'
အမိမြေ

လိမ်ညာမှုများဖြင့်ပြည့်နှက်နေသော သတင်းဌာန(သို့) ဧရာဝတီ

 
လွန်ခဲ့တဲ့ စက်တာဘာလ(၆) ရက်နေ့က လွတ်လပ်သော အာရှအသံ (RFA) သတင်းဌာနမှ အကြီးတန်း သတင်းထောက် ဦးစိန်ကျော်လှိုင်သည် သမ္မတဦးသိန်းစိန်၏ ပြည်ပရောက် မြန်မာများ ပြန်လာနိုင်ခွင့်ကြောင့် ပြီးခဲ့သည့် သြဂုတ်လက ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ပြန်သွားခဲ့သည်။ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အရောက် ဖမ်းဆီးခံရပြီး ယခုအခါ အောင်သပြေ စစ်ကြောရေး စခန်းတွင် စစ်ဆေးခံ နေရသည်ဟု ဧရာဝတီသတင်းဌာန က သတင်း ထုတ်ပြန်ခဲ့ပါတယ်။
 
 ဖုံးကွယ်လို့မရသော ဧရာဝတီသတင်းဌာနရဲ့ လိမ်ညာမှုများ

 
သို့သော် ထို သတင်း မှားယွင်းကြောင်း ကို ကာယကံရှင် သတင်းထောက် ဦးစိန်ကျော်လှိုင်က မိမိသည်ဘာသာရေး ကိစ္စတစ်ခုကြောင့် ခရီးလွန်နေခြင်း ဖြစ်ကြောင်း၊ ရန်ကုန်ကိုလည်း မပြန်ကြောင်း၊ စစ်ကြောရေး မှ ဖမ်းဆီးစစ်ဆေးခြင်းခံရသည် မှာလည်း မဟုတ်ကြောင်း ၊ ဧရာဝတီ မှ သတင်းမှားကို ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။  ထို့အပြင် ဧရာဝတီမှ ထုတ်ပြန်သောသတင်းသည်  လုံးဝ အခြေအမြစ် မရှိ ခိုင်လုံခြင်း မရှိကြောင်း၊ ထို့အတွက် ဧရာဝတီသတင်းဌာန မှ တာဝန်ယူသင့်ကြောင်း ဝေဖန်ပြောဆိုခဲ့သည်။ ဧရာဝတီ သတင်းဌာနသည် ထိုကဲ့သို့ သတင်းမှားများဖြင့် ဖြူစင်သော မြန်မာပြည်သူလူထု အပေါ် မီဒီယာမှိုင်းဖြင့် လိမ်ညာခဲ့သည်မှာ ယခုမှမဟုတ် ကြာခဲ့ပြီဖြစ်သည်။ ယခင် တခါကလည်း နိုင်ငံကျော် အဆိုတော် မေဆွိသေဆုံးပြီဆိုပြီး မတ်လ(၁၁)ရက်နေ့တွင် ဧရာဝတီသတင်းဌာန အင်္ဂလိပ် ပိုင်းအစီအစဉ်မှာ ကောလဟာလအဖြစ် မဟုတ်မမှန် သတင်းလွှင့်ခဲ့ဖူးပါတယ်။ ဒီ့အတွက် မေဆွိကို ချစ်ခင်သော ပရိသတ်တွေအပြင် မိသားစုဝင်တွေပါ ၀မ်းနည်းကြေကွဲခဲ့ရပါသေးတယ်။ မေဆွိလည်း ဒီသတင်းမဟုတ်မမှန်ကြောင်း ချက်ချင်းဆိုသလို ဖေ့ဘုတ်မှာ ပြန်လည်ဖြေရှင်းခဲ့ရပါတယ်။ ဒါ့အပြင် ဒီလိုသတင်းမျိုးတွေကို သေချာမှုရှိမရှိ စုံစမ်းစိစစ်ပြီးမှ အများပြည်သူကို ချပြ သင့်ကြောင်း ပြောဆို ခဲ့ပါတယ်။
ဒီဖြစ်ရပ်တွေကြောင့်  ဧရာဝတီသတင်းဌာနရဲ့ ပြည်သူတွေအပေါ် မဟုတ်မမှန် ၀ါဒဖြန့် သတင်းမှားတွေ ထုတ်လွှင့်နေမှု ဟာ ဖုံးကွယ်လို့မရပဲ အရှက်တကွဲ ပေါ်ပေါက်လာရပါတယ်။ မီဒီယာ ကျင့်ဝတ်နဲ့လည်း မညီညွှတ် သတင်းတစ်ခုကို မှန်ကန်မှုရှိမရှိ စိစစ်မှုမရှိဘဲ ထုတ်လွှင့်နေတဲ့ ဧရာဝတီရဲ့ သတင်းတွေကြောင့် ပုဂ္ဂိုလ်ရေးအရရော၊ နိုင်ငံနဲ့လူမျိုးအရပါ ထိခိုက်နစ်နာမှုတွေဟာ မနည်းလှပါဘူး။ ဒီ့အတွက်ဧရာဝတီ သတင်းဌာန ကနေ ဘယ်လိုများတာဝန်ယူ ဖြေရှင်းခဲ့ပါသလဲ။ ဘယ်လိုပဲဖြစ်နေဖြစ်နေ ဧရာဝတီသတင်းဌာန ဟာ ဂရုစိုက်ဖြေရှင်းနေမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့အတွက်က ဘယ်သူသေသေငတေမာ ရင်ပြီးရော ဆိုသလို မိမိအတွက်သာ ကြည့်ပြီး အများအကျိုးကို ထည့်မတွက်တာကြောင့်ပါ။

ဧရာဝတီမှ မဟုတ်ပါဘူး အနောက်နိုင်ငံမှထောက်ပံ့ ထားတဲ့ ပြည်ပမီဒီယာ ဌာနတွေဟာ ဒီလိုမဟုတ်မမှန်တဲ့ သတင်းတွေကို အမြဲထုတ်လွှင့်တတ်ပြီး မိမိတို့သတင်းဌာန နာမည်ကြီးအောင် အမျိုးမျိုး လုပ်ပြတတ်ကြတာပါ။ အစိုးမကောင်းကြောင်း လွှင့်မယ်၊ ဟုတ်တာမဟုတ်တာ သူတို့အတွက် အရေးမကြီး ပါဘူး။ ဘာလို့လဲဆိုတော့ ဒီလိုသတင်းတွေ အမြဲတမ်းလွှင့်နေ မှ သူတို့အတွက် ထောက်ပံ့ငွေရမယ်။ ၀မ်းရေးအတွက် အဆင်ပြေမှာမို့ပါ။ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာလည်း ဒီလိုသတင်းဌာနတွေကြောင့် ကမ္ဘာ့အလယ်မှာ ကျဆင်းနေရတာပါ။ ဒါကြောင့်မို့ ရိုးသားဖြူစင်တဲ့ မြန်မာပြည်သူများ အနေနဲ့လည်း အထက်ပါ ဖြစ်ရပ်တွေကို ကြည့်ပြီး ဒီလို သတင်းဌာနတွေရဲ့ သတင်းတွေဟာ ကျိုးကြောင်းဆီလျော်မှုရှိမရှိ မှန်ကန်မှုရှိမရှိ သဘောပေါက်နားလည်ပြီလို့ ထင်ပါတယ်။ ဒီလိုပြည်သူလူထုအပေါ် လိမ်ညာလှည့်ဖျားနေတဲ့ ပြည်ပထောက်ပံ့ခံ ဒေါ်လာစားသတင်းဌာနတွေကို လည်း ရွှေမြန်မာအဖွဲ့မှ ပြင်းပြင်းထန်ထန်ရှုံ့ချကြောင်း ဖော်ပြလိုက်ရပါတယ်။

အမှန်တရားကိုကြားမှာထားပြီး လိမ်ညာနေတဲ့ ဒေါ်လာစားသတင်းဌာနများ 
 


0 comments:

Post a Comment


Popular Posts