'
အမိမြေ

စစ်တပ် က အာဏာ ပြန် သိမ်းနိုင် ချေ ရှိတဲ့ စောင့်ကြည့်ကြရအောင်


ဒီတစ်ခါလည်း စောင့်ကြည့်ကြရအောင်ဗျာ .. သတင်းတကာ့ သတင်းထဲမှာ ထင်ယောင်မှားနဲ့ ထင်ကြေးပေးပြီး ပြည်သူလူထုကို ယောင်ဝါး လုပ်တဲ့ မီဒီယာတွေကတော့ တော်တော်ကို မီဒီယာ ကျင့်ဝတ်နဲ့ မကိုက်ညီဘူးလို့ ထင်ပါတယ် .. ဒီတစ်ခါလည်း Freedom News Group ကသတင်းတစ်ပုဒ် ယောက်ဝါး ထုတ်လိုက် ပြန်ပါပြီ .. ဇန်န၀ါရီ ၁၁ ရက်နေ့ကျရင် စစ်တပ်က လက်ရှိ အစိုးရစီကနေ အာဏာသိမ်းမယ်တဲ့ဗျာ .. စောင့်ကြည့် ကြအုံးစို့ဗျာ .. အရင်တစ်ခါတုန်းကလည်း နိုင်ငံရေး အကျဉ်းသား နှင့် မြစ်ဆုံ အတွက် ဆိုင်ဘာ အလဲထိုး မှု တနင်္လာ နေ့ စမည် ဆိုပြီး September 28 ရက်နေ့မှာ ကြီးကြီးကျယ်ကျယ် သတင်းတွေ လျောက်တင်ပြီး တကယ့်တကယ် ကျတော့လည်း ဘာမှ ဖြစ်မလာ .. အခုတစ်ခါလည်း လာပြန်ပါပြီ စစ်တပ် က အာဏာ ပြန် သိမ်းနိုင် ချေ ရှိ တဲ့ ကြေ ငြာ ချက် ကို ဇန်န၀ါရီ လ ၁၁ ရက် နေ့ တွင် ထုတ် ပြန် နိုင် ချေ ရှိ သည် ဆိုပြီး ရက်စွဲအတိအကျတောင် ကောက်သတ်မှတ် ပေးလိုက်သေးတယ်ဗျာ ... ကဲဟုတ်လား မဟုတ်လားတော့ စောင့်ကြည့်ကြအုံးစို့ဗျာ .. ကိုထင်ကျော်ကျော်စိုးရေ သတင်းသမား မှန်ရင်တော့ ကိုရေးတဲ့ သတင်းအတွက် တာဝန်ယူ ဖြေရှင်း ရဲမယ်လို့ ထင်ပါတယ် .. သိက္ခာရှိ သတင်းသမား တစ်ယောက်အနေနဲ့  ဇန်န၀ါရီလ ၁၁ ရက်နေ့တွင်သာ ကြေငြာချက် မထုတ်ပြန်ခဲ့ ဘူးဆိုရင် သတင်းသမား အတစ်ယောက် အနေနဲ့ ကိုထင်ကျော်ကျော်စိုး ဘယ်လို ဖြေရှင်းချက် ပေးမလည်း ဆိုတာကို စောင့်ကြည့်လိုက်ကြ ပါအုံးစို့ခင်ဗျာ ... ခိုင်လုံတဲ့ သတင်းအခြေအမြစ် မရှိပဲ ပါးစပ်ထဲ ရှိရာသတင်းရပ်ကွက်ကို စွဲစွဲ ထည့်နေယုံလောက်နဲ့တော့ ယခုလို မီဒီယာ ခေတ်ကြီးထဲမှာ မဖြစ်သင့်တော့ ပါဘူး .. အင်တာနက် သုံးနေတဲ့ စာဖတ်ပရိတ်သတ်များ အားလုံးလည်း ပညာအသိဖြင့် ယှဉ်ပြီး အခြေအမြစ် မရှိသော သတင်းဝါဒ မှိုင်းများ ရိုက်သွင်း ခံခြင်း လွတ်မြောက်စေလို သောစေတနာဖြင့် ... 

အောင်ဘ


0 comments:

Post a Comment


Popular Posts