'
အမိမြေ

ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ ရောက်သော်လည်း ဒေါ်စုနှင့် မတွေ့

သမ္မတချင်းရင်းရင်းနှီးနှီးအပြုံးပန်းကိုယ်စီ
သူတို့ နှင့်လဲ ရင်းနှီးပွင့်လင်းစွာ
ဦးဇော်ဇော်လောက်တောင်အရာမရောက်တဲ့ အင်တာနတ်ပေါ်က လူထုခေါင်းဆောင်
၅ရက်၁၀လပိုင်း ဗုဒ္ဓဟူးနေ့ ကမြန်မာနိုင်ငံကို တရက်တာ ရောက်ခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် မစ္စစ် ယင်းလပ် ရှင်နာဝပ်  Yingluck Shinawatra ဟာ သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ကုန်သွယ်ရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ သတင်း ရရှိပါတယ်။ယင်းခရီးစဉ်တွင် ယင်းလပ်ရှင်နာဝပ်ဟာ သမ္မတကြီးဦးသိန်းစိန် စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော် တို့ နှင့် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်ခါ ချစ်ကြည်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြပါတယ်။အိမ်နီးချင်းနှစ်နိုင်ငံအကြား အကျိုးတူပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်ကြဖို့  ရည်ရွယ်ပြီးလာရောက်ခြင်းဖြစ်ပါတယ်။ထိုင်းမြန်မာချစ်ကြည်ရေးတံတားကို့ ပြန်ဖွင့်ပေးဖို့ လဲ ထိုင်းဝန်ကြီးချုပ်မှတောင်းဆို ခဲ့ပါတယ်။မူးယစ်ဆေးဝါးတိုက်ဖျက်ရေးရွှေ့ပြောင်းအလုပ်သမားအရေး စွမ်းအင်ထုတ်လုပ်ရေးကိစ္စတို့ ကိုလဲ ဆွေးနွေးခဲ့ကြောင့် ရိုက်တာမှာဖော်ပြထားပါတယ်။
ဒါပေမဲ့မစ္စစ်ယင်းလပ်ရှင်နာဝပ်ဟာ ဒေါ်စုကြည်နဲ့  တွေ့ ဖို့ အစီအစဉ်မရှိပါဘူးဟု တရားဝင်ထုတ်ပြောထားပါသည်။ဤကိစ္စနှင့်ပါတ်သတ်ပြီး မြန်မာ့ဒီမိုကရေစီဗန်းပြအတိုက်အခံဒေါ်လာစားတို့ မှာ
  မစ္စစ်ယင်းလတ်အား ရှုံ့ ချ အပစ်တင်နေကြပါသည်။တစ်ကမ္ဘာလုံးကတောင် အမွှန်းတင်ပြီးလေးစားနေတဲ့ နိုယ်ဗယ်ဆုများရှင် ဒီမိုကရေစီ မိခင်ကြီးကိုမတွေ့ ရကောင်းလားဆိုပြီး ပိုးစိုးပတ်စက် ယင်လပ်ကို အပစ်တင်နေကြပါသည်။ပြည်ပရောက် အန်အယ်လ်ဒီ အဖွဲ့ မှ ဝါရင့် နိုင်ငံရေးသမားတစ်ဦးကမူ'' ဒေါ်စုကြည်နဲ့ ဘယ်တွေ့ မှာလဲ  သူကနိုင်ငံအတွက် ဘာမှအရာမရောက်တဲ့သူကို နိုင်ငံချင်းဆက်သွယ်တယ်ဆိုတာ နိုယ်ဗယ်ဆု ရတာနဲ့  ဘာမှမဆိုင်တဲ့အတွက် ဒေါ်စုအား ဖုတ်လေသည့်ငပိ ရှိတယ်လို့ တောင်မထင်လောက်ဘူးဟု '''ပြင်းပြင်းထန်ထန်ဝေဖန်သွားပါသည်။
   RFAအခြေစိုက် သတင်းထောက်တစ်ဦးကမူ ''ဒေါ်စုနိုယ်ဗယ်ဆုရတာ နဲ့  ထိုင်းဝန်ကြီးချုပ်က တွေ့ စရာလား?ဒေါ်စုကသာ ထိုင်းဝန်ကြီးချုပ်ကို ကပ်ဖားယက်ဖားလုပ်နေတာ..ဟိုကဂရုတောင်မစိုက်ဘူး..ဒေါ်စုအနေနဲ့ အသက်ကြီးမှ ကိုယ့်ထက်ငယ်တဲ့ အမျိုးသမီးဝန်ကြီးချူပ်ကို ကပ်ဖားယက်ဖားလုပ်နေတာ မသင့်တော်ပါဘူး''ဟု ပိုးစိုးပတ်စက် ဝေဖန်ခဲ့ပါတယ်။ယင်လတ်ရှင်နာဝပ်မှာဒေါ်စုကိုမတွေ့ တာဒေါ်စုဟာ ဦးဇော်ဇော်လောက်တောင် မြန်မာနိုင်ငံအတွက်အရာမရောက်တဲ့ လူပိုတစ်ဦးဖြစ်လို့  မတွေ့ တာပဲဖြစ်မယ်လို့ လဲ နိုင်ငံရေးလေ့လာသူတစ်ဦးမှ သုံးသပ်သွားပါသည်။

ဓါတ်ပုံမျာကို ယင်းလပ်ရှင်နာဝပ် ဖေ့စ်ဘွတ်မှ ရယူသည်။

ဖိုးကျော်

Ref : http://kyawthuaungpolitical.blogspot.com/

0 comments:

Post a Comment


Popular Posts