'
အမိမြေ

ဘာလဲဟဲ့စတုတ္ထမဏ္ဍိုင်


ထိုင်းအစိုးရမှဒေါ်လာ၃၂ဘီလီယံကျော်ဆုံးရှုံးခဲ့တဲ့ရေကြီးမှု


ဒူးဇစ်လောက်တောင်မရောက်သော ရေတွင် လှေကြီးတစ်ကားကား
ဒူးဇစ်မကမြုတ်သောနေရာတွင်လှေမသုံးကြတဲ့ထိုင်းနိုင်ငံ
ကလေးများပင်လှေမသုံး
ယနေ့ မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတော်တော်များများတွင် ရေးကြီးခြင်းများနှင့်ရင်ဆိုင်နေရပါသည်။စက်တင်ဘာ ၂၈ရက်နေ့နံနက်ခင်းက ရွာသွန်းခဲ့သော မိုးကြောင့် တောင်ဥက္ကလာပ မြို့နယ်ရှိ သစ္စာလမ်းမကြီးနှင့် ဝေဇယန္တာလမ်းဆုံတွင်ခြေသလုံးသာသာ ရေလျှံခဲ့ပါတယ်။ဤရေလျှံမှုအားအကြောင်းပြု၍မြန်မာနိုင်ငံရှိစတုတ္ထမဏ္ဍိုင် ဟုခေါ်သော ELEVEN MEDIA GROUPနှင့် THE VOICE WEEKLY တို့ မှသတင်းထောက်များသည် ဧရာဝတီမြစ်ဝကျွန်ပေါ်ဒေသမှ လှေတစ်စီးကို ငှားလာကာကြီးကြီးကျယ်ကျယ် သတင်းလုပ်ပြီး ပြည်သူများအား လူပေါင်းရာချီသေသွားသည့်နှယ် သတင်းများရေးသားခဲ့ကြောင်းတွေ့ ခဲ့ရပေသည်။ မေန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် အတွင်း အောက်တိုဘာလ ၃ ရက်နေ့မှစတင်ကာ ရေကြီးရေလျှံမှု အနဲငယ် ဖြစ်ပေါ်ခဲ့ ကြောင်း သတင်းရရှိခဲ့ပါသည်။မပြောမပြီး မတီးမမြည်ဆိုသလို ဖိုးကျော်မှ ပြောရပေဦးမည်။ယနေ့ အချိန်ထိ ထိုင်းနိုင်ငံအနှံ့ ရေကြီးမှုကြောင့် အနည်းဆုံး လူ ၂၆၀ ကျော် သေဆုံး၍ ၆၀ဦးခန့်  ပျောက်ဆုံးနေပြီး မြန်မာနိုင်ငံသားများ အပါ အ၀င် ဒေသခံ ၂ သန်းကျော် ရေဘေးဒုက္ခ ကြုံတွေ့နေရကြောင်း မကြာခင် ရက်ပိုင်းက ထိုင်းသတင်းများတွင် ဖော် ပြထားသည်။ထိုင်းနိုင်ငံရေကြီးမှုတွင် အယုဓ္ဒယ တွင်နေထိုင်ကြသော သာမာန်အလုပ်လာလုပ်သူ အနဲငယ်အပြင် တတိယနိုင်ငံသွားရန် ရေသာခိုအချောင်လိုက်နေကြသော နိုင်ငံရေးသမားယောင်ယောင်အများစုလဲပါဝင်ကြောင်း ထိုင်း သတင်းစာကြီးတွင် ဖော်ပြထားပါသည်။
ထိုင်းနိုင်ငံတွင် ဆယ်စုနှစ်များ အတွင်း အဆိုးရွား ဆုံး ရွာသွန်းသည့် မုတ်သုန် မိုးများ ကြောင့် ရေကြီးမှုများ ဖြစ်ပွား ခဲ့ပြီး သေဆုံးသူ၂၆၀ ဦးထိရှိ လာကြောင်း၊ ရှေးဟောင်း မြို့ဖြစ်သည့် အယုဒ္ဓယ မြို့ အပါအ၀င် နိုင်ငံ၏ လေးပုံသုံးပုံခန့်တွင် ရေကြီးမှုဖြစ်ခဲ့ကြောင်း တာဝန်ရှိ သူများက ပြော ကြားခဲ့သည်။ ပိုမိုဆိုး ရွားသည့် မိုးရွာသွန်းမှု ဖြစ်နိုင်သည်ဟု မိုးလေသ၀ ခန့်မှန်း သူများက သတိပေး ခဲ့သောကြောင့် မြေနိမ့်ဒေသတွင်ရှိသည့် ဘန်ကောက် မြို့လယ်တွင် ရေကြီးမှုများ ရပ်တန့် အောင် တာဝန်ရှိသူများက အားသွန် ခွန်စိုက် ဆောင်ရွက် နေခဲ့ကြသည်။
''အဆိုးရွားဆုံး ရေကြီးမှုဒဏ်ကို အခုချိန်ထိခံနေရတုန်းပါပဲ''ဟု ဘေးအန္တရာယ် ကာကွယ် ရေး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြာခဲ့သည်။
ထိုင်းနိုင်ငံရှိ ပြည်နယ် ၇၇ အ နက်ပြည်နယ် ၅၈ ခုတွင် နှစ်လကြာ ရေကြီးမှုများဖြစ်ပွားခဲ့ပြီး ပြည်နယ် ၂၅ ခုမှာ ဆိုးရွားသည့် ရေကြီးမှုများ နှင့်ကြုံတွေ့ခဲ့ရသည်။ ရေကြီးမှုများကြောင့် စီးပွားရေး တိုးတက်မှုကို နှေးကွေးစေနိုင်ပြီး ဒေါ်လာ ၁ ဒသမ ၆ ဘီလျံထိ ပျက်စီး ဆုံးရှုံး နိုင်ကြောင်း ထိုင်းကုန်သည်ကြီးများအသင်း တက္ကသိုလ် University of the Thai Cham- ber of Commerce က ခန့်မှန်းခဲ့သည်။ ရေကြီးမှုကြောင့် လူ ၂ ဒသမ ၆ သန်း အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ပြီး စပါးစိုက် လယ်မြေ ၁၀ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့သည်။ ရေကြီးမှုသည် ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် အထိမ်းအမှတ် နေရာဖြစ်သော အယုဒ္ဓယထိ ရောက်ရှိခဲ့သည်။ အယုဒ္ဓယရှိ ထင်ရှားသည့် ဘုရားကျောင်းများထဲမှတစ်ခုဖြစ် သည့် Wat Chaiwatthanarm သို့ ခရီးသွားများ လာရောက်မှုကိုလည်း ပိတ်ထားခဲ့ရသည်။
ဘုရားကျောင်းမြေနေရာတွင် ရေငါးမီတာအထိမြင့်တက်နေကြောင်း အယုဒ္ဓယရှိ ယဉ်ကျေးမှုရုံးမှဥက္ကဋ္ဌ Supoj Prommanoch က ပြောကြားခဲ့သည်။ အခြားဘုရားကျောင်း ၁၀ ခုတွင်လည်း ရေကြီးမှုများဖြစ်ပေါ် နေသော်လည်း အယုဒ္ဓယ၏အဓိက ကမ္ဘာအမွေအနှစ်ပန်းခြံသို့ ရေမရောက်အောင်ကာကွယ်သွားနိုင်မည်ဟု တာဝန်ရှိသူများက ယုံကြည်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ ကမ္ဘာလှည့်ခရီးသွားများကြား ရေပန်းစားမှုရှိသည့် ချင်းမိုင်တွင်လည်း ရေကြီးမှုဒဏ်ကို ဆိုးရွားစွာ ခံစားခဲ့ရသည်။သို့ ရာတွင် မြန်မာ့ စတုတ္ထမဏ္ဍိုင်ကြီးများအများစုမှာ ဟိုးလေးတစ်ကျော်ဖြစ်နေသော ထိုင်းနိုင်ငံရေးကြီးမှုအား တစ်စွန်းတစ်စမှ ဖော်ပြထားခြင်းမရှိကြပါ။ဒူးဇစ်လောက်တောင်မမြုတ်သော မြန်မာနိုင်ငံရေလျှံမှုကို လူပေါင်းသောင်းချီသေသွားသည့်နှယ် လှေကြီးအပင်ပမ်းခံပြီးမြို့ လယ်ကောင် သယ်ယူလာကာအစိုးရကို နှိပ်ကွတ်နေကြသော်လဲ ကမ္ဘာပေါ်ရှိ အဖြစ်မှန်များကို ထိန်ချန်ထားသည်မှာ ပြည်သူကို အစိုးရမုန်းတီးရေးဖြစ်စေရန် Brainwashedများလုပ်နေပါသလားဟုဖိုးကျော်မှ မေးလိုက်ချင်ပါသည်။မည်သို့ ပင်ဆိုစေကာမူ အိမ်နီးချင်းတိုင်းနိုင်ငံ၌ဒုတ္ခသုတ္ခရောက်နေကြသော ဒေါ်လာစားများအပါအဝင် သာမာန်အလုပ်လုပ်သူများခံစားနေရသော အကြောင်းအရာများကို ပြည်သူများသိရှိစေရန် အချိန်နှင့်တပြေးညီဖော်ပြသင့်ကြောင်းစတုတ္ထမဏ္ဍိုင်ကြီးများအား အညတရဖိုးကျော်မှ အကြံပေးလိုက်ရပေသည်။

ဖိုးကျော်

Ref : http://kyawthuaungpolitical.blogspot.com/

0 comments:

Post a Comment


Popular Posts