'
အမိမြေ

အစိုးရသစ်လက်ထက် အင်းစိန်ထောင်မှ အကျဉ်းသားများလွတ်မြောက်













(၆၄)နှစ်မြောက် လွတ်လပ်ရေး နေ့ကို ဂုဏ်ပြု သောအားဖြင့် နိုင်ငံ တော် တည်ငြိမ် အေးချမ်းရေးနှင့် တရား ဥပဒေ စိုးမိုးရေး၊ တိုင်းရင်း သား စည်းလုံး ညီညွတ်ရေး တို့အ တွက် လည်းကောင်း၊ လူသားချင်း စာနာ ထောက်ထားမှုကို အလေး ပေးသောအားဖြင့်လည်းကောင်း၊ အကျဉ်းထောင် အသီးသီးမှ ပြစ် ဒဏ် ကျခံလျက် ရှိသော အကျဉ်း သားများကို ပြည်ထောင်စု သမ်္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ်္မ တရုံး အမိန့်အမှတ် ၁/၂၀၁၂ဖြင့် သတ်မှတ်ချက် လေးချက်ဖြင့် ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ (၂)ရက်  နေ့တွင် လွတ်ငြိမ်း ချမ်းသာခွင့်ပြု ခဲ့ရာ ဇန်န၀ါရီ လ(၃)ရက်နေ့တွင် စတင်လွတ် မြောက်လာသော အကျဉ်းသား များအတွက် ယင်း နေ့၊ နေ့လည်(၁း၀၀)နာရီအချိန် အထိ စုံစမ်း သိရှိရသောသတင်းများ အရ သီးသန့် အကျဉ်းသားများ ဖြစ် သည့် အင်းစိန် အကျဉ်းထောင်မှ ဦးကြည်သန်း၊ ကိုသန်းနိုင်ဦး၊ ဦး စောဆေးကလယ်ဟဲ၊ စစ်တွေ အကျဉ်းထောင်မှကိုနေမျိုးအောင်၊ ပုသိမ်က အကျဉ်းထောင်မှ ကိုအောင်ထွန်းတို့လွတ်မြောက်ခဲ့ ကြောင်းသိရပြီး ဦးကြည်သန်း၊ ကိုသန်းနိုင်ဦး၊ ဦးစောဆေးက လယ်ဟဲတို့ကို တွေ့ဆုံမေးမြန်းခဲ့ ရာ….
ကိုသန်းနိုင်ဦး (လူငယ် တာဝန်ခံ(၃၁)၊ မန်္တလေး၊ ချမ်းသာ စည်မြို့နယ်၊ ပုံနှိပ်ထုတ်ဝေပုဒ်မ (၁၇)၊ (၃နှစ်))
မေး- ၂၀၁၀ ရွေးကောက်ပွဲမှာ အဲဒီအချိန်က နိုင်ငံတော်အကြီး အကဲဦးသန်းရွှေရဲ့မဲမပေးချင်လည်း မပေးဘဲနေလို့ရတယ်ဆိုတဲ့ ပြော ကြားချက်ကို လိုက်ဝေလို့အဖမ်းခံ ရတယ်ဆိုတော့ အခုရွေးကောက် ပွဲလည်းပြီးသွာြး့ပီ၊ ကြာဖြတ်ရွေး ကောက်ပွဲလုပ်တော့မယ်ဆိုတော့ အကိုအခုထောင်ကလွတ်ချိန် ဘာ ဆက်လုပ်ဖို့ရှိလဲ။
ဖြေ- ကျွန်တော်တို့ရဲ့ခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားနဲ့ ကျွန်တော်တို့တစ် ထပ်တည်းပါပဲ။ရှေ့ကခေါင်း ဆောင်က ဒီလမ်းကမှန်တယ်ဆို ရင် ကျွန်တော်တို့က အဲဒီလမ်းကို ဖြောင့်ဖြောင့်တန်းတန်းလျှောက် သွားမှာပဲ။
မေး- ဒါဆိုနဂိုသဘောထားနဲ့ ပြောင်းသွားတယ်လို့ ယူဆလား။ အကိုထောင်မကျခင်က သဘော ထားနဲ့ပေါ့။
ဖြေ- သဘောထားကတော့၊ နဂို သဘောထားအမြင်နဲ့ ဘယ်လို ပြောင်းပြောင်း၊ ပြုပြင်ပြောင်းလဲ ရေးအနေအထားအရ ပြင်ရတာ လေးတွေရှိတယ်။ ကျွန်တော်တို့ ကမြင်ရတာတော့ အဟုတ်ပါဘူး ပေါ့ကြားရတာ။
မေး- ဒါဆိုနိုင်ငံတော်သမ္မတဦး သိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရ အဖွဲ့က နိုင်ငံရေးမှ ပြုပြင်ပြောင်း လဲမှုတွေ လုပ်ဆောင်နေတယ်လို့ လက်ခံထားလား။
ဖြေ- လက်ခံထားလားဆိုတော့ လက်ရှိကတော့ ခုမှထွက်လာတာ ဆိုတော့ ခုမှထက်ကြည့်ရတော့ မှာပေါ့။ ကြားရတာတွေကတော့ အားရပါတယ်။
မေး- အခုဘယ်လောက်အကျဉ်း ကျရက်ကျန်တဲ့အချိန်မှာလွတ်လာ တော့လည်း လျော့ရက်ရသေး လား။
ဖြေ- လျော့ရက်မရပါဘူး။ လွတ် ဖို့သုံးလပဲကျန်တော့ အချိန်မှာ လွတ်လာပါတာပါ။
(၆.၉.၂၀၁၁) ရက်နေ့တွင်မန်္တလေး မြို့နေကိုသိန်းအောင်မြင့်၏ခိုင်းစေ ချက်အရ (၃လက်မx၂လက်မ) အရွယ်စာရှိ ဒေါ်အောင်ဆန်းစု ကြည်ဓာတ်ပုံ (၁၃၅)ပုံနှင့်(၁၉၉၀) ခုနှစ်ရွေးကောက်ပွဲရလဒ်အားပြန် လည်ဖော်ထုတ်ရန် ရေးသားထား သည့်စာတို့အား ရန်ကုန်ရှိ (ပီအယ်လ်)ဘိုအဖွဲ့မှ ရှေ့နေ ဦးဖိုးဖြူထံပေးရန် ယူဆောင်လာ စဉ်ဖမ်းဆီးခဲ့ရမှု။
ဦးစောဆေးကလယ်ဟဲ(ဂ) ဦးစောရွှေဟဲ ( ပုဒ်မ- မတရား အသင်း၁၇(၁) ၊ မတရားအသင်း ၁၇(၂)၊ရာ-၂၀၂၊ ၆နှစ် စုစုပေါင်း -၈နှစ်၆လ)
မေး- အခုထောင်ကလွတ်လာပြီ ဆိုတော့ ဦးစောဆေးကလယ်ဟဲ အနေနဲ့ ဘာဆက်လုပ်သွားဖို့ရှိပါ သလဲ။
ဖြေ- ကိုယ့်ဇာတိရပ်ကိုပြန်ပြီး နဂို အတိုင်းသမာအာဇိဝပြန်လုပ်စား မှာပါ။
မေး- ထောင်ကျခဲ့ရတာနဲ့ ပတ်သတ်ပြီး ဘာပြောချင် ပါသလဲ။
ဖြေ- တူတော်တဲ့ သူက အထဲဝင်သွားတာမသိဘူး။ သိတဲ့ အချိန်ကလည်းနောက်ကျနေပြီ ဆိုတော့ ဘာမှမသိဘဲထောင်ကျ ခံလိုက်ရတာမျိုးဖြစ်ခဲ့ရတာပါ။ အဲဒီအပေါ်လည်း ဘာမှပြောချင် စိတ်မရှိတော့ပါဘူး။
မေး- တူဖြစ်တဲ့သူကရော အခု ဘယ်လိုအခြေအနေရှိလဲဆိုတာသိ ရပါသလား။
ဖြေ- သေဒဏ်ကျခံသွားတာကို သိတယ်။ အစိုးရသစ်လက်ထက် မှာပထမအကြိမ်ပေးတဲ့ လွတ်ငြိမ်း ချမ်းသာခွင့်တုန်းကသေဒဏ်ကျခံ သူတွေကို ကျွန်းဒဏ်ပြောင်း လိုက်လို့ သူ့အတွက်နည်းနည်း စိတ်အေးသွားရပါတယ်။

 Ref : http://www.hotnewsweekly.com/

0 comments:

Post a Comment


Popular Posts