'
အမိမြေ

အင်တာနက်အမြန်နှုန်းထပ်ဆင့်တိုးမြှင့်ပေးနိုင်ရန် ရေအောက်ဆက်ကြောင်း ချိတ်ဆက်ထားပြီးဖြစ်

 
 ပြည်တွင်း၌ လက်ရှိအသုံးပြုနေသော အင်တာနက်အမြန်နှုန်းထက် တစ်ဆင့်ထပ်မံတိုးမြှင့်ပေးနိုင်ရန် ပတ်ဝန်းကျင်နိုင်ငံများနှင့် ရေအောက်ဆက်ကြောင်း ချိတ်ဆက်ထားပြီးဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ “မြန်မာနိုင်ငံဘက်က အင်တာနက်လိုင်းငှားရမ်းမှုကြောင့် ရရှိတဲ့ဝင်ငွေပမာဏနဲ့ ပတ်ဝန်းကျင်နိုင်ငံတွေဆီက ဆက်ကြောင်းအသုံးပြုမှုပေးရမယ့် ငွေပမာဏကို ညှိနှိုင်းနေပါတယ်။ ပတ်ဝန်းကျင်နိုင်ငံတွေကလည်း ဆက်သွယ်ရေးလိုင်းအတွက် တစ်မိနစ်အသုံးပြုမှု နှုန်းထားဘယ်လောက်ကောက်ခံမယ်ဆိုတာ တွက်ချက်နေပါပြီ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အကြီးတန်းအရာရှိ တစ်ဦးကပြောသည်။ ထိုသို့ အင်တာနက်လိုင်းအမြန်နှုန်း တိုးမြှင့်နိုင်ရန် ဆက်ကြောင်းများ ချိတ်ဆက်ထားရန်လိုအပ်သလို အဆင့်မြင့် အခြေခံ အဆောက်အအုံကဏ္ဍတိုးမြှင့်ပြီး အလိုအလျောက် ဆက်သွယ်ရေးကွန်ရက် တည်ထောင်နိုင်ရန် ဂျပန်နိုင်ငံနှင့် ပူးပေါင်းပြုလုပ်ရန် စီစဉ်နေကြောင်း ၎င်းကဆိုသည်။  “အမြန်နှုန်း ဘယ်တော့လောက် မြှင့်တင်ပေးမယ်ဆိုတာ နိုင်ငံတွေရဲ့ ဆွေးနွေးညှိနှိုင်းမှုပေါ်မှာ မူတည်တယ်။ အတိအကျမပြောနိုင်သေးဘူး။ ကေဘယ်လ်ကြိုးတွေ အားလုံးချိတ်ဆက်ထားပြီးဖြစ်လို့ data ဖြတ်နိုင်အောင် အမြန်ဆုံးဆောင်ရွက်သွားမှာပါ” ဟု အကြီးတန်းအရာရှိက ပြောသည်။ ထိုကဲ့သို့ ရေအောက်ဆက်ကြောင်း များချိတ်ဆက်ရာ၌ မြန်မာနိုင်ငံ ပတ်ဝန်းကျင် နိုင်ငံများဖြစ်သော တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ လာအို၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံများမှ အင်တာနက်လိုင်းများကို ချိတ်ဆက်ထားပြီးဖြစ်ကြောင်း၂၀၁၂ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment


Popular Posts