'
အမိမြေ

ဆိုမာလီပင်လယ်ဓားပြများ အီတလီကုန်တင် သင်္ဘောကြီးကို ပြန်ပေးဆွဲ


အိုမန်နိုင်ငံ၏ ကမ်းလွန် ပင်လယ်ပြင်တစ်နေရာတွင် သင်္ဘောသား ၁၈ ဦးပါရှိသည့် အီတလီ ကုန်တင်သင်္ဘောကြီးတစ်စင်းအား ဆိုမာလီပင်လယ်ဓားပြများ၏   ပြန်ပေး ဆွဲခြင်းခံခဲ့ရကြောင်း အိန္ဒိယ သင်္ဘောအရာရှိများက ထုတ်ဖော်ပြောကြားခဲ့သည်။  သင်္ဘောမှာ တူရကီနိုင်ငံ သို့ ဦးတည် ခုတ်မောင်းနေသော Enrico Levoli ကုန်တင် သင်္ဘော ကြီးဖြစ်ပြီး ယခုအခါ ဆိုမာလီ ကမ်းခြေသို့ ဦးတည်ခုတ်မောင်းနေ ကြောင်း သိရှိရသည်။ သင်္ဘောသားများတွင် အိန္ဒိယ နိုင်ငံသား ၇ ဦး၊ အီတလီ ၆ ဦးနှင့် ယူကရိန်း နိုင်ငံသား ၅ ဦးတို့ လိုက်ပါ လာခြင်းဖြစ်သည်။ ဆိုမာလီ ပင် လယ်ဓားပြများသည် သင်္ဘောများ ကို ပြန်ပေးဆွဲ ယခင်နှစ်များနှင့် မတူတော့ဘဲ လုံခြုံရေး ကင်းလှည့် ရေယာဉ်များအကြား ခက်ခဲစွာ လုပ် ဆောင်လာရပြီး ယခုကဲ့သို့ ပြန်ပေး ဆွဲနိုင်ခဲ့ခြင်း ဖြစ်သည်။  ဥရောပရေတပ် (European Naval Force) ၏ နောက်ဆုံး ထုတ်ပြန်ချက်အရ ၂ဝ၁၁ နိုဝင်ဘာ လတွင် ပင်လယ်ဓားပြများ၏ တိုက် ခိုက်မှု ၁၂ ကြိမ်ခံခဲ့ရပြီး ယခင်နှစ် နိုဝင်ဘာလတွင် ၃၅ ကြိမ်အထိ တိုက်ခိုက်ခံခဲ့ရကြောင်း   နှိုင်းယှဉ် ဖော်ပြထားသည်။ သတင်းထောက် များ၏ ပေးပို့ချက်အရ ကုန်တင် သင်္ဘောကြီးများကို စောင့်ရှောက် နေသော လုံခြုံရေးတပ်ဖွဲ့များ၏ အရေအတွက်မှာ ပို၍တိုးလာနေ သောကြောင့်ဖြစ်သည်ဟုသိရှိရသည်။ သို့ရာတွင် သင်္ဘောသား ၂ဝဝ နီးပါးခန့်မှာ ဆိုမာလီ ပင်လယ် ဓားပြများ၏ ဖမ်းဆီးထိန်းသိမ်းခံ ထားရဆဲ ဖြစ်သည်။ အိန္ဒိယ သင်္ဘောလိုင်းများ ထိန်းသိမ်းရေး ဗဟို၏ ထုတ်ပြန်ချက်အရ  ၄င်းသင်္ဘောကြီးသည် ကော့စတစ် ဆို ဒါများ တင်ဆောင်လာပြီး အီရန်မှ တူရကီသို့ ထွက်ခွာ လာသော  သင်္ဘောတစ်စင်းဖြစ်သည်။ သင်္ဘော သားများ၏ အခြေအနေကို သတင်း တစ်စုံတစ်ရာ မရရှိသေးပေ။ ပင်လယ်ဓားပြများ၏ လက်ထဲတွင် အိန္ဒိယသင်္ဘောသား ၄၃ ဦး ထိန်းသိမ်းခံထားရဆဲ ဖြစ်သည် ဟု ထုတ်ပြန်အသိပေးခဲ့သည်။

Ref : popularmyanmar.com

0 comments:

Post a Comment


Popular Posts