'
အမိမြေ

KIA အားလိုင်ဇာမြို့မှဒုက္ခသည်များဆန္ဒပြတောင်းဆို



ကေအိုင်အေနှင့် အစိုးရတပ်တိုက်ပွဲများကြောင့် လိုင်ဇာမြို့ကို ပြောင်းရွှေ့ လာကြတဲ့ ဒုက္ခသည်များဟာ ရိက္ခာနှင့် ဆေးဝါးများ အလုံအလောက် မရဘဲ ကေအိုင်အေရှေ့တန်းတပ်များကိုသာ ပို့နေတာကို မကျေနပ်လို့ ဒုက္ခသည် ၂၀၀ ခန့်ဟာ အောက်တိုဘာလ ၁၈ ရက်နေ့က ကေအိုင်အေဗဟိုဌာနချုပ်ကို လမ်းလျှောက်ကာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
တိုက်ပွဲများကြောင့် ပြောင်းရွှေ့လာတဲ့ ဒုက္ခသည်တွေကို အကြောင်းပြပြီး ကေအိုင်အေတပ်ဖွဲ့အတွက်  ရိက္ခာနှင့်ဆေးဝါးများ ရရှိရေး အစီအစဉ်အရ ကေအိုင်အေနယ်မြေထဲမှာနေတဲ့ ရွာသားတွေကို လိုင်ဇာမှာ ဒုက္ခသည်စခန်းဖွင့်ကာ ပြောင်းရွှေ့ခိုင်းခဲ့ကြရပါတယ်။
 တိုက်ပွဲများစတင်ဖြစ်ပွားချိန်မှာတော့ ဒုက္ခသည်များဟာ တရုတ်နိုင်ငံနယ်စပ်သို့ ပြောင်းရွှေ့ကြပေမဲ့ တရုတ်အစိုးရမှ လက်မခံလို့ တရုတ်နိုင်ငံထဲမှာ နေထိုင်ကြတဲ့ ကချင်မျိုးနွယ်စုတွေက လိုင်ဇာမှာရှိတဲ့ ဒုက္ခသည်များအတွက် ဆေးဝါးနဲ့ ရိက္ခာထုတ်များပေးပို့ခဲ့ကြပါတယ်။
တရုတ်နိုင်ငံမှာနေတဲ့ ကချင်မျိုးနွယ်စုတွေက မိသားစု ၈ ယောက်ရှိတဲ့ အိမ်ထောင်စုတစ်စုကို တစ်ရက် တစ်ထုပ်နှုန်းဖြင့် ၈ ထုပ်နှုန်း ပေးနိုင်အောင် လှူထားတာပါ ၊ဒါကိုကေအိုင်အေက ၂ ထုပ်ပဲပေးတော့ ဘယ်လိုမှ မလောက်လို့ ဗဟိုက တာဝန်ရှိတဲ့သူကို ၁၁
ရက်နေ့ကအကြောင်းကြားထားပါတယ်၊ ဘာမှမလုပ်ပေးတော့ စားစရာမရှိတာကြောင့် အခုလိုဆန္ဒပြခဲ့ရတာပါ လို့ ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့သူတစ်ဦးမှ ပြောပြပါတယ်။

ဆန္ဒပြသူတွေကိုတော့ ကေအိုင်အေ တပ်ဖွဲ့ဝင်များမှ ထိန်းမရခဲ့တာကြောင့် သေနတ်များဖြင့် ပစ်ခတ်ကာ လူစုခွဲထိန်းသိမ်းခဲ့ရကြောင်း သိရသည်။ပစ်ခတ်မှုကြောင့် ဒုက္ခသည် ၁ ဦးသေဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရရှိကာ ဒဏ်ရာရတဲ့ ဒုက္ခသည်တွေကို လိုင်ဇာဆေးရုံမှာဘဲ ဆေးကုပေးထားကြောင်းသိရပါတယ်။ဆန္ဒပြသူအများစုမှာ ဝေကြိုင်ရပ်ကွက်နဲ့ မုန်ဆန်ယန်ရပ်ကွက်မှာ နေတဲ့ ဒုက္ခသည်အများဆုံးပါဝင်ကြောင်းသိရသည်။
ကေအိုင်အေမှ ဒုက္ခသည်ရိက္ခာများကို မြစ်ကြီးနားလမ်းကြောင်းပေါ်က ကေအိုင်အေတပ်ရင်းများရဲ့ ရိက္ခာလိုအပ်မှုကြောင့် ပိုပေးခဲ့ရလို့ အခုလိုဖြစ်ခဲ့ရတဲ့အတွက် ဒီပြသနာကို ကေအိုင်အေလူကြီးများမှ  အမြန်ဆုံးဖြေရှင်းသွားမှာပါဟု  ကေအိုင်အေဗဟိုက အရာရှိတစ်ဦးမှ ပြောပြပါတယ်။
ဆန္ဒပြအရေးအခင်းအပါအ၀င် ဒုက္ခသည်ပြသနာတွေကို ဖြေရှင်းဖို့  ကေအိုင်အို ဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှုးကြီး မရန်တောင်လာကို ဒုက္ခသည်ပြသနာဖြေရှင်းရေးကော်မတီဖွဲ့ပေးပြီး တာဝန်ပေး ဖြေရှင်းခိုင်းထားတယ်လို့လည်း သိရပါတယ်။
ဒုက္ခသည်တွေကတော့  ကေအိုင်အေမှ ရိက္ခာနှင့်ဆေးဝါးများအား အပြည့်အ၀မပေးနိုင်ပါက လိုင်ဇာမှ ပြန်ခွင့်ပေးစေလိုကြောင်းနှင့် ငြိမ်းချမ်းရေးလုပ်ဆောင်ပေးလိုကြောင်း တောင်းဆိုခဲ့ကြကြောင်းသိရသည်။

0 comments:

Post a Comment


Popular Posts