'
အမိမြေ

အကျ အရှုံးများနှင့် ကချင်လူထုက မယုံကြည့်တော့သော KIA



ကချင်လွတ်မြောက်ရေးတပ်ဖွဲ့နှင့် မြန်မာအစိုးရစစ်တပ်တို့ဟာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အခုလ ၁၂ ရက်နေ့က ၀ိုင်းမော် ရွှေညောင်ပင်ရွာနားက ရင်ကွဲတောင်မှာ KIA က ဗိုလ်ကြီးဇော်လ နဲ့ ဗိုလ် လနူး ရဲ့တပ်ခွဲက အစိုးရတပ်ကို စောင့်ကြိုတိုက်ခဲ့ပြီး အချိန်တော်တော်ကြာတိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
 KIA က လူ ၁၅၀ လောက်နဲ့ နှစ်ဖွဲ့ခွဲစောင့်ပြီးတိုက်တာ စစ်တပ်ကလက်နက်ကြီးတွေနဲ့ အများကြီးပြန်ပစ်တော့ တဖြည်းဖြည်းနဲ့ KIA ဘက်က ဒဏ်ရာရတဲ့သူတွေများလာလို့ ပြန်ဆုတ်ပေးခဲ့တာပါ၊ ၃ ယောက်သေဆုံး ၆ ယောက်ဒဏ်ရာရခဲ့တယ်၊ လူ ၂၀ လောက်အဖွဲ့ကွဲပြီး အဆက်အသွယ်ပြတ်သွားပါတယ်၊ မနေ့ကမှ အဆက်အသွယ်ပြန်ရတာပါ၊ စစ်တပ်ဖက်ကတော့ ၅ ယောက်လောက်ဒဏ်ရာရသွားတယ်လို့  လိုင်ဇာမှ KIA အရာရှိတစ်ဦးက ပြောပြပါတယ်။
ကချင်ပြည်နယ်အတွင်းမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး အစိုးရစစ်တပ်လာနိုင်တဲ့ ရွာအနီးဝန်းကျင်နဲ့ လမ်းတွေမှာ မိုင်းထောင်ခဲ့လို့ ရွာသားတွေမိုင်းနင်းမိခဲ့တဲ့အတွက် KIA ကို ပြည်သူလူထုမှ ယခင်ကလို အကူအညီပေးတာတွေလျော့ကျလာပါတယ်။
 အစိုးရစစ်တပ်ကလည်း KIA တပ်မဟာ ၄ ကိုသိမ်းပိုက်ခဲ့ကြပြီးနောက်ပိုင်းမှာ  တပ်မဟာ ၄ နယ်မြေအပါအ၀င် KIA နယ်မြေတွေကို တိုးချဲ့ စစ်ဆင်လာတဲ့အတွက် KIA တပ်တွေဟာ  ယခင်ကလိုလှုပ်ရှားနိုင်မှုမရှိတော့ဘဲ နယ်မြေကျဉ်းလာပြီး တပ်မဟာ ၁ အောက်က တပ်ရင်း ၅ ကိုသာ အဓိကထား လှုပ်ရှားနိုင်တော့ကြောင်းလည်း သိရပါတယ်။

Ref : http://www.kachindailynews.blogspot.com/ 

0 comments:

Post a Comment


Popular Posts