'
အမိမြေ

ကချင်ပြည်သူ့စစ်တပ်ဖွဲ့ (၉)ဖွဲ့မှ KIA/KIO သို့ပေးစာ

ကချင်ပြည်သူ့စစ်တပ်ဖွဲ့(၉) ဖွဲ့က KIA/KIO ဗဟိုကော်မတီဝင်များနဲ့ တာဝန်ရှိသူများထံကို ၄င်းတို့ ပြည် သူ့ စစ်တပ်ဖွဲ့များရဲ့ သဘောထားနဲ့ပက်သက်ပြီးတော့ စာရေးသားပေးပို့ခဲ့တယ်လို့ သိရှိရပါတယ်။ ကချင်ပြည်သူ့ များရဲ့ဆန္ဒနဲ့ထပ်တူဖြစ်တဲ့ ကချင်ပြည်သူ့စစ်တပ်ဖွဲ့များရဲ့ သဘောထားတွေကို  သိ၇ှိနိုင်ဖို့အ တွက်ဖော်ပြ ပေးလိုက်ပါတယ်။

သို့
        ကေအိုင်အို၊ကေအိုင်အေ ဗဟိုကော်မတီများနှင့်
        တာဝန်ရှိလူကြီးများ
                                                                                                                                    နေ့စွဲ၊ ၂၈-၁၀-၂၀၁၁
          ချစ်ခင်လေးစားမှုဖြင့် ကေအိုင်အို ဗဟိုကော်မတီဝင်များနှင့် စစ်ဘက်အရပ်ဘက်ဆိုင်ရာ တာဝန်ထမ်း ဆောင်လျှက်ရှိသူများ အားလုံးထံသို့ အမျိုးကိုချစ်သော သင်တို့၏အစ်ကိုနှင့် ညီများ မှ အောက်ဖော်ပြပါ သဘောထားအမြင်များကို စဉ်းစားဆင်ခြင်နိုင်ရန် စေတနာမေတ္တာအရင်းခံပြီး တင်ပြ လိုက်ပါသည်။
(၁) ကျွန်ုပ်တို့သည်လူမျိုးကိုချစ်သော ကချင်လူမျိုးများသာဖြစ်ကြပါသည်။ တအူတုံဆင်းညီအစ် ကိုများ သာ ဖြစ်ကြသဖြင့် မိမိအမျိုးသားများ၊ မိမိ၏ပြည်သူလူထုများ ကျဆုံးနစ်နာသွားမည်ကို မလိုလားပါ။ ကျွန်ုပ် တို့အား အမျိုးသားသစ္စာဖောက်များ၊ ရန်သူ၏လက်ကိုင်တုတ်များဟု မသတ်မှတ်သင့်ပါ။ နိုင်ငံတော် အတွင်းညီအစ်ကို အချင်းချင်း သံသယစိတ်ဖြင့် မယုံမကြည်ဖြစ်ရခြင်းနှင့် အချင်းချင်းတိုက်ခိုက် သတ်ဖြတ်ခြင်းတို့သည် မဖြစ်သင့် သောအရာများဖြစ်ပါသည်။ သမိုင်းတွင် အကျည်းတန်ကျန်ရစ်မည့် ကိစ္စများသာဖြစ်ပါသည်။
(၂)  သွေးထွက်သံယိုမှုနှင့် ဒုက္ခဆင်းရဲမှုအမျိုးမျိုးကို ရှောင်ကွင်းပြီး ငြိမ်းချမ်းစွားဖြင့် တည်ဆောက်ယူနိုင် သည့်ကိစ္စများဖြစ်ပါသည်။ သွေးထွက်သံယိုမှု၊ အသက်အိုးအိမ်ဆုံးရှုံးမှု ကြုံတွေ့ရမည့်လမ်းကြောင်းကိုအသုံး မပြု ဘဲ လေးလေးနက်နက်ခံယူပြီး တွေ့ဆုံညှိနှိုင်းကြရန် ဖိတ်ခေါ်ပါသည်။
(၃) ယခုအချိန် မွန်၊ကရင်၊ရှမ်း၊မိုင်းလားနှင့် ``၀`` စသော အခြားလက်နက်ကိုင်အဖွဲ့အစည်းများသည် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေပြီဖြစ်ကြောင်းသိရပါသည်။ ဤသို့သောမဟာအခွင့်အရေးကို လက်လွှတ် ဆုံး ရှုံးခံမည်ဆိုလျင် (တာဝန်ထမ်းဆောင်လျှက်ရှိသူများနှင့် ပြည်သူလူထုများ) ပိုမိုနင့်နာဆုံးရှုံးမည်ဖြစ်ပါ သည်။ ထိုအနိဌာရုံမျိုးကို မဖြစ်စေရန် နိုင်ငံရေးနည်းလမ်းဖြင့်ဆွေးနွေးပြီး ထာဝရငြိမ်းချမ်းရေးရ ရှိအောင် ဆောင်ရွက် သွားပါရန် ဖိတ်ခေါ်လိုက်ပါသည်။
(၄) နိုင်ငံတစ်နိုင်ငံနှင့် လူမျိုးတစ်မျိုး၏ကံကြမ္မာကို လေးလေးနက်နက်မစဉ်းစားဘဲ တယူသန်ဆုံးဖြတ်မိ လျင် နိုင်ငံတစ်ကာနှင့် တစ်မျိုးသားလုံး၏ ရှေ့မှောက်တွင် တရာခံဖြစ်သွားနိုင်သည်ကိုလည်း သတိထားထည့် သွင်း စဉ်းစားရမည် ဖြစ်ပါသည်။
(၅)  အမျိုးတူ အပေါင်းအသင်းများ၏ တင်ပြမှုကို မထီမဲ့မြင်ပေါ့ပေါ့တန်တန် မထားဘဲ လေးလေနက်နက်ခံ ယူပြီး အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများအခွင့်အရေးရရှိရေးနှင့် ထာဝရငြိမ်းချမ်းမှုကို တည် ဆောက်သွားရန် စေတနာ မေတ္တာဖြင့် တင်ပြအပ်ပါသည်။
                                                                                                                                           လေးစားစွာဖြင့်  
၁။ ဦးစခုန်တိန့်ယိန်း
    ကချင်အထူးဒေသ(၁)
၂။ ဦးရခွီဖုန်
    ခေါင်လန်ဖူးပြည်သူ့စစ်(ဌာနေ)
၃။ ဦးလဆန်ဆောင်ဝါ
    ဂွေထု/လ၀ါယန် ပြည်သူ့စစ်(ဌာနေ)
၎။ ဦးတီခွန်မြတ်
    ကွတ်ခိုင်ပြည်သူ့စစ်(ဌာနေ)
၅။ ဦးခွန်ဖုန်း
    ကွတ်ခိုင်ပြည်သူ့စစ်(ဌာနေ)
၆။ ဦးဇော်ဆိုင်း
    ကောင်ခါးပြည်သူ့စစ်(ဌာနေ)
၇။ ဦးကိန်မိုင်
    မုန်းပေါ်ပြည်သူ့စစ်(ဌာနေ)

၈။ ဦးတီခွန်ဆွယ်
    ဖောင်းဆိုင်ပြည်သူ့စစ်(ဌာနေ)
၉။ ဦးနော်ခမ်း
    မုံးကိုးပြည်သူ့စစ်(ဌာနေ)

0 comments:

Post a Comment


Popular Posts