'
အမိမြေ

မန္တလေး- မြစ်ကြီးနား ရထားလမ်းအား KIA က မိုင်းထောင်ဖျက်ဆီးသဖြင့် ပြည်သူများဒဏ်ရာရ၊ သွားလာရေး ခက်ခဲလျက်ရှိ

အစိုးရက လမ်းအသစ် တွေဖောက် တံတားအသစ် တွေဆောက် ပြီး နိုင်ငံတိုးတက် အောင်တော့ သူတို့ တက်အား သလောက် ဆောင်ရွက် နေတာ တွေ့မြင် နေရပါတယ်။ အရင် ၁နှစ်လောက် အထိ ကျွန်တော်တို့ ကချင်ပြည်နယ်လေး က အေးအေးချမ်းချမ်းနဲ့ ရောင်းဝယ် ဖောက်ကားလို့ ကောင်းတဲ့ ရေခံမြေခံတွေ သဘာဝ အရင်းအမြစ်တွေနဲ့ ပြည့်နှက်နေ ပါတယ်။ ဒါပေမယ့် ဇွန်လလောက် ကတည်းက တံတားတွေကို မိုင်းတွေခွဲ စစ်ဘက်နဲ့ မဆိုင်တဲ့ နေရာတွေကို ဖျက်ဆီး အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ် မိန်းမတွေကိုလည်း အဓမ္မပြုကျင့် ငယ်ရွယ်သေးသော စာသင်အရွယ် ကလေးငယ် များအားလည်း စစ်သားသစ်စုပြီး အကြမ်းဖက် လုပ်ငန်းတွေကို လုပ်ဆောင်ခိုင်း နေပါတယ်။ 

KIA အကြမ်းဖက်သောင်းကျန်သူများမိုင်ထောင်ဖျက်စီးသွားသော ရထာလမ်းပျက်စီးမှုများ
          ဦးသိန်းစိန် အစိုးရကတော့ သဘောထားကြီးစွာနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေပေမယ့်လဲ ကျွန်တော်တို့ ကချင်ပြည်နယ်က အခုချိန်ထိ မိုင်းကွဲသံတွေက ကြားနေရပြီး ပြည်သူတွေကတော့ ကျီးလန့်စာစားနေရ တုန်းပါဘဲ။ အခုလဲ မန္တလေး မြစ်ကြီးနား အမှတ်(၃၃)အဆန် အိပ်စင်ရထားကို မိုင်းခွဲဖျက်ဆီးလိုက်ပြန်ပါပြီး။ ဧပြီ၂၉ရက်နေ့မနက်၁နာရီလောက်မှာ မော်ဟန်ဘူတာနားမှာ ရထားလာတဲ့အချိန်ကို ကိုချိန်ကိုက်မိုင်းနဲ့ ဖောက်ခွဲခဲ့တာကြောင့် သံလမ်းတွေ ၄ခု ၅ခု လောက်ပျက်ဆီးသွားခဲ့ပါတယ်။ ရထားတွဲ ၈တွဲလည်း လမ်းချော်ခဲ့ ရတယ်။ ညဘက်ကြီးဖြစ်တာကြောင့် ရထားနဲ့ပါလာတဲ့ ကျွန်တော်အပါအ၀င်ခရီးသည်တွေတော်တော်များများ ဒုက္ခရောက်ရပါတယ်။ ခရီးသည်အမျိုးသားတစ်ဦးနဲ့ သံဃာတော်တစ်ဦးလည်း ထိခိုကဒဏ်ရာရခဲ့ပါတယ် ဒဏ်ရာရတဲ့သူတွေကို မိုးညှင်းဆေးရုံသို့တာဝန်ရှိတဲ့သူတွေကပို့ပေးခဲ့ပါတယ်။
          ခရီးသည်တွေကို မြစ်ကြီးနားဘက်မော်ဟန်ဘူတာ သို့ နေ့လည်လောက်မှရထားတစ်စင်းနဲ့ ခရီးသည် တွေကိုလာခေါ်ပါတယ်။ ဖားကန့်ကိုသွားမဲ့သူတွေကိုတော့ မှန်လုံကား၂စီး ဗင်ကား ၄စီးနဲ့လာကြိုပါတယ်။ မြစ်ကြီးနားသွားမယ့် လူတွေကိုတော့ မှန်လုံကားတစ်စီးလာကြိုပါတယ် ကျန်တဲ့သူတွေကတော့ ကိုယ့်အစီအစဉ် နဲ့ သွားကြပါတယ်။ အခုတော့ ရထားမှာတော့ ခရီးသည်တွေတော့ မရှိတော့ပါဘူး ဒါပေမယ့် ရထားလမ်း ကပျက်စီး နေတာကြောင့် ကျန်တဲ့နေရာကိုသွားဖို့လာဖို့ အခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။ သွားလာမှုခက်ခဲ တာကြောင့် ကုန်ဈေးနှုန်းတွေကလည်းမြင့်တက်လာမှာဘဲ။           KIAခေါင်းဆောင်များက ကချင်လူမျိုးအတွက် ဆိုပြီး လုပ်နေတယ် လို့အသံကောင်းဟစ် နေပေမယ့်လည်း လုပ်ဆောင်ချက်တွေက အကြမ်းဖက်လုပ်ရပ်တွေဖြစ် နေတယ်။ 
KIA အကြမ်းဖက်သောင်းကျန်သူများ ရထားလမ်းမိုင်းထောင်ဖျက်ဆီးမှုကြောင့် ဒဏ်ရာရရှိခဲ့သော အပြစ်မဲ့ပြည်သူများ
          KIA က အခုဆိုရင်လမ်းတံတားတွေကိုဖျက်ဆီးနေတာ တံတားအစင်းပေါင်း ၁၁၇စင်းရှိနေပါပြီး ကချင်လူမျိုး ကောင်းစားရေးအတွက်ဆိုပြီးလုပ်ဆောင်နေတဲ့ KIA ခေါင်းဆောင်တွေရဲ့လုပ်ဆောင်ချက်တွေက ကချင်လူမျိုးတွေ မကောင်းစားဘဲ ပျက်စီးဆုတ်ယုတ်မှုတွေဖြစ်ပေါ်နေတာပါ။ ဦးသိန်စိန်အစိုးရအဖွဲ့က တော့ သဘောထားကြီးစွာ လုပ်ဆောင်နေမယ့်အစား ကျွန်တော်တို့ ကချင်လူမျိုးတွေ အေးအေးချမ်းချမ်း နေနိုင်ဖို့အတွက် KIA ခေါင်းဆောင်တွေကို နှိမ်နှင်းပေးသင့်ပါတယ်လို့ကချင်လူမျိုးတစ်ယောက်အနေနဲ့ တောင်းဆိုအပ်ပါတယ်။
Read More

KIA ဖိနှိပ်ခံ ရှမ်းလူမျိုးများဘ၀နှင့် ငြိမ်းချမ်းရေးလိုချင်တဲ့ ကချင်လူမျိုးများရဲ့ ကံကြမ္မာ




မြန်မာနိုင်ငံ ရဲ့ မြောက်ဖျားပိုင်း က ကချင်ပြည်နယ် မှာ ခရိုင်(၄)ခု၊ မြို့နယ်(၈)ခု၊ မြို့နယ်ခွဲ (၁၁)ခုရှိတဲ့ ပြည်နယ် တစ်ခုဖြစ်ပြီး ပြည်နယ် တွင်းမှာ လူဦးရေ (၁၆)သန်းကျော် ရှိပါတယ်။ လူဦးရေ (၁၆)သန်း ရှိပေမဲ့လည်း မြန်မာပြည် အနှံ့အပြား နေရာဒေသ အမျိုးမျိုးမှ လူမျိုးပေါင်းစုံ လာရောက် စီးပွားရှာကြတဲ့ ပြည်နယ် တစ်ခု ဆိုရင်လည်း မမှားနိုင်ပါဘူး။ အဓိကနေထိုင်သူများကတော့ ကချင်လူမျိုး(၅) သိန်းကျော်၊ ဗမာလူမျိုး(၄) သိန်းကျော်၊ ရှမ်းလူမျိုး(၃) သိန်းကျော်နှင့် အခြားတိုင်းရင်းသားပေါင်းစုံ(၃)သိန်းကျော် နေထိုင်တဲ့ပြည်နယ် တစ်ခုလို့ ဆိုနိုင် ပါတယ်။
အပစ်အခတ်တွေမရှိတဲ့အချိန်မှာ တိုင်းရင်းသားများပျော်ရွှင်အေးချမ်းစွာ စီးပွားရှာခဲ့ကြတဲ့ ပြည်နယ်ကြီးဟာ ၂၀၁၁ ခုနှစ်၊ ဇွန်လကစတင်ပြီး အစိုးရနဲ့တိုက်ပွဲများပြန်လည်စတင်ခဲ့ပါတယ်။ တိုက်ပွဲများစတင်ခဲ့ကြပြီး ငြိမ်းချမ်းရေး အတွက် အပြန်အလှန်ဆွေးနွေးခဲ့ကြပေမဲ့လည်း ငြိမ်းချမ်းရေးအတွက် အဓိပ္ပါယ်ဖွင့်ဆိုခြင်း မတူညီခဲ့ကြခြင်းကြောင့် ကိုယ့်နယ်မြေကိုကာကွယ်သွားမယ်ဆိုတဲ့ မတူညီတဲ့အကြောင်းပြချက်နဲ့ အချိန်ကာလ ကြာလာတာနဲ့အမျှတိုက်ပွဲများ ပြင်းထန်လာခဲ့ကြပါတယ်။
KIA က အစိုးရတပ်ကို တိုက်ခိုက်နိုင်ဖို့ဆိုရင်တော့ လူအင်အား၊ လက်နက်အင်အားရှိဖို့လိုအပ်ပါတယ်။ လက်နက်အတွက်ကတော့ ငွေကြေးအင်လားရှိတဲ့ KIA အတွက် အခက်အခဲမရှိပေမဲ့ လူအင်အားရဖို့အတွက် အနည်းဆုံးတော့ KIA တပ်ဖွဲ့အတွင်း ၀င်ရောက်လာအောင်စည်းရုံးရမှာပါ။ KIA နဲ့အစိုးရတပ်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲများက ရှည်ကြာလာတဲ့အတွက် လူအင်အားလျော့နည်းလာခဲ့လို့ ဒီလိုမျိုးစည်းရုံးရေးတွေ လုပ်နေမယ် ဆိုရင် KIA အဖွဲ့အတွက် အချိန်တိုအတွင်းအင်အားများများရရှိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် လက်နက်ဖြင့်ခြောက်လန့် ပြီး အတင်းအဓမ္မ စည်းရုံးခဲ့ရတယ်ဆိုတာ KIA မှ ပြန်ထွက်ပြေး အလင်းဝင်လာခဲ့ကြသူများမှ သက်သေပြနေပါတယ်။
          နိုင်ငံရဲ့ဝိသေသအရ နေရာဒေသအနှံ့အပြားမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူတကွ နေထိုင်ကြပါတယ်။ ကချင်ပြည်အတွင်းမှာ ရှမ်းလူမျိုးများနေထိုင်ကြသလို ရှမ်းပြည်နယ်အတွင်းမှာလည်း ကချင်လူမျိုးများ နေထိုင်ပါတယ်။ ကချင်ပြည်နယ်နဲ့ ကချင်လူမျိုးကောင်းစားရေးလို့အကြောင်းပြခဲ့တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) မှာတော့ ကချင်ပြည်နယ်မှာနေထိုင်ကြတဲ့ ရှမ်းလူမျိုးများပါဝင်နေလို့ ထူးခြားတဲ့အဖွဲ့အစည်း တစ်ခုလို့ဆိုရမှာပါ။ KIA ဟာ ကချင်ပြည်နယ်၊ ကချင်လူမျိုးကောင်းစားရေးအတွက် တိုက်ခိုက်နေတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်လို့ ကချင်လူမျိုးများနဲ့ဖွဲ့စည်း သင့်ပေမဲ့ KIA ရဲ့အင်အားတစ်ဝက်လောက်ဟာ ရှမ်းလူမျိုးတွေပါဝင်နေပါတယ်။
KIA မှအတင်းအဓမ္မဖမ်းဆီးခံရလို့ စိတ်မပါပဲအမှုထမ်းနေရတဲ့ ရှမ်းလူမျိုးများဟာ ကချင်လူမျိုး KIA တပ်ဖွဲ့ဝင် တွေလောက် အခွင့်အရေးတွေမရခဲ့ကြပါဘူး။ ရှမ်းလူမျိုး KIA စစ်သားများဟာ ကချင်လူမျိုး KIA စစ်သားတွေ မသွားချင်တဲ့ရှေ့တန်းတွေကို အများဆုံးသွားရပါတယ်။ ကချင်လူမျိုး KIA စစ်သားတွေကိုသာ ရာထူးအဆင့် တိုးပေး ခြင်း အရေးကြီးနေရာများကို ကချင်လူမျိုးများကိုသာ တာဝန်ပေးပါတယ်။ ရှမ်းလူမျိုး KIA တပ်ဖွဲ့ဝင်တွေဟာ ဘယ်လောက်ပဲအရည်အချင်းရှိရှိ ကချင်လူမျိုးတွေလောက် အခွင့်အရေးမရကြပါဘူး။ KIA ထဲကိုဝင်လာချိန်မှာလည်း ဖမ်းဆီးခြိမ်းခြောက်ခံရလို့ ၀င်လာသူများဖြစ်တဲ့အတွက် ရှမ်းလူမျိုးတပ်ဖွဲ့ဝင်များအပေါ် အယုံအကြည်မရှိပဲ အမြဲတမ်း စောင့်ကြည့်ခံနေရတဲ့အတွက် KIA မှ ရှမ်းလူမျိုးများအပေါ် လူမျိုးရေး ခွဲခြားဖိနှိပ်ဆက်ဆံမှုတွေ ရှိနေတယ်ဆိုတာ သိသာထင်ရှားပါတယ်။
KIA မှ ရှမ်းလူမျိုးများအပေါ်မတရားသတ်ဖြတ်ခဲ့တဲ့ စပေါ့ချောင်းမှော် လူသတ်ပွဲကြီးဟာ ရှမ်းလူမျိုးများ အတွက် ဘယ်လိုမှဖျောက်ဖျက်လို့မရပဲ ရှမ်းလူမျိုးများရဲ့ သမိုင်းဝင်ဖိနှိပ်ခံရမှုလို့ ဆိုရမှာဖြစ်ပါတယ်။ ဟိုးယခင်တုန်း ကတည်းက ဖိနှိပ်ခံလာရတဲ့ရှမ်းလူမျိုးများဟာ ယနေ့ထိ KIA ရဲ့ဖိနှိပ်မှုအောက်က မလွတ်မြောက်သေးတာကို တွေ့မြင်ကြားသိနေရပါတယ်။ ရှမ်းလူမျိုးတွေနေတဲ့ တာလောကြီးရွာကို အစိုးရတပ် များရှိနေကြောင်း အကြောင်းပြပြီး ရွာအတွင်းပစ်ခတ်ခဲ့တဲ့အတွက် ရွာမှာရှိတဲ့ ဘုန်းကြီးကျောင်း (၁)ကျောင်း၊ စာသင်ကျောင်း(၅)ကျောင်း၊ ရွာသား (၅) ဦး သေဆုံးသွားခဲ့တဲ့အပြင် တာလောကြီးရွာသူ ရှမ်းအမျိုးသမီး ၄ ဦးကိုလည်း KIA မှ မုဒိမ်းကျင့်ခဲ့ကြတာဟာ ရှမ်းလူမျိုးများမှ KIA အဖွဲ့အပေါ်မေ့မရနိုင်တဲ့ ရက်စက်မှုများပဲဖြစ်ပါတယ်။
KIA တပ်ဖွဲ့အတွင်းမှာလည်း မတရားဖမ်းဆီးခံရတဲ့ KIA တပ်ဖွဲ့ဝင်ဖြစ်သွားခဲ့ကြတဲ့ ရှမ်းလူမျိုးများ မှာလည်း အကြောင်းအမျိုးမျိုးပြ နှိပ်စက်ခံနေရပါတယ်။ ဒီလိုမျိုးလူမျိုးရေးခွဲခြားဖိနှိပ်တာကို မခံနိုင်လို့ ရှမ်းလူမျိုး KIA တပ်ဖွဲ့ဝင် များဟာ ထွက်ပြေးပြီးအစိုးရတပ်မှာ သွားရောက်ပူးပေါင်းနေကြတဲ့အတွက် ယခုလိုအခြေအနေမျိုးမှာ ဖိနှိပ်မှုတွေပိုမို ပြင်းထန်လာနိုင်ပါတယ်။ တာလောကြီးရွာသားများကိုးကွယ်တဲ့ ကျောင်းထိုင်ဘုန်းကြီး ဆရာတော်ကို ထွက်ပြေးသွား သူများကို အကူအညီပေးကြောင်းစွပ်စွဲပြီး ရက်ရက်စက်စက်သတ်ဖြတ်ပစ်ခဲ့တာတော့ အလွန်ပဲနာကျည်းစေတဲ့ လုပ်ရပ်လို့ပြောရမှာပါ။
မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ဖားကန့် ဒေသတွေဟာ ရှမ်းလူမျိုးတွေ အများစုနေထိုင်ရာ ဒေသတွေဖြစ်ပြီး KIA ရဲ့ လူသစ်စုဆောင်းမှု၊ ဆက်ကြေးတောင်းခံမှု တောင်ယာလုပ်ကိုင်ခွင့် ကန့်သတ်ပိတ်ပင်မှုများ အများဆုံး ခံကြရပါတယ်။ KIA တပ်ဖွဲ့အတွင်းရှိနေတဲ့ ရှမ်းလူမျိုးများဟာ လူမျိုးခွဲခြားဖိနှိပ်မှုပိုမိုဆိုးရွားစွာခံနေရသလို ၊အစိုးရတပ် တွေနဲ့ တိုက်ပွဲတွေမှာလည်းကျဆုံးမှုများလာပါတယ်။ KIA လူမျိုးရေးခွဲခြားထောက်ပံ့မှုများကြောင့် အနေဆင်းရဲ အစားဆင်းရဲပြီး ပြင်းထန်တဲ့ ရာသီဥတုဒဏ်ကြောင့် ကျန်းမာရေးထိခိုက်လာပြီး ဆေးကုသရန်အတွက် ဆေးဝါး မလုံလောက်တဲ့ ဆင်းရဲဒုက္ခများကို ခက်ခဲပင်ပန်းစွာ ရင်ဆိုင်နေရပါတယ်။ မိုင်းထောက်ဖောက်ခွဲရာမှာလည်း ကျွမ်းကျင်မှုမရှိခြင်းကြောင့် ကိုယ့်မိုင်းနဲ့ကိုယ် သေဆုံးဒဏ်ရာရမှုများနဲ့ ရင်ဆိုင်နေရပါတယ်။ မကြာခင်က KIA တပ်မဟာ(၅)မှ တပ်ကြပ်ကျော်ဆန်း ရှမ်းလူမျိုးဦးဆောင်သည့် တပ်ဖွဲ့ဝင်(၄၂)ဦးဟာ အလင်းဝင်ရောက်လာခဲ့ပါပြီ။ ဒီလိုမျိုးပင်ပန်းဆင်းရဲမှုနဲ့ မတရားနှိပ်စက်မှုကိုမခံနိုင်တဲ့ ရှမ်းလူမျိုးအများစုပါဝင်တဲ့ KIA တပ်ဖွဲ့ဝင်တွေဟာ နေ့စဉ်လိုလို အစိုးရတပ်စခန်းတွေမှာ အလင်းဝင်ရောက် နေကြပါတယ်။
ကချင်ပြည်နယ်မှာ လက်ရှိဖြစ်နေတဲ့ အစိုးရနဲ့ KIA တို့ရဲ့ တိုက်ပွဲများ အဆုံးမသတ်နိုင်တဲ့အပြင် KIA ခေါင်းဆောင်ပိုင်းရဲ့ လူမျိုးခွဲခြားမှု၊ ဖိနှိပ်ရက်စက်မှုများကြောင့် ရှမ်းနဲ့ ကချင်လူမျိုးများအကြား ဖိနှိပ်မှုစစ်ပွဲများထပ်ပြီး ကြုံတွေလာမယ်ဆိုပါက ကချင်ပြည်နယ်နဲ့ ကချင်လူမျိုးများ၏ ကံကြမ္မာလို့ပဲဆိုရတော့မှာဖြစ်ပါတယ်။

Read More

SSA (၀မ်ဟိုင်း)မှ အခွန်ကောက်ခံခြင်းအပေါ်KIA မကျေနပ်


ကချင်ပြည်နယ်KIA နယ်မြေအတွင်းမှ သျှမ်းလူမျိုးများ နေထိုင်တဲ့ ကျေးရွာများမှာ SSA ၀မ်ဟိုင်းအဖွဲ့မှ အခွန်အခများ ၀င်ရောက်ကောက်ခံနေတဲ့အတွက် ဒေသခံ ရွာသားများကို အခွန်မပေးဆောင်ရန် KIA မှ တားမြစ်လျက်ရှိပါတယ်။ ဧပြီလ ၁၅ ရက်နေ့က ကချင်ပြည်နယ် နောင်မွန်ရွာမှ တရုတ်နိုင်ငံဘက် သို့ မီးသွေးနဲ့ အထည်အလိပ်များ ပို့ဆောင်နေတဲ့ ဆိုင်ကယ် ကယ်ရီများကို SSA အဖွဲ့မှ အခွန်ကောက်ခံခဲ့ပါတယ်။ အခွန်ကောက်ခံသည့်ရွာမှာ KIA နယ်မြေဖြစ်ပြီး SSA မှ အခွန်ကောက်ခံနေခြင်းကို KIA အဖွဲ့မှတားမြစ်ခဲ့တဲ့အတွက် နှစ်ဖက်ပြဿနာဖြစ်ပွားခဲ့ပါတယ်။ နောက်ထပ် လာရောက် အခွန်ကောက်ခံပါက မပေးဆောင်ရန်နှင့် ပေးဆောင်သူများအား ကချင်ပြည်နယ် အတွင်းမှ နေထိုင်ခွင့်ပြုတော့မှာ မဟုတ်ကြောင်း KIA အဖွဲ့မှ နောင်မွန်ရွာမှာနေတဲ့ သျှမ်းလူမျိုးများကို ကြိမ်းမောင်း ပြောဆိုခဲ့ပါတယ်။
SSA အဖွဲ့နှင့် KIA တို့ဟာ ပြည်ပအဆက်အသွယ် စစ်သင်တန်းကိစ္စများမှာ ပူးပေါင်းလုပ်ကိုင် အပြန်အလှန် ကူညီဆောင်ရွက်ခဲ့ကြတဲ့ အဖွဲ့နှစ်ဖွဲ့ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ KIA တပ်ဖွဲ့အတွင်းမှာရှိတဲ့ သျှမ်းလူမျိုးများနှင့် ကချင်ပြည်နယ်အတွင်းမှာနေထိုင်တဲ့ သျှမ်းလူမျိုးများကို မတရားဖိနှိပ်ကာ အနိုင်ကျင့်မှုများ ပြုလုပ်လာသည့်အပြင် KIA မှ သွေးကွဲစကားပြောလာတဲ့အတွက် SSA ၀မ်ဟိုင်းမှ KIA အဖွဲ့အား မကျေနပ်မနပ်ဖြစ်နေပါတယ်။
KIA အဖွဲ့အတွင်းတွင် လူမျိုးရေးခွဲခြားမှုများရှိနေပြီး အထူးသဖြင့် KIA အတွင်းမှ သျှမ်းလူမျိုးများကို မတရားဖိနှိပ်ပြီး ခွဲခြားဆက်ဆံကြပါတယ် နောက်ပိုင်းမှာ ကချင်ပြည်နယ်မှာရှိတဲ့ သျှမ်းလူမျိုးများကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခြင်း၊ သတ်ဖြတ်ခြင်းများကို ပိုပြီးလုပ်လာခဲ့ပါတယ်။ KIA အဖွဲ့မှ အတင်း အကြပ်စုဆောင်းခံရတဲ့ သျှမ်းမျိုးနွယ် KIA ရဲဘော်များကို ပြန်လည်ဖမ်းမိပါကသတ်ပစ်ဖို့အထိ အမိန့်ထုတ်ထား ပါတယ်။ အလင်းဝင်ရောက်သွားသူ အများစုအတွင်းမှာလည်း သျှမ်းလူမျိုးအများစု ပါဝင်နေတဲ့အတွက် တပ်ဖွဲ့အတွင်းမှာကျန်နေတဲ့ သျှမ်းမျိုးနွယ်များကို အထူးသတိထားစောင့်ကြည့်ရန် အမိန့်ပေးထားပါတယ်။
သျှမ်းမျိုးနွယ်များ KIA မှ အတင်းအကြပ်အင်အားဖြည့်တင်းနေတာကို SSA မှ စာဖြင့်ပေးပို့ အကြောင်းထားရှိပေမဲ့လည်း KIA ဘက်မှ အကြောင်းပြန်ကြားဖြေရှင်းထားခြင်းမရှိပါဘူး။ KIA နယ်မြေအတွင်း သျှမ်းရွာမှာ အခွန်ကောက်ယူခြင်းနဲ့ ပက်သက်ပြီး KIA မှ တားမြစ်ပိတ်ပင်လိုက်သည့်အပေါ်မှာ SSA အဖွဲ့မှ KIA အဖွဲ့အား တုံ့ပြန်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။
KIA မှ သျှမ်းတပ်ရင်းဖွင့်ရန် ပြင်ဆင်နေတဲ့အတွက် သျှမ်းလူမျိုးများကို အတင်းအဓ္ဓမ မတရားစုဆောင်းနေပါတယ်။ မတရားစုဆောင်းခံရသည့်အတွက်ကြောင့် KIA မှ ထွက်ပြေးလာသူများမှာလည်း များပြားလာပါတယ်။ တာလောကြီး ဒက္ခိဏာရာမကျောင်းမှ သျှမ်းလူမျိုးကျောင်းထိုင်ဆရာတော်အား သျှမ်းလူမျိုးများကို အကူအညီပေးသည်ဟု အကြေားပြစွပ်စွဲပြီး သတ်ဖြတ်ပစ်ခဲ့ပါတယ်။ တာလောကြီးရွာသူ လေးဦးကိုလည်း ဖမ်းခေါ်သွားပြီး မတရားနှိပ်စက် မုဒိမ်းကျင့်ခဲ့ကြတဲ့အတွက် ကချင်ပြည်နယ်အတွင်းက သျှမ်းအမျိုးသမီးများမှာ ကြောက်လန့်နေကြရပါတယ်။
KIA မှ သျှမ်းလူမျိုးများအပေါ် လူမျိုးရေးခွဲခြားဆက်ဆံမှုများ၊ မတရားဖိနှိပ်အနိုင်ကျင့်မှုများ၊ နယ်မြေသတ်မှတ်ချက်များကြောင့် SSA နှင့် KIA ဆက်ဆံရေးမှာ တင်းမာလာနိုင်ပြီး တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ် ပွားလာမှာကို တိုင်းရင်းသားအရေး၊ နိုင်ငံအရေးလေ့လာသူများက စိုးရိမ်လျက်ရှိပါတယ်။
Read More

ပြည်သူ+ တပ်မတော်+ တိုင်းရင်းသားပါတီများ+ NLD+ ပြည်ခိုင်ဖြိုး+ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ = ဒီမိုကရေစီ

ငါတို့တွေ ငယ်ငယ်ရွယ်ရွယ်နဲ့ အမိအိမ်၊ ဆွေမျိုးသားချင်းတွေနဲ့ခွဲခွာခဲ့ရတယ်။ ကိုယ်နဲ့ရွယ်တူတွေ လူငယ်ဘ၀ကို ပျော်ပျော်ပါးပါးနေနေရတဲ့အချိန်မှာ မိမိအသက်တွေကို နိုင်ငံအတွက် စွန့်လွှတ်ဖို့ သစ္စာဆိုပြီး တပ်မတော်ထဲကို ၀င်လာခဲ့ကြတယ်။ ငါတို့တွေ တပ်မတော်ထဲရောက်လာလို့ တပ်မတော်သားလို့ခေါ်ကြပေမယ့် ငါတို့တွေ အတွက်ကတော့ ပြည်သူက မွေးပြီး ပြည်သူထဲက ပေါက်ဖွားလားတဲ့ ပြည်သူ့သားလို့ ခံယူထားကြတယ်။ အခုချိန်မှာ ငါတို့တွေအကောင်းဆုံးဖြစ်အောင် ၀ိုင်းဝန်းကြိုးစားနေကြတယ် ။ မကောင်းတဲ့သူတချို့ကြောင့် ငါတို့ကိုပါ ၀ါးလုံးရှည်နဲ့ သိမ်းကြုံးရမ်းခံနေရတယ်။ အဲလိုရမ်းခံရတာထက် တပ်မတော်သားနဲ့ ပြည်သူကို ခွဲခြားခံထားရတာဟာ ငါတို့အတွက် စိတ်မကောင်းအဖြစ်ဆုံး ခံစားရအခက်ဆုံး အဆိပ်တခွက်ပါ။ ဖြစ်နိုင်ရင် တပ်မတော်ဆိုတဲ့နေရာမှာတောင် ပြည်သူတွေထဲကပြည်သူ့တပ်မတော် လို့သာပြောင်းပေးလိုက်စေချင်တယ် ။ အားလုံးဟာပြည်သူပဲမို့ ငါတို့တွေဟာ ငါတို့နိုင်ငံကိုချစ်ကြတယ်၊ နိုင်ငံကိုဖွံ့ဖြိုးတိုးတက်၊ ထာဝစဉ် ငြိမ်းချမ်း သာယာတာ မြင်ချင်ကြတယ် ။ ရည်မှန်းချက်ချင်းတွေတူကြတာမို့ ပြည်သူတွေထဲက အဖွဲ့အစည်းတွေမှာ မကောင်းတဲ့သူတွေ့ရင်တောင် သွေးခွဲ ပစ်ပယ်သလို ဖြစ်မယ့်စကားတွေကို ရှောင်ရှားပြီး အေးဆေးစွာနဲ့ ဖြေရှင်းရမယ့် ကောင်းသော ထောက်ပြမှုများနဲ့ ၀ိုင်းဝန်းပြုပြင်သွားကြရမယ်။ ယခုမျက်မှောက်ကနေစပြီး ငါတို့တွေ အချင်းချင်း ညီရင်းအကိုပမာ သွေးစည်းညီညွတ်စွာ နားလည်မှုအပြည့်နဲ့ ချစ်ချစ်ခင်ခင် ဆက်ဆံသွားနိုင်အောင် ငါတို့ ၀ိုင်းဝန်းကြိုးစားကြမယ်။ နောက်ဘယ်အဖွဲ့အစည်း ၊ ပုဂ္ဂိုလ်ကမှ ကိုယ့်ပြည်သူအချင်းချင်းပေါ်မှာ အနိုင်ကျင့်၊ တစ်ဖက်သတ်ဆက်ဆံတာမျိုးတွေမရှိအောင် ကိုယ့် နီးစပ်ရာအဖွဲ့အစည်းကနေပြီး တယောက်နဲ့တယောက် ၀ိုင်းဝန်းထိန်းသိမ်းကာ အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားကြမယ်။ နောက်တပ်မတော်သားဆိုပေမယ့် အခြားကျန်တဲ့ပြည်သူတွေလို ခံစားချက်ရှိတဲ့ သာမန်လူသားတွေဖြစ်သလို ပြည်သူထဲကပေါက်ဖွားမွေးထွက်လာတဲ့ ပြည်သူကမွေးတဲ့ပြည်သူ့သားတွေမို့ ပြည်သူပါပဲ။ပြည်သူတွေ တပ်မတော်အပေါ် မကျေမနပ်တာတွေရှိခဲ့ရင်လဲ အခုချိန်မှာ ကျေလည်ပေးပါ။ မကောင်းတဲ့သူရှိနေရင်တောင် အဖွဲ့အစည်းတခုလုံးကို ထိခိုက်တာထက် ကိုယ့်ပြည်သူ၊ပြည်သားကို ပစ်ပယ်သလိုဖြစ်နေတာ၊ သီးခြားဖြစ်နေပြီး စိတ်သဘောထားကွဲလွဲနေကြတာတွေကို မဖြစ်အောင်ကြိုးစားမယ်။ လူ့ဘောင်အဖွဲ့အစည်းတိုင်းမှာ လက်အတိုအရှည်မညီသလို လူတွေရဲ့ စိတ်ဓတ်တွေဟာလဲ အမျိုးမျိုးပဲမို့ အမြင်ချင်းကွဲပြီး သဘောထားမတိုက်ဆိုင်တာလေးတွေ ရှိနေတက်သလို ကောင်းတဲ့သူနဲ့ မကောင်းတဲ့သူ ရောနေတက်ပါတယ်။ အဲလိုမကောင်းတဲ့သူရှိနေရင်တောင် ငါတို့တွေက သူတို့တွေကို တက်နိုင်သလောက် နားလည်မှုပေးပြီး စိတ်ထားမေတ္တာအမှန်နဲ့ ထောက်ပြပေးရင် လက်တွဲခေါ်သွားနိုင်မယ်။ တပ်မတော်ကြီးမှာလဲ မတစ်ထောင်သားတွေနဲ့ ဖွဲ့စည်းထားတော့ လူမျိုးပေါင်းစုံ၊ စိတ်ဓတ်မျိုးစုံနဲ့ ရင်ဆိုင်ဖြတ်သန်းခဲ့ရတာတွေ မတူကြတာကြောင့် လိုအပ်ချက်လေးတွေ အမြဲလိုလို ရှိနေတက်ပါတယ်။ ယခုလက်ရှိမှာ ငါတို့တွေသေချာပြောနိုင်တာကတော့ ငါတို့တွေအားလုံးဟာ အဲဒီလိုအပ်ချက်လေးတွေကို အကောင်းဆုံးပြည့်စုံကောင်းမွန်နေအောင် ကြိုးစားနေကြတယ်။ တပ်မတော်သားလဲ ပြည်သူပဲဖြစ်တာမို့ ပြည်သူရဲ့ ခံစားချက်ကို ကောင်းကောင်းနားလည်ပါတယ်။ ပြည်သူ့ဘက်ကနေအကောင်းဆုံးရပ်တည်ပေးသွားနိုင်အောင် ကျွန်တော်တို့မျိုးဆက်သစ်တွေမှာ ကြိုးစားသွားချင်တာကြောင့် တပ်မတော်သားပြည်သူနဲ့ နိုင်ငံတွင်းကကျန်တဲ့ပြည်သူတွေနဲ့ ခွဲခြားတာမျိုးတော့မဖြစ်စေချင်ပါ။ အခုချိန်ထိ ကောင်းအောင်လုပ်ချင်ကြိုးစားနေချင်တဲ့သူတွေပါ ရောရောင်မိုးမွှန်အောင် ဆဲခံရတာထက် အရင်နှစ်၂၀ကျော် ကျွန်တော်တို့ ကလေးဘ၀ကလိုအပ်ချက်တွေ ဖြစ်ပျက်ပြီးခဲ့တဲ့ ထိုးနှက်ချက်တွေနဲ့ ကိုယ့်လူမျိုးချင်းခွဲခြားခံနေရတာ ကြိုးစားချင်စိတ်ရှိတဲ့သူတွေမှာတောင် အားအင်မရှိအောင် ခံစား ရင်နာမိရတယ်။ နောက်ယခုလူငယ်တွေဟာ နောင်တခောတ်ရဲ့ အနာဂတ်မြန်မာနိုင်ငံတော်ကို ပုခုံးပြောင်းတာဝန်လွှဲပြောင်းယူရမယ့် သူတွေဖြစ်တာကြောင့် ခုချိန်မှာတော့ အချင်းချင်းအမြင်မကြင်လင်တာလေးတွေ ကင်းရှင်းသင့်ပြီ။ အရေးအခင်းတွေဖြစ်တုန်းက တပ်မတော်ပေါ်မကျေနပ်ခဲ့တာတွေရှိမယ်။ ကျွန်တော်တို့နားလည်ပါတယ် အားလုံးရဲ့ခံစားချက်တွေကို။ နောက်အဲဒီအချိန်မှာလဲ တပ်မတော်သားတွေရဲ့အမျိုးတွေအသက်မပါဘူးလို့ ဘယ်သူပြောနိုင်မလဲ???။ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်လာရင် အတက်နိုင်ဆုံး ကောင်းမွန်စွာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အေးဆေးဖြေရှင်းရမယ့်နည်းကိုသုံးနိုင်ရင်အကောင်းဆုံးပါ။ ဖြစ်ခဲ့တာတွေကတော့ အစိုးရကော၊ အတိုက်အခံဘက်ကကော ၂ဘက်လုံးက လိုအပ်ချက်တွေရှိခဲ့လို့ပဲ။ နောက်မြန်မာလူမျိုးတချို့ရဲ့ အမြင့်ရောက်ရင် နထင်သွေးရောက် ဘ၀င်မြင့်လေဟပ်ချင်ကြတယ်။စင်ပေါ်ရောက်ရင် ဟောက်ချင်တယ်၊ဟိန်းချင်တယ်၊ ပါဝါပြချင်တယ်.. အဲဒီမကောင်းတဲ့စိတ်ဓတ်တွေကို ပြင်ရမယ် (ကျွန်တော့်ကိုတောင် ပါဝါပြဟောက်တာကိုယ်တွေ့ခံခဲ့ရဖူးတယ် ဖြစ်ပုံကတော့ ကျွန်တော်ဦးလေးတယောက်ကားနဲ့တုန်းက လမ်းချပေးမရတဲ့ လမ်းကျဉ်းကျဉ်းလေးမှာ ဆိုင်ကယ်နဲ့ အဖွဲ့အစည်းတခုက မလောက်လေး မလောက်စား၂ယောက်က ဟောက်စားလုပ် ပါဝါပြသွားတယ်)။ တပ်မတော်သားထဲမှာလဲ ရှိကောင်းရှိနေနိုင်ပါတယ်။ ရှိနေရင်လဲ ၀ိုင်းဝန်းထိန်းသိမ်းကြရမှာ ကျွန်တော်တို့တာဝန်ဖြစ်သလို အားလုံးရဲ့ညီညွတ်မှုနဲ့ ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမယ်။ အဲလိုစိတ်ဓတ်တွေဟာ တပ်မတော်အဖွဲ့အစည်းတခုထဲမှာမှ ရှိတက်တာမဟုတ်ပါဘူး၊ အခြားအဖွဲ့အစည်းတွေ၊ ကျန်တဲ့ပြည်သူတွေမှာလဲ အပုံကြီးပါ။ နောက်တပ်မတော်ဆိုတာက ပြည်သူဆိုတဲ့ စက်ရုံထဲက ထွက်လာတဲ့ ပြည်သူတွေပါ။ခြေမမကောင်းခြေမပေါ့။နိုင်ငံမှာတပ်ကိုခွဲထုတ်ပစ်ပါယ်ထားလို့လဲမရနိုင်သလို ပြည်သူကို တပ်မတော်ကလဲ ပစ်ထားလို့မရပါ။ ပြည်သူချစ်တဲ့ အားကိုး အားထားရတဲ့ တပ်မတော်ဖြစ်အောင်လဲ ကျွန်တော်တို့ ယခုအချိန်မှာ အတက်နိုင်ဆုံး ပြည်သူယုံကြည်မှုရှိအောင် အထက်အောက်စည်းလုံးညီညာစွာနဲ့ ၀ိုင်းဝန်းကြိုးစားသွားချင်ပါတယ်။ အမြဲတမ်း တပ်မတော်က ပြည်သူ့ဘက်ကရပ်တည်ကာကွယ်ပေးကာ ပြည်သူကို မိဘပမာ ဦးထားဂိုဏ်းထားကာ ဆက်ဆံသွားချင်သလို ပြည်သူ့ဘက်ကလဲ တပ်မတော်သားများအပေါ် နားလည်မှုအပြည့်အ၀နဲ့ လိုအပ်ချက်ရှိနေတဲ့ တပ်မတော်သားတချို့ ရှိရင်တောင် ညီရင်းအကိုပမာ တယောက်နဲ့တယောက် ၀ိုင်းဝန်းထိန်းသိမ်းပေးပြီး အချင်းချင်းလေးစားမှုလေးတော့ရှိပေးပါ။ လူတိုင်းမှာ အမှားကိုယ်စီမကင်းကြပါဘူး ကိုယ်ကိုယ်တိုင်တောင်အမှားကင်းအောင်နေဖူးလားဆိုတောင် ကိုယ်တိုင်ပြန်မေးကြည့်ပါ??? အဲ့တော့ ခံစားချက်ကို နောက်မှာထားပါ ခု လက်တွဲဖို့ လိုတဲ့ ချိန်မှာ လက်တွေကို တစ်ယောက်နဲ့ တစ်ယောက်ယုံကြည်စွာကမ်းလိုက်ကြပါဗျာ။ကိုယ်စီကိုယ်စီ ကိုယ်တိုင် ပြုပြင်သွားရင်းနဲ့မှ ကိုယ်လိုချင်တာကို ရမှာပါ ။သူ့ကြောင့် ငါ့ကြောင့် လက်ညှိုးလိုက်ထိုးလိုက် လူတကာကို အပြစ်လိုက်ရှာလိုက် အပြစ်ပုံချလိုက်နဲ့ကတော့ လိုချင်တဲ့ယုံကြည်မှုတွေတည်ဆောင်နိုင်မှာမဟုတ်ပါဘူး။ အရေးကြီးဆုံးကတော့ မိမိကိုယ်သာ မိမိ လိုအပ်တာတွေကို ပြုပြင်ကြဖို့ပါ ။ နောက်ခုချိန်မှာ ကျွန်တော်တို့တပ်မတော်သားတွေအားလုံးဟာလဲ နားလည်မှုတည်ဆောင်နိုင်အောင် အတက်နိုင်ဆုံးကြိုးစားနေကြပါတယ်။ဘယ်သူတွေတက်တက် နိုင်ငံအတွက် ဘာတွေများလုပ်ပေးနိုင်မလဲဆိုတာကိုပဲ စောင့်ကြည့်နေတာပါ ။တပ်မတော်သားတွေအတွက်ကတော့ ဘယ်သူအုပ်ချူပ်နေပါစေ ကျရာတာဝန်ကို ထမ်းဆောင်ရမှာပါ။ အဲဒီတာဝန်ကလဲ ယခုချိန်ကစ၍ ပြည်သူကိုကာကွယ် အရေးပေး ပြည်သူ့ဆန္ဒကို အရင်ဆုံးကြည့်တဲ့ တပ်မတော်ဖြစ်သွားအောင် ကျွန်တော်တို့တွေ ကြိုးစားသွားချင်တယ်။ ပြည်သူတွေအနေနဲ့ တပ်မတော်သားထဲက မဟုတ်မမှန်တာလုပ်တဲ့သူရှိတယ်ဆိုရင်တောင် အချက်အလက်ပြည့်ပြည့်စုံစုံ တိတိကျကျနဲ့ အဖွဲ့အစည်းတခုလုံးကို အပြစ်ပြောတာမျိုးမဟုတ်ပဲ တိကျစွာ ထောက်ပြပါ အချို့သောသူတချို့ရဲ့ အဲဒီလိုအပ်ချက်တွေကြောင့် ပြည်သူနဲ့ တပ်မတော် သွေးခွဲခံရမှာ မို့ပါ။ အဲလိုသူတွေရှိနေရင်လဲ အားလုံးဝိုင်းပြီး အရေးယူသွားနိုင်အောင် ကျွန်တော်တို့ကပါ ၀ိုင်းဝန်းကူညီဆောင်ရွက် တိုက်ဖျက်သွားပါ့မယ်။နောက်အရင်က လိုအပ်ချက်မျိုးတွေရှိခဲ့ရင်တောင် အဲဒါမျိုးတွေ ယခုမျက်မှောက်မှာ ကျွန်တော်တို့ မဖြစ်အောင် ကြိုးစားသွားမယ်။ အချို့သူတွေက စစ်တပ်ကို ကြည့်မရဘူးတွေ ဘာတွေ ပြောနေရအောင် ပြီးတော့ သူများနိုင်ငံတွေကိုတိုးတက်တယ်ပြောရအောင် ၊ ကိုယ့်နိုင်ငံမှာ အဲလိုသူမျိုးတွေဘယ်သူကရော လိုလိုလားလားနဲ့ စစ်မှုထမ်းဖို့ ပြင်ဆင်ထားကြလို့လဲ စစ်မှုတစ်ရက်တောင် မထမ်းဖူးတော့ တပ်မတော်သားတွေရဲ့ နေရာမှာ ၀င်မခံစားဘူးတော့ အရင်နာကျည်းချက်တွေနဲ့ ယခုတိုင်တဖက်အစွန်းရောက်ကြည့်နေတာဟာ ကောင်းအောင်ကြိုးစားနေချင်တဲ့သူတွေကိုပါ ထိုးနှက်မှုတခုဖြစ်ပေါ်စေနိုင်ပါတယ်။ အဲဒါကြောင် မိမိသာ အဓိက ဖြစ်သည် မိမိတစ်ဦးတစ်ယောက်ချင်းကောင်းမှ တိုင်းပြည်တိုးတက်မည်။ ပြည်သူအားလုံးကလဲ စစ်တပ်ကို မမုန်းဘူးဆိုတာ ယုံပါတယ်။စစ်တပ်ဆိုတာ နိုင်ငံရဲ့အသက်ပါ.. အဲဒီအသက်က တလွဲဖြစ်နေခဲ့တာတွေရှိခဲ့ရင်တောင် အကောင်းဆုံး တပ်မတော်နဲ့ ပြည်သူလက်တွဲပြီး ပူးပေါင်းပြင်ဆင်သွားကြမယ်။နောက်မြန်မာလူမျိုးအချို့ရဲ့ ကိုယ်တိုင်ကဘာမှမလုပ်ပဲ အပြစ်တင်သာပြောတက်ပြီး ဖြေရှင်းဖို့ကို စိတ်မ၀င်စားကြတာလေးတွေကိုပြင်ရမယ်။(ဥပမာ အခြားလူတယောက်အလုပ်လုပ်တာကြာရင် အရမ်းနှေးကွေးတယ်တဲ့၊ ကိုယ့်အလှည့်ကျတော့ စေ့စပ်သေချာတာတဲ့။ ကိစ္စတခုကို အခြားသူမလုပ်ချင်ရင် ပျင်းတာတဲ့၊ ကိုယ်မလုပ်တော့ အလုပ်များလို့တဲ့။ အခြားသူတယောက်ရဲ့အယူအဆကို အကြောက်အကန်ပြောနေရင် တဇောက်ကန်းတယူသန်တဲ့၊ ကိုပြောရင်ကျတော့ သဘောထားပြတ်သားခိုင်မာတာတဲ့။ အခြားလူတယောက် အစဉ်အလာကျင့်ဝတ်ကိုဖောက်ဖျက်ရင် ယဉ်ကျေးမှုမရှိတာတဲ့၊ ကိုယ့်အလှည့်ကျတော့ ကိုယ့်ပုံစံနဲ့ကိုတဲ့။ အဲလိုစိတ်ဓတ်တွေပြင်ရမယ်။ ကိုယ်ကိုတိုင်က လူများကိုပြောချင်ရင် ပြောချင်တဲ့ဟာမှာ အကောင်းဆုံးဖြစ်အောင်အရင်ကြိုးစားပါ။ပုဂ္ဂိုလ်ဆွဲ မထားကြပါနဲ့။ အယူ အဆ မတူတဲ့ အချိန်မျိုးတွေမှာ တင်းမာမှုဆိုတာရှိလာနိုင်တယ်.။ အဲလိုချိန်မှ တဖက်ဆီက ခံစားချက်ကိုယ်စီကို နားလည်ပေးပြီး ယုံကြည်မှု ထာဝစဉ်တည်မြဲနေအောင်တည်ဆောက်ရမယ်။ တပ်မတော်ဆိုတာ ပြည်သူထဲက ပါပဲ ။ တစ်နိုင်ငံလုံးက ၀န်ထမ်းတွေက ပြည်သူတွေပေးတဲ့ လစာ နဲ့ ပြည်သူ့ ၀န်ထမ်းဆိုတဲ့ နာမည်ကို ခံယူထားသမျှတော့ ပြည်သူ့ အသံ ပြည်သူ့ လိုအပ်ချက်ကို ထည့်စဉ်းစားပေးနေရပါ့မယ်။ ဒါမှလဲ ပြည်သူ့ရဲ့ မေတ္တ္တာအပြည့်အ၀ ယုံကြည်မှုရမှာ သေချာပါတယ်။ နောက်ပြည်သူ့အတွက်တပ်မတော်ဖြစ်အောင်ဝိုင်းဝန်းကြိုးစားချင်နေကြတဲ့ ယခုလိုမျက်မှောက်မှာတော့ သိမ်းကြုံးပြီးပြောတာမျိုးကို ဘယ်သူမှလက်ခံမှာမဟုတ်ပါဘူး.။ ဘယ်လောက်ပဲ မကောင်းမြင်ခံရခံရ ကြိတ်မှိတ်ပြီးလုပ်နေတဲ့ ပြည်သူ့ဝန်ထမ်းကောင်းတွေအများကြီးရှိတယ်.။ သူတို့တွေက ဘယ်လောက် လုပ်လုပ် ခြုံပြောလိုက်တာက သူတို့ကို အလုပ်လုပ်ချင်စိတ်လျော့သွားအောင် ၊စေတနာလျော့သွားအောင်လုပ်လိုက်တာနဲ့အတူတူပဲ.။ စစ်သားထဲမှာလည်း ရှေးကရော အခုရော မျိုးချစ် စစ်သားတွေ ရိုက်သတ်မကုန်ဘူး.။  ဒါပေမယ့် တို့တွေက စကားပြောတာ ပြတ်တယ်.။ ဒဲ့ဒိုးပဲပြောတတ်တယ်.။ ငါတို့ဘယ်လောက်ပဲလုပ်ခဲ့လုပ်ခဲ့ အကောင်းမမြင်ကြပါဘူးကွာ  လို့ထင်သွားတဲ့တစ်နေ့ တိုင်းပြည် နွံနစ်တဲ့နေ့ဖြစ်သွားမှာ အသေချာပဲမို့ အဖွဲ့အစည်းတခုလုံးကို ထိခိုက်စေတာမျိုးမဟုတ်ပဲ မကောင်းတဲ့သူတွေကို သာတိတိကျကျနဲ့ ဖော်ထုတ်အရေးယူနိုင်အောင်ကြိုးစားတာအကောင်းဆုံးပါ။ တပ်မတော်ထဲမှာလဲ တကယ့်ကို အရည်အချင်းပြည့်ဝပြီး လက်ရုံးရည်ရော နှလုံးရည်ပါ  ပြည့်ဝတဲ့အရာရှိတွေအများကြီးရိုက်သတ်မကုန်အောင်ရှိနေပါတယ်.။ပြောချင်တာကတချို့သူတွေရဲ့  ကျဉ်းမြောင်းတဲ့အဖွဲ့အစည်းရေးစိတ်ဓါတ်တွေနဲ့ တပ်မတော်ကိုတော့ အားလုံးက မကောင်းဘူးဆိုတော့ပုံစံမျိုးနဲ့တော့ မပုတ်ခတ်ပါနဲ့။ ဒါ့ပြင်တပ်မတော် မပါဝင်ပဲ ဘယ် နိုင်ငံမှ မရပ်တည်နိုင်ပါဘူး.။  နိုင်ငံတိုင်းကိုလည်း ပြည်သူတွေမွေးထုတ်ပေးခဲ့တဲ့ တပ်မတော်ကပဲ တည်ထောင်လာကြတာပါ.။တပ်မတော် အင်အားနည်းပါးရင် ချိနဲ့နေရင်  ဒေသတွင်းမှာတောင် လူမလေးခွေးမခန့်  လုပ်ခံရတတ်ပါတယ်.။ဒါပေမယ့်တပ်မတော်အနေနဲ့လဲ ပြည်သူ့အပေါ်ကို မိဘအရင်းပမာ ဆက်ဆံသွားရမယ်ဆိုတာ အမှန်ပဲ။ စစ်တပ်နဲ့ပြည်သူ တစ်သားထဲဖြစ်ဖို့ ငယ်စဉ်ထဲက လက်လှမ်းမှီတဲ့ သူနဲ့ ဆွေးနွေး ခွင့်တွေ ယခုလိုရအောင်လုပ်ပေးသင့်ခဲ့တာပါ။ ဒါမှ တစ်ချိန် နိုင်ငံတော်အုပ်ချုပ်တဲ့ အခါ အောက်သက်ကြေတဲ့ နိုင်ငံခေါင်းဆောင်ကောင်းတွေ၊ ပြည်သူ ချစ်တဲ့ ပြည်သူ့ တပ်မတော်သားတွေဖြစ်လာမယ်။ အရေးကြီးဆုံးကတော့ သမိုင်းကိုပြန်လှန်ပြီး လက်တွဲရမှာကိုကြောက်ရွံနေမယ်ဆိုရင် ဘယ်တော့မှ စည်းလုံးညီညွတ်မှု ငြိမ်းချမ်းမှု ကိုမရောက်နိုင်ပါ။ ငါသည်တပ်မတော်သား၊ အေး…နောက် မင်းလဲ ပြည်သူ ငါလဲပြည်သူပဲကွ၊ ငါတို့စစ်သားတွေ အကောင်းဆုံးဖြစ်အောင်ကြိုးစားနေကြတယ် အခုမျက်မှောက်မှာ။ပြည်သူအနေနဲ့လဲ အခုချိန်မှာ စစ်သားဆိုပြီး အရင်ကကြောက်နေခဲ့ရင်တောင် အခုချိန်မှာ မကြောက်တော့ပဲ ညီအကိုရင်း သွေးရင်းသားပမာ ဆက်ဆံစေချင်တယ် ။ ငါတို့တွေ အဲလိုသဘောပဲထားတယ်။ တကယ်တော့ဗျာ နိုင်ငံကောင်းဖို့အတွက် အားလုံးလက်တွဲသင့်နေပါပြီ....မယုံကြည်မှုတွေရှိခဲ့တာတွေကို မေ့ပျောက်ပြီး ခုချိန်မှာ ယုံကြည်မှုတွေနဲ့ လက်တွဲသွားရအောင်။ အခုဆိုအားလုံးရဲ့သဘောထားတွေပွင့်ပွင့်လင်းလင်း သိလာပြီ ။ဟို အရင်ထဲက နှစ်ဖက်တိုက်ခိုက်လာကြတာ ဒီဇတ်လမ်းတွေဘဲ အချင်းချင်းနောက်ကြောင်းပြန်ဆွေနွေးမှုတွေကြီး ဘဲဖြစ်နေခဲ့တယ် အဲ့တော့ ကား ခုချိန်မှာ ကိုယ့်ဘက်သူ ဘက်နားလည်မှုအပြည့်နဲ့ နိုင်ငံကောင်းအောင် အကောင်းဆုံးကြိုးစားကြရအောင်။့ နောင်တော် ညီအကို အဖွဲ့ တွေကို ယုံတယ်ဒီချိန်မှာ လိုအပ်နေတာငြိမ်ချမ်းရေးပါ။ဟိုးးးခေတ်ကဟာတွေပြောနေရအောင်လဲခုမျက်မှောက်မှာလူငယ်တွေကြီးပဲဘယ်သူမှမသိလိုက်တဲ့အချိန်က ဟာတွေကိုလဲထည့်ပြောနေမထူးခြားလာပါဘူး ။ သမိုင်းကိုသာသိထားသင့်ပြီး အတိတ်ကလိုအပ်ချက်မျိုးတွေ အနာဂတ်မှာဖြစ်မလာဖို့ အရေးကြီးဆုံးပါ။ခုချိန်မှာလူငယ်တွေက အမြင်အတွေးခေါ်အရမ်းကောင်းကြတယ် တစ်ယောက်နဲ့တစ်ယောက်ကြံညဏ်ပေးပြီး သင့်သင့်မြတ်မြတ်ဖြစ်အောင်ကြိုးစားတာကောင်းပါတယ်။အဲဒီလို ငြိမ်းချမ်းဖို့အတွက် မကျေလည်တဲ့သူများရှိနေရင်လဲ ကွန်တော်တို့ကနားလည်ပေးပြီး လက်ကမ်းကြိုဆိုလျက်ပါ။ ငြိမ်းချမ်းရေးကို လိုတယ်ဆို ပြည်သူနဲ့ တပ်မတော် ပြည်သူနဲ့ အာဏာရ သမ္မတ လက်တွဲ ဖို့လိုတယ် ။ ပြည်သူ့ လိုအပ်ချက်ကို သမ္မတ က ဖြည့်ဆည်းဆောင်ရပေးရသလို ပြည်သူ့ အေးချမ်းတည်ငြိမ်ရေးနဲ့ နိုင်ငံတော်အတွက် တပ်မတော်က ဆောင်ရွက်ဖို့ လက်ကမ်းပေးဖို့ လိုတယ်။ တစ်ယောက်စိတ်ကိုတစ်ယောက်ဖတ်ပြီး သူအပြော ကိုယ်အပြောကိုနားလည်ရင် ဖြစ်ချင်တာလေးတွေကို ဖြည့်ဆည်းပေးလိုက်ကြရင် အဆင်ပြေလာမယ်။ တပ်မတော်သားတွေဘက်ကလဲ ပုံတွေတင်ပီး ဟိုလိုဒီလိုတွေအစား ဟိုဆိုက်ဒ်ဒီဆိုက်ဒ်ကို မျှဝေနေမယ့်အစား အသိညဏ်မြင့်မားမဲ့စကားလေးတွေ ပြောစေချင်သလို အတိုက်အခံတချို့ဘက်ကလဲ အဲလိုနားလည်မှုမျိုးနဲ့ ကောင်းသောလူပီသသော စကားတွေနဲ့ အဆင်ပြေအောင်ညှိနှိုင်း နေသွားရင် ကွန်တော်တို့လိုချင်တဲ့ စည်းလုံးညီညွတ်မှုတွေရလာမယ်။ တကယ်တော့ ဗိုလ်ချုပ်သာရှိရင် အားလုံးစည်းစည်းလုံးလုံးနဲ့ စိတ်ဝမ်းမကွဲ သွေးစည်းညီညွတ် တန်းတူအခွင့်အရေးမျိုးကို မြင်စေချင်မှာကို မမေ့ကြပါနဲ့ဗျာ။ပြည်သူ+တပ်မတော်+တိုင်းရင်းသားပါတီများ+ ပြည်ခိုင်ဖြိုး+NLD+တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ= ဒီမိုကရေစီသာဆိုအမှန်တိုးတတ်ပါပီဗျာ ကျွန်တော်တို့ လိုအပ်နေတာ တကယ်တော့ နားလည်မှုလေး တည်ဆောက်ခြင်းပါဘဲ။ အဲလိုမှမဟုတ်ရင် ကဲဒီနိုင်ငံမတိုးတတ်နိုင်ပါ့မလား။အားလုံးစည်းလုံးညီညွတ်မှုနဲ့ ဒီမိုကရေစီလမ်းကြောင်းနဲ့အတူ ဗိုလ်ချုပ်ပြောတဲ့ တလွဲဆံပင်ကောင်းတွေသာ ပြင်ပြီးမြန်မာဆိုတာ ကမ္ဘာမှာ လင်းလက်ဆုံး ကြယ်လေးတပွင့်အဖြစ်ထင်ရှားကျော်ကြားလာအောင် လုပ်ကြဖို့ ကျွန်တော်တို့မှာ တာဝန်ရှိလာပြီ၊ အချိန်ကြပြီ ဖြစ်တာမို့ လက်တွဲစည်းလုံးကြဖို့ ကျွန်တော်တို့ လက်ကမ်းကြိုဆိုလျက်ပါ ညီနောင်သားချင်းများ။ သွေးခွဲမှုတွေများလာတဲ့ စစ်သားတွေဒီလိုခံစားလာရတာဟာ တိုင်းပြည်တွက်ဘယ်လိုမှမကောင်းတဲ့ ခံစားချက်တွေဘဲ ဖြစ်တယ်။ဒီစနက်တွေပြည်သူတွေသိပြီး
မင်းတို့မကောင်းကြောင်းပြောနေတဲ့ငါတို့ ဘ၀ တွေကို မင်းတို့ကို သိစေချင်တယ်။ မှန်ပါတယ် စစ်သားတိုင်း မကောင်းပါဘူး၊မဖြူစင်နိုင်ပါဘူး ဒါပေမယ့် ငါတို့ရဲ့ တာဝန် ကတော့ ဖြူစင်ပါတယ်။ငါတို့လည်း လူတွေထဲက၊ပြည်သူထဲက မွေးဖွားလာ တဲ့ လူထဲကလူ တစ်ယောက်ပါကွာ၊ မင်းတို့ လိုပဲ ခံစားချက်တွေ ကိုယ်ဆီတော့ ရှိတာပေါ့။ငါတို့ ဟာ တပ်မတော်ထဲ ကိုအကြောင်း အမျိုးမျိုးနဲ့ ရောက်လာ ကြပါတယ်။ဒါပေမယ့် ယူနီဖောင်း ၀တ်ပြီး တာဝန် ကိုစထမ်း ဆောင်ပြီး ဆိုရင်တော့ ငါတို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ တိုင်းပြည်နဲ့လူ မျိုးကို ကာကွယ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက် အဖြစ် ပြောင်းလဲသွားတယ်ဆိုတာ ပြည်သူတွေကိုသိစေချင်တယ်။မင်းတို့တွေ ကပြောတယ် စစ်အာဏာရှင်စနစ် စစ်အာဏာ ရှင် စနစ် မှန်ပါတယ် စစ်အာဏာရှင်စနစ်က မကောင်းဘူးဆိုတာ ။ဒါပေမယ့်ငါတို့ဘာလို့လုပ်ခဲ့ရလဲ မလွဲသာတဲ့ အချိန်မျိုးမှာ ငါတို့တိုင်းပြည် ကို ကယ်တင် ဖို့နည်းလမ်း တစ်ခုအနေနဲ့ အသုံးပြုခဲ့ရတာပါ။မင်းတို့မကောင်းကြောင်းပြောတဲ့ ငါတို့ စစ်သားတွေက ပိုတောင်မလုပ်ချင်သေးတယ်။ ဘာလို့လုပ်ခဲ့ရလဲ ငါတို့မှာ အမိန့် ဆိုတဲ့ အသုံး အနှုန်းကိုမလွန် ဆန်နိုင်ကြပါဘူး။ငါတို့မှာ ဒီမိုကေ၇စီမရှိပါဘူး၊လူတွေရဲ့ခံစားချက်တွေ နဲ့ ဆန့်ကျင်တဲ့ အလုပ်တွေ ကိုငါတို့လုပ်နေရတယ် ဆိုတာကိုပြည်သူ တွေနားလည်စေချင်တယ်။ငါတို့လုပ်တဲ့ အလုပ်တွေက စဉ်းလုံးကျွတ် မှန် တယ်လို့ ငါမဆိုချင်ပါဘူး၊ဒါပေမယ့် အကုန်လုံးတော့မမှားခဲ့ပါဘူး။မှားခဲ့တယ် ဆိုရင်တောင်စေတနာ အမှားတွေပါ။အဲဒီ စေတနာ အမှားတွေ ကို အမှားကြီးတစ်ခုအဖြစ် သတ်မှတ်တယ်ဆိုရင် တော့ ငါတို့က ၀မ်းနည်း နေယုံနဲ့ ဘာမှပိုပြီးမတောင်းဆို နိုင်ပါဘူး။မင်းတို့သုံးတဲ့ စစ်ခွေးဆို တဲ့ အသုံးအနှုန်း ဟာ ဖြူစင်တဲ့ ရည်မှန်းချက်နဲ့ တိုင်းပြည်ကိုကာကွယ်နေတဲ့ ငါတို့ရဲ့နှလုံးသားတွေ ဘယ်လောက်နာကျင် ခဲ့လဲမင်းတို့မသိ နိုင်ပါ ဘူး။မှန်ပါတယ် စစ်ခွေး ခွေးက အိမ်မှာနေတယ် ကျွေးတာ စားတယ် အိမ်စောင့်တယ် ။သူခိုး မကပ်နိုင်ဘူးစသည် ဖြင့်ပေါ့ မင်းတို့ မမှားပါဘူးမှန်ပါတယ် တယ်..မမှားပါဘူး....အိမ်ကတော့ ပြည်သူတွေ ပေါ့ ပြည်သူတွေ ကိုလုံခြုံအောင်ကာကွယ် စောင့်ရှောက်တဲ့ ခွေး ပေါ့...စစ်ခွေး လို့ မသုံးစေချင် ဘူးကွာ...ပြည်သူတွေကိုစောက်ေ၇ှာက်ကာကွယ် နေတဲ့(ပြည်သူ့ခွေး)တွေပါကွာ.....ငါတို့ရဲ့လွတ်လတ်ခွင့်တွေ၊ပျော်ရွှင်ခွင့်တွေ၊အသက်တွေနဲ့ သွေးတွေ ကိုစတေးပြီး တိုင်းပြည်အတွက် ပေးဆပ်နေတာပါ....ဒါဆိုမင်းတို့ကမေးမှာ ပေါ့ ဘယ်လို့စစ်ထဲဝင်လဲဆိုပြီး...ကျွန်တော် အပေါ်မှာ ပြော ခဲ့ပါတယ် အကြောင်းအမျိုးမျိုးနဲ့ေ၇ာက်ခဲ့ကြတာပါ....သူများတွေပျော်ရွှင်နေတဲ့ တက္ကသိုလ်ကျောင်းသား ဘ၀တွေ မှာ ငါတို့တွေ ဘာလုပ် ခဲ့ရလဲ...ကျောင်းကို လွယ်အိတ်လေးတစ်လုံးနဲ့ စာအုပ်ပါးလေး ထည့်ပြီး သွားတဲ့အချိန်မှာ ငါတို့တွေ ဘာတွေလုပ်ခဲ့ရလဲ....သူများတွေ ကျောင်း ကားလေးနဲ့ ကောင်မလေးတွေ၊ကောင်လေးတွေ ပျော်ရွှင်စွာ သွားခဲ့ကြတဲ့အချိန်တွေ မှာ ငါတို့တွေ ဘာတွေလုပ်ခဲ့ကြလဲ.....ကိုယ်ချင်းစာ ဖို့မပြော ပါဘူး....ဒါပေမယ့် မင်းတို့လျှောက်ခဲ့တဲ့ လမ်းလေး တွေထက်တော့ ကြမ်းတမ်းစွာ ဖြတ်သန်းခဲ့တယ် ဆိုတာတော့ မင်းတို့ကိုသိစေချင်တယ်.... အဲလို ကြမ်းတမ်းစွာ လျှောက်လှမ်းခဲ့တဲ့ ငါတို့ဟာ လည်းသွေးနဲ့သား နဲ့တည် ဆောက်ထားတဲ့ လူထဲကလူ သားတွေပါ....စက်ရုပ်တွေ မဟုတ်ပါ ဘူး။ မင်းတို့ထက်နာကျင်မှုတွေ ရှိတယ် လို့တော့ မပြောချင်ပါဘူး ဒါပေမယ့် မင်းတို့ထက်တော့ မနိမ့်ပါဘူး......ကျွန်တော် Final year တုန်းက ကျွန်တော့် အခန်းက သူငယ်ချင်းအကြောင်း လေးကိုဒီနေရာမှာ ထည့်ပြောချင်တယ်....သူနဲ့သူ့ကောင်မလေးက...အရမ်းချစ်ကြတယ်ဗျာ....... ကျွန်တော့်သူငယ်ချင်း နောက်ဆုံးနှစ်ေ၇ာက်တဲ့ အချိန်မှာ...သူ့ကောင်မလေးကို သူ့အိမ်က ပေးစားလိုက်တယ်....မပေးစားခင်တော့ ကျွန်တော့် သူငယ်ချင်းကိုလာခေါ်ခိုင်းပါတယ်....သူဘယ်ပြန်လို့ရမလဲဗျာ....သူနေရာက ၀င်ကြည့်ပြီးခံစားကြည့် ပေးပါအုံး....ဘယ်လောက်ခံစားရမလဲ ဆိုတာ..ကျွန်တော်လည်းပြန်လို့အကြံပေးလို့ မရဘူးလေ....ဒီလိုနဲ့ပဲ....ကျွန်တော့်သူငယ်ချင်းရဲ့အချစ်တွေ ပျောက်ဆုံးသွားခဲ့ရပါတယ်.....ဒီလို အဖြစ်တွေ ဟာ ဘာမှမဟုတ်သေးပါဘူး မိဘသေလို့ တပ်မတော်ကပြန်ခွင့် ပေးထားပေမယ့်ေ၇ှ့တန်းေ၇ာက်နေလို့ မပြန်ခဲ့ရတဲ့ အဖြစ်တွေလည်း ရှိသေးတယ်...ဒီလိုဘ၀လေးတွေထဲကို ၀င်မခံစား ပေးရင်နေပါ....ဒါပေမယ့်ဗျာ..နားလည်ပေးစေချင်မိတာတော့ အမှန်ပါပဲဗျာ...ပေးဆပ်မှုတွေ ကြောင့်ရခဲ့တဲ့နှလုံးသား ဒဏ်ရာတွေကို ပြည်သူတွေရဲ့အပြုံးလေးတွေ၊နွေးထွေးမှုလေး တွေနဲ့တော့ ဖြေသိမ်ချင်မိပါတယ်ဗျာ.... ပြည်သူတွေရဲ့ အမုန်းတွေနဲ့၊အပြုံးမဲ့စွာ ရှေ့ဆက် ချီတတ်ရမယ့် ဘ၀လေးတွေ နဲ့ ဝေးကွာ ချင်မိတာတော့ (ငါတို့) လို့အပေါ်မှာ သုံးခဲ့တဲ့ စစ်သားတွေ အတွက် တော့အမှန်ဆုံးပါပဲဗျာ။ ကျွန်တော့်ရဲ့အသုံးတွေရိုင်းသွားရင် ဒီနေရာကပဲ တောင်းပန်ပါတယ်ခင်ဗျာ။ အခုရေးလိုက်တယ့် မဆိုသလောက်စာလေးကြောင့် အညှိးကြီးစွာ မုန်းနေတဲ့ သူတွေရဲ့အပြုံးတွေ ကိုတော့ မြင်ချင်မိပါတယ်ဗျာ။ ဗိုလ်ချုပ်ပြောတဲ့ စကားကိုအမြဲသုံးသုံးနေတဲ့ လူတွေဖာနိုင်ငံဆိုတာကြီးကို ငါတို့ ရှောင်ကွင်းနိုင်ပြီး တိုင်းပြည်တိုးတတ်မှုတွက်ကျေနပ်အပြုံးလေးတစ်ခုတမလွန်ကဗိုလ်ချုပ်နဲ့ ငါတို့ တိုင်းပြည်ကောင်းကျိုးအတွက် ၀ိုင်းဝန်း ကြိုးစားလိုက်ကြစို့။ လေးစားစွာဖြင့် ဖိုးသားလေး http://www.facebook// ဒီလိုမြင်နေတဲ့စစ်သားတွေကို ခုထိပုတ်ခတ်နေရင်းတော့ မကောင်းဖူးဗျာ သူတို့လည်း ပြည်သူထဲက ပြည်သူ ဖြစ်တဲ့တွက် အောက်က အချက်တွေလိုချင်တယ်။ တစ်ကိုယ်ကောင်းသမားတွေနားလည်နိုင်ကြပါစေ ၁။ ထာဝစဉ်ငြိမ်းချမ်း တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ အမြဲ လက်တွဲမဖြုတ်ပဲညီညာစည်းလုံးသွားကြစို့ ။ငြိမ်းချမ်းရေးမှ သည်ပြည်သာယာရေးသို ။ ၂။ မျက်မှောက်တွင် ပြည်သူ့ရှေ့က မားမားမတ်မတ်ရပ်တည် ကာကွယ်ပေးနိုင်အောင် ထာဝစဉ်ကြိုးစားသွားမယ့် ပြည်သူ့တပ်မတော်။ ၃။ကမ္ဘာ့အသိအမှတ်ပြု ပြည်သူ့အကျိုးကို အမြဲရှေးရှူ့ကာ ပြည်သူ့ဆန္ဒတွေ အတက်နိုင်ဆုံးဖြစ်မြောက်အောင်ကြိုးစားဆောင်ရွက်ပေးနေသော သမ္မတကြီး။ ၄။နိုင်ငံတော်ကာကွယ်ရေးတွက် ခောတ်မီတပ်မတော်တည်ဆောက်နေသော ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်။ ၅။ ပြည်သူ့ရှေ့က အမြဲ မားမားမတ်မတ် ရပ်တည်ပေးသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ ၆။ တိုင်းပြည်ကောင်းကျိုးအတွက် ကျရာနေရာမှ အခြားပါတီများနဲ့ ကျောသား၊ရင်သား မခွဲခြားပဲအစွမ်းကုန် ပါတီစွဲ၊ လူပုဂ္ဂိုလ်စွဲ မထားကာစည်းလုံးညီညာစွာ ပြည်သူအကျိုးအမြဲရှေးရှူ့မယ့် ပြည်ခိုင်ဖြိုး။ ၇။တိုင်းပြည်ကောင်းကျိုးအတွက် ကျရာနေရာမှ အခြားပါတီများနဲ့ ကျောသားရင်သား မခွဲခြားပဲ အစွမ်းကုန် ပါတီစွဲ၊လူပုဂ္ဂိုလ်စွဲမထားကာ စည်းလုံးညီညာစွာ ပြည်သူအကျိုးအမြဲရှေးရှူ့မယ့် NLD။
၈။အဖရဲ့ အားကို အလယ်မှာထား တို့ သားသမီးတွေ ဝိုင်းဝန်းကြိုးစား
Read More

Popular Posts