'
အမိမြေ

လော့စ်အိန်ဂျလိစ်မြို့တွင် နေရာပေါင်းများစွာကို မီးရှို့ခဲ့သည်ဟု သံသယရှိသူအား ဖမ်းဆီးရမိ


အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တစ်ဝိုက်ရှိ နေရာပေါင်း ၅၃ ခုကို မီးရှို့ခဲ့သည်ဟု သံသယရှိသူ အမျိုးသားအား အာဏာပိုင်များက ဇန်န၀ါရီ ၂ ရက်အစောပိုင်းက ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အသက် ၅၅ နှစ်အရွယ်ရှိ ယင်းဂျာမနီနိုင်ငံသားသည် ၄င်း၏ မိခင်ဖြစ်သူအား အမေရိကန်အာဏာပိုင်များက ပြည်နှင်ဒဏ်ပေးခဲ့ခြင်းကြောင့် လွန်ခဲ့သည့် သီတင်းပတ်အကုန်၌ နေရာ ၁၁ ခုကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း လော့စ်အိန်၈ျလိစ်မီးသတ်ဌာနမှ အရာရှိ ဂျာမီမိုရီက ပြောကြားခဲ့သည်။ ယင်းမီးရှို့မှုများကြောင့် အရပ်သားများ ပြင်းထန်စွာ ဒဏ်ရာရရှိမှုမရှိသော်လည်း မီးခိုးငွေ့များကို ရှူမိသည့် လူတစ်ဦးကို အောက်ဆီဂျင်ပေးခဲ့ရပြီး မီးသတ်သမားတစ်ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် တန်ဖိုးစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၂ သန်းခန့်ရှိကြောင်း သိရသည်။ (ဆင်ဟွာ)

Ref : ခေတ်လူငယ်

0 comments:

Post a Comment


Popular Posts