'
အမိမြေ

KIA စစ်သင်တန်းတက်ရောက်ရန်ရွေးထားသော ရွာသားများ တရုတ်နယ်စပ်သို့ထွက်ပြေး


ကေအိုင်အေအဖွဲ့အနေနဲ့ မြန်မာအစိုးရတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အချိန်မှာ လူအင်အားထပ်မံ ဖြည့်တင်းမှုတွေ ပြုလုပ်လျက်ရှိပါတယ်။
 ပြီးခဲ့တဲ့ စက်တင်ဘာ (၃၀)ရက်နေ့က မန်မွန်း ၊ မန်ပိုင် ၊ မန်ဟွေ့ ၊ ကွတ်လုံ ၊ ကုန်ခမ်း စတဲ့ ကျေးရွာတွေနဲ့ အနီးအနားပတ်ဝန်းကျင်မှ ကေအိုင်အေပြည်သူ့စစ်သင်တန်း တက်ရောက်ဖို့ ရွေးချယ်ထားတဲ့ ရွာသား (၃၀)ဦးခန့် တစ်ဖက်တရုတ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြတယ်လို့သိရပါ တယ်။

 KIA နယ်မြေထဲမှာရှိတဲ့ ရွာတွေကနေ လူသစ်စုဆောင်းတာကိုကြောက်လို့ ဒုက္ခသည်အဖြစ်နဲ့ တရုတ်နိုင်ငံ ဘက်ကို ထွက်ပြေးနေကြတာပါ။
 KIO အစိုးရနဲ့ မြန်မာအစိုးရတို့မှ တရုတ်အစိုးရအား ဒုက္ခသည် များနှင့်ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်မှု တွေပြုလုပ်နေသော်လည်း တရုတ်အစိုးရအနေနဲ့ကတော့ တရုတ်နယ်စပ်မှာ ဒုက္ခသည်တွေကို အကြောင်းပြပြီး၊ ဒုက္ခသည်စခန်းတွေဖွင့်ကာ အနောက်အုပ်စုမှ အဖွဲ့အစည်းအမျိုးမျိုးအမည်တပ်ပြီး ၀င်ရောက် စွက်ဖက်လာမှာကို စိုးရိမ်လျက်ရှိပါတယ်။
ဒုက္ခသည်တွေရဲ့အရေး ကိစ္စနဲ့ပတ်သက်ပြီး တရုတ်-မြန်မာနိုင်ငံရေးအကဲခတ်လေ့လာသူ ဦးအောင်ကျော်ဇော  ထံသို့ ဆက်သွယ်မေးမြန်း ရာတွင်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။
ယခုတရုတ်နယ်စပ်မှာတော့ ဒုက္ခသည်တွေကို လက်မခံဖို့ တရုတ်အစိုးရမှ တရားဝင်အမိန့်တစ်ရပ် ထုတ်ပြန် ထားတယ်လို့ တရုတ်နယ်စပ်ရှိ ဒေသခံတစ်ဦးမှ KDN သတင်းဌာနသို့ ပြောကြားလာခဲ့ပါတယ်။
http://kachindailynews.blogspot.com/


0 comments:

Post a Comment


Popular Posts