများအား ယင်းတို့ ကျခံနေရသည့် ထောင်ဒဏ်၏ လေးပုံတစ်ပုံကို လွတ်ငြိမ်းချမ်းသာခွင့်ပြုသည်။
ပုံ
သိန်းစိန်
နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
လို့ ဖော်ပြခဲ့ပါတယ်။ အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ထဲ အကျုံးဝင်တဲ့ အကျဉ်းသားများကို ဇန်န၀ါရီလ (၃) ရက်နေ့မှာ လွှတ်ပေးမယ်လို့ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
ဒါကြောင့်မို့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးကို ဦးစီးဦးဆောင် လုပ်နေတဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ရဲ့ စေတနာတွေဟာ မြန်မာပြည်သူတွေအတွက် ထပ်တိုးပြီးရင်း တိုးလျှက် ပါပဲ။ လာမည့် ဇန်န၀ါရီ(၄)ရက်နေ့ မှာ ကျရောက်မည့် (၆၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ခမ်းအနားအတွက် မင်္ဂလာအရှိဆုံးသတင်း တစ်ပုဒ် အဖြစ် ရွှေမြန်မာမှ တင်ပြ လိုက်ရပါတယ်။ 
 
MRTV-4 မှ Breaking News အဖြစ် သတင်းထုတ်လွှင့်နေစဉ် 
 
Ref : http://goldenmyanmarnews.blogspot.com/
Read More

ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပမည့်နေ့ရက် သတ်မှတ်ကြေညာခြင်း

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက်အမှတ် (၆၁/၂၀၁၁)ကို ဒီဇင်ဘာ (၂၉)ရက်စွဲဖြင့် ထုတ်ပြန် ကြေညာ လိုက်သည်။အဆိုပါကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည် -

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
နေပြည်တော်
ကြေညာချက်အမှတ် (၆၁/၂၀၁၁)
၁၃၇၃ ခုနစ်၊ ပြာသိုလဆန်း ၅ ရက်
(၂၀၁၁ ခုနှစ်။ ဒီဇင်ဘာလ ၂၉ ရက်)
လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသော မဲဆန္ဒနယ်များအတွက်
ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပမည့်နေ့ရက် သတ်မှတ်ကြေညာခြင်း
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေ ပုဒ်မ ၈ ပါ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၄ (ဂ)နှင့် နည်းဥပဒေ ၁၆ (က)တို့ အရ ၁၃၇၃ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် (၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်) တနင်္ဂနွေနေ့တွင် လွှတ်တော် ကိုယ်စားလှယ် နေရာလစ်လပ်နေသည့် အောက်ပါ မဲဆန္ဒနယ်များ အတွက် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပ ပြုလုပ် မည်ဖြစ်ကြောင်း သတ်မှတ် ကြေညာလိုက်သည် -


လစ်လပ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များ
အကျုံးဝင်သော မြို့နယ်များ
၁။
ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
ဖားကန့်
၂။
မိုးကောင်းမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
မိုးကောင်း
၃။
ဗန်းမော်မြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
ဗန်းမော်
၎။
စစ်ကိုင်းမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
စစ်ကိုင်း
၅။
ပုလဲမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
ပုလဲ
၆။
မင်းကင်းမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
မင်းကင်း
၇။
ကျွန်းစုမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
ကျွန်းစု
၈။
လောင်းလုံမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
လောင်းလုံ
၉။
တောင်ငူမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
တောင်ငူ
၁၀။
ထန်းတပင်မြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
ထန်းတပင်
၁၁။
သနပ်ပင်မြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
သနပ်ပင်
၁၂။
လက်ပံတန်းမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
လက်ပံတန်း
၁၃။
မကွေးမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
မကွေး
၁၄။
ရေစကြိုမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
ရေစကြို
၁၅။
မြိုင်မြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
မြိုင်
၁၆။
ပခုက္ကူမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
ပခုက္ကူ
၁၇။
ပွင့်ဖြူမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
ပွင့်ဖြူ
၁၈။
ဇမ္ဗူသီရိမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
ဇမ္ဗူသီရိ
၁၉။
ပုဗ္ဗသီရိမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
ပုဗ္ဗသီရိ
၂၀။
ဒက္ခိဏသီရိမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
ဒက္ခိဏသီရိ
၂၁။
ဥတ္တရသီရိမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
ဥတ္တရသီရိ
၂၂။
ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
ကျောက်ပန်းတောင်း
၂၃။
နွားထိုးကြီးမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
နွားထိုးကြီး
၂၄။
မဟာအောင်မြေမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
မဟာအောင်မြေ
၂၅။
တံတားဦးမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
တံတားဦး
၂၆။
မိတ္ထီလာမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
မိတ္ထီလာ
၂၇။
ပြင်ဦးလွင်မြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
ပြင်ဦးလွင်
၂၈။
မော်လမြိုင်မြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
မော်လမြိုင်
၂၉။
ကော့မှူးမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
ကော့မှူး
၃၀။
သုံးခွမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
သုံးခွ
၃၁။
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
ဒဂုံမြို့သစ်(ဆိပ်ကမ်း)
၃၂။
မင်္ဂလာတောင်ညွန့်မြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
မင်္ဂလာတောင်ညွန့်
၃၃။
လှည်းကူးမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
လှည်းကူး
၃၄။
မရမ်းကုန်းမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
မရမ်းကုန်း
၃၅။
ကလေမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
ကလော
၃၆။
ပုသိမ်မြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
ပုသိမ်
၃၇။
မအူပင်မြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
မအူပင်
၃၈။
မြောင်းမြမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
မြောင်းမြ
၃၉။
ဝါးခယ်မမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
ဝါးခယ်မ
၄၀။
မြန်အောင်မြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
မြန်အောင်







လစ်လပ်အမျိုးသား လွှတ်တော်မဲဆန္ဒနယ်များ
အကျုံးဝင်သောမြို့နယ်များ
၁။
စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၃)
ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည်
၂။
စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၇)
ဗန်းမောက်၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး
၃။
ပဲခူးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၇)
အုတ်တွင်း၊ ထန်းတပင်
၎။
မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၄)
တောင်တွင်းကြီး
၅။
ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၃)
လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ ကွမ်းလုံ
၆။
ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁၀)
ဖျာပုံ၊ ဒေးဒရဲ







လစ်လပ်တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်များ
အကျုံးဝင်သောမြို့နယ်များ
၁။
ကဝမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)
ကဝ
၂။
ရေကြည်မြို့နယ်တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)
ရေကြည်
(ပုံ)တင်အေး
ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
 
(၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။)
 
Read More

Popular Posts