'
အမိမြေ

ရှမ်းမြောက်ပြည်သူ့စစ်အဖွဲ့များ မြန်မာအစိုးရတပ်နှင့်ပူးပေါင်းမှုကြောင့် KIA တပ်မဟာ(၄)အဖွဲ့ အခက်တွေ့



 
ပြီးခဲ့တဲ့စက်တင်ဘာလ(၂)ရက်နေ့၊ဗုဒ္ဓဟူးနေ့တွင်မန္တလေး- မူဆယ်လမ်း၊ နမ်အွမ်ကျေးရွာမှ အရှေ့တောင်ဘက်
(၈)မိုင်အကွာမှာရှိတဲ့ ဒီမားကျေးရွာအနီးက ရဲဘက်စခန်းအား KIAတပ်ရင်း(၉)မှ ၀င်ရောက်စီးနင်းကာ အကျဉ်းသားတွေကိုလွှတ်ပေးခဲ့ပါတယ်။ KIA(ကချင်)အဖွဲ့မှ မြန်မာအစိုးရကို ရန်စတဲ့သဘောနဲ့ ရဲတပ်ဖွဲ့ဝင် များသာ လုံခြုံရေးယူထားတဲ့ ရဲဘက်စခန်းကို ၀င်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။ ရဲဘက်စခန်းကို ၀င်ရောက် စီးနင်းခဲ့တဲ့ KIA (ကချင်)အဖွဲ့ကို လိုက်လံတိုက်ခိုက်တဲ့အခါမှာ
ရှမ်းမြောက်ဒေသအတွင်းရှိ ပြည်သူ့စစ်အဖွဲ့ များက မြန်မာအစိုးရတပ်ကို ကူညီပေးခဲ့ကြပါတယ်။KIA တပ်မဟာဌာနချုပ်ဖြစ်တဲ့ လွယ်ကန်ရွာ၊ ရှန်စင်းကျိုင်း နဲ့ KIA တပ်ရင်း(၉)ဌာနချုပ်ရှိရာ တက္ကနိုင်း၊ KIA တပ်ရင်း(၂)ဌာနချုပ်ရှိရာ မန်လွယ်တို့မှာ တိုက်ပွဲတွေဖြစ်ပွား လျှက်ရှိပါတယ်။ရှမ်းပြည်နယ် မြောက်ပိုင်းမှာနေထိုင်ကြတဲ့ ကချင်မဟုတ်တဲ့လူမျိုးတွေကတော့ ရှမ်းပြည်မြောက်ပိုင်းမှာတိုက်ပွဲတွေ ဖြစ်ပွားမှာကို စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ် နေကြပါတယ်။
မြန်မာအစိုးရစစ်တပ်က လက်နက်ကြီးများအသုံးပြုပြီး KIA အဖွဲ့တွေကို တိုက်ခိုက်တဲ့အတွက် အထိနာလျှက် ရှိပြီး ဒေသခံတွေ ထိခိုက်မှုမရှိစေရန်အတွက် အစိုးရစစ်ကြောင်းတွေက ရွာသူရွာသားများကို ရွာထဲမှာဘဲ  နေဖို့နှင့် တောထဲတွင်မနေရန်တားမြစ်ကာရွာတွေကို ကာကွယ်ပေးထားတယ်လို့သိရပါတယ်။
 ရှမ်းပြည်မြောက်ပိုင်းပြည်သူ့စစ်အဖွဲ့တွေဖြစ်တဲ့ မုန်ပေါ်ပြည်သူ့စစ်အဖွဲ့၊ မန်တုံပြည်သူ့စစ်အဖွဲ့ ၊ ကွတ်ခိုင်ပြည်သူ့စစ် အဖွဲ့တွေကလည်း KIA အဖွဲ့တွေကို ရှမ်းပြည်နယ်အတွင်းလက်မခံကြရန် စည်းရုံး လှုပ်ရှားမှုတွေ ပြုလုပ်နေကြပါတယ်။ KIA ဗဟိုဌာနချုပ်ကတော့ တပ်မဟာ(၄)နယ်မြေအတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာကို စစ်ကူမပေးနိုင်ဘဲ မိမိတို့အစီအစဉ်ဖြင့်သာ ပြောက်ကျားနည်းကိုအသုံးပြု တိုက်ခိုက်သွားဖို့ အမိန့်ပေးထားတယ်လို့သိရပါတယ်။
ယခုအချိန်မှာတော့ KIA ကချင်အဖွဲ့အနေနဲ့ ရင်ဆိုင်တိုက်ခိုက်တာတွေမလုပ်ဘဲ ကိုယ့်ရပ်ရွာတွေမှာသာ ပြည်လည်နေထိုင်တိမ်းရှောင်နေပြီး ဌာနချုပ်နေရာတွေမှာ အင်အားတွေပြန်လည်စုစည်းနေတယ်လို့ သိရ ပါတယ်။ နယ်မြေခံပြည်သူ့စစ်များနဲ့ မြန်မာအစိုးရတပ်ပူးပေါင်း စစ်ဆင်နေတာကြောင့် တပ်မဟာ(၄) လက်အောက်ခံ ရင်း(၂)၊(၈)၊(၉)တပ်ဖွဲ့ဝင်အများအပြားဟာ တိုက်ပွဲတွေဆက်လက်တိုက်ခိုက်ဖို့အတွက် စိတ်မပါလက်မပါ ဖြစ်နေတယ်လို့ KIAတပ်မဟာ(၄)မှ အရာရှိတစ်ဦးမှ KDN သတင်းဌာနသို့ပြောကြားလာခဲ့ပါတယ်။

0 comments:

Post a Comment


Popular Posts