'
အမိမြေ

ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် နုတ်ထွက်ခွင့်ပြု

ပြည်ထောင်စု ၀န်ကြီး ဦးကျော်စွာခိုင် နဲ့ တနင်္သာရီတိုင်း ၀န်ကြီးချုပ် ဦးခင်ဇော် တို့ ကို နုတ်ထွက်ခွင့် ပြုကြောင်း ယနေ့ထုတ် မြန်မာ့အလင်း နှင့် ကြေးမုံသတင်းစာ တို့တွင် ဖော်ပြပါ ရှိပါတယ်။



နိုင်ငံတော် သမ္မတရုံးက ပြည်ထောင်စုဝန်ကြီး ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း၊ အမိန့်အမှတ် ၂/၂၀၁၂ ကို ဇန်နဝါရီလ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာ လိုက်သည်။ အဆိုပါ အမိန့်တွင် ပြည်ထောင်စု ဝန်ကြီး ရာထူးမှ ကျန်းမာရေး အခြေအနေ အရ နုတ်ထွက်ခွင့်ပြုရန် တင်ပြလာသည့် သမ္မတရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်စွာခိုင်အား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၅၊ ပုဒ်မခွဲ (ခ)နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၈၊ ပုဒ်မခွဲ (က) တို့အရ မိမိ သဘော ဆန္ဒ အလျောက် ပြည်ထောင်စု ဝန်ကြီး ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ထုတ် သတင်းစာတွင် ဖော်ပြထားပါသည်။



နိုင်ငံတော်သမ္မတရုံးက တိုင်းဒေသကြီး ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း၊ အမိန့်အမှတ် ၃/၂၀၁၂ ကို ဇန်နဝါရီလ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ အမိန့်တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ရာထူးမှ ကျန်းမာရေး အခြေအနေအရ နုတ်ထွက်ခွင့်ပြုရန် တင်ပြလာသည့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးခင်ဇော်အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (က)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၂၊ ပုဒ်မခွဲ (က) တို့အရ မိမိသဘောဆန္ဒအလျောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ထုတ် သတင်းစာတွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment


Popular Posts