'
အမိမြေ

ဒီမိုကရေစီ ဆိုတာ ချိုနဲ့လား


 











ယခုအချိန်သည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးလည်းပြီး ပထမအကြိမ်လွှတ်တော်များ ပထမပုံမှန် အစည်းအဝေးများလည်းပြီး၍ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံအစိုးရသစ်လည်း ဖွဲ့ စည်းပြီးကာ တာဝန်များ ထမ်းဆောင် လျက် ပထမအကြိမ်လွှတ်တော်သုံးရပ် ဒုတိယပုံမှန်အစည်းအဝေးများပင်ပြုလုပ် နေပြီ။ နှစ်ပေါင်း ၂၀ကျော်အော်ဟစ်လာ  ခဲ့သော ဒီမိုကရေစီရရှိရေးဆိုသည့် အသံ တချို့သည် ပျောက်ပျက်မသွားသေး။ ပြည်သူများထဲမှာပင် ထိုအသိက အရိုး ထဲစွဲနေပြီ။ သို့သော် ယင်းသို့ပြောနေကြ သည့် ပြည်သူများထဲမှ ၉၀ရာခိုင်နှုန်းခန့် ပင်ဒီမိုကရေစီဆိုတာကို ဘာမှန်းမသိ။ မိမိတို့ထိတွေ့နေရသော အဖြစ်အပျက် များကို ခံစားကာသာ လက်ဖက်ရည်ဆိုင် များ ဈေးထဲမှာ ဘောလုံးပွဲမှာ ကားပေါ် မှာ တစ်ဦးနှင့်တစ်ဦးဆုံသောအခါ ပြော လို့ကောင်းတုန်းဖြစ်သည်။ အမှန်တော့ ဒီမိုကရေစီဆိုသည်ကို တကယ်သိမှသာ ဒီမိုကရေစီ၏ အရသာ၊ ဒီမိုကရေစီမှ ရပိုင်ခွင့်တို့ကို ထိတွေ့ခံစားနိုင်မည်ဖြစ် သလို အမှန်တကယ်ဒီမိုကရေစီကို မိမိတို့ရ၊ မရသိနိုင်ပေမည်။
သာမန်အခြေခံလူတန်းစားများ၊  အသိပညာနိမ့်ကျသူများအားလုံးကို ဆိုလို ခြင်းဖြစ်သည်။ မြန်မာပြည်သူတစ်ရပ်လုံး သည် ဒီမိုကရေစီဆိုသော စနစ်တစ်ခုနိုင်ငံ တွင်းဖြစ်ပေါ်ရေးကို အလွန်တရာလိုလား စိတ်ဝင်စားကြသည်။ အခြေခံအားဖြင့် တော့ စားဝတ်နေရေးကျပ်တည်းမှုဆို သောအရာမှ ယင်းလိုလားချက်တို့ဖြစ် ပေါ်လာခြင်းဖြစ်သည်။ ဒီမိုကရေစီဆိုသည် မှာ ပြည်သူအများစုနားလည်သည်က ဒါကြီးရလျှင် ငါတို့အဆင်ပြေနိုင်သည် ဟူ၍သာ ““ဒီ””ဆိုတာ ဘာအဓိပ္ပာယ်၊ ““မို”” ဆိုတာ ဘာအဓိပ္ပာယ်ဆိုတာမဟုတ်။ မျဉ်းကွေးများ၊ မျဉ်းဖြောင့်များနှင့် သီအိုရီ  သဘောတရားများမဟုတ်။ ယင်းတို့နှင့် ပြောဆိုနေလျှင်လည်း လူတစ်ရာတွင် လူကိုးဆယ်မှာခေါင်းရှုပ်ခံပြီး လေ့လာမည် မဟုတ်။ ၎င်းတို့၏ အခက်အခဲအကျပ် အတည်းပြေလည်မှုသည်သာ ဒီမိုကရေစီ ဖြစ်သည်။
တိုင်းပြည်တွင် လူတိုင်းအဆင်ပြေ လျှင် ဆင်းရဲချို့တဲ့မှုများ ပပျောက်လျှင် တစ်ဦးချင်းဝင်ငွေများမြှင့်တက်၍ မိသားစု တိုင်းလူတန်းစေ့နေနိုင်လျှင် တိုင်းပြည် ချမ်းသာကြွယ်ဝလာခြင်းဖြစ်သည်။ သို့ ဆိုလျှင် တိုင်းပြည်၌ အဘက်ဘက်မှ ဖွံ့ ဖြိုးတိုးတက်မှုများဖြစ်လာမည်။ ဒါသည် အလွန်ကောင်းသည့်ဖြစ်ရပ်ဖြစ်သည်။ သို့ သော် ယင်းဖြစ်ရပ်သည် ယင်းအချက် များသည်ရော ဒီမိုကရေစီဆိုကာ ပြော ဆိုပေးလိုက်ရုံနှင့်မရ ဒီမိုကရေစီစနစ် တစ်ရပ်၏ အခြေခံအခွင့်အရေးများ၊ ဒီမို ကရေစီစနစ်နှင့် လျော်ညီသော အခြေခံ ဥပဒေများ၊ ဒီမိုကရေစီစနစ်နှင့်လျော်ညီ သောလုပ်ငန်းဆောင်ရွက်ချက်များပါရှိမှ ဖြစ်မည်။ ယင်းသို့ ပါရှိရန်မှာလည်း ပြည် သူလူထုတစ်ရပ်လုံး ဒီမိုကရေစီဆိုသည် ကို သေချာစွာ သိဖို့လိုအပ်သည်။ သို့ မဟုတ်လျှင် အနှစ်မပါသော ဒီမိုကရေစီ သာဖြစ်လိမ့်မည်။ နိုင်ငံတော်အကြီးအကဲ များ မျှော်မှန်းဆသော စစ်မှန်ပြည့်ဝသည့် ဒီမိုကရေစီဖြစ်လာမည်မဟုတ်။ ဒီမို ကရေစီဆိုသည်ကို မသိလျှင် စစ်မှန်ပြည့်ဝ သော ဒီမိုကရေစီကိုလည်းရအောင် ယူ နိုင်မည်မဟုတ်။
ပြည်သူများသည် နိုင်ငံရေးသမား များ ရွေးကောက်ပွဲဝင် လွှတ်တော်များ ပေါ် အစိုးရအဖွဲ့ပြောင်း အုပ်ချုပ်ရေးပုံစံ ပြောင်းလျှင် ဒီမိုကရေစီဆိုတာကြီး အလို လျောက်ရလာမည်ဟု တွက်ဆထားခဲ့ကြ သည်။ ရွေးကောက်ပွဲကာလနိုင်ငံရေး သမားများ၏ စကားလှိုင်းများကြား ပျော် ပျော်ကြီးစီးခဲ့ကြသည်။ ဒီမိုကရေစီကို နား လည်အောင်လုပ်ရမည်မှာ နိုင်ငံရေးသမား များ၏ တာဝန်၊ ငါတို့က ဒီမိုကရေစီဆို တာကြီးရရင်ပြီးရောဟု လက်သီးလက် မောင်းတန်းခဲ့ကြပုံရသည်။ သို့သော် ဒီမို ကရေစီဆိုသည်မှာ အချို့ပြည်သူများ ထင်သလို ပရမ်းပတာမဟုတ်။ လူသား များ၏ မွေးရာပါလွတ်လပ်ခွင့်များနှင့် လူ သားတိုင်းတန်းတူအခွင့်အရေးများ ခံစား နိုင်ခွင့်ဖြစ်သည်။ အကျင့်ပျက်ခြစားမှုများ ပပျောက်ခြင်းသည် ဒီမိုကရေစီမဟုတ် ဆင်းရဲချမ်းသာကွာဟချက်မြင့်မားခြင်း၊ မမြင့်မားခြင်းသည် ဒီမိုကရေစီမဟုတ်၊ တဲပေါ်မှ တိုက်ပေါ်ရောက်ခြင်းသည် ဒီမို ကရေစီမဟုတ်။
ဒီမိုကရေစီဆိုသည်၏ အခြေခံအခွင့် အရေးများကို ဒီမိုကရေစီစနစ်အခြေခံ ဥပဒေများတွင် ဖော်ပြထားလေ့ရှိသည်။ ယင်းအခြေခံအခွင့်အရေးများမှာ
-    တစ်ဦးချင်း လွတ်လပ်ခွင့်နှင့် သူ့ ကိုကိုယ်မထိပါး၊ ကိုယ့်ကိုသူမထိ ပါးဘဲ စည်းကမ်းဘောင်ရှိသော လွတ်လပ်ခွင့်။
-    လွတ်လပ်စွာ ယုံကြည်သက်ဝင် တွေးတောဆင်ခြင်ခွင့်။
-    လွတ်လပ်စွာ ပြောဆို၊ ရေးသား၊ ဖော်ပြခွင့်။
-    လွတ်လပ်စွာ သင်းပင်းဖွဲ့စည်း စုဝေးစည်းရုံးခွင့်။
-    လွတ်လပ်စွာ ဘာသာရေး ကိုးကွယ် ယုံကြည်ခွင့်။
-    မတရားသဖြင့် ဖမ်းဆီး၊ ချုပ်နှောင် မှုမရှိဘဲ မျှတတဲ့ အများလက်ခံ သော တရားဥပဒေအောက်တွင် လုံခြုံစွာ နေထိုင်နိုင်ခွင့်။
-    စီးပွားရေး၊ လူမှုရေးကိစ္စရပ်များ တွင် တစ်ဖက်စောင်းနင်း မတရား ဖြစ်မှုမှ ကင်းလွတ်၍ လွတ်လပ် စွာ လုပ်ကိုင်ဆောင်ရွက်ခွင့်။
-    လူမျိုး၊ ဘာသာ၊ လိင်နှင့် အဆင့် အတန်းမခွဲခြားဆက်ဆံမှု။
-    လူတိုင်းတွင် ကိုယ်စွမ်းရှိသလောက် လုပ်ပိုင်နိုင်ခွင့်နှင့် ရပိုင်ခွင့်။
-    နိုင်ငံပိုင် ရေမြေ၊ တောတောင်၊ သဘာဝသယံဇာတများကို နိုင်ငံ သားတိုင်းသာတူညီမျှ ဝေမျှခံ စားပိုင်ခွင့်။
-    လူတိုင်းပညာသင်ယူနိုင်ခွင့်။
-    လူမျိုးစုတိုင်း၊ လူတိုင်း၊ ဘာသာ တိုင်း၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကိစ်္စရပ်များအား အထူး ကာကွယ်စောင့်ရှောက်ပေးခြင်း ခံရပိုင်ခွင့်။
တို့ဖြစ်သည်။
ယင်းအချက်များသည်သာ ဒီမို ကရေစီဆိုသည်ဖြစ်ပြီး ယင်းအချက်များ ကို သိရှိနားလည်မှသာ စစ်မှန်ပြည့်ဝ သော ဒီမိုကရေစီရရှိနိုင်မည်ဖြစ်သလို ရရှိ ရန် ဆောင်ရွက်လုပ်ကိုင်နိုင်မည်ဖြစ်သည်။ ဒီမိုကရေစီ၏ အခြေခံအခွင့်အရေးများ သည် နိုင်ငံသားပြည်သူတိုင်းနှင့် သက် ဆိုင်နေသလို စစ်မှန်ပြည့်ဝသော ဒီမို ကရေစီရရှိရေးသည်လည်း နိုင်ငံသား ပြည်သူတိုင်းနှင့် သက်ဆိုင်ပေသည်။ အစိုးရတစ်ဖွဲ့၊ နိုင်ငံရေးဆောင်ရွက်သူ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့နှင့် ပြည်သူ့အလွှာတစ်ခုနှစ်ခုနှင့် ဒီမိုကရေစီ ရရှိရေး၊ ဒီမိုကရေစီအခြေခံအခွင့်အရေး များ မဖော်ဆောင်နိုင်။ နိုင်ငံသားပြည်သူ တိုင်း ဒီမိုကရေစီကို နားလည်၍ ဒီမိုကရေစီ ရရှိအောင် ၀ိုင်းဝန်းဖော်ဆောင်မှသာ စစ် မှန်ပြည့်ဝသော ဒီမိုကရေစီကို ရရှိနိုင်ပေ မည်။ ဒီမိုကရေစီဆိုတာချိုနဲ့လားဟုမေး နေကြမည်သာဆိုလျှင်တော့။

အံ့မင်းကျော်

1 comments:

Anonymous said...

စာရေးသူက ဒီမိုကရေစီနဲ့  လူ့ အခွင့်အရေးကို ကွဲကွဲပြားပြား သိပုံမပေါ်ဘူးလို့ ယူဆပါတယ်။ ဒီမိုကရေစီသည် system စနစ်တခုဖြစ်ပြီး အယူဝါဒ -ism မဟုတ်ပါ။ ဒီမိုကရေစီသည် ဘောလုံးကွင်းနှင့်တူပြီး ထိုကွင်းထဲတွင် ဆိုရှယ်လစ် အသင်း၊ ကွန်မြူနစ်အသင်း စသည်ဖြင့် အသင်းများအားလုံး တန်းတူညီမျှ ယှဉ်ပြိုင်နိုင်ပါသည်။ လူ့ အခွင့်ရေးသည် လူတဦးချင်းတွင် ရှိသင့်သည့် အခြေခံ အချက်များဖြစ်ပြီး ဒီမိုကရေစီနှင့် ဘာမှမပတ်သက်ပါ။ သို့ သော် ထိုအခြေခံ လူ့ အခွင့်အရေးများကို ဒီမိုကရေစီ ကျင့်သုံးသော နိုင်ငံများတွင် အများအားဖြင့် ကာကွယ်ပေးထားတတ်ပါသည်။

Post a Comment


Popular Posts