'
အမိမြေ
Showing posts with label The Lady ဝေဖန်ချက်. Show all posts
Showing posts with label The Lady ဝေဖန်ချက်. Show all posts

The Ladyဇာတ်ကားကြောင့် M16နှင့်AK ရိုင်ဖယ်သမိုင်းရှူပ်ပြီ

သူများတွေပြောသွားတဲ့ The Lady ကား ဇာတ်ကား ဟာကွက် တွေကတော့စုံနေတာပဲ
ဒါပေမဲ့ သိတာပဲပြောမယ်ဆိုတဲံအတိုင်း ပထမပိုင်းလေးပဲ ကြည့်လိုက်တာ
အချိုးမပြေတဲ့ သမိုင်းအမှားနဲ့ ဟာသအမှား Fail Show တွေ တွေ့လာရတယ်။

ပထမဦးဆုံး ဗိုလ်ချူပ်ကားကြီး အတွင်းဝန်ရုံးကို ချိုးကွေ့ လိုက်ချိန် ကင်းရဲဘော်က လက်တင်အလေးပြုခြင်းမှာ ၂ ချက် စတွေ့တယ်
(၁) မြန်မာ့တပ်မတော် အဆက်ဆက်မှာ သေနတ်ကိုင်ထားသော တာဝန်ကျစစ်သည် သည် 
     လက်တင် အလေးပြူစရာမလို.....သေနတ် ဖြင့်သာ  အလေးပြုရပါတယ်
(၂) ထို စစ်သည် ကိုင်ဆိုင်ထားသော သေနတ်ဒင် သည် အေကေ သို့မဟုတ် အေကေ မျိုးဆက်
     ၂၃ ခုခန့်ထဲမှ တမျိုးမျိုး၏ ဒင်နှင့် အပစ်လက်ကိုင် ဖြစ်နေခြင်း
တို့ ပဲဖြစ်ပါတယ်။



                                 အေကေမျိုးဆက်များ
အပေါ်ပုံအောက်ဆုံး ၂ လက်မှာ မြန်မာတပ်မတော်သုံး အမ်အေသေနတ်ဖြစ်ပါသည်
 ကဲစဉ်းစားသာကြည့်တော့..အေကေ မျိုးဆက်တွေထဲ က တခုခုကို ၁၉၄၇ မှာ မြန်မာ့တပ်မ
တော်လက်ထဲရောက်ခဲ့တယ်တဲ့ဗျာ...ကုလားဖြူတွေလို WTF လို့အော်လိုက်ချင်ရဲ့.နှိုင်းယှဉ်ကြည့်ကြတော့ဗျို့ 



ဒုတိယ မှာကား ဗိုလ်ချူပ် အစည်းအဝေးခန်းသို့လိုက်ပို့ ရာ စစ်သည် ၂ ယောက်ကိုင်ဆိုင်သော
 သေနတ်မှာ M16 A1 နှင့် ဆင်တူနေခြင်း တို့ ပဲဖြစ်ပါတယ်


ဤဇာတ်ကားကို ကြည့်ခြင်းအားဖြင့် အေကေနှင့် အမ် ၁၆ တို့ရဲ့သမိုင်းနှင့် မြန်မာနိုင်ငံနှင့်ဆက်
စပ်မှူကိုပါ ယှဉ်ထိုးတွေးရပါတော့မယ်
                                ဗီယက်နမ်စစ်မြေပြင်အတွက် ဒီဇိုင်းစထုတ်သော M16 ပုံစံ
                                ကျည်ကပ်အရှည်ဖြင့်တွေ့ရခဲသည်..ကျည်ကပ်အတိုနဲ့ အရှည်
                                မည်သို့ကွာခြားသည်ကိုတော့ မမှတ်မိတော့ပေ.ဇာတ်လမ်းထဲမှာ
                                 တော့ အရှည်ကို သုံးထားသည်
                              

အေကေ ၄၇ သည် ၁၉၄၇ ခုနှစ် မှာပင် ကာလာနီစကော့ဗ် ဟူသော အမည်ဖြင့် ဆိုဗီယက်တပ်
မတော်တွင် စတင် အသုံးပြုရခြင်းဖြစ်ပါတယ်။
ထိုနှစ်ထဲမှာပင် မြန်မာနိုင်ငံအတွင်းဝန်ရုံးစောင့်ကြပ်သော စစ်သည်က ကိုင်ဆိုင်နေသည်ဟု
ယူဆ မိလျှင် ဗိုလ်ချူပ်သည် ရုရှား နိုင်ငံမှ ချက်ချင်း ဝယ်ယူခဲ့သည်ကို အဘယ့်ကြောင့် သမိုင်း
္ဒ၌မတွေ့ရသနည်း။
M16 သည် ၁၉၆၃ ဗီယက်နမ် စစ်ပွဲမှသာ အသုံးပြုခြင်းဖြစ်သည်..။
ထိုသို့ဆိုလျှင် M16သည် မြန်မာတပ်မတော် မူပိုင်လော....။

တကယ်တော့ လွှဲတာတွေပါ
ဗိုလ်ချူပ်ကိုလုပ်ကြံတဲ့ပြကွက်ကလည်း နည်းနည်းမှမတူ အစစအရာရာ တလွဲဖြစ်နေတာကိုလည်း ကြည့်ဖူးသူတိုင်း တွေ့ဖူးပါလိမ့်မယ်။တကယ်တော့
ဒေါ်စုတစ်ယောက်ကို အရူးဘုံမြောက်အောင် လုပ်ပြလိုက်တဲံ ဇာတ်ကားဖြစ်ပြီး
၈၈ ပြည်ပြေးများနဲ့  ပြည်ပြေးအတိုက်အခံတွေကသာလျှင် အားပေးတဲ့ဇာတ်ကားဖြစ်ပါတယ်
မြန်မာပြည်သူတွေကလည်း အထူးအဆန်းအနေနဲ့ကြည့်ချင်နေပါတယ်ဆိုလည်း
ကြည့်တော့ကြည့်ပေါ့ဗျာ...နောက်ဆုံးတော့ ချာလီချက်ပလင်ရဲ့ အထ္တူပတ္တိဇာတ်ကားလောက်
တောင် ရင်ထဲမကျန်ခဲ့မှာတော့ သေချာတယ်...ရသ တခုမှမပါပဲ ထောက်စရာ လှောင်စရာ
နဲ့သာ အဆုံးသတ်သွားမဲ့ ဇာတ်ကားတကားဖြစ်ခဲ့ပါတယ်။
==========================================
အမေ ဒေါ်ခင်ကြည် ဟာ မြန်မာ စင်စစ်ကြီးပါ
သူတို့ရိုက်ပြခါမှ အမေဒေါ်ခင်ကြည်တစ်ယောက်လည်း ထိုင်းရာဇဝင်ထဲက ထိုင်းတောသူ
ဆံထုံးနဲ့ ဖြစ်သွားရရှာလေတယ်

=============================================
http://mgkyautkhae.blogspot.com မှ ထောက်ပြဝေဖန်သည်


မောင်ကျောက်ခဲဘလော့မှ ကူးယူဖော်ပြသည်
Read More

NLD ပါတီ အမည်ပြောင်းပြီ


ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် National League for Democracy (NLD) ပါတီကို အမည်ပြောင်းလိုက်ကြောင်း သတင်းရရှိသည်။

NLD ပါတီကို မူလက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဟု ခေါ်တွင်ခဲ့သော်လည်း ယခု အချိန်မှ စ၍ "အမျုးသား ဒီမိုကရေစီ အဖွဲ့ချုပ်" ဟု အမည်ပြောင်းလိုက်ပြီဖြစ်သည်။ ယခုအခါ "အမျုးသား" ဟူသော ဝေါဟာရ၏ အဓိပ္ပါယ်ကို မြန်မာ အဘိဓာန် ပညာရှင်များက အဓိပ္ပါယ် ဖွင့်ဆိုရန် ပြင်ဆင်နေကြကြောင်း သိရသည်။




NLD ပါတီ၏ အမည်သစ်ကို ဒါရိုက်တာ Luc Besson ရိုက်ကူးသည့် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ရုပ်ရှင် The Lady ဇာတ်ဝင်ခန်း တစ်ခုတွင် တွေ့ရသည်။


Read More

ဂါဒီးယန်း သတင်းစာကြီးက The Lady ရုပ်ရှင်ကို ချာတူးလန်ဟု ဝေဖန်



ပြင်သစ်ဒါရိုက်တာ Luc Besson ရဲ့ ဒေါ်အောင်ဆန်းစုကြည် ဘ၀အကြောင်း The Lady ရုပ်ရှင်ကတော့ ပေါ့ပေါ့ပျက်ပျက်နဲ့ ဘာခံစားချက်မှလည်းမပေး၊ သာမန် အရပ်သူတယောက်ရဲ့ ရုပ်ရှင်ကား တကားမျိုးထက် ဘာမှ မပိုဘူးလို့ The Guardian သတင်းစာက ဝေဖန်ပါတယ်။

 စကားပြောခန်းတွေက အသက်မပါ၊ သရုပ်ဆောင်ချက်တွေကလည်း ခံစားချက် ကင်းမဲ့နေလို့၊ ရုပ်သံဇာတ်လမ်းတွဲ အဖြစ်နဲ့တောင် ပရိတ်သတ်ရဖို့ ခက်မယ်လို့ မှတ်ချက်ပေးပါတယ်။

ဒီနှစ်ထဲမှာ အချာဆုံး ဇာတ်ကားတွေဖြစ်တဲ့ Madonna ရိုက်ကူးတဲ့ W.E ရုပ်ရှင်။ Roland Emmerich ရဲ့ Anonymous။ အခု The Lady ရုပ်ရှင်သုံးကားမှာ The Lady က အချာတကာ့ အချာဆုံးလို့ ဆိုပါတယ်။

ဇာတ်လမ်းဖွင့်ဖွင့်ချင်း ၁၉၄၇ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတဲ့အခန်းနဲ့ စလိုက်တာကိုက ဒီဇာတ်ကားနဲ့ မဆိုင်သလိုပဲလို့ မှတ်ချက်ပေးပါတယ်။ တခါ အဲဒီကနေ ၁၉၉၀ ပြည့်လွန်နှစ်တွေဆီကို ခုန်ကူးသွားပြီး၊ အောက်စ်ဖို့ ဆေးရုံက အခန်းတခန်း၊ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်း မိုက်ကယ်အဲလစ် (David Thewlis) တယောက် နောက်ထပ် အလွန်ဆုံး ၅ နှစ်ပဲ အသက်ရှင်ရတော့ မယ်ဆိုတဲ့ သတင်းဆိုးကို ကြားတဲ့ ဇာတ်ဝင်ခန်း။

အဲဒီနောက် မိုက်ကယ်အဲလစ်ရဲ့ အမွှာဖြစ်တဲ့ David Thewlis က မိုက်ကယ် အဲလစ်ဆီကို လူနာလာကြည့်ဖို့ရောက်လာ။ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ပြန်ခေါ်ဖို့ အကြံပြုတာကို မိုက်ကယ်အဲလစ်က မကြား။ လွန်ခဲ့တဲ့ ၁၀ နှစ်က ယောက္ခမဖြစ်တဲ့ ဒေါ်ခင်ကြည် အသည်းအသန်ဖျားတဲ့ အချိန်ကို ပြန်ပြောင်း သတိရတဲ့ နောက်ကြောင်းပြန် ပြကွက်တွေဆီ ရောက်သွား။

နောက် ၁၉၈၀ ပြည့်လွန်နှောင်းပိုင်းနှစ်တွေ...။
မြန်မာပြည်မှာ အဓိကရုဏ်းတွေဖြစ်လာတဲ့အချိန်၊ ဒေါ်အောင်ဆန်းစုကြည်ကို ပညာတတ်တွေက ဒီမိုကရေစီလှုပ်ရှားမှုကို ဦးဆောင်ဖို့ မေတ္တာရပ်နေကြတဲ့အချိန်၊ တဖက်မှာ အစိုးရကလည်း ဒီမိုကရေစီ လှုပ်ရှားမှုကို ရက်ရက်စက်စက်နှိမ်နင်းနေ။

ဇာတ်လမ်းက အောက်စဖို့နဲ့ မြန်မာပြည်၊ နောက်တခါ မြန်မာပြည်က လူထုတွေ တခဲနက် ထောက်ခံနေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လမ်းထောင့်ဆိုင်တဆိုင်မှာ စပျစ်သီးခြောက်ဝယ်နေပုံရတဲ့ မိုက်ကယ် အဲလစ်တို့ကို တလှည့်စီ ပြပါတယ်။

ဒါပေမဲ့ ထူးဆန်းတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ မိုက်ကယ်အဲလစ်တို့ရဲ့ ဘ၀နောက်ကြောင်းတွေ ဘာတခုမှ မပါတာပါ။ နောက်ထပ် ဘာမှ စိတ်လှုပ်ရှားစရာ ဇာတ်ဝင်ခန်းတွေ မပါတော့ဘဲ ဒေါ်အောင်ဆန်းစုကြည်က လူထု ခေါင်းဆောင် ဖြစ်လာ၊ ဒါကို မိုက်ကယ်အဲလစ်က ထောက်ခံ။ ထောက်ခံတာကလည်း ဘောလုံးပွဲ တပွဲကို အားပေးသလိုမျိုး။ တဘ၀လုံး အန္တရာယ်ကျရောက်တော့မယ့် လှလှပပ (ဇနီးသည်) တယောက်ကို ထောက်ခံတဲ့ ပုံစံမျိုးမဟုတ်။

ဇာတ်လမ်းထဲက ဆွေးနွေးချက်တွေက တိုနှံ့နှံ့၊ ကလီရှေး။ ဗိုလ်ချုပ်ကြီးကိုလည်း အာဃာတကြီးကြီး၊ အယူသည်းသည်းနဲ့ ဗေဒင်ဆရာ ညွန်ကြားတဲ့အတိုင်း ဆုံးဖြတ်ချက်တွေ ချတတ်တဲ့ ယူဂန်ဒါသမ္မတဟောင်း Idi Amin ပုံစံမျိုး ပုံဖော်၊ ဒါတွေပါပဲတဲ့..။

ဒေါ်အောင်ဆန်းစုကြည်က အနစ်နာခံတဲ့လမ်းကို ဘာကြောင့်ရွေးပြီး၊ ခင်ပွန်းဖြစ်သူက ဘာကြောင့် ခွင့်ပြုသလဲဆိုတာတွေကိုလည်း ရုပ်ရှင်တကားလုံးမှာ တခါမှ ရှင်းမပြ။ မှန်ကန်တဲ့ လုပ်ရပ်ဆိုရင် ဘာကြောင့် မှန်ကန်မှန်းလဲ ပရိသတ်က မသိရ။

ဒေါ်အောင်ဆန်းစုကြည် အဖြစ်သရုပ်ဆောင်တဲ့ မင်းသမီး Michelle Yeoh ရဲ့ သရုပ်ဆောင်ချက်က မြင့်မြတ်ပေမယ့် ထီးထီးကြီး။ မင်းသား David Thewlis က ကြိုးစားပေမယ့်လည်း ဇာတ်ရုပ်နဲ့ သူနဲ့က မလိုက်ဖက်။
အဆိုးဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှစ်ယောက်ကို ဇာတ်လမ်းထဲမှာ ဇာတ်လမ်းကျောရိုးနဲ့ မဆီလျော်ဘဲ ဂွကျကျထည့်ထားတဲ့ ကိစ္စအပြင်၊ ဒီဇာတ်လမ်းထဲက မိဘနဲ့ သားသမီးတွေကြားက ဆက်ဆံရေးပြကွက်တွေကလည်း လက်ခံနိုင်စရာ မရှိဘူးလို့ သဂါဒီယန်းက မှတ်ချက်ပေးပါတယ်။

တကယ်တမ်း အသက်ဝင်တဲ့ ဇနီးမောင်နှံအကြောင်းရိုက်တဲ့ ဇာတ်ကားက အသက်ဝင် နေဖို့ကောင်းပေမယ့် အခု The Lady ရုပ်ရှင်ကို ရိုက်ထားပုံကို ကြည့်လိုက်ရင်၊ ဇာတ်ကားနာမည်ကိုတောင် ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် စူပါစတား အိမ်ရှင်မ Aung San Suu Kyi: Housewife Superstar လို့သာ နာမည်ပြောင်း သင့်တယ်လို့ သဂါးဒီးယန်းက ပြင်းပြင်းထန်ထန်ဝေဖန်ပါတယ်။

တနင်္လာနေ့ (စက်တင်ဘာ ၁၂) မှာတော့ The Lady ကို ကနေဒါရုပ်ရှင်ပွဲတော်မှာ စပြပါတယ်။ မကြာခင်မှာ တကမ္ဘာလုံးကို ရုံတင်တော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို သရုပ်ဆောင်ထားတဲ့ မင်းသမီး Michelle Yeoh ကတော့ မီဒီယာနဲ့ ပရိသတ်ကအားပေးရင် အော်စကာဆုရဖို့ မျှော်မှန်းထားတယ်လို့ သတင်းစာ ရှင်းလင်းပွဲတခုမှာ ပြောဖူးပါတယ်။

မြန်မာသရုပ်ဆောင်တွေအတော်များများလည်း ဒီဇာတ်ကားမှာ ပါဝင် သရုပ်ဆောင် ထားကြတာရယ်၊ မြန်မာပြည်အကြောင်းနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဇာတ်ကားဖြစ်လို့ မြန်မာပရိတ်သတ် အတွက်တော့ ကြည့်ကိုကြည့်ရမယ့် ဇာတ်ကား ဆိုတာကတော့ သေချာပါတယ်။

မြန်မာလူထုခေါင်းဆောင်ကိုလည်း အားနာပါရဲ့...။ တကယ်ကြည့်ပြီး တော့မှပဲ ဂါးဒီးယန်းသတင်းစာက ပြောတဲ့အတိုင်း ဟုတ်မဟုတ်၊ ကိုယ်တိုင် အကဲဖြတ်ကြပါတော့ဗျို့...။

ညီစောလွင်

ရည်ညွန်း -- www.guardian.co.uk

Ref : http://myanmardailymail.blogspot.com/


Read More

Popular Posts