'
အမိမြေ

ငါတို့ရဲ့ ရန်သူ




8 comments:

Anonymous said...

မြန်မာမူဆလိမ်တွေအပျော်ဆုံးနေ. http://www.bdnews24.com/details.php?cid=2&id=220286&hb=top

Anonymous said...

နှစ်၅၀ မတရားမှုများအတွက် မြန်မာတွေပျောက်တော့မှာ...
ကမ်းလွန် ပင်လယ်ထဲ ဘင်္ဂလားက ငါးဖမ်းခွင့် ဓါတ်ငွေ.ရှာခွင့်ရသွားတာ ထားလိုက်....
မြန်မာ့မြေပေါ် ပိုင်နက်ထဲက ကျောက်သံပတမြား သတ်တုအမျိုးမျိုး ရေနံနဲ. သစ်တောကြီးတွေ မြစ်မကြီးတွေပါမကျန်
(မြန်မာ ဗိုလ်ချုပ်ကြီးတွေကို ငွေနဲ.ပေါက်ပြီး)
တရုတ်တွေဝင်ရောက် ချယ်လှယ် ထင်သလိုအသုံးချနေတာ ဆယ်စုနှစ်နဲ.ချီနေပြီ..... နောက်ထပ်လဲ ဆယ်ဆ တိုးလာအုံးမယ်ဆိုတာ မေ့မသွားနဲ. ။

traders said...

မြန်မာ့ အချုပ်အခြာအာဏာကို ထိပါးလာမယ့်ရန်သူ ဆိုတာ အဝေးကြီးကို လှမ်းကြည့်မနေပါနဲ့ .....

ဒုတိယကမ်ဘာစစ် အင်္ဂလိပ်နယ်ချဲ.တပ်တွေ မြန်မာပြည်ကို ဘယ်လိုသိမ်းခဲ့တာလဲ ...( 3 M ) လို.ခေါ်ပါတယ်။
ပထမဆုံးရောက်လာတာ ဘာသာရေး တရားဟောဆရာတွေ။(Missionary)။
ဒုတိယရောက်လာတာက ကုန်သွယ်စည်းပွား
ရေနံနဲ.သစ်ကုန်သည်တွေ(Mercantile)

သူတို.စည်းပွားရေး လုပ်ငန်းကြီးတွေရဲ. ဂုတ်သွေးစုတ်တာ ကို ပြည်တွင်းကမြန်မာတွေ မခံမရပ်နိုင် ဆူပူအုံကြွ ကြတော့မှ... အင်္ဂလိပ်နယ်ချဲ.က လက်နက်ကိုင်တပ်တွေ (Military)နဲ.
မြန်ပြည်ထဲ ဝင်ရောက် သိမ်းပိုက်တော့တာ ပါပဲ ။

ယခုလဲ တရုတ်ပြည်သား တစ်သန်းခွဲ မြန်မာပြည်တွင်းမှာ ဘီလျှံချီတဲ့ စည်းပွားရေး လုပ်ငန်းကြီးတွေကို ကြိုးကိုင်ချယ်လှယ် နေကြတာ ဆယ်စုနှစ်ထဲ ရောက်လာပြီ။ နောက်ထပ်လဲ လာဖို.အစီအစဉ်တကျ လုပ်ထားတာတွေ များစွာ ရှိသေးတယ်။

ဒီလောက်အင်အားကြီးပြီး နီးကပ်စွာရှိနေတဲ့ တိုင်းတပါးသားကို ယုံယုံကြည်ကြည်နဲ. တိုင်းပြည်စည်းပွား လယ်ယာမြေ မြစ်ကြောကြီးတွေ ကအစ ထိုးအပ်သင့်သလား။
ဘယ်သူတွေ ဘယ်လိုအမျှော်အမြင်နဲ. စီမံလုပ်ဆောင်ခဲ့တာလဲ။

အရေးကြုံလာရင် ဒီလောက် အင်အားကြီးပြီး နီးကပ်လှတဲ့ တိုင်းတပါးသားကို ကာကွယ် အာခံနိုင်တဲ့ စွမ်းအား မြန်မာပြည်မှာ ရှိလို.လား...။ စဉ်းစါးဆင်ခြင်သင့်လှပါတယ်။

တိဘက်ကို နမူနာယူကြပါ။ မြန်မာတပ်သားလေးတွေ ပြည်သူတွေရဲ. အသက်တွေ ဘဝတွေကို ဖြုံးကြအုံးမှာလားဆိုတာ မတွေးဝန်.တော့ပါ။

Anonymous said...

မြန်မာပြည်က လူကြီးဆိုသူတွေ မဆင်မခြင် လောဘဇောနဲ.မျက်မွှေးတဆုံးပဲ ကြည့်ဆုံးဖြတ်ခဲ့လို. တိုင်းပြည်အတွက် အသက်တွေဖြုံးခံရရင် ထမင်းတောင် မဝရှာတဲ့ မြန်မာစစ်သားလေးတွေ ခမြာထိပ်ဆုံးက
ပါရမှာကို လွန်စွာစိတ်မချမ်းသာပါ။ ။

(တရုတ်တွေစီးပွားရေးအရ ၀င်တယ်ဆိုတာက ဒီကောင်တွေကြိုးစား ကျလို့ဖြစ်နေတာ။)
တရုတ်တွေ ကျိုးစါးတာသိတယ်- သူတို.ပြည်တွင်းမှာပဲ သူတို.ကျိုးစါးပေါ့။ မြန်မာပြည်ထဲဝင်လာရင်လဲ နည်းပညာနဲ. အရင်းအနှီးလောက်သာ ဝင်လာပါစေ။
အစိုးရက တရုတ်တွေ သန်းချီ ၀င်လာခွင့်မပေးသင့်ဘူး။

နာဂစ်တုန်းက မြန်မာဒုက်ခသယ်တွေ သိန်းချီပြီး သေရေးရှင်ရေး အကူအညီလိုနေတာ တောင်မှ နိုင်ငံတကာက အခမဲ့ ကူညီမယ့် ပြည်ပလူမှုအဖွဲ.အစည်းတွေကို " ငွေပဲပို.လိုက်
လူဝင်မလာနဲ." ဆိုပီး နအဖ လုပ်ခဲ့သေးတာပဲ။ ပြည်ပကိုမယုံလို.လေ။

အခု တရုတ်ကျတော့မှ အလွန်ယုံကြည်စွာနဲ. အလုံးအရင်းဝင်ခွင့်ပေး၊
မြန်မာ့သယံဇာတတွေ မြစ်မကြီးတွေ လယ်ယာမြေတွေကို သူတို.ပြည်သားများ အကျိုးအတွက် နှစ်ရှည်စီမံကိန်း(အနှစ် ၃၀) ဝင်ရောက် လုပ်ကိုင်ခွင့်ပေးထားတာ။
မြန်မာပြည်ကြီးကို မိုင်၇၀၀ ခန်. ခါးလည်က ကန့် လန့် ဖြတ်တဲ့ ရေနံပိုက်လိုင်းကြီးတွေ ကားလမ်းနဲ. ရထားလမ်းကြီးတွေ ဆောက်ခွင့်ပေး၊
မြန်မာ့ မြစ်ကြီးမှန်သမျှပေါ် ရေအားလျှပ်စစ် ရေကာတာတွေ
ဆောက်လုပ်ခွင့်ပေး၊ စတဲ့လုပ်ရပ်တွေဟာ ကျုပ်တို.တိုင်းပြည်ရဲ. အချုပ်အခြာ အာဏာအတွက် အဓိက အလွန်စိုးရိမ်စရာ
ကောင်းနေတယ်ဆိုတာ အသိဥာဏ်ရှိသူတိုင်းသိကြတယ်။

((ဘယ်နိုင်ငံက ပဲလာလာ ကျူပ်တို့နိုင်ငံကို ထိရင်တော့ မီးပွင်အောင်ချရမှာပဲ။ မှတ်ထား၊))တဲ့။
ဟုတ်လား။ တရုတ်က မြန်မာကို ထိယုံတင်မက မြန်မာပြည်ထဲ ဝင်ဒါမီယာ ဗိုလ်ချုပ်ရွာထဲ အထိရောက်နေပြီဗျ။
စီးပွားရေး စစ်ရေး နိုင်ငံရေး သံတမန်ရေး လူမှုကယ်ဆယ်ရေး ဘယ်နေရာများ ကျုပ်တို.က တရုတ်ကိုအပြိုင် အံတုနိုင်လို.လဲ။
သူတို.နိုင်ငံက လူဦးရေသန်းပေါင်း ၁၅ဝဝ၊ ကျုပ်တို.ကသန်း ၅ဝ ရှိတာ။
သူတို.စည်းပွားရေးက ကမ်ဘာမှာ ဒုတိယ ။ ကျုပ်တို.က ဟိုး အောက်ဆုံးမှာ။
မတော်တဆ အရေးကြုံလာရင် အရင်ဆုံး အသက်တွေအဖြုံးတီး ခံရမှာက အောက်ခြေတပ်မတော် သားလေး တွေလေ.. ဗိုလ်ချုပ်ကြီးတွေမပါ ပါဘူး။

ခုခေါတ်က သေနတ်မပါပဲ ဒေါ်လာနဲ့ စစ်ခင်းအနိုင်ယူတဲ့ခေါတ် ။ ခင်ဗျားတို.ခေါင်းဆောင်တွေကို တရုတ်ကဒေါ်လာနဲ. ဖိသတ်ပြီး အကြွေးနဲ့ တိုင်းပြည်ကိုသိမ်းထားပြီးပြီ ။
ဒါကော သိလိုက်ရဲ.လား ။
ခင်ဗျားတို.တပ်မတော် သားတွေ မြန်မာပြည်သူတွေ ထောက်ပံ့တဲ့ အခွန်ငွေစါးပြီး တရုတ်ပြည်ပိုင် ရေနံပိုက်လိုင်းကြီးတွေ စင်ကာပူလောက် ကျယ်ဝန်းတဲ့ တရုတ်ပြည်အတွက် လျှပ်စစ်ဓါတ်အား ထုတ်ပေးရေး ရေကာတာကြီးတွေကို စေါင့်ရှောက်ကာကွယ် ပေးကြရတော့ မယ်ဆိုတာ မှတ်ထားလိုက်ပါ။ ။
လူမျိုးရေး မုန်းတီးအောင်လှုံ.ဆောင်နေတာ မဟုတ်ဘူး။
မြန်မာ တရုတ်ဆက်ဆံရေး အခြေအနေ အမှန်ကို
မြင်အောင်ထောက်ပြ နေတာပါ။

traders said...

ငါနှင့်မတူ ငါ့ရန်သူ ဆိုပြီး မြန်မာအခြင်းခြင်း တံဆိပ် ကပ်ပြီး စစ်ခင်းကြမှာလား-
သူပြောတာ ဟုတ်လောက် မဟုတ်လောက် စဉ်းစါးပြီး " မြန်မာ့ အချုပ်အခြာအာဏာကို ထိပါးလာမယ့်ရန်သူ
အစစ်" ကို ရှာကြ တားဆီးကြ မှာလား။

Anonymous said...

တယုတ်ကသူအမေနောက်လင်ကိုး...တိုင်းပြည်ထဲပေးယင်မှာပေါ.

Anonymous said...

Whose idea, Speaking in front line. Good.. :)

Burman Managers,Engineers and Scientists said...
This comment has been removed by the author.

Post a Comment


Popular Posts