'
အမိမြေ

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒန်ဘရောင်း ၏ email ကို ဟက်ကာများ ပစ်မှတ်ထားခဲ့




ဗြိတိန်ရှိ ရဲတပ်ဖွဲ့၏ တွေ့ရှိချက် အရ ယခင်က ဝန်ကြီးချုပ်ဟောင်း ဖြစ် သူ ဂေါ်ဒန် ဘရောင်း၏ email မှာ ၎င်းအနေဖြင့် ဘဏ္ဍာရေး အကြီးအကဲဖြစ်ချိန်က သတင်းစာများအတွက် အလုပ်လုပ် ပေးနေသည့် ပုဂ္ဂလိကစုံစမ်းရေး သမားများမှ ထိုးဖောက် ကြည့်ရှု့ခြင်း ခံခဲ့ရကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။

ယခုသတင်းကို လွန်ခဲ့သည့် တနင်္လာနေ့က The Independent သတင်းစာတွင် ရေးသားဖော်ပြခဲ့သည်။ အလားတူပင် ရာပေါင်းများစွာေ သာ လူများ၏  email များမှာလည်း ယင်းသို့ ကြားဖြတ်ဖတ်ရှုခံခဲ့ရကြောင်း  နှင့်အများစုမှာ ပြဿနာဖြစ်ခဲ့ရသည့် News of the World သတင်းစာမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း လည်း အဆိုပါသတင်းတွင် ဖော်ပြခဲ့သည်။

ရဲတပ်ဖွဲ့ ထောက်လှမ်းရေး တာဝန်ရှိ သူမျာမှာ ယင်းသို့သော ပုဂ္ဂလိက စုံစမ်းရေးသမားများ ထံမှ ရရှိထားသည် ကွန်ပြူတာ အလုံး ၂၀ အတွင်းတွင် ကြည့်ရှု့ စစ်ဆေးခဲ့ခြင်းဖြစ် ကာ ယခုလိုတွေ့ ရှိခဲ့ရခြင်း ဖြစ်သည်။ ဗြိတန်ရှိ Scotland Yard  ရဲတပ်ဖွဲ့ မှာ အဆိုပါ စစ်ဆေးမှုကို ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး ဂေါ်ဒန် ဘရောင်း အနေဖြင့် ဝန်ကြီးချုပ်မဖြစ်မီ ဘဏ္ဍရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ကာလက ယင်းသို့ email ခိုးကြည့် ခံခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

Ref : http://www.mrtv4.net.mm/
Read More

ဗိုလ်ချုပ်ပြောသွားခဲ့တဲ့ ဖာနိုင်ငံဖြစ်သွားလိမ့်မယ်



မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတလွှားမှ မြန်မာအမျိုးသမီးများ အမျိုးအနွယ် စောင့်ထိန်းကြပါ။ အနေချောင်ဖို့ အမျိုးဂုဏ်သိက္ခာကို မဖျက်စီးကြပါနဲ့ဗျာ....."ဗိုလ်ချုပ်ပြောခဲ့တဲ့ ဖာနိုင်ငံဖြစ်သွားလိမ့်မယ်" ဆိုတဲ့စကားကို အမှတ်ရ နှလုံးသွင်းဆင်ခြင်ပေးကြပါ။....(တောင်းဆိုချက်။ ။ သူငယ်ချင်းများ ဤဆောင်းပါးကိုဆက်ပြီး share လုပ်ပေးခြင်းဖြင့် အမျိုးသားရေးအသိဖြင့် အသိပေးဖြန့်ဝေ ကူညီတားဆီးပေးကြပါ၊ ကျေးဇူးအထူးတင်ပါသည်ခင်ဗျာ)။
* နေနဲ့လ ရွှေနဲ့ဘ*
မနေ့ကအုတ်အော်သောင်းတင်းဖြစ်သွာ
းတဲ့ ဗီဒီယို နဲ့ဆက်နွယ်နေလို့ပါ။ နေနဲ့လ ရွှေနဲ့ဘ ဒီဆောင်းပါးလေးကို ရေးဖို့ စဉ်းစားမိနေတာ တော်တော်ကြာနေပါပြီ။ ဒါပေမယ့် ရေးသင့်မသင့် စဉ်းစားမိတာလည်း အခါခါပါပဲ။ ဒါပေမယ့် ဒီအချိန်မှာတော့ ရေးဖို့လိုလာပြီလို့ ထင်မိတဲ့အတွက် ရေးလိုက်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသူ၊သားတွေဟာ အကြောင်းအမျိုးမျိုးကြောင့် အမိမြေကို စွန့်ခွာပြီး တိုင်းတပါး အိမ်နီးချင်းနိုင်ငံတွေမှာ လာရောက်နေထိုင် ရှာဖွေစားသောက်ရပါတယ်။ မြန်မာလူမျိုးတွေ နိုင်ငံခြားကို သွားရောက်အလုပ်လုပ်ကိုင်ရာမှာ ထိုင်းနိုင်ငံကို သွားရောက်မှုနှုန်း အမြင့်ဆုံးဖြစ်ပြီး ဒုတိယအများဆုံး မလေးရှား နဲ့ တတိယ စင်္ကာပူလို့ ယေဘူယျ သိရပါတယ်။ မြန်မာလူမျိုးတွေ အများဆုံးနေထိုင်တဲ့ ထိုင်းနိုင်ငံမှာ မြန်မာတွေ အနှိပ်စက်အညှင်းပန်းခံရတယ်တဲ့ သတင်းတွေ၊ အဖြစ်အပျက်တွေ အတော်များများ ထွက်ပေါ်ခဲ့ပါတယ်။ ဒေသခံ ထိုင်းလူမျိုးတွေရဲ့ နှိပ်စက် အနိုင်ကျင့်မှုတွေက ဒုနဲ့ဒေးပါပဲ။ ဒုတိယအများဆုံးဖြစ်တဲ့ မလေးရှားရဲ့ အခြေအနေနဲ့ ဇာတ်လမ်းကတော့ တမျိုးပါ၊ မလေးရှားက အလုပ်ရှင်တွေ အေးဂျင့်တွေ၊ ဒေသခံတချို့တွေရဲ့ ဆိုးယုတ်မှု တချို့က လွဲလို့ တော်တော်များများက အိုကေပါတယ်။ အထောက်အထားဘာ တခုမှ မရှိဘဲနဲ့ နိုင်ငံအနှံ လျှောက်သွားနိုင်တာ၊ အလုပ်ဝင်လုပ်နိုင်တာ ယူအန်လျှောက်နိုင်တာ၊ ယူအန်ကိုင်ထားပြီး အလုပ်လုပ်နိုင်တာ စသဖြင့် အမြောက်အများပါပဲ။

အဲဒီတော့ဗျာ ... အရင်က ...မလေးရှားမှာ မြန်မာယောကျာ်း တော်တော်များပေမယ့် မြန်မာမဆိုရင် လက်ချိုးရေလို့ရတယ်။ အဲဒီမိန်းကလေးကို တခြားမြို့တွေကတောင် လာလာကြည့်ကြရတယ်။ အဲဒီလောက်ထိ မြန်မာမ ကို ငတ်မွတ်ကြတာ၊ ( တဏှာစိတ်ဖြင့် ငတ်မွတ်မှုမျိုး မဟုတ် )။ ထိုအချိန်က မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကြသည့် နိုင်ငံခြားသားများထဲတွင် အင်ဒိုနီးရှားက အများဆုံး၊ ဒုတိယ ဘင်္ဂလား၊ တတိယ မြန်မာ ၊ စတုတ္ထ နီပေါ နောက်ပိုင်း ဗီယက်နမ် နှင့် တခြားအိမ်နီးချင်းတွေ ဖြစ်ပါတယ်။ အင်ဒိုတွေကို မြန်မာတွေက "အ" လို့ ခေါ်လေ့ရှိကြတယ်။ အလုပ်လာလုပ်တဲ့ အင်ဒို တွေထဲမှာ အင်ဒိုမ တွေလည်း အတော်များများပါပါတယ်။ မလေးရှားနဲ့ ဘာသာစကား နီးစပ်မှု ကိုးကွယ်မှု တူညီမှုတွေကြောင့် အင်ဒိုတွေလည်း ဒီမှာ တော်တော် အနေချောင်ပါတယ်။ အင်ဒိုတွေရဲ့ အလေ့အထက မိန်းမတွေကို တစ်ယောက်ပြီး တစ်ယောက်ယူတက်တာ၊ အခန့်မသင့်ရင်ရိုက်နှက်တက်တာ၊ အလုပ်မလုပ်ဘဲ မိန်းမ လုပ်စာထိုင်စားတက်တာ၊ မူးယစ်ဆေး သုံးတာ အဲဒီလို ပုံစံမျိုးတွေ ၇ှိပါတယ် ( အင်ဒိုအားလုံးကို မဆိုလိုပါ)။

အင်ဒိုမတွေကလည်း တော်တော်ကို သည်းခံကြပါတယ်။ အလုပ်လုပ်မကျွေးလည်း သူတို့ကြို့က်ပြီဆို ရှာကျွေးတယ် ၊ မီးဖိုချောင် အချက်အပြုတ်ကိစ္စ၊ အလျှော်အဖွတ် ကိစ္စ အစစ အရာရာ တာဝန်ယူတယ်၊ ကြင်နာတက်ကြတယ်။ သူတို့ ယဉ်ကျေးမှုကလည်း ၁၃ နှစ်ဆို ယောက်ကျာ်းယူပြီးပြီ၊ တချို့ဆို သုံးယောက် နှစ်ယောက်၊ အဲဒါက အင်ဒိုမှာ ကျန်ခဲ့တာ ဒီမှာလည်း ထပ်ယူကြတယ်။ အဲဒီလို ဇ လေးတွေလည်း ၇ှိပါတယ်။ အဲဒီမှာ ဇာတ်လမ်းက စတော့တာပါပဲ ကြင်နာတတ်တဲ့ မြန်မာယောက်ျားတွေနဲ့ အချစ်ငတ်နေတဲ့ အင်ဒိုမလေးတွေရဲ့ .... နိုင်ငံခြားရောက် တခန်းရပ် ပြဇာတ်လို့ပဲ ပြောရမလား၊ နှစ်နိုင်ငံ ချစ်ကြည်ရေးလမ်းစလို့ပဲ ပြောရမလား၊ ဒါမှမဟုတ် နိုင်ငံခြားမှာ အလုပ်လာလုပ်နေတဲ့ ဘ၀တူအချင်းချင်း ရိုင်းပင်းကြတာလိုလို ... စသဖြင့်ပေါ့ဗျာ။ မြန်မာ တော်တော်များများ အ မတွေကို ယူကြတယ်။ တချို့ကလည်း အပျော်၊ တချို့ ကလည်း အတည်၊ တချို့ကလည်း ပျော်ရာကနေ တည်သွားကြတာ၊ ကလေးတွေ ယူလို့ အင်ဒိုမတွေကလည်း မြန်မာလိုတွေ ပြောလို့ .... သာယာလိုက်တာဗျာ၊ မလေးရှားမှာ အင်ဒို မြန်မာ ချစ်ကြည်ရေးပေါ့၊

အင်ဒိုဖက်က ဘယ်လို ပြောလည်း တော့ မသိဘူး၊ မြန်မာဖက်မှာတော့ ဆိုရိုးစကားပုံလေး တခု ထွက်လာတယ်၊ နေနဲ့လ ရွှေနဲ့အ တဲ့ သိပ်ကို လိုက်ဖက်တယ်ဗျာ၊ နေနဲ့လ ရွှေနဲ့မြ လိုပေါ့ ... ဒါပေမယ့်ဗျာ .. ထုံးစံအတိုင်းပေါ့ ကောင်းခန်းဆိုရင် သိပ်မကြာပါဘူး၊ မလေးရှားကို ရွှေအင်းဝ ကုမ္ပဏီက မြန်မာအလုပ်သမားတွေကို စက်ရုံက ထုတ်ကုန်လို အုံလိုက်ကျင်းလိုက်ကို ပို့ပေးလိုက်တာ၊ မြန်မာလူမျိုးတွေက ပထမ အများဆုံး ဖြစ်သွားလေတယ်ဗျာ၊ အဲဒီမှာ မြန်မာယောက်ကျာ်းတွေတင် မက မြန်မာ မလေးတွေပါ အုံလိုက်ကျင်းလိုက် ပါလာပါတော့တယ်။ အေးဂျင့်မကောင်းလို့ ၊ သူဋ္ဌေးမကောင်းလို့ စသဖြင့် အိုလိုက်ကြတာတဲ့(အိုဗာစတေး) မြန်မာတွေကလည်း အများအပြားပါပဲ။ အိုတော့ အလုပ်မရှိ ရတဲ့ ဈေးနဲ့ ၀င်လုပ်၊ သူဋ္ဌေးတွေကလည်း အဲဒီမှာ မြန်မာတွေ ဈေးပေါမှန်း သိလာတော့ လုပ်ခတွေကို နှိမ်လာတယ်၊ တစ်ယောက်သွားရင် နှစ်ယောက်လာမယ် ဆိုတာလည်း သိတယ်။ အဲဒီလိုနဲ့ မလေးရှားမှာ မြန်မာ အလုပ်သမားဈေးကွက် ပျက်တော့တာပါပဲ။

မြန်မာတွေ မတရားခံရတဲ့ သတင်းတွေ အတော်များများကြားလာရတယ်၊ မြင်လာရတယ်၊ အဲဒီလိုနဲ့ မလေးရှားမှာ မြန်မာလူမျိုးတွေက အနှိမ်ခံလိုလို ဘာလိုလို ဖြစ်လာတယ်။ မြန်မာတွေ မတရားခံရတဲ့ ကိစ္စတွေကို ဖြေရှင်းပေးဖို့ အဖွဲ့အစည်းတွေလည်း ပေါ်လာတယ်။ တချို့က မှန်ကန်တယ်၊ တချို့ မမှန်ကန်ဘူး။ မလေးရှားရောက် မြန်မာလူမျိုးတွေ ခံစားနေရတဲ့ ဒုက္ခတွေကို ကူညီဖြေရှင်းပေးဖို့ မြန်မာ သံရုံးက မအားလပ်ပါဘူး။ သူတို့ကိုလည်း အပြစ်မပြောလိုပါဘူး၊ လူအင်အားနည်းတယ်လေ။ ရှိတဲ့ လူလေးနဲ့ အခွန်ကောက်ဖို့အတွက် လုပ်ရတယ်၊ ဟိုပွဲ ဒီပွဲ တက်ရနဲ့ မအားပါဘူးလေ၊ အဲဒီလို အခြေအနေတွေကြောင့် အဖွဲ့အစည်းတွေလည်း ပေါ်ပေါက်လာခဲ့ရတယ်။ မြန်မာလူမျိုးတွေ နိုင်ငံခြားမှာ အလုပ်လုပ်ရတော့ အချင်းချင်း ရိုင်းပင်းကြပါတယ်၊ အရင်ရောက်နေတဲ့ လူတွေက နောက်မှ ရောက်လာတဲ့ လူတွေကို စောင့်ရှောက်ပါတယ်။ အဲဒီလိုပဲ စောင့်ရှောက်တဲ့ သူတွေ ရှိသလို အချင်းချင်း အမြတ်ထုတ်တဲ့ သူတွေလည်း ရှိပါတယ်။ မြန်မာမလေးတွေ နိုင်ငံခြားကို မလယ်မ၀ယ်နဲ့ ရောက်လာတယ်။ အလုပ်မကောင်းတော့ အိုဗာစတေး ဖြစ်ရတယ်။ ပိုက်ဆံမရှိ၊ စားစရာ မရှိတဲ့အပြင် ရဲကိုပါ ကြောက်နေရသေးတယ်။ သူတို့ရဲ့ ဘ၀က လုံခြုံမှု လုံးဝမရှိဘူး ။ဘေးနားမှာ ဆွဲစားမဲ့ ကောင်တွေက ၀ိုင်းနေတယ်။

နိုင်ငံခြားသားတွေရော၊ ကိုယ့်မြန်မာအချင်းချင်းထဲကပါ စိတ်မချရဘူး။ အဲဒီလို အခြေအနေမျိုးမှာ အားကိုးရာကို ရှာကြပါတယ်။ လူကောင်းသူကောင်းတွေနဲ့ တွေ့ပြီး အဲဒီမိန်းကလေးတွေရဲ့ ဘ၀လေးတွေ လုံခြုံသွားသလို။ နှမချင်းမစာနာတဲ့ ကောင်တွေကြောင့် ဘ၀ပျက်သွားတဲ့ မိန်းကလေးတွေလည်း မရေနိုင်ပါဘူး။ တချို့သော မိန်းကလေးတွေကျတော့ ငါ မလေးရှားရောက်နေပြီ။ င့ါပိုက်ဆံ ငါ ရှာစားတာ၊ ဘယ်သူမှ ဂရုစိုက်စရာမလိုဘူး ဆိုတဲ့ စကားကို လက်ဝယ်ထားပြီး နေချင်သလို နေကြတယ်။ ပိုက်ဆံ ၃၀၀ တန် ဖုန်းတစ်လုံး လောက်နဲ့ လိုက်အိပ်ကြတာတွေလည်း အများကြီးပဲ။ ဘဲတွေ တစ်ယောက်ပြီးတစ်ယောက်တွဲမယ်၊ ပိုက်ဆံချူမယ်။ နောက်ဆုံး အပျက်တပိုင်းဖြစ်မယ်။ မြန်မာတွေ မသုံးတော့ဘူး ဆိုရင် ဘေးနားက ဘင်္ဂလားဒေ့ရှ်တွေ၊ နီပေါတွေနဲ့ လိုက်အိပ်မယ်။ ပိုက်ဆံချူမယ်။

ပထမ မသိမသာတွဲတယ် နောက်ပိုင်း ပေါ်တင်တွဲတယ်။ ဘေးနားက မြန်မာတွေက အဲဒီလို အခြေအနေကို လက်မခံနိုင်တော့ ၀ိုင်းပြောကြတယ်။ သူတို့က စောနကပြောသလို နင့်အပူပါလား။ ငါ့ထမင်းငါ ရှာစားတာ . .. ပြီးတော့ အယုတ္တအနတ္တတွေ ပြောလွတ်လိုက်မယ်။ မြန်မာတွေက ပြောမရတော့ သူတို့ကောင် ဘင်္ဂလားတွေ၊ နီပေါတွေကို သွားရိုက်။ ဟိုဖက်က လူတွေကလည်း လူပြန်စုပြီး မြန်မာတွေကို ပြန်ရိုက်။ အဲဒါနဲ့ပဲ သံသရာတွေ လည်နေတာ။ သူတို့ကတော့ အေးဆေးပဲ၊ နောက်တစ်ယောက်တောင် ပြောင်းရင် ပြောင်းသွားအုန်းမယ်။ အဲလိုဆိုတော့ ဘယ်လို လုပ်မလဲ ၊ ပြီးတော့ ဘင်္ဂလားတို့၊ နီပေါတို့ ရဲ့ ဇ ကလည်း မသေးဘူး။ ပလာတာ တစ်ချပ် စားပြီး တစ်နေ့လုံး အလုပ်လုပ်နိုင်တယ်၊ ထမင်းစားလည်း ငရုတ်သီးတစ်တောင့်နဲ့ဆို ဖြစ်တယ်။ ဒါပေမယ့် မိန်းမ မရှိလို့မရဘူး။ ဒီမှာရှိတဲ့ (ဇိမ်ခန်း) တွေမှာ သူတို့ချည်းပဲ ပြည့်နေတာ၊ တနင်္ဂနွေတိုင်း အားပေးကြတယ်။ မိန်းမအတွက်ဆို လစာအကုန်သုံးတယ်။ ကြိုက်သလောက်တောင်း ကြိုက်သလောက်ပေးတယ်။

မိန်းမဆိုပြီးရော အကုန်ရတယ်။ သူတို့အစွမ်းကလည်း မသေးဘူးနော်၊ မလေးရှားအစိုးရကတောင် ဘင်္ဂလားဒေ့ရှ်ကို ထပ်ဝင်ခွင့်မပေးဘဲ ပါမစ်ပိတ်ရတယ်။ သူတို့ မလေးမတွေ ဘင်္ဂလားစာ မိသွားတာ မနည်းဘူးနော်။ အစိုးရကတောင် ကြောက်ရတယ်။ ဒီမှာရောက်နေတဲ့ မြန်မာမိန်းကလေးတချို့ တွေကလည်း ကိုယ့်ထက် ပညာပိုတတ်လို့ ချမ်းသာလို့သာ မခံချင်စိတ်မရှိဘဲ နေရင်နေမယ်။ ကိုယ့်ထက် ပိုချောရင်.. ပိုပြီး ဘဲကြည်ရင်.. အလှပြင်ပစ္စည်းတွေ ပိုသုံးနိုင်ရင် မခံချင်စိတ်က ဖြစ်ရော။ အဲဒီကိစ္စတွေမှာတော့ အစွမ်းကုန် ပညာကုန် ထုတ်သုံးပြီး ပြိုင်ကြတော့တာပဲ၊ သူက ဘင်္ဂလားဆိုရင် ငါက နီပေါနဲ့ပါ တွဲပြလိုက်မယ်။ မလေးနဲ့ အိန္ဒိယနဲ့ တရုတ်နဲ့ အစုံပေါ့၊ အဲဒီလို မိန်းကလေး တချို့ကြောင့် ဘေးနားက သန့်ရှင်းတဲ့ မိန်းကလေးတွေ ဘယ်လိုဖြစ်ကုန်လဲ။ ဒီမှာက လူမျိုးပေါင်းစုံနေတာ၊ မြန်မာမိန်းကလေး တစ်ယောက်ကို ရရင်။ ကျန်တဲ့ မြန်မာမလေးတွေကိုပါ သွေးတိုးစမ်းကြတယ်။ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုတ်တဲ့ အဖြစ်လိုပဲ။ အဲဒီလို အခြေအနေမျိုး ခင်ဗျားတို့ ဘေးနားမှာ ဖြစ်နေရင် ခင်ဗျားတို့ လက်ပိုက်ကြည့်နေမှာလား၊ သူတို့ဖာသာသူတို့ ကမြင်းကြော ထတာ ထလို့ရတယ်။

ဒါပေမယ့် ဘေးနားကလူတွေပါ ထိခိုက်ကုန်ပြီ။ အဲဒီလို အခြေအနေမျိုးမှာ သွားပြီး တရားဟောလို့ မရဘူး၊ သူတို့ကတော့ အေးဆေးပဲ။ အခု FB မှာ ပျံနှံနေတဲ့ VIDEO CLIP ကို ကြည့်ပြီး ခင်ဗျားတို့က ရိုက်တဲ့လူတွေ လွန်တယ်လို့ ထင်ကောင်းထင်မယ်။ ကျွန်တော်တို့ ဒီမှာနေနေတဲ့ လူတွေကတော့ ဒီလူတွေ မလွန်ဘူးဆိုတာ သိတယ်၊ ထိုင်းမှာ မကောင်းတာ လုပ်စားကြတဲ့ မြန်မာနိုင်ငံသူတွေ တော်တော်များများရှိတယ်။ အဲဒီထဲမှာ ရခိုင်မတွေလည်း ပါတယ်။ အဲဒီလို ရခိုင်မလို့ သေချာ သိရချိန်မှာ .. ရခိုင်တွေက စုံစမ်းတယ်၊ အဲဒီရခိုင်မကို ခေါ်လာတယ်၊ ပြီးတော့ ရှိသမျှ ရခိုင်တွေ အားလုံး ပိုက်ဆံ စုပေးပြီး မြန်မာနိုင်ငံကို ပြန်လွတ်ပေးလိုက်ကြတယ်။ ပိုက်ဆံတွေ ပေးလိုက်လို့ ဆိုပြီး လက်ဖျားနဲ့တောင် မတို့ဘူးနော်။ စေတနာ သန့်သန့်နဲ့ သူတို့ ပို့ပေးကြတယ်။ အဲဒီမှာ ဘာဖြစ်လဲ ဆိုတော့ အဲဒီ ရခိုင်မ က ပြန်သွားတယ် ပေးလိုက်တဲ့ ပိုက်ဆံတွေကို ရင်းနှီးမစားဘဲ ထိုင်းကို ထပ်လာတယ်။

အဲဒီလိုပဲ တခါ ပြန်လုပ်တယ်။ ရခိုင်တွေက တခါနှစ်ခါတော့ သည်းခံတယ်။ နောက်ပိုင်း မရတော့ သူတို့ ကိုယ်တိုင် သတ်လိုက် ကြတယ်။ အဲဒီကိစ္စကိုရော ခင်ဗျားတို့ ဘယ်လို ပြောမလဲ ၊၊ စင်္ကာပူမှာ ည ၁ နာရီ လောက် ၂ နာရီလောက် မိန်းကလေး တစ်ယောက်တည်း လျှောက်သွားလည်း ဘာမှ မဖြစ်ဘူး၊ အဲဒီလိုပဲ တခြား အဆင့်မြင့်တဲ့ နိုင်ငံတွေမှာ လုံခြုံရေး အပြည့်အ၀ပေးနိုင်တယ်။ ဒီမှာတော့ ည ၁၂ နာရီလောက်ဆို မြန်မာမပြောနဲ့ ဒီနိုင်ငံသူတောင် သိပ်မထွက်ရဲတော့ဘူး ။ အဲဒီလို အခြေအနေတွေက ကွာတယ်။ အဲဒီတော့ အခြေအနေ တစ်ခုတည်းကို ကြည့်ပြီး မသုံးသပ်ပါနဲ။့ အားလုံးကို ခြုံငုံကြည့်ပါ။ ကျွန်တော်တို့က ဘာမှ မပြောဘဲ မြန်မာမတွေ နိုင်ငံခြားသားတွေနဲ့ အိပ်နေတာကို ဒီအတိုင်းကြည့်နေရမှာလား၊ ဒီကိစ္စတွေမှာ မိန်းကလေးတွေ ဒီလိုဖြစ်ကုန်တာ မြန်မာယောကျာ်းတွေ ရှိရဲ့သားနဲ့ကွာလို့ ပြောလို့ရတယ်။ ဟုတ်တယ် .. တချို့သော မြန်မာတွေလည်း အကျင့်မကောင်းဘူး၊ ယောက်ျားတန်မဲ့ တာဝန်မယူချင်ကြဘူး၊ သူတို့တွေကြောင့် ဘ၀ပျက်သွားတဲ့ မိန်းကလေးတွေလည်း မနည်းဘူး။ အဲဒီတော့ဗျာ .... ကိစ္စတစ်ခုဖြစ်လာရင် အားလုံးမှာ တာဝန်ရှိပါတယ်။ ဘယ်သူမှားတယ် မှန်တယ် မပြောသင့်ပါဘူး။ မိန်းကလေးတွေက လှချင်ပချင်လို့ ငွေနောက်လိုက်ပြီး ပျက်စီးကြတာမျိုး မဖြစ်အောင် ထိမ်းသိမ်းဖို့ လိုသလို၊ မြန်မာယောက်ျားတွေကလည်း တာဝန်ရှိစွာနဲ့ ဖေးမဖို့ လိုပါတယ်။

ပြီးတော့ မြန်မာမိန်းကလေး တစ်ယောက်အနေနဲ့ နိုင်ငံရပ်ခြားမှာ မိမိတို့ သိက္ခာကို ပိုပြီး ထိမ်းသိမ်းသင့်ပါတယ်။ တခြား နိုင်ငံခြားသားတွေက မြန်မာမိန်းကလေးတွေ လွယ်ပါတယ်ကွာ၊ သူတို့ကြိုက်ရင် လိုက်အိပ်တာပဲ ဆိုတဲ့ ပုံစံမျိုး အပြောမခံရအောင် နေထိုင်သင့်ပါတယ်။ မိမိရဲ့ လုပ်ရပ်တစ်ခုကြောင့် တခြားမြန်မာမိန်းကလေးတွေပါ အထင်အမြင်သေးခံရမယ့် ကိစ္စမျိုးတွေ မလုပ်သင့်ပါဘူး။ မြန်မာအမျိုးသားတွေကလည်း မိန်းကလေး တစ်ယောက် ဒုက္ခရောက်လာရင် အိမ်ခေါ်လာ အလုပ်ရှာပေးပြီး ... LIVING TOGETHER နေလိုက်တာမျိုးတော့ မဖြစ်သင့်ဘူး။ ဒါမျိုးက အရင်က မြန်မာတွေ အင်ဒိုမတွေကို လုပ်ခဲ့ ပုံစံတွေပါ။ ကျွန်တော်က ဗုဒ္ဓဘာသာဝင်ဆိုတော့ ကံကံ၏ အကျိုးကို ယုံကြည်တယ်။ အကျိုးပေးတွေက မြန်လှချည်လားဗျာ။ အရင်တုန်းက တော့ နေနဲ့လ ရွှေနဲ့အ ၊ အခုတော့ နေနဲ့လ ရွှေနဲ့ဘ ... ရွှေနဲ့န .. နောက်ပိုင်း ရွှေ နဲ့ ................................ ကိုထိုက် (မြန်မာ့စတိုင်)

Ref : Myanmar Express
Read More

ကြည့်တတ် မြင်တတ်စေချင်

သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရဟာ အစိုးရသက်တမ်း ၁၀ လအတွင်းမှာ လွတ်ငြိမ်းချမ်းသာခွင့် ၃ ကြိမ် ပေးခဲ့ပါတယ် မေလ ပထမအကြိမ်မှာ အကျဉ်းသား ၁၄၇၅၈ ဦး ၊ အောက်တိုဘာလ ဒုတိယအကြိမ်မှာ ၆၃၅၉  ဦး လွတ်ငြိမ်းခွင့်ပြုခဲ့ပါတယ် ၊ ခု တတိယအကြိမ်ပါ ....။ ၁၀ လသက်တမ်းမှာ ၃ ကြိမ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး အကျဉ်းသားဦးရေ ၂သောင်းခွဲ လောက် လွှတ်ပေးခဲ့ပြီး အဆင့်ဆင့်လွှတ်ပေးပါ့မယ်လို့လဲ သက်ဆိုင်ရာတာဝန်ရှိသူတွေက အထပ်ထပ် ကတိပြုနေပေမယ့် အစိုးရအဖွဲ့ကို အပြစ်တင်သံတွေ စီစီညံနေဆဲပါဘဲ....ဖတ်ဘူးတဲ့ စာလေးတစ်ခုကိုသွားသတိရတယ် ......
 
တစ်ခါက ကျောင်းဆရာတစ်ယောက်ဟာ စာရွက်ဖြူတစ်ရွက်ပေါ်မှာ သူ့အိပ်ထဲက ဖောင်တိန်ထဲက မင်တစ်စက်ကို ချလိုက်တယ် ကျောင်းသားတွေကလည်း ဆရာဘာလုပ်တာပါလိမ့်ဆိုပြီး ဂရုတစ်စိုက်ကြည့်နေကြတာပေါ့ ...၊ ပြီးတော့မှ ဆရာက ကျောင်းသားတွေဘက်ကို ခုနမှင်စက်ချထားတဲ့ စာရွက်ကို ထောင်ပြရင် ရှေ့ဆုံးတန်းကကျောင်းသားလေးကိုမေးခွန်းထုတ်လိုက်တယ် ....
"ဒီမှာဘာကိုမြင်လဲ.." လို့မေးလိုက်တယ် ...အမေးခံရတဲ့ကျောင်းသားလေးက ဆရာဘာဆိုလို တာမှန်းမသိတော့ ခပ်ကြောင်ကြောင်လေး ဖြစ်သွားတာပေါ့ ..ဒီတော့မှဆရာလုပ်တဲ့သူက မင်စက်ချထားတဲ့ စာရွက်ရဲ့ မျက်နှာပြင်ကြီးတစ်ခုလုံးကို ၀ိုင်းပြပြီး ...

"ဒီမှာဘာအရောင်တွေမြင်လဲ တပည့်" လို့ထပ်ပြီး မေးလိုက်တယ် ဒီတော့မှ ကျောင်းသားလေးက...

"အပြာရောင်ပါဆရာ " လို့ဖြေလိုက်တယ်....။ ဒီလိုနဲ့ ဆရာဟာ ကျောင်းသားတွေကို တစ်ယောက်ပြီးတစ်ယောက် ဒီမေးခွန်းကိုပဲ ထပ်ထပ်ပြီးမေးတယ် ...

ကျောင်းသားတွေကလည်း " အပြာရောင်" "နက်ပြာရောင်" " မဲနယ်ရောင် " " မှင်ရောင် " အစရှိသဖြင့် အမျိုးမျိုးဖြေကြတယ် တချို့အဖြေတွေကလည်း ထပ်နေတာပေါ့ ...

အတန်းထဲက ကျောင်းသားကျောင်းသူတွေအကုန်လုံးကိုမေးပြီးတော့မှ ဆရာဟာ အတန်းရှေ့ကို ပြန်ထွက်လာပြီးတော့ 

"တပည့်တို့ ..ဆရာဟာ အတန်းထဲမှာရှိတဲ့ကျောင်းသား ကျောင်းသူတွေအကုန်လုံးကို မေးခွန်း အတူတူ မေးခဲ့တယ် တပည့်တွေကလည်း " အပြာရောင်" "နက်ပြာရောင်" " မဲနယ်ရောင် "ဆိုပြီး အမျိုးမျိုးဖြေကြတယ် တစ်ယောက်မှ နောက်ခံ အဖြူရောင်ကြီးကို မမြင်ကြဘူး ..ဒီစာရွက်ပေါ်မှာ မှင်စက်လေးက သေးသေးလေးပါ နောက်ခံအဖြူရောင်ကြီးက အကြီးကြီးပါ ...ဒါပေမယ့် တပည့်တွေအကုန်လုံး ဒီအဖြူရောင်ကြီးကို မမြင်ကြဘူး" ........။

ပြီးတော့မှ တစ်ဆက်တည်းဆိုသလို " တပည့်တို့....လောကကြီးမှာလည်း ဒီအတိုင်းပဲ မျက်စေ့ရှေ့မှာရှိနေတိုင်း မမြင်ပါဘူး ကြည့်မှ မြင်တာပါ ....  " လို့ အဓိပ္ပါယ်ပါပါ ပြောလိုက်တယ် ....။

ကြည့်တတ်မြင်တတ်သူများ ဖြစ်ကြပါစေ..........

ဒေါက်တာဆိတ်ဖွား
Read More

အစိုးရတပ်များနှင့် KIA တိုက်ပွဲများဖြစ်ပွား၊ နှစ်ဘက်ထိခိုက်ကျဆုံးမှုများရှိ

၂၀၁၂ ဇန်န၀ါရီလ ၁ ရက်နေ့တွင် အစိုးရတပ်များနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ(၃) တပ်ရင်း(၁၆)မှ ဗိုလ်ကြီးဇော်ဂမ် နှင့် (၇၀)ဦးတို့သည်  ယောယုံရွာ နဲ့ (၃)မိုင်ခန့်အကွာရှိ တောင်ကုန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ်မှ သတင်းပေးပို့လာပါတယ်။

အစိုးရတပ်များနှင့်KIA တပ်များတိုက်ပွဲဖြစ်ပွားရာနေရာ
အစိုးရတပ်များနှင့် ကေအိုင်အေတို့ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ကေအိုင်အေ ဘက်မှ ၂ဦးကျဆုံးပြီး၊ ၄ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း နှင့် အစိုးရဘက်ကတော့ ထိခိုက် ဒဏ်ရာရရှိမှုကို စုံစမ်းဆဲ ဖြစ်ကြောင်း သိရှိရပါတယ်။ တိုက်ပွဲအတွင်း ဒဏ်ရာရရှိပြီး မိုင်ဂျာယန်ဆေးရုံတွင် တက်ရောက်နေသော တပ်ကြပ်ကြီးတစ်ဦးကတော့
          “ မနက်၁၀နာရီလောက်ကတိုက်ပွဲ စဖြစ်တာပါ။ ကျွန်တော်တို့လည်းပြန်တိုက်ပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာက အင်အားနည်းပြီးတော့ အကုန်လုံးက ရိက္ခာပြတ်နေလို့  စိတ်ဓာတ်ကျနေတာလေ။ သေသွားတဲ့သူတွေလည်း မနဲဘူးဗျာ ။  ညနေ ၄နာရီလောက်ကျတော့ ကျွန်တော်တို့ ဘယ်လိုမှ ဆက်တိုက်လို့မရတော့ နောက်ဆုတ်ပေးလိုက်ရတာ။ ဒဏ်ရာရတဲ့သူကော ၊သေတဲ့သူကောကများလာပြီလေ။ နောက်ဆုံး ဘယ်လိုမှမဖြစ်နိုင်တော့  ယောယုံ၊ မန်လင်၊ဂျေလိယန်ကနေပြီး ဒီဆေးရုံရောက်လာတာ။ ကျန်တဲ့အဖွဲ့တွေကတော့ ဌာနချုပ်ကိုပြန်သွားကြပါပြီ။ ဆေးရုံမှာ ဆေးဝါးတွေကလည်း ပြတ်နေတော့ ဒဏ်ရာကြီးကြီးမားမားရတဲ့သူတွေလောက်ပဲ ကုပေးတော့တယ်။ အသေးအဖွဲလေးတွေ လောက်ကတော့ ကိုယ့်အစီအစဉ်နဲ့ ဆေးဝါးရှာပြီးကုနေရတယ်။ မိုင်ဂျာယန်ဆေးရုံတစ်ခုတည်းတင်ကို တိုက်ပွဲမှာဒဏ်ရာ လို့ကုနေရတဲ့သူချည်းပဲ ၉၀ နီးပါးရှိနေပြီ။ လိုင်ဇာမြို့နဲ့ တစ်ခြားဆေးရုံတွေမှာလည်း ရှိသေးတယ်။ သူတို့လဲ ဆေးဝါးတွေမလောက်ဘူးပြောနေတယ်။ ”လို့ပြောပါတယ်။
          အစိုးရတပ်များနှင့် KIA တပ်များသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများ ပြုလုပ်ထားသော်လည်း လက်ရှိအခြေအနေတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းသိရှိရပါတယ်။

Ref :  ကချင်နေ့စဉ်သတင်း 

Read More

စင်ကာပူ ဗီဇာကို အလုပ်သမားဝန်ကြီးဌာန၏ အလုပ်သမားကတ်ပါမှ ထုတ်ပေးတော့မည်




စင်ကာပူနိုင်ငံသို့ သွားရောက် အလုပ်လုပ်မည့် လုပ်သားများကို အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပေးသော အလုပ်သမားမှတ်ပုံတင် စမတ်ကတ်ဖြင့် လာရောက် လျှောက်ထားမှသာ ဗီဇာပေးတော့မည် ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ ၂၁-၁၂-၂ဝ၁၁ ရက်ကသိရသည်။ယင်းကဲ့သို့ အလုပ်သမား မှတ်ပုံတင် စမတ်ကတ်ပါမှ စင်ကာပူ အလုပ်အကိုင် အလုပ်လုပ်ခွင့် ဗီဇာပေးခြင်းကို ဆောင်ရွက်နိုင်ရေးအတွက စင်ကာပူသံအမတ်ကြီးနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ရသည်ဟု သိရသည်။ ''မလေးရှားသံရုံးနဲ့ ဒ်ီစနစ်ကိုစခဲ့တာ တော်တော်အောင်မြင် တယ်လို့ ပြောရမယ်။
အောက်တိုဘာလကနေ အခုအထိ မလေးရှားကို သွားရောက်သူ ၃ဝဝဝ ကျော်ပြီဆိုတာကို စမတ်ကတ်က မှတ်တမ်းတင်နိုင်ခဲ့တယ်။  ဒီကလေဆိပ်အထွက်မှာ စမတ်ကတ်နဲ့ ကွန်ပျူတာစနစ်ကို ဖြတ်ရ တယ်။လူက မလေးရှားရောက် သွားပြီဆိုရင်လည်း စမတ်ကတ်က အမှတ်အသားကို ကွန်ပျူတာက မှတ်သားပြီးသွားပြီ။ သူရဲ့ Biography အကုန်လုံးကိုပေါ့၊ ဒီစနစ်နဲ့မှ လူဘယ်နှဦးဝင်ထွက်ရှိပြီး အသေးစိတ် အချက်အလက်ကို သိစေခဲ့တာဖြစ်တယ်'' ဟု အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန်ကပြောကြားသည်။''စင်ကာပူသံအမတ်ကြီးနဲ့ ညှိနှိုင်းခဲ့ကာ သဘောတူညီမှုရခဲ့လို့ စတင်တော့မှာပါ'' ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အလုပ်သမားကတ်ပါမှ ဗီဇာထုတ်ပေးခြင်းစနစ်အတွက် အခြားသော မြန်မာနိုင်ငံသား အလုပ်သမားဈေးကွက်ရှိသည့် နိုင်ငံများ၏ သံရုံးများနှင့်လည်း ဆက်လက်ချိတ်ဆက် ဆောင်ရွက်သွားမည်ဟု သိရကာ အလုပ်သမား မှတ်ပုံတင် စမတ်ကတ်အတွက် FEC၁ဝဝ ပေးဆောင်ရမည်ဖြစ်ပြီး မလေးရှားနိုင်ငံနှင့် အောက်တိုဘာလ ၂၄ ရက်က စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ref : ပြည်မြန်မာ

Read More

မြန်မာ့သမိုင်းကို ဘယ်သူတွေရေးကြမလဲ?



(၁)

        အကြောင်းအားလျော်စွာ၊ ပြည်ပမှာ ကျင်းပတဲ့ မြန်မာနဲ့ဆက်နွယ်တဲ့ ဘာသာရပ်ဆွေးနွေးပွဲတချို့ကို ကျွန်တော်တက်ရောက်ခဲ့ရဘူးပါတယ်။ သြစတြေးလျနိုင်ငံ၊ ကင်ဘာရာမှာ ကျင်းပခဲ့တဲ့၊ မြန်မာ့ရေးရာဆွေးနွေးပွဲ၊ မဲလ်ဘုန်းတက္ကသိုလ်မှာလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေကို (၂၀၁၁) ခုနှစ်ထဲမှာ ရောက်ခဲ့ပါသေးတယ်။

          အများအားဖြင့်၊ ပြည်ပဆွေးနွေးပွဲတွေမှာ၊ နိုင်ငံခြားသုတေသီတွေက လွှမ်းမိုးထားတာ များပါတယ်။ သူတို့ကို သုတေသနလုပ်ငန်းတွေလုပ်ဖို့ ရံပုံငွေထောက်ပံ့ထားတဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ သုတေသန စနစ်တကျလုပ်တတ်တယ်။ အင်္ဂလိပ်ဘာသာစကား ပြောဆိုရေးသားရာမှာ အများအားဖြင့် ကျွန်တော်တို့ထက် ကောင်းမွန်တယ်။

          ဒါပေမယ့်၊ တခါတလေကျတော့၊ သူအကြီးအကျယ်လုပ်နေတဲ့ စာတမ်းဟာ၊ ဘာမှလဲမဟုတ်ဘူးလို့ မြင်မိတယ်။ မြန်မာပီပီ၊ အားနာတတ်တော့၊ သူတပါးကြိုးစားပမ်းစားလုပ်ထားတဲ့ အလုပ်တစ်ခုကို မဝေဖန်ချင်လှပါဘူး။ တချို့စာတမ်းရှင်တွေဆို၊ မြန်မာသုတေသီတွေ ဝေဖန်မှာ၊ ထောက်ပြမှာကြောက်လို့၊ သူတို့စာတမ်းကို တောင်းတာတောင် မပေးရဲကြဘူး။ တခါတော့၊ အမြင်ကတ်ကတ်နဲ့၊ မြန်မာ့ရေးရာကျွမ်းကျင်သူတွေဟာ၊ မြန်မာ့အရေးကို၊ တခါမှ မှန်မှန်ကန်ကန်တွက်ဆနိုင်ခဲ့ခြင်း မရှိကြဘူးလို့၊ ၀ါးလုံးရှည်နဲ့ ရမ်းပစ်ခဲ့တာတောင်၊ ဘယ်သူမျှ ပြန်မချေပနိုင်ခဲ့ကြပါဘူး။

          တခါတလေများမှာတော့၊ မြန်မာစာတမ်းရှင်အချို့ရဲ့ စာတမ်းတွေဖတ်ကြတယ်၊ ဖတ်တာကြားကြရ နာကြရတယ်။ အခုနောက်ပိုင်း မြန်မာပညာရှင်တွေရေးတဲ့ စာတမ်းတွေ၊ စာအုပ်တွေလဲ ထွက်လာခဲ့တယ်။ ၀ါရှင်တန်ပို့စ်သတင်းစာလိုမျိုးမှာ ၀င်ရောက်ရေးသားမှုတွေလဲရှိလာလို့၊ စိတ်နည်းနည်းသက်သာရာရတယ်။

          စိတ်ထဲမှာ၊ နှစ်အတော်ကြာကြာက ပေါ်နေတဲ့ မေးခွန်းက၊ ငါတို့သမိုင်း၊ ငါတို့အကြောင်းကို ဘယ်သူရေးမှာလဲ? လို့ပါ။ သမိုင်းလို့ ပြောရာမှာ အတိတ်ရော၊ ပစ္စုပ္ပန်ရော၊ အနာဂတ်ကိုပါ ရည်ညွှန်းပါတယ်။ ဆရာကြီး ဒေါက်တာသန်းထွန်းရေးသွားသလို၊ “ငါပြောချင်သမျှ၊ ငါ့အကြောင်း” မဖြစ်ပဲ “သူများရေးချင်သလိုရေးတဲ့၊ ငါ့သမိုင်း” ဖြစ်ရတော့မှာလား?

(၂)

          ကိုယ့်သမိုင်းကို ကိုယ်ရေးနေကြတာပဲဆိုတဲ့စကား တစ်ခုရှိပါတယ်။ ဒါက အဓိပ္ပါယ်တစ်မျိုးနဲ့ပါ။ ကိုယ်လုပ်ခဲ့တာတွေ- ကောင်းတာတွေရော၊ ဆိုးတာတွေရော၊ သမိုင်းမှာ တင်ကျန်ရစ်ခဲ့မယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ပါ။

          အခု- ကျွန်တ်ာပြောချင်တာကတော့၊ ကိုယ့်သမိုင်းကို သူများက ရေးရေးနေတဲ့ကိစ္စပါ။ သူများရေးတာဖြစ်လို့၊ လုံးဝမျက်စေ့စုံမှိတ်ပြီး၊ ဆန့်ကျင်ချင်တဲ့စိတ်မရှိပါ။ ဒါပေမယ့်၊ ကိုယ့်အကြောင်းကို၊ သူမျက်စေ့၊ သူ့အတွေ့အကြုံ၊ သူ့နောက်ခံသမိုင်းနဲ့ ရေးကြပြောကြရာမှာ မျှမျှတတမှ ရှိပါ့မလားလို့ စိုးရိမ်ပူပန်မိပါတယ်။

          အဲဒီလိုပြောလို့၊ ငါတို့ရေးတာမှ အမှန်၊ ငါတို့ရေးတာမှ အကောင်းလို့ ယူဆတာမျိုးလဲ မဟုတ်ပါဘူး။ ကိုယ့်ဖာသာကိုယ်၊ အမြင်ကျဉ်းကျဉ်းနဲ့ ရေးတာပြောတာမျိုးတွေကိုလဲ၊ သဘောမကျပါဘူး။

(၃)

          တလောက လုပ်သွားခဲ့တဲ့ ငွေရေးကြေးရေး ဘဏ္ဍာရေးဆွေးနွေးပွဲမှာ၊ ဥရောပသမဂ္ဂရဲ့ အတွေ့အကြုံကို အခြေခံပြီး ပြောသွားတယ်။ ထားလိုက်ပါဦး။

          အခုရက်ပိုင်းမှာလုပ်တဲ့ မြန်မာ့လူမှုစီးပွားရေး၊ မြန်မာတို့ရဲ့အမြင်ဆိုတဲ့ ဆွေးနွေးပွဲမှာကျတော့၊ မြန်မာပရိသတ်ကို ဖိတ်မရလို့ လို့ ဆိုတယ်။ နိုင်ငံခြားသားတွေ၊ ပညာရှင်တွေ၊ သုတေသီတွေက လွှမ်းမိုးထားတယ်။ ဘာသာရေးအကြောင်းပြ၊ အရပ်ဘက်အဖွဲ့အစည်းတွေ အကြောင်းပြ၊ အကြောင်းအမျိုးမျိုးပြပြီး ဘယ်အချိန်ကရောက်နေမှန်းတောင် မသိလိုက်ပါဘူး။

          ကိုယ့်ဆီကိုလဲ၊ ကမ္ဘာလှည့်ခရီးသည်တွေအနေနဲ့ ၀င်လာတဲ့သတင်းထောက်တွေ၊ သုတေသီတွေ မကြခနရောက်ရောက်လာတယ်။ တချို့ဆို၊ သူတို့ လိပ်စာကတ်ပြားတောင်၊ တောင်းမရလို့ ဓါတ်ပုံပဲအတူ ရိုက်ထားလိုက်ရတယ်။

          မြန်မာတွေဘက်က၊ ဘာသာရပ်တစ်ခုကို စနစ်တကျတတ်ကျွမ်းနားလည်တဲ့သူ ခပ်ရှားရှား။ ပြောရဲဆိုရဲ ပြောနိုင်ဆိုနိုင်၊ ပြောတတ်ဆိုတတ်တဲ့သူကလဲ နည်းနည်း၊ ဧည့်သည် နိုင်ငံခြားသားကို အားနာတတ်တဲ့စိတ်ကလဲ ရှိနေလေတော့၊ အများအားဖြင့် သူတို့လက်ချာရိုက်တာကို ခံလိုက်ရတာက ခပ်များများဖြစ်နေတော့တာပါပဲ။

          သာဓကတစ်ခုပြောရရင် ကျေးလက်ဒေသ မိသားစုတွေ အပိုဝင်ငွေရအောင်၊ မွေးမြူရေးလုပ်ရင်ကောင်းမလားလို့ ကျွန်တော်တို့က ဆွေးနွေးတယ်။ ဟင်းသီးဟင်းရွက် (၁)ပေါင်စားတာထက်၊ အသား(၁)ပေါင်စားတာက ဟင်းသီးဟင်းရွက် (၃)ဆလောက် ပိုကုန်တာကြောင့်၊ အနာဂတ်မှာ မွေးမြူရေးလုပ်ငန်းဟာ အလားအလာ မရှိတော့ဘူးလို့၊ ပညာရှင်တစ်ယောက်က ဝေဖန်တယ်။ ကျွန်တော်က၊ ကျွန်တော်တို့ဝင်ငွေ မြင့်လာရင် အသားငါးကို ပိုစားမယ်မဟုတ်လားလို့ ထောက်ပြတော့၊ အဲဒါတော့ ဟုတ်ပါတယ်တဲ့။ တချို့ကျပြန်တော့လဲ၊ သားငါးမွေးမြူရေးလုပ်ဖို့၊ ဘုန်းကြီးကျောင်းတွေက အားပေသင့်တယ်ဆိုတော့၊ အဲသလို လုပ်လို့မရဘူးလို့၊ မနည်းပြန်ပြီး ဖြေရှင်းရတယ်။

          ကျွန်တော်တို့တာဝန်ယူရတဲ့အပိုင်းတစ်ပိုင်းမှာတော့၊ တက်ရောက်သူတွေကို၊ မြန်မာလိုပြောခိုင်းပြီးတော့ ကိုယ်ကအင်္ဂလိပ်လို ဘာသာပြန်ပြောပေး၊ ရေးပေးတဲ့စနစ်ကိုပဲ ကျင့်သုံးပြီး၊ ဖြေရှင်းယူရတယ်။

          ပြီးတော့ ကျွန်တော်တို့က၊ ကိုယ့်အကြောင်း၊ ကိုယ့်ပတ်ဝန်းကျင်ကအကြောင်းပေမယ့်၊ သေသေချာချာ မသိတာ၊ သေသေချာချာ နားမလည်တာတွေကလဲ ရှိနေသေးတယ်။ တခါတလေမှာ နိုင်ငံခြားသားတွေနဲ့ ဆွေးနွေးရတာရှိသလို၊ တခါတလေကျပြန်တော့လဲ၊ ကိုယ်အချင်းချင်း ဆွေးနွေးရတာတွေက ရှိနေပြန်ပါရော။

          ကိုယ့်အချင်းချင်း ဆွေးနွေးကြရာတွေမှာလဲ၊ အများအားဖြင့် အသက်ကြီးသူ၊ ၀ါကြီးသူ၊ စကားများများပြောတတ်သူ၊ စကားများများပြောနိုင်သူတွေက လွှမ်းမိုးတတ်ပြန်ပါလေရော။ ဒီအခါ ငယ်ရွယ်သူတွေ၊ တခြားသူတွေက ပြောရေးဆိုခွင့်မရှိကြ၊ ကိုယ့်အသံ- ကိုယ့်အမြင်ကို ထုတ်ဖော်ခွင့် မရကြပဲ ရှိနေပြန်ပါတယ်။
          

          တခါတလေကျတော့လဲ၊ ကိုယ်က ကိုယ့်အတိုင်းအတာနဲ့ကိုယ်၊ ချွေချွေတာတာ၊ စိစိစပ်စပ်လေးနေတာကို၊ ဟိုလူကလဲ သူ့ဟာလေးလာရောင်းရ၊ ဒီလူကလဲ သူ့ပစ္စည်းလာရောင်းရ၊ လာလာပြီး အရောင်းမြှင့်နေလိုက်ကြတာ၊ ကိုယ့်အတွက်အသုံးဝင်သလား၊ မ၀င်သလားဆိုတာ၊ သူလဲမသိ၊ ကိုယ်လဲမသိလို့၊ ခံစားမိပြန်ပါတယ်။ ပစ္စည်းကကောင်းပေမယ့်၊ ကိုယ့်ဝင်ငွေနဲ့ လက်လှမ်းမမီတာမျိုးဖြစ်နေလေမလား၊ ဈေးပေါပေမယ့်၊ ခဏတာခံ၊ တရက်လောက်ပဲခံပြီး စုတ်သွားမယ့်ဟာမျိုးလား။ ရွေးနိုင်ဈေးဆစ်နိုင်မှ တော်ရုံကျမှာပဲ။ ရွေးဖို့၊ ဈေးဆစ်ဖို့ဆိုတာကလဲ၊ ဗဟုသုတလဲရှိ၊ ဉာဏ်ပညာလဲရှိ၊ ရွေးစရာတွေရှိသလို၊ ရွေးပိုင်ခွင့်လေးကလဲရှိဦးမှ။

          အိမ်သာလို့ ဧည့်လာတယ်လို့ပဲ သဘောထားရလေမလား။

          အမျိုးသမီးလုပ်ငန်းရှင်တစ်ယောက်ကတော့၊ မြန်မာ့အရေးကို ဒီလောက်တောင် စိတ်ဝင်တစားရှိနေတာတွေ့လို့ အံ့သြမိသတဲ့။ တကယ်ရော- မြန်မာတွေရဲ့ အကျိုးစီးပွားကို လိုလားတာလား? မြန်မာနိုင်ငံကို တိုးတက်စေချင်၊ ကြီးပွားစေချင်တာလားလို့မေးတော့၊ ကိုယ့်မှာ အဖြေမရှိဘူး။

ပြောချင်တာက၊ ကိုယ့်ဘက်က ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းရင်၊ ကိုယ့်ဘက်က စနစ်တကျ ပြင်ဆင်မှုမရှိရင်၊ ကိုယ့်အသံမထွက်နိုင်၊ မဖေါက်နိုင်ဘူး။ ကိုယ့်သမိုင်းဟာ သူများရေးတဲ့သမိုင်း၊ သူများနှုတ်ဖျား-ကလောင်ဖျားက သမိုင်းပဲ ဖြစ်သွားမယ်။ သူ့သဘောသူ့အမြင်တွေက၊ ကိုယ့်သဘောကိုယ့်အမြင်တွေကို လွှမ်းမိုးသွားမယ်။ စီးပွားရေးနယ်ပယ်မှာသာမက၊ ပညာရေးနယ်ပယ်မှာပါ၊ လွှမ်းမိုးမှုခံရမယ်။ ကိုယ့်အရပ်ကိုယ့်ဒေသမှာတောင်မှ၊ ခံလိုက်ရတယ်ကွာဆိုတာမျိုးဖြစ်မယ်။

          ဒီတော့၊ ကျွန်တော်တို့ ဘာကို ရွေးချယ်ကြမလဲ၊ သူ့နှုတ်ဖျား၊ ကလောင်ဖျားက၊ ကျွန်တော်တို့ရဲ့ သမိုင်းလား? ကျွန်တော်တို့၊ မျှမျှတတ၊ ကျယ်ကျယ်ပြန့်ပြန့်၊ သုံးသပ်ရေးသားထားတဲ့၊ ကျွန်တော်တို့ရဲ့ သမိုင်းလား?
(၂၈-၁၁-၂၀၁၁)

ခင်မောင်ညို
(ဘောဂဗေဒ)
Ref : ခေတ်လူငယ်
Read More

နိုင်ဂျီးရီးယားတွင် ခရစ်စမတ်စ်နေ့ ဗုံးဖေါက်ခွဲမှုများတွင် လူနှစ်ဒါဇင်ခန့်သေဆုံးခြင်း


ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါး လုံခြုံရေးတပ်ဖွဲ့ဝင်များအား ကားဗုံးပေါက်သော နေရာအားပြသနေစဉ်။
အစ္စလာမ် စစ်သွေးကြွများ ခရစ်စမတ်စ်နေ့တွင် နိုင်ဂျီးရီးယား နိုင်ငံအတွင်း လူအနည်းဆုံး ၂၇ ယောက် သေဆုံးခဲ့သော ကျောင်းတစ်ကျောင်း အပါအဝင် ခရစ်ယာန်ဘုရားရှိခိုးကျောင်း သုံးကျောင်းအား ဗုံးခွဲတိုက်ခိုက်သည်။ ထိုသူတို့သည် ဘာသာစွဲ၊ အုပ်စုစွဲများ အချင်းချင်း တိုက်ခိုက်သော ပြည်တွင်းစစ် ဖြစ်ပေါ်လာရန် ကြိုးစားနေကြသည်ဟူသော စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်လာစေသည်။
ဘိုကိုဟာရမ် အစ္စလာမ် ဘာသာရေးဂိုဏ်း (Boko Haram Islamist sect) မှ မိမိတို့၏ လက်ချက်ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။ ထိုအဖွဲ့မှာ နိုင်ဂျီးရီးယားနိုင်ငံတွင် အစ္စလာမ်ဘာသာရေးအပေါ် မူတည်သော ဥပဒေ (sharia law) အား ပြဋ္ဌာန်းလိုကြသည်။
စိန့်ထရီဆာ ရိုမန်ကတ်သလစ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းရှေ့ ကားဗုံးပေါက်ကွဲရာသို့ လူများ စုရုံးရောက်လာစဉ်။
နိုင်ဂျီးရီးယားနိုင်ငံ၏ အလယ်တွင်ရှိသော မြို့တော် အဘူဂျာ (Abuja)မှ ကီလိုမီတာ ၄၀ (၂၅ မိုင်) အကွာတွင်ရှိသော မာဒါလာ (Madala) မြို့ရှိ စိန့်ထရီဆာ ရိုမန်ကတ်သလစ် ခရစ်ယာန်ဘုရားရှိခိုးကျောင်း အပြင်နားတွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့သည်။ ဗုံးပေါက်ကွဲချိန်တွင် ကျောင်းအတွင်းတွင် လူအပြည့်ရှိနေသည်။

စိန့်ထရီဆာ ရိုမန်ကတ်သလစ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းရှေ့ ကားဗုံးပေါက်ကွဲရာမှ အခြားကားများသို့ ကူးစက်ပြီး မီးလောင်ကျွမ်းနေစဉ်။
နောက်ထပ် နာရီအနည်းငယ်အကြာတွင် လူမျိုးကွဲ၊ ဘာသာကွဲများ စုပေါင်းနေထိုင်ကြသော နိုင်ငံအလယ်ပိုင်းရှိ ဂျော့စ် (Jos) မြို့၏ ခရစ်ယာန် ဘုရားရှိခိုးကျောင်း Mountain of Fire and Miracles Church တွင် ဗုံးပေါက်ကွဲကြောင်း သတင်းရရှိသည်။ နိုင်ငံ မြောက်ပိုင်း ရိုဘီပြည်နယ် (Yobe state) ရှိ ဂါဒါကာ (Gadaka) မြို့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ကျောင်းတွင် ဗုံးပေါက်ကွဲရာ ဒဏ်ရာရသူများရှိသည်ဟု သတင်းရသော်လည်း နောက်ထပ် အသေးစိတ်များကိုမူ မသိရသေးပါ။
မြို့တော် အဘူဂျာ (Abuja) နှင့် နီးသော ခရစ်ယာန်ဘုရားကျောင်းမှ လက်ထောက် ကျောင်းထိုင်ဘုန်းတော်ကြီးက ပြောကြားရာတွင် အလောင်းများအား လာရောက်သိမ်းဆည်းသော တာဝန်ခံများက လက်ရှိတွင် လူသေအလောင်း ၂၇ လောင်း တွေ့ရှိရသည်ဟု ပြောသည်။
နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် ပြောဆိုသုံးစွဲသော ဟော်စာ ဘာသာစကား (Hausa language) တွင် ဘိုကိုဟာရမ် (Boko Haram) ၏ အဓိပ္ပါယ်မှာ “အနောက်ဘက်မှ ပညာရေးသည် အပြစ်၊ အကုသိုလ် ဖြစ်သည်” (Western education is sinful) ဖြစ်သည်။
ခရစ်ယာန်ဘာသာဝင် နှင့် မူဆလင်ဘာသာဝင် အရေအတွက် ညီတူမျှတူ ရှိပြီး များသောအားဖြင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်လာခဲ့သော လူဦးရေ သန်း ၁၆၀ ရှိသော နိုင်ဂျီးရီးယား နိုင်ငံတွင် ဘိုကိုဟာရမ် (Boko Haram) သည် အကြီးဆုံး လုံခြုံရေး ခြိမ်းခြောက်မှုအဖြစ် ပေါ်ထွက်လျက်ရှိနေသည်။

Ref : မြန်မာသတင်းရပ်ဝန်း
Read More

ရုရှားပါလီမန်ရွေးကောက်ပွဲနှင့် တိုးပွားလာသည့်ဆန္ဒပြမှုများ


 
ရုရှား၌ ဒီဇင်ဘာလတွင်ကျင်းပသည့် ပါလီမန်ရွေးကောက်ပွဲအား ကန့်ကွက်ဆန္ဒပြနေကြသည့်လူထုကြီး။
ဓာတ်ပုံ-အေအက်ဖ်ပီ
မော်စကို- လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ က ဆိုဗီယက်ရုပ်မြင်သံကြားမှ တစ်ဆင့် ဆိုဗီယက်ဆိုရှယ်လစ်ပြည်ထောင်စု သမ္မတနိုင်ငံ (USSR) ၏ သမ္မတအဖြစ် မှနုတ်ထွက်ခဲ့ကြောင်း ကြေညာခဲ့သည့် သမ္မတဟောင်း ဂေါ်ဘာချက်ဗ်သည် ဗလာဒီမာပူတင်အား ဤလမ်းစဉ် အတိုင်း လိုက်နာရန် မေတ္တာရပ်ခံ လိုက်သည်။
ယူအက်အက်စ်အာရ် နိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေးနှင့်လူမှုရေးစနစ် များ ပြုပြင်ပြောင်းလဲရန် ကြိုးစားခဲ့ သော်လည်း အချည်းအနှီးဖြစ်ခဲ့သည်ကို ၀န်ချတောင်းပန်ကာ သမ္မတ ဂေါ်ဘာ ချက်ဗ်သည် မိမိ၏ဆန္ဒအရ သမ္မတ ရာထူးမှ ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်တွင် နုတ်ထွက် ခဲ့သည်။
ဒီဇင်ဘာလ ၂၄ ရက်က ပူတင်၏ ရုရှားနိုင်ငံအပေါ် လွှမ်းမိုးမှုအပေါ် အကြီး မားဆုံး ဆန္ဒပြမှုတစ်ခုဖြစ်ခဲ့ရာ ပူတင် အား ရာထူးမှစွန့်လွှတ်ရန် ပြောခဲ့သည့် ဂေါ်ဘာချက်ဗ်သည် အကျော်ကြားဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့သည်။
ဂေါ်ဘာချက်ဗ်သည် ရုရှားနိုင်ငံ၏ အဓိကအတိုက်အခံ သတင်းစာ Novaya Gazeta ၏ တွဲဖက်ပိုင်ရှင် ဖြစ်သော်လည်း သူသည် ယျေဘုယျ အားဖြင့် ၂၀၀၈ ခုနှစ်အထိ ပူတင်၏ သမ္မတသက်တမ်း နှစ်ကြိမ်နှင့် လက်ရှိ ၀န်ကြီးချုပ်အား ထောက်ခံမှုရှိခဲ့သည်။
သို့သော်လည်း ဒီဇင်ဘာလအတွင်း ကျင်းပခဲ့သည့် ပါလီမန်ရွေးကောက်ပွဲ နောက်ပိုင်း ဂေါ်ဘာချက်ဗ်သည် ပူတင်အား သိသိသာသာ ဆန့်ကျင်ခဲ့ သည်။
ဤရွေးကောက်ပွဲအား ကုလားဖန် ထိုးခဲ့သည်ဟု အတိုက်အခံဘက်က ပြောကြသည်။ ကျန်းမာရေးအခြေအနေကြောင့် ဒီဇင်ဘာလ ၂၄ ရက်က လူထု စုရုံးပွဲသို့ ကိုယ်တိုင် မတက်ရောက်နိုင်ခဲ့သော် လည်း ဂေါ်ဘာချက်ဗ်သည် ဆန္ဒပြသူ များထံသို့ သ၀ဏ်လွှာ ပေးပို့ခဲ့သည်။
ဤဆန္ဒပြလှုပ်ရှားမှု အသစ်ကို အသက်ရှင်နေစဉ် တွေ့ရသဖြင့် စိတ်အားတက်မိကြောင်း အသက် ၈၀ အရွယ်ရှိ ဂေါ်ဘာချက်ဗ် ကဆိုသည်။
ရုရှားနိုင်ငံ၏ လက်ရှိအခြေအနေကို ဂေါ်ဘာချက်ဗ်က ၁၉၈၀ ပြည့်လွန်နှစ်များ ကုန်ဆုံးခါနီး ကွန်မြူနစ် ပိုလန်နိုင်ငံနှင့် နှိုင်းယှဉ် ထားသည်။
ထိုအချိန်က သွေးစည်းညီညွတ်မှုသူငိမေငအပ အဖွဲ့၏ ဆန့်ကျင်လှုပ်ရှား ဆန္ဒပြမှုများကြောင့် ဗိုလ်ချုပ်ကြီး ရာရူဇဲလ်စကီး၏ အစိုးရ အား ယိမ်းယိုင်စေခဲ့သည်။
ရုရှားနိုင်ငံအပေါ် ဗလာဒီမာပူတင် ၏ လွှမ်းမိုးမှုအား ဆန့်ကျင်ဆန္ဒပြမှုများ အရှိန်ရလာမှုကိုကြည့်လျှင် ပူတင်သည် ပြောင်းလဲမှုကို မလုပ်ပါက အာဏာဆုံး ရှုံးသွားနိုင်ကြောင်း ဆန်းစစ်သူများက ပြောသည်။
၂၀၁၂ ခုနှစ်၊ မတ်လ ၄ ရက် ရွေးကောက်ပွဲများတွင် ကရင်မလင်သို့ ၀န်ကြီးချုပ်အဖြစ်နှင့် လေးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး တတိယ သမ္မတသက်တမ်းရရှိရေးအတွက် အကြံ အစည်မှာ အခက်အခဲများနှင့် ရင်ဆိုင် ရဖွယ်ရှိသည်။
မတ်လ ရွေးကောက်ပွဲများအပြီး ရုရှား အစိုးရအဖွဲ့သို့ ပြန်လာရန် ဗလာဒီမာ ပူတင်၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ရုရှားနိုင်ငံသား အတော်များများသည် စော်ကားခံရသည်ဟု ယူဆကြသည်။ ပူတင်သည် စက်တင်ဘာလ လက်ရှိ သမ္မတ မက်ဗီဒက်ဗ်နှင့် ရာထူးချင်း ဖလှယ် မည်ဟုကြေညာခဲ့ရာ ပြုပြင်မရတော့သည့် အနေအထားဟု ယူဆထားခဲ့သည်။
ဒီဇင်ဘာလ ၂၅ ရက်က လူထု ဆန့်ကျင်လှုပ်ရှားမှုကြီးက ပူတင်၏ အာဏာကို စိန်ခေါ်ခဲ့သော်လည်း ဗလာဒီ မာပူတင်သည် ရုရှားနိုင်ငံသား အများစု၏ ထောက်ခံအားပေးမှုကို ရရှိနေကြောင်း သူ၏ ပြောဆိုခွင့်ရှိသူက ပြောသည်။
ဒီဇင်ဘာလ ၂၄ ရက်က ပြုလုပ်ခဲ့ သည့် ဆန့်ကျင်ဆန္ဒပြပွဲ၌ လူထုက ပူတင်၏ပါတီ အနိုင်ရရှိခဲ့သည့် ဒီဇင် ဘာလအတွင်းက ကျင်းပခဲ့သည့် ပါလီမန်ရွေးကောက်ပွဲအပေါ် အငြင်း ပွားနေကြပြီး ဖျက်သိမ်းပေးရန် တောင်းဆိုနေကြသည်။
ဆန္ဒပြသည့် လှုပ်ရှားမှုသည် သတ်သတ်မှတ်မှတ် ခေါင်းဆောင် မပေါ်လာသေးသော်လည်း အရှိန်က ရလာနေပြီဖြစ်သည်။ ယခုလအတွင်းကျင်းပသည့် ပါလီမန် ရွေးကောက်ပွဲများတွင် မဲမသမာမှုများရှိခဲ့ သည်ဟုဆိုရာမှ ဤကဲ့သို့ လူထု ဆန့်ကျင် ဆန္ဒပြမှုများ ဖြစ်ပေါ်လာခဲ့သည်။
ပူတင်၏ အာဏာရ ယူနိုက်တက်ရုရှားပါတီ မှာ အနိုင်ရခဲ့သော်လည်း အများစု၏ အားပေးမှု လျော့ကျခဲ့သည်။ အတိုက်အခံဘက်ကို ထောက်ခံ အားပေးသူများသည် အမေရိကန်နိုင်ငံ ခြားရေးဌာနမှ ငွေရရှိသည်။ အေ့ဒ် ရောဂါဆန့်ကျင်သည့်အဖွဲ့နှင့် ပူတင်က နှိုင်းယှဉ်ဖော်ပြမှုကြောင့် ဆန္ဒပြသူများ ၏ဒေါသမှာ ပူတင်ထံသို့ တိုက်ရိုက် ဦးတည်လျက်ရှိသည်။

Ref : မြန်မာ့တိုင်း ( မ် )
Read More

၂၀၁၃ နှင့် ဒေါ်အောင်ဆန်းစုကြည်



၂၀၁၂ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် ကြားဖြတ် ရွှေးကောက်ပွဲ ပြုလုပ်ရန် အတွက် ၁၆/ ၂၀၁၁ နှင့် ၆၂/ ၂၀၁၁ အမိန့်အမှတ်အရ ကြေညာစာတမ်းကို ဖတ်ပြီးနောက် စိတ်ကူးထဲကို အတွေးတစ်ချို့ဝင်လာသည်။ အကယ်၍ ဧပြီလတွင် လွှတ်တော် ခေါ်ယူမှုပြုလုပ်ပြီးနောက်ဆိုလျှင် အနည်းဆုံး ပုံမှန်လွှတ်တော် နောက်ထပ် တစ်ကြိမ်အား ၂၀၁၃ခုနှစ် အရောက်၌သာ ကျင်းပ နိုင်တော့မည် ဖြစ်သည်။ အထူးကိစ္စ အကြောင်းအရာများ သာမရှိခဲ့ပါမှု  ကြားဖြတ် ရွှေးကောက်ပွဲတွင် အနိုင်ရရှိမည့် လွှတ်တော် အမတ်များကို ပြည်သူက ၂၀၁၃ တွင်သာတွေ့မြင်     ခွင့်ရမည်ဖြစ်သည်။ လွှတ်တော်ကို ဘာတွေ တင်သွင်းကြမလဲ ဆိုတာ ၂၀၁၂ တစ်နှစ်လုံး စိတ်နှလုံး ဒုံးဒုံးချပြီး စောင့်ရုံသာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကြားဖြတ်ရွေး ကောက်ပွဲကို တစ်ခုခုမှ ၀င်ရောက် ယှဉ်ပြိုင်ပါက နိုင်ငံရေး ဆယ်လစ်ဘရစ်တီ (ကျော်ဇောသူ) တစ်ဦးဖြစ်သဖြင့် တစ်ဘက်ပါတီ ပြိုင်ဖက်များ အတွက် အခက်အခဲ ရှိလာနိုင်ဖွယ်ရာရှိ နေသည်။   မြန်မာလူမျိုးတို့၏ မျက်စေ့မှိတ်ယုံစားတတ်မှုနှင့် အများညီဤကိုကျွဲဖတ်တတ်သည့် အကျင့်က ပြိုင်ဖက်ပါတီဝင်များ အားစိုက်၇မည်ဖြစ်သည်။ ပြည်သူများယုံကြည်မှု     ရရှိရန်  အားအင်ထည့်လုပ်ဆောင်ပါကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ကျော်ဇောမှုကို ဖုံးလွှမ်းနိုင်ရန် လွယ်ကူတော့မည် မဟုတ်ချေ။ ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် ၀င်         ရောက်အရွှေးခံမည့်မဲဆန္ဒနယ်မှ အခြားရွှေးကောက်ပွဲပါတီများ စိတ်ဓာတ်ခွန်အားလျှော့ကျစရာ မလိုချေ။ ပြိုင်ဖက်က အားကြီးနေသော်လည်း ကိုယ်က စေတနာမှန်လျှင် ကိုယ့်စေတ            နာအကျိုးပေးမည်သာဖြစ်သည်။
စာရေးသူက သတင်းသမားပါ။ဘယ်ဘက်ကိုမှလိုက်ပြီး ရေးနေခြင်းမဟုတ်ပါ။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲတွင်အနိုင်ရရှိသွားပြီဆိုပါက ထူးထူးခြား  အခြေအနေမရှိပါက လွှတ်တော်ကို(ယခု သမ္မတဦးသိန်းစိန်လက်ထက်၌) ၃ ကြိမ်သာတက်ရောက်ခွင့်ရတော့မည်ဖြစ်သည်။လွှတ်တော်၌ သူမအလုပ်လုပ်နိုင်ခွင့်(၃)   ကြိမ်သာရရှိမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေးနာတာရှည် ရောဂါများဖြစ်သည့် တိုင်းရင်းသားစည်းလုံးညီညွှတ်မှုနှင့် ဖယ်ဒရယ်မူ၊ ဆင်းရဲမှုပပျောက်ရေးနှင့်  လောင်းကစား၊ မူးယစ်ဆေးဝါးနှင့် ပြည့်တန်ဆာ ကိစ္စ၊ အကျင့်ပျက်ခြစား ၀န်ထမ်းကင်းရှင်းပ ပျောက်ေ၇း၊ ပညာရေးအဆင့်အတန်းမြင့်မားပါလျှက်နှင့် နိမ့်ကျနေသောသင်ကြားပို့   ချမှုနှင့် လက်ခံသင်ယူမှု ၊ အကျယ်အကျယ်မငြိမ်းဖွယ်ဖြစ်နေသည့် ပုဂ္ဂိလိက ဆေးရုံများနှင့် အစိုးရဆေးရုံများ၏ အဆင့်အတန်း ၊ ဥပဒေနှင့် စည်းကမ်းကို တိတိကျကျ မလိုက်နာနိုင် သေးသည့် မြန်မာ့လူ့ အဖွဲ့အစည်းအစ ရှိသည်တို့ထဲမှ တစ်ချက်ကိုပင်ဖြေရှင်းနိုင်ပါက နောက်သက်တမ်းတွင် လွှတ်တော်အတွင်းသို့ ကျန်သည့် ကိစ္စရပ်များကို ရှင်းလင်းနိုင်ရန် ၀င် ရောက်နိုင်မည်ဖြစ်သည်။ အထက်ပါကိစ္စရပ်များကို မဟာဗျူဟာမြောက်ဆင်နွဲပြီးနောက် သေနင်္ကဗျူဟာမြောက်အဖြစ် စီးပွားရေးလက်ဝါးကြီးအုပ်နေ သော ခရိုနီများအရေး ၊ ဒေသ ဆိုင်ရာအာဏာပိုင်အဖွဲ့များက ဒေသတွင်းစီးပွားရေးလုပ်ငန်းဝင်ရောက်လုပ်ကိုင်မှု ၊ အရည်အချင်းမပြည့်မီသော အောက်ခြေအဆင့်အုပ်ချုပ်မှု အာဏာပိုင်များအား အရည်အသွေး မြှင့်တင်ပေးရေး နယ်စပ်ဒေသရှိ ကုန်စည်ကူးသန်းမှုမျှခြေမရှိခြင်းတို့အား ဆက်လက်ဖြေရှင်းပေးရတော့မည်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ လွှတ်တော်အတွင်းသို့ ပြောရဲ ၊ ဆိုရဲပြီး ကိုယ့်ကိုကိုယ်တာဝန်ယူရဲသော ကိုယ်စားလှယ်တစ်ဦး ရောက်ရှိလာလျှင်ပင် ကျေးဇူးတင်ရပါမည်။ သတင်းသမား တစ်ဦးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် မဟုတ်ပါ။ လွှတ်တော်တွင် မိမိကို ရွေးကောက်တင်မြှောက်ထားသည့် မဲဆန္ဒနယ်၏ အကျိုးစီးပွား ၊ တိုင်းပြည်၏ အနာဂတ်အရေးကိုပြောဝံ့ ၊ ဆိုဝံ့ရှိသည့် မည်သည့်ကိုယ်စားလှယ်မဆို ကြိုဆိုလိုက်ပါကြောင်း။
ဆောင်းအေးချမ်း

Read More

အစိုးရသစ်လက်ထက် အင်းစိန်ထောင်မှ အကျဉ်းသားများလွတ်မြောက်













(၆၄)နှစ်မြောက် လွတ်လပ်ရေး နေ့ကို ဂုဏ်ပြု သောအားဖြင့် နိုင်ငံ တော် တည်ငြိမ် အေးချမ်းရေးနှင့် တရား ဥပဒေ စိုးမိုးရေး၊ တိုင်းရင်း သား စည်းလုံး ညီညွတ်ရေး တို့အ တွက် လည်းကောင်း၊ လူသားချင်း စာနာ ထောက်ထားမှုကို အလေး ပေးသောအားဖြင့်လည်းကောင်း၊ အကျဉ်းထောင် အသီးသီးမှ ပြစ် ဒဏ် ကျခံလျက် ရှိသော အကျဉ်း သားများကို ပြည်ထောင်စု သမ်္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ်္မ တရုံး အမိန့်အမှတ် ၁/၂၀၁၂ဖြင့် သတ်မှတ်ချက် လေးချက်ဖြင့် ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ (၂)ရက်  နေ့တွင် လွတ်ငြိမ်း ချမ်းသာခွင့်ပြု ခဲ့ရာ ဇန်န၀ါရီ လ(၃)ရက်နေ့တွင် စတင်လွတ် မြောက်လာသော အကျဉ်းသား များအတွက် ယင်း နေ့၊ နေ့လည်(၁း၀၀)နာရီအချိန် အထိ စုံစမ်း သိရှိရသောသတင်းများ အရ သီးသန့် အကျဉ်းသားများ ဖြစ် သည့် အင်းစိန် အကျဉ်းထောင်မှ ဦးကြည်သန်း၊ ကိုသန်းနိုင်ဦး၊ ဦး စောဆေးကလယ်ဟဲ၊ စစ်တွေ အကျဉ်းထောင်မှကိုနေမျိုးအောင်၊ ပုသိမ်က အကျဉ်းထောင်မှ ကိုအောင်ထွန်းတို့လွတ်မြောက်ခဲ့ ကြောင်းသိရပြီး ဦးကြည်သန်း၊ ကိုသန်းနိုင်ဦး၊ ဦးစောဆေးက လယ်ဟဲတို့ကို တွေ့ဆုံမေးမြန်းခဲ့ ရာ….
ကိုသန်းနိုင်ဦး (လူငယ် တာဝန်ခံ(၃၁)၊ မန်္တလေး၊ ချမ်းသာ စည်မြို့နယ်၊ ပုံနှိပ်ထုတ်ဝေပုဒ်မ (၁၇)၊ (၃နှစ်))
မေး- ၂၀၁၀ ရွေးကောက်ပွဲမှာ အဲဒီအချိန်က နိုင်ငံတော်အကြီး အကဲဦးသန်းရွှေရဲ့မဲမပေးချင်လည်း မပေးဘဲနေလို့ရတယ်ဆိုတဲ့ ပြော ကြားချက်ကို လိုက်ဝေလို့အဖမ်းခံ ရတယ်ဆိုတော့ အခုရွေးကောက် ပွဲလည်းပြီးသွာြး့ပီ၊ ကြာဖြတ်ရွေး ကောက်ပွဲလုပ်တော့မယ်ဆိုတော့ အကိုအခုထောင်ကလွတ်ချိန် ဘာ ဆက်လုပ်ဖို့ရှိလဲ။
ဖြေ- ကျွန်တော်တို့ရဲ့ခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားနဲ့ ကျွန်တော်တို့တစ် ထပ်တည်းပါပဲ။ရှေ့ကခေါင်း ဆောင်က ဒီလမ်းကမှန်တယ်ဆို ရင် ကျွန်တော်တို့က အဲဒီလမ်းကို ဖြောင့်ဖြောင့်တန်းတန်းလျှောက် သွားမှာပဲ။
မေး- ဒါဆိုနဂိုသဘောထားနဲ့ ပြောင်းသွားတယ်လို့ ယူဆလား။ အကိုထောင်မကျခင်က သဘော ထားနဲ့ပေါ့။
ဖြေ- သဘောထားကတော့၊ နဂို သဘောထားအမြင်နဲ့ ဘယ်လို ပြောင်းပြောင်း၊ ပြုပြင်ပြောင်းလဲ ရေးအနေအထားအရ ပြင်ရတာ လေးတွေရှိတယ်။ ကျွန်တော်တို့ ကမြင်ရတာတော့ အဟုတ်ပါဘူး ပေါ့ကြားရတာ။
မေး- ဒါဆိုနိုင်ငံတော်သမ္မတဦး သိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရ အဖွဲ့က နိုင်ငံရေးမှ ပြုပြင်ပြောင်း လဲမှုတွေ လုပ်ဆောင်နေတယ်လို့ လက်ခံထားလား။
ဖြေ- လက်ခံထားလားဆိုတော့ လက်ရှိကတော့ ခုမှထွက်လာတာ ဆိုတော့ ခုမှထက်ကြည့်ရတော့ မှာပေါ့။ ကြားရတာတွေကတော့ အားရပါတယ်။
မေး- အခုဘယ်လောက်အကျဉ်း ကျရက်ကျန်တဲ့အချိန်မှာလွတ်လာ တော့လည်း လျော့ရက်ရသေး လား။
ဖြေ- လျော့ရက်မရပါဘူး။ လွတ် ဖို့သုံးလပဲကျန်တော့ အချိန်မှာ လွတ်လာပါတာပါ။
(၆.၉.၂၀၁၁) ရက်နေ့တွင်မန်္တလေး မြို့နေကိုသိန်းအောင်မြင့်၏ခိုင်းစေ ချက်အရ (၃လက်မx၂လက်မ) အရွယ်စာရှိ ဒေါ်အောင်ဆန်းစု ကြည်ဓာတ်ပုံ (၁၃၅)ပုံနှင့်(၁၉၉၀) ခုနှစ်ရွေးကောက်ပွဲရလဒ်အားပြန် လည်ဖော်ထုတ်ရန် ရေးသားထား သည့်စာတို့အား ရန်ကုန်ရှိ (ပီအယ်လ်)ဘိုအဖွဲ့မှ ရှေ့နေ ဦးဖိုးဖြူထံပေးရန် ယူဆောင်လာ စဉ်ဖမ်းဆီးခဲ့ရမှု။
ဦးစောဆေးကလယ်ဟဲ(ဂ) ဦးစောရွှေဟဲ ( ပုဒ်မ- မတရား အသင်း၁၇(၁) ၊ မတရားအသင်း ၁၇(၂)၊ရာ-၂၀၂၊ ၆နှစ် စုစုပေါင်း -၈နှစ်၆လ)
မေး- အခုထောင်ကလွတ်လာပြီ ဆိုတော့ ဦးစောဆေးကလယ်ဟဲ အနေနဲ့ ဘာဆက်လုပ်သွားဖို့ရှိပါ သလဲ။
ဖြေ- ကိုယ့်ဇာတိရပ်ကိုပြန်ပြီး နဂို အတိုင်းသမာအာဇိဝပြန်လုပ်စား မှာပါ။
မေး- ထောင်ကျခဲ့ရတာနဲ့ ပတ်သတ်ပြီး ဘာပြောချင် ပါသလဲ။
ဖြေ- တူတော်တဲ့ သူက အထဲဝင်သွားတာမသိဘူး။ သိတဲ့ အချိန်ကလည်းနောက်ကျနေပြီ ဆိုတော့ ဘာမှမသိဘဲထောင်ကျ ခံလိုက်ရတာမျိုးဖြစ်ခဲ့ရတာပါ။ အဲဒီအပေါ်လည်း ဘာမှပြောချင် စိတ်မရှိတော့ပါဘူး။
မေး- တူဖြစ်တဲ့သူကရော အခု ဘယ်လိုအခြေအနေရှိလဲဆိုတာသိ ရပါသလား။
ဖြေ- သေဒဏ်ကျခံသွားတာကို သိတယ်။ အစိုးရသစ်လက်ထက် မှာပထမအကြိမ်ပေးတဲ့ လွတ်ငြိမ်း ချမ်းသာခွင့်တုန်းကသေဒဏ်ကျခံ သူတွေကို ကျွန်းဒဏ်ပြောင်း လိုက်လို့ သူ့အတွက်နည်းနည်း စိတ်အေးသွားရပါတယ်။

 Ref : http://www.hotnewsweekly.com/

Read More

Popular Posts