'
အမိမြေ

ဥပဒေနှင့်မညီသော ဘက်လိုက်မှုဟု ယူဆရသည့် အမှုတွဲဟောင်း ၆၀ ကို ပြန်လည်စိစစ်ပြီး အရေးယူဆောင်ရွက်မည်




တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီသို့ တင်ပြတိုင်ကြားလာ သော အမှုတွဲပေါင်း ၆၉ စောင် အနက် တရားစီရင်ရေးနှင့်ပတ် သက်ပြီး ဥပဒေနှင့် မညီညွတ်မှုများ၊ ဘက်လိုက်မှုကြောင့်ဟု ယူဆရသော နစ်နာမှုများအတွက် အမှုတွဲပေါင်း ၆၀ ကို တရားလွှတ်တော်ချုပ်က ပြန်လည်စိစစ်ပြီး အရေးယူဆောင်ရွက်နိုင်ရန် လွှဲ ပြောင်းပေးပို့ထားကြောင်း  အထက်ပါကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကို ပြောကြားသည်။
“ကော်မတီဖွဲ့စည်းလိုက်ကြောင်း သတင်းထုတ်ပြန်တဲ့ အချိန်ကစပြီး ဒေသအသီးသီးက တိုင်ကြားစာတွေ အဆက်မပြတ်ပေးပို့လာပါတယ်။ ယနေ့အထိ တိုင်ကြားစာပေါင်း ၆၉ စောင် ရောက်ရှိလာပါတယ်။ ကော်မတီအနေနဲ့ ဖတ်ကြားစိစစ်ပြီး ၂၀၁၁ ဒီဇင်ဘာ၁၄ ရက်မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့နဲ့ တွေ့ဆုံပြီးအမှုတွဲ ၆၀ ကို တရားလွှတ်တော်ချုပ်က ပြန်လည်စိစစ်အရေးယူဆောင်ရွက်နိုင်ဖို့  လွှဲပြောင်းပေးပို့ခဲ့ပါတယ်”ဟူ၍ ယင်းက ပြောကြားခြင်းဖြစ်သည်။
အဆိုပါ အမှုတွဲများထဲမှ ထင်ရှားသော အမှုနှစ်ခုကိုလည်း ကော်မတီဝင်တစ်ဦးက “ချက်ချင်းဆိုတော့ မှတ်မိသလောက် ပြောရရင် လောင်းကစားမှုတစ်ခု။ အဲဒီမှာ လူနှစ်ဦးကို ဖမ်းတယ်။ စစ်ဆေးအရေးယူတော့ အကူတစ်ဦးတည်းကိုပဲ အရေးယူပြီး အဓိကလူကလွတ်နေတယ်။ နောက်တစ်ခုက သစ်တောဥပဒေနဲ့ အရေးယူရမယ့် အမှုကိုပုဒ်မ ၆(၁)နဲ့ စွဲလိုက်တယ်။  အဲဒီတော့ အမှုသည်မှာ ပိုပြီးနစ်နာရတာပေါ့။

Ref : 7 Days News

0 comments:

Post a Comment


Popular Posts