'
အမိမြေ

KIA အကျအဆုံးများနေလို့ ထိုးစစ်ရပ်ရန် ဆန္ဒပြတောင်းဆိုခဲ့ရ

မလေးရှားရောက်မြန်မာတိုင်းရင်းသားတွေဟာ မလေးရှားနိုင်ငံ မြန်မာသံရုံးရှေ့မှာ အောက်တိုဘာလ(၁၁) ရက်နေ့က ကချင်ပြည်နယ်အတွင်း ထိုးစစ်ရပ်တန့်ရေးအတွက် အဓိကထားပြီး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြပွဲကတော့ အချိန်(၅)မိနစ်သာခွင့်ပြုခဲ့သော်လည်း (၁၀)မိနစ်ခန့်ကြာမြင့်ခဲ့ပါတယ်၊ ဆန္ဒပြသူတွေကတော့ ကချင်ပြည်အတွင်း ထိုးစစ်ရပ်တန့်ရန်၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်၊ ဧရာဝတီမြစ်ဆုံရေကာတာပြုလုပ်ခြင်းကို ရပ်တန့်ပေးရန် တောင်းဆိုခဲ့ကြတယ်လို့ ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့သူ  ဦးဂမ်နောင်မှ ပြောပြပါတယ်။
အဓိကတော့ ကချင်ပြည်နယ်အတွင်းမှာ KIA နဲ့အစိုးရစစ်တပ်တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားလာရာမှာ KIA ဘက်က အကျအဆုံးများလာတဲ့အတွက် အစိုးရကိုထိုးစစ်ရပ်တန့်ပေးရန်အတွက် မလေးရှားမှာရှိတဲ့ မြန်မာတိုင်းရင်းသားတွေကို KIO မှ
ဆန္ဒပြတောင်းဆိုပေးဖို့ ကမ်းလှမ်းလာတဲ့အတွက် ဆန္ဒပြခဲ့ရတာဖြစ်ကြောင်း ဆန္ဒပြပွဲတွင် ဦးဆောင်ခဲ့သူ တစ်ဦးမှ ပြောပြပါတယ်။
မလေးရှားမှာနေတဲ့ မြန်မာတိုင်းရင်းသားတွေကို မလေးရှားစံတော်ချိန်(၁၁)နာရီလောက်မှာ သံရုံးရှေ့အရောက် လာဖို့ အကြောင်းကြားတယ် သွားလိုက်တာ ဟိုရောက်တော့ ဆိုင်းဘုတ်တွေပေးကိုင်ပြီး သူတို့အော်တဲ့အတိုင်း လိုက်အော်ခိုင်းလို့ အော်ခဲ့ရကြောင်း ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့သူ ကချင်အမျိုးသား ဦးအယ်လ်ဇော်အောင်  ကပြောပြပါတယ်။
ဆန္ဒပြပွဲကို မလေးရှားအခြေစိုက် ရှမ်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်နှင့် ရခိုင်အမျိုးသားနဲ့ ဖွဲ့စည်းထား သော COBEM မှ အင်အား(၁၀၀)ခန့်ပါဝင် ဆန္ဒပြခဲ့ကြတယ်လို့လည်း သိရပါတယ်။
အစိုးရစစ်တပ်က တက္ကနိုင်းမှာ နယ်မြေရှင်းစဉ် မူးယစ်ဆေးဝါးတွေကို တွေ့ရှိခဲ့တာကြောင့် KIA ဟာ မူးယစ်ဆေးဝါးပက်သက်နေတဲ့အတွက် အရေးယူတဲ့အနေဖြင့် KIA နယ်မြေများကို ၀င်ရောက်တိုက်ခိုက်လာမှာ စိုးရိမ်နေတဲ့အတွက် အခုလိုဆန္ဒပြဖို့ ဖန်တီးခဲ့တာလည်းဖြစ်နိုင်ကြောင်း လိုင်ဇာမှ KIOနဲ့ နီးစပ်တဲ့ တရုတ် မြန်မာနယ်စပ်က ကုန်သည် တစ်ဦးမှလည်း ပြောပြခဲ့ပါတယ်။


0 comments:

Post a Comment


Popular Posts