'
အမိမြေ

မြို့တစ်မြို့တည်းတွင် ဆီးရီးယားတပ်များက လူပေါင်း ၁၁၁ဦးကို သတ်ဖြတ်ခဲ့ပြီး အင်အား ပြသည့် အနေဖြင့် ဒုံးကျည်စမ်းသပ် ပစ်ခတ်မှုများ ပြုလုပ်

ဆီးရီးယားတပ်များသည် ဒီဇင်ဘာလ ၂ဝရက်နေ့က မြို့တစ်မြို့တည်းတွင် လူပေါင်း ၁၁၁ဦးကို သတ်ဖြတ်ခဲ့ပြီး အင်အားပြသည့်အနေဖြင့် ဒီဇင်ဘာလ ၂၁ရက်နေ့၌ ဒုံးကျယ်စမ်းသပ် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း အိုင်ဒလစ်ပြည်နယ် ကီဖာအိုဝိတ်မြို့တွင် ဆီးရီးယား တပ်များသည် လက်နက်ကြီးများ အမြောက်များဖြင့် ပစ်ခတ်ခဲ့ပြီး လူပေါင်း ၁၁၁ဦးကို သေကျေစေခဲ့သည် ဟုဆိုသည်။ ယင်းမြို့၌ ဆီးရီးယားတပ်များသည် အစိုးရဆန့်ကျင်ရေး လှုပ်ရှားသူများနှင့် စစ်တပ်မှ ကူးပြောင်းသွားသူ များကို လိုက်လံရှာဖွေ ခဲ့သည်ဟုဆိုသည်။ ဆီးရီးယားနိုင်ငံ၏ အတိုက်အခံအုပ်စု ဖြစ်သော ဆီးရီးယား အမျိုးသားကောင်စီက ဒီဇင်ဘာလ ၁၉ရက်နေ့ ၂ဝရက်နေ့ နှစ်ရက်တည်း၌ လူပေါင်း ၁၅ဝသတ်ဖြတ် ခံခဲ့ရသည် ဟုဆိုသည်။ အဆိုပါ ဆီးရီးယား အတိုက်အခံအုပ်စုက ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ ဆီးရီးယားကိစ္စနှင့် ပတ်သက်၍ အရေးပေါ် အစည်းအဝေး ခေါ်ယူပေးရန်လည်း တောင်းဆိုခဲ့ကြောင်း သိရသည်။

Ref : http://swesonemedia.org/

0 comments:

Post a Comment


Popular Posts