'
အမိမြေ

မလေးရှားမှ မျိုးချစ်မြန်မာလူငယ်တစ်စုထံသို့ အိတ်ဖွင့်ပေးစာ

မလေးရှားက မြန်မာမတွေ နော်ဝေက ဒုက္ခသည် မြန်မာမတွေလောက် မဆိုးပါ

အစ်ကိုတို့ရေ အစ်ကိုတို့ကို ညီမအနေနဲ့ ဆက်သွယ်ပြောချင်တာလေးနည်းနည်း ရှိပေမဲ့ ဘယ်လိုဆက်သွယ်ရမှန်း
မသိလို့ အင်တာနက်ပေါ်ကပဲ အိတ်ဖွင့်ပေးစာအနေနဲ့ပို့လိုက်ပါတယ်ရှင်။ ပြောချင်တာတွေများတော့ စာကနည်းနည်း
ရှည်သွားလို့ သည်းခံပြီး အဆုံးထိဖတ်ပေးစေချင်ပါတယ်နော်။

ညီမက ပီနန်မှာအလုပ်လုပ်နေတဲ့ မြန်မာမိန်းကလေးတစ်ယောက်ပါ။ အစ်ကိုတို့အကြောင်းကို ညီမစသိတာတော့
နည်းနည်းကြာပါပြီ။ ညီမသူငယ်ချင်းတစ်ယောက်က ညီမကိုပြောပြလို့ပါ။ သူပြောပြတာကတော့ မလေးရှားမှာ
တခြားနိုင်ငံသားတွေနဲ့တွဲပြီး အခြေအနေဆိုးနေတဲ့ မိန်းကလေးတွေ မရှိရအောင် ရည်ရွယ်ချက်တူတဲ့ လူတွေစုပြီး
အဖွဲ့ဖွဲ့ပြီးလုပ်ဆောင်မယ်တဲ့။ သူပြောတာကြားတော့ ညီမလေဝမ်းသာလိုက်တာ။ သူ့ကိုတောင် ပြောလိုက်သေးတယ်။

ဖြစ်သင့်တာ ကြာပြီလို့။ ဟုတ်ပါတယ်။ မလေးရှားမှာ မြန်မာမိန်းကလေးတချို့ဟာ တခြားနိုင်ငံသားတွေနဲ့ အပျော်
သဘောတွဲပြီး အခြေအနေဆိုးနေတာ ကြာပါပြီ။ ညီမ မလေးရှားကို စရောက်တည်းက မြန်မာမိန်းကလေးတွေနဲ့ ပတ်သက်ပြီး အဆိုနှစ်ခုကြားရပါတယ်။ တစ်ခုကတော့ ဖုန်းတစ်လုံးဝယ်ပေးရင် မြန်မာမိန်းကလေးတစ်ယောက်ရပြီတဲ့။

နောက်တစ်ခုကတော့ မြန်မာယောက်ျားလေးတွေက ပြောတာပါ။ မြန်မာနိုင်ငံပြန်ရောက်လို့ မိန်းမယူမယ်ကြံရင်
မလေးရှားကိုရောက်ဖူးတဲ့မိန်းမဆိုရင်တော့ ဝေးဝေးရှောင်မယ်တဲ့။ ညီမလေ အဲ့စကားတွေကြားရတော့ တော်တော်
စိတ်မကောင်းပါဘူး။ အစ်ကိုတို့သတင်းကို အဲ့ဒီနေ့မှာ ကြားလိုက်ရတော့ ညီမတော်တော်ပျော်မိတယ်။ ညီမကိုယ်တိုင်
လဲ အပြင်တွေဘာတွေသွားရင် မြန်မာမိန်းကလေးတွေ လူမျိုးခြားယောက်ျားလေးတွေနဲ့ တွဲနေတာမြင်ရင် မချိအောင်
နာမိသူပါ။ ဒါတောင် ညီမက အပြင်ကို သိပ်မထွက်ပါဘူး။ မထွက်မဖြစ် လကုန်အိမ်ကို ပိုက်ဆံပို့တဲ့အချိန်ရယ်
ချက်ဖို့ပြုတ်ဖို့ဈေးမသွားမဖြစ် ကိုယ်တိုင်သွားရမယ့် အချိန်ရယ်။ ဒီနှစ်ချိန်လောက်ပဲ အပြင်ထွက်တာပါ။ ဒါတောင်
ညီမထွက်တိုင်း မိန်းကလေးတွေကို တခြားလူမျိုးတွေနဲ့တွဲပြီး မကြာမကြာမြင်နေရပါတယ်။ အဲ့တော့ အစ်ကိုတို့
သတင်းလေးကြားတော့ ညီမအရမ်းဝမ်းသာတယ်။ အစ်ကိုတို့ သူတို့ကို ဘယ်လိုကူညီမလဲ။ ဘယ်လိုလုပ်ဆောင်မလဲ။

ညီမအမြဲနားစွင့်နေပါတယ်။ ဒါပေမဲ့ ညီမကိုယ်တိုင်ကလဲ အပြင်သိပ်မထွက်လို့လားတော့ မသိ။ အစ်ကိုတို့အဖွဲ့ရဲ့သတင်းကို မျက်ခြည်ပျက်သွားခဲ့တာ ကြာရောပေါ့။ ဟိုရက်ပိုင်းကလေးကမှ အစ်ကိုတို့ အင်တာနက်ပေါ်ကိုတင်လိုက်တဲ့ ဗီဒီယိုလေးကြောင့် အစ်ကိုတို့လုပ်ဆောင်နေတာတွေကို ညီမသေချာသိခဲ့ရပါတယ်။

ဒီနေရာမှာ အစ်ကိုတို့ကို ရှင်းပြချင်တာလေးနှစ်ခုရှိပါတယ် အစ်ကိုရေ။

ပထမ ရှင်းပြချင်တာကတော့ မလေးရှားက မြန်မာမိန်းကလေးတိုင်းမပျက်စီးပါဘူးဆိုတဲ့ အချက်ပါပဲ။ အစ်ကိုတို့ရေ
ညီမဖတ်မိဘူးတာလေး တစ်ခုရှိပါတယ်။ မန္တလေးမြို့က မစိုးရိမ်ကျောင်းတိုက်ကြီးကို လှူခဲ့တဲ့ဒကါအကြောင်းပါ။
တစ်နေ့ အဲ့ဒီဒကာအိမ်ကို သူ့မိတ်ဆွေတစ်ယောက်က ရောက်လာပြီး“ဟေ့ကောင် မင်းကတော့ မစားရက်မသောက်ရက်နဲ့စုပြီး ကျောင်းတိုက်ကြီးလှူထားတာကွာ။ အခုပဲ မင်းလှူထားတဲ့
ကျောင်းကို ငါရောက်ခဲ့တော့ ဘုန်းကြီးတွေ သင်္ကန်းခါးတောင်းကျိုက်ပြီး ခြင်းခတ်နေတယ်။ ဘယ်မြင်လို့မှ မကောင်းကွာ”ဆိုပြီး လာပြောသတဲ့။ အဲ့ဒါနဲ့ အဲ့ဒီဒကါကလည်း “ဟုတ်လား လာ ကျောင်းသွားရအောင်ကွာ” ဆိုပြီး သူ့သူငယ်ချင်းနဲ့အတူ နှစ်ယောက်ကျောင်းကိုသွားကြသတဲ့။ ကျောင်းရောက်တော့ သူ့သူငယ်ချင်းပြောတဲ့အတိုင်းပေါ့လေ။ ကျောင်းဝင်းထဲမှာ ဘုန်းကြီးတွေ ခြင်းခတ်နေတာကို တွေ့သတဲ့။ အဲ့ဒါနဲ့ပဲ ဒကါလည်း သူ့သူငယ်ချင်းကို “လာ ကျောင်းတိုက်ပေါ်ခဏတက်ဦး”ဆိုပြီး ကျောင်းပေါ် ခေါ်သွားတယ်။ ကျောင်းပေါ်ရောက်တော့ ကျောင်းပေါ်မှာ စာအံတဲ့ကိုရင်တွေစာသင်တဲ့ဘုန်းတော်ကြီးတွေ တရားထိုင်နေတဲ့ ဘုန်းတော်ကြီးတွေ အစရှိသဖြင့်ပေါ့။ ဘုန်းကြီးတွေ ကိုရင်တွေကိုတွေ့သတဲ့။ အဲ့ဒီအခါ ဒကါက သူ့သူငယ်ချင်းဖက်ကို လှည့်ပြီး “ခြင်းခတ်နေတဲ့ဘုန်းကြီး ဘယ်နှစ်ပါးရှိသလဲလို့”မေးလိုက်ပါတယ်။ သူ့သူငယ်ချင်းကလဲ “မင်းမတွေ့ဘူးလား ဘုန်းကြီးငါးပါးခြင်းခတ်နေတာ။” ဒကါက ထပ်ပြီးတော့

“ဟော့ဒီကျောင်းပေါ်မှာ စာအံစာချနေတဲ့ ဘုန်းကြီးတွေ ကိုရင်တွေ ဘယ်နှစ်ပါးရှိမယ်ထင်သလဲ ”လို့ ထပ်မေးလိုက်ပါ
တယ်။ သူ့သူငယ်ချင်းလဲ “ဟာ ဒါကတော့ အများကြီးပဲပေါ့။” အဲ့ဒီအခါ ဒကါက “အေးဟုတ်တယ် မင်းအပြင်မှာ
ခြင်းခတ်နေတာကိုပဲ မြင်တာကိုးကွ။ အထဲလည်း ဝင်ကြည့်ပါဦး” လို့ပြောသတဲ့။

အစ်ကိုတို့ရေ အဲ့လိုပါပဲ။ မလေးရှားမှာ အစ်ကိုတို့တွေ အပြင်မှာတွေ့နေရတဲ့ မိန်းကလေးတွေရဲ့ အရိပ်အကဲကိုကြည့်ပြီးတော့ မလေးရှားက မြန်မာမတွေ မကောင်းဘူး။ ယောက်ျားတွေနဲ့ ပလူးနေလိုက်တာ။ မြင်လို့မှမကောင်း။ -ါလုံးလုံးဖြစ်နေပြီလို့ ဝါးလုံးရှည်ကြီးနဲ့ သိမ်းမရမ်းကြပါနဲ့။ စက်ရုံတွေ အလုပ်ရုံတွေထဲမှာ ရိုးရိုးသားသားနေပြီး ကြိုးကြိုးစားစားနဲ့ မိဘတွေကို လုပ်ကျွေးနေကြတဲ့ မိန်းမကောင်းလေးတွေ တစ်ပုံကြီးရှိပါတယ်။

၂၀၁၁ တုန်းက မလေးရှား NLD-LA ကို မလေးရှားရဲက ဝင်ဆီးခဲ့စဉ်
ဒုတိယ ရှင်းပြချင်တာကတော့ မလေးရှားကိုရောက်နေတဲ့ မြန်မာမိန်းကလေးတော်တော်များများရဲ့ ဘဝပေးအခြေ
အနေပါ။ မလေးရှားကို လာပြီးအလုပ်လုပ်နေတဲ့မြန်မာမိန်းကလေးတော်တော်များများဟာ မြန်မာနိုင်ငံရဲ့ အခြေခံ
လူတန်းစား တစ်နေ့လုပ်တစ်နေ့စား အသိုင်းအဝိုင်းတွေက လာတာများပါတယ်။ မြန်မာနိုင်ငံမှာ ပိုက်ဆံအလယ်
အလတ်အဆင့်ရှိတဲ့လူတွေတောင် မလေးရှားကိုမလာပါဘူး။ သူတို့တွေနိုင်ငံခြားကို ထွက်ရင် စင်္ကာပူလောက်ကို
အနိမ့်ဆုံး ထွက်တတ်ပါတယ်။ ပြီးတော့ မလေးရှားကိုလာတဲ့ မိန်းကလေးတွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ဟာ
ပိုက်ဆံချေးပြီးလာတာ များပါတယ်။ အဲ့ဒီလိုပဲ လာတဲ့မိန်းကလေးတွေရဲ့ငါးဆယ်ရာခိုင်နှုန်းလောက်ဟာ လက်မထပ်
ရသေးတဲ့ မိဘအုပ်ထိန်းမှု့အောက်မှာ ရှိနေသေးတဲ့ မိန်းမပျိုလေးတွေ များပါတယ်။ လာတဲ့အချိန်မှာတော့ မျှော်လင့်
ချက်တွေ တစ်နင့်တစ်ပိုးကြီးနဲ့ပေါ့။ ပွဲစားတွေရဲ့မစားရဝမခန်းပြောလုံးတွေကြောင့်လည်း ပါတာပေါ့လေ။
အဲ တကယ်ရောက်ပြီဆိုတဲ့ အချိန်မှာတော့ ………………….။

မလေးရှားမှာ အလုပ်လုပ်တဲ့မြန်မာမိန်းကလေးတော်တော်များများရဲ့ အခြေခံလစာကို တွက်ရင် မလေးငွေ ရင်းဂစ်
၇၅၀ ပေါ့။ တချို့တွေဆို တစ်နေ့ကို ရင်းဂစ် ၂၀ကျော်လောက်နဲ့ တစ်လမှ ၆၀၀ကျော်လောက်ပဲ ရကြပါတယ်။
အမျိုးမျိုးပေါ့လေ။ ဒါပေမဲ့ ပျမ်းမျှတွက်လိုက်မယ် ၇၅၀ ပဲထား။ (တစ်ထောင်ကျော်ထွက်နေတဲ့လူတွေလည်း ရှိပါတယ်။
ဒါကရောက်ပြီး သုံးနှစ်လောက်ကြာ လုပ်ငန်းအတွေ့အကြုံရှိ စကားပြောလေးတက်လာတဲ့အချိန်မှပါ။ ) ရောက်စ
၂လ လောက်မှာ ဘယ်လိုမှပိုက်ဆံမပို့နိုင်ပါဘူး။ ဒီမှာ စားဖို့အိုးလေးခွက်လေးတွေ လိုတဲ့ပစ္စည်းလေးတွေဝယ်ရတာကို။

ကဲ ပိုက်ဆံပို့ပြီဆိုတော့ ။ ရတဲ့လခက ၇၅၀။ ထမင်းဖိုးက ၁၅၀ ထား။ အိမ်ကိုဖုန်းဆက်ဖို့နဲ့ ဆပ်ပြာ သွားတိုက်တံ
တခြားဝယ်စရာတိုလီမှုတ်စလေးတွေက ၁၀၀ ပဲထားဦး။ ဒါအနည်းဆုံးနှုန်းကို တွက်ပြနေတာပါနော်။ အဲ့ဒီမှာတင် ၂၅၀ကုန်ပြီ။ အိမ်အတွက် ၅၀၀ ပေါ့။ ငွေဈေးက ၂၅၀ ဈေး။ အဲ့တော့ အိမ်ကိုပို့တဲ့ပိုက်ဆံက တစ်လကို မြန်မာငွေ ၁၂၅၀၀၀။

အဲ့ဒီမှာ အရေးကြီးတာက နောက်မှာကျန်ခဲ့တဲ့ မြန်မာနိုင်ငံက လူတွေရဲ့အခြေအနေပဲ။ ချေးထားတဲ့ပိုက်ဆံကလည်း
အတိုးကတက်နေ။ ဒါလေးကိုကျေဖို့အမြန်ဆပ်နေတဲ့ အချိန်မှာ အိမ်ကလူတွေက တစ်ခြားပိုက်ဆံဝင်ငွေရှိရဲ့လား။
ကိုယ့်တစ်ယောက်တည်းဆီကပဲ မျှော်ကိုးနေရတဲ့လူတွေလား။ အဲ့ဒီအခြေအနေတွေပေါ် မူတည်ပြီး မိန်းကလေးတွေ
ခမျာ အဆင်ပြေသလို လှုပ်ရှားနေရတာတွေ ညီမတွေ့နေရတယ်။ ညီမလေ သူတို့ကို အရမ်းသနားပါတယ်။ သူတို့
လုပ်ချင်လို့ လုပ်နေကြတာမဟုတ်ပါဘူး။ တခါတလေကျရင် ဘယ်လိုမှလွန်ဆန်လို့မရတဲ့ ဘဝတွေရှိတတ်ကြတယ်
အစ်ကိုရေ။ မလုပ်ချင်ပေမဲ့လည်း မဖြစ်ချင်ပေမဲ့လည်း ကိုယ့်မိဘအတွက် ကိုယ့်ညီအစ်ကိုမောင်နှမတွေအတွက်
…………………………………………………..။

2 comments:

ဒီမောင် said...

မလေးကမျိုးချစ်မြန်မာလူစုရိုက်နှက်နေတဲ့videoလေးပါတင်ပေးရင်ဒီစာနဲ့အတူတူကြည့်လိုက်ရင်ပိုသိလာရမှာပါ.ကိုယ်ကြည့်ဖူးသလောက်အဲဒီ့videoကတော်တော်လူမဆန်တဲ့လူတစ်ယောက်ကဦးဆောင်ရိုက်နှက်နေတာတွေ့တာပဲ..နီပေါတွေဘင်္ဂလားတွေနဲ့တွဲပြီးနာမည်ပျက်နေတဲ့ကောင်မလေး၂ယောက်ကိုယောကျာ်း၃ ၄ယောက်လောက်ကတခွန်းမေး တခွန်းပြော တစ်ယောက် ၂ချက် ၃ချက်ဝင်ချနေတဲ့videoခွေပါ..ကိုယ့်ညီမသားချင်းလိုသဘောထားလို့ပြုပြင်ချင်ရင်ကောင်းကောင်းမွန်မွန်နည်းလမ်းရှာပြီးထိန်းသိမ်းနိုင်ရက်နဲ့ကြီးနိုင်ငယ်ညှင်းလုပ်နေသလိုပုံစံတီးကြဆော်ကြတာပါ..တကယ်လို့သူတို့မှာဒီလိုစာရိတ္တထိန်းသိမ်းချင်ပါတယ်ဆိုရင်မြန်မာနိုင်ငံမှာပါကင်ဖွင့်တဲ့ကောင်မလေးတွေ၊ကာရာအိုကေမှာဖင်လှန်နို့နှိုက်ကြိုက်တာလုပ်လို့ရတဲ့(ရပ်ကွက်ထဲမှာအမျိုးကောင်းသမီးနာမည်ခံ)ကြက်မဟုတ်တဲ့ကြက်တပိုင်းတွေကိုသွားတီးကြပါလားနော်၊သူများနိုင်ငံရောက်နေတဲ့မြန်မာမိန်းမတွေ(သူတို့ကြက်ဖြစ်နေရင်တောင်)တခြားနည်းနဲ့ကယ်တင်သင့်ပါတယ်..သူများနိုင်ငံမှာရောက်နေသူတွေဟာအနဲနဲ့အများ(ယောကျာ်းဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်) အကြပ်အတည်းရှိကြသူတွေပါ

Anonymous said...

ကိုယ့် မြေ ကိုယ့် ရေ ကို ပစ် ပြီး နိုင် ငံ ခြား ကို မှ အ ထင် ကြီး
သော ကောင် မ များ သင် ခန်း စာ ယူ သင့် ပါ သည်။

Post a Comment

Popular Posts