'
အမိမြေ

အောင်မြင်သူ နှင့် မအောင်မြင်သူ



အောင်မြင်သူ သည် မိမိ ဘာကို အလိုရှိကြောင်းကောင်းစွာ သိသည်။အလိုရှိရာကိုရယူးရန် နည်းလမ်းအကြံအစည်လည်း ရှိသည်။မိမိတွင်ရယူနိုင်စွမ်းရှိသည်ဟုလည်း ယုံကြည်သည်။ပြီး မိမိ ဘ၀ ၏နေ့စဉ် အချိန် ကာလ အများစုကို မိမိအလိုရှိရာ ရရှိရေးကိစ္စ ထံတွင် နှစ်မြှပ်သုံးစွဲသည်။
မအောင်မြင်သူ တွင် လ၀ ရည်မှန်းချက်တိတိကျကျမရှိ။အောင်မြင်မှု မအောင်မြင်မှု ဟူသည် ကံအကြောင်းတရား သာ ဖြစ်သည်ဟု ယုံကြည်သည်။ထို့ကြောင့်မလွှဲသာမရှောင်သာသည့်အခါမျိုးမှတပါး ကိုယ်စွမ်း ကိုယ်စ ထုတ်လေ့မရှိ။

အောင်မြင်သူ သည် စည်းရုံးရေး သမားကောင်းတယောက် ဖြစ်သည်။မိမိ ပစ္စည်း အစွံထုတ် ရောင်းချတတ်သူ ဖြစ်သည်။မိမိ လုပ်ငန်း အစီအစဉ်တွင် သူတပါး တို့ အားတက်သရော ၀ိုင်းဝန်း ပါဝင်လာအောင် စည်းရုံးသိမ်းသွင်းတတ်သူ ဖြစ်သည်။
မအောင်မြင်သူ ကား အပြစ်ရှာသမား ဖြစ်သည်။တဖက်သား စေတနာ ပျက်အောင် လုပ်သူမျိုးဖြစ်သည်။မိမိ နှင့်ဆက်ဆံရသူ မှန်သမျှထံ အဆိုးမြင် စိတ်တွေ ပျံ့နှံ့အောင်သူ အားထုတ်နေတတ်သည်။

အောင်မြင်သူ သည် စဉ်းစားပြီးမှ စကားပြောသူ ဖြစ်သည်။သူ့စကားလုံးတွေ ကို အလွန်ချင့်ချိန်သည်။တဖက်လူများနှင့်ပတ်သက်ကာ နှစ်သက်စရာ ချီးကျူးစရာများကို အထူးဂရုပြု ဖော်ထုတ်တတ်သည်။မိမိ မနှစ်သက် သည်ကို တတ်နိုင်သမျှ သိမ်းဆည်း သိုသိပ်တတ်သည်။ဝေဖန် ပစ်တင်စကား မဆိုမိအောင် သတိထားသည်.
မအောင်မြင်သူ သည် ထိုသူနှင့် ဆန့်ကျင်ဘက်။မစဉ်းစား ပဲ စကားတွေပြောမည်.သူ့စကားကြောင့် တဖက်လူ စိတ်ထိခိုက်ရမည်.မိမိကို မုန်းတီးစေမည်.အဲ့သည်က တဆင့်ဆင့်ပွား လာသည့်ဆိုးကျိုးတွေကို မိမိပဲ တနေ့ ခံစားရမည်။

အောင်မြင်သူ သည် အကြောင်း ကိစ္စရပ်များနှင့် ပက်သက်ကာ ပြည့်စုံလုံလောက်စွာ သိရှိပြီးသည့်အခါမှသာ ယင်းတို့နှင့် စပ်လျဉ်း သည့် မိမိ အမြင်ကို သူတပါးရှေ့တွင် ကျိုးကြောင်း သင့်မြတ်စွာ တင်ပြပြောဆိုသည်။
မအောင်မြင်သူ ကား သေချာစွာ စူးစမ်းလေ့လာမှု မပြုပဲ ဝေဖန်မည်.မှတ်ချက်ချမည်.မိမိ လုံးဝ နားမလည်သည့် ကိစ္စများကိုလည်း ၀င်ရောက် စွက်ဖက်ပြောဆိုမည်.

အောင်မြင်သူ သည်အချိန်ကို လည်းကောင်း ငွေကိုလည်းကောင်း စနစ်တကျ စီမံခန့်ခွဲ သုံးစွဲသည်။
မအောင်မြင်သူ ကား အချိန်ကို တန်ဖိုးမထား။ငွေကိုလည်း မလေးစား။ ပစ်စလက်ခက် ဖြုန်းတီးပစ်တတ်သည်.

အောင်မြင်သူ သည် လူတဖက်သားကို စိတ်ဝင်စားသည်.မိမိ နှင့်အလုပ်အကိုင် တူသူနေရာဌာန တူသူ စသည့် တစ်နည်းနည်း ဆက်စပ် ပတ်သက်နေသူများအား ရင်နှီးခင်မင်စွာ ဆက်ဆံတတ်သည်.
မအောင်မြင်သူ ကား မလိုမရှိလျှင် ဘာသိဘာသာ၊ အလိုရှိမှ ခေါ်ပြောဆက်ဆံတတ်သည်။

အောင်မြင်သူ သည် ပွင့်လင်းသော စိတ်ထားရှိသည်။သဘောထားကြီးသည်။မတူသော အယူအဆ မတူသောလူများအပေါ် သည်းခံနိုင်စွမ်း ရှိသည်။
မအောင်မြင်သူ ကား တံခါးပိတ်ထားသော စိတမျိုးရှိသည်.မတူသော အယူအဆ ကိုမကြားနိုင်။မတူသော လူများကိုမကြည့်နိုင်။စိတ်တံခါး
ပိတ်ထားသည့် အတွက် အခွင့်အရေး ကောင်းတွေ ကိုလည်း သူမမြင်၊မသိ။ မိတ်ဆွေ အပေါင်းအသင်းတို့၏ ပူးပေါင်းဆောင်ရွက်မှု မျိုးကို
လည်း သူ ဘယ်သောအခါမှမရရှိ။

အောင်မြင်သူ သည် ခေတ်နှင့်အမီ ရင်ပေါင်တန်း နိုင်အောင်အမြဲကြိုးစားသည်။မိမိလုပ်ငန်း မိမိ အသက် မွေးဝမ်းကျောင်းနယ်ပယ် မိမိ အသိုင်းအ၀ိုင်း စသည်တို့ သာမက တကမ္ဘာလုံးမှာပါ ဘာတွေ ဖြစ်နေသလဲ အမြဲသိအောင် ဂရုပြုလေ့လာသည်.။
မအောင်မြင်သူ ကား လက်တလော ပတ်သက်နေသည့် ကိစ္စမှတပါး ဘာကိုမျှ အလေးမထား။ကိုယ်နှင့် တိုက်ရိုက်မပက်သတ်တာ မှန်သမျှဘာတခုမှ မသိ။

အောင်မြင်သူ သည် လောကကိုလည်းကောင်း၊ဘ၀ ကိုလည်းကောင်း အမြဲ အပြုဘက် က တွေးသည်။ မိမိ လုပ်ငန်းတွေ အောင်မြင်ခြင်း၊လောကကြီးထဲမှာ မိမိတွက် တနေရာ ရရှိခြင်းသည် မိမိ ၏ ဆောင်ရွက်ချက်တွေ များပြား ပြည့်စုံခြင်း အရည်အသွေး ပြည့်ဝ ခြင်းတို့ကြောင့်သာ ဖြစ်ကြောင်း ကောင်းစွာသိရှိသည်။
မအောင်မြင်သူ ကား ကိုယ် က မပေးပဲ ရချင်သူဖြစ်သည်။သူ့တွင် အချောင်စားချင်စိတ် ကြီးစိုးနေသည်။အချောင်မရသည့်အခါ သူတပါးတို့ လောဘ ကြီးကြောင်း ပြစ်တင်ပြောဆိုသည်။

အောင်မြင်သူ သည် သည်ကမ္ဘာတွင် လြူုဖစ်လာရခြင်း အတွက်ပင် ၀မ်းမြောက်ကျေနပ်ခြင်း ဖြစ်သည်။သူသည် ပတ်ဝန်းကျင်အပေါ် နှစ်သက်ခင်မင်မှု ရှိပြီး အများကောင်းကျိုး ဆောင်ရွက်ရန်လည်း အမြဲတက်ကြွ ထက်သန်နေသည်။
မအောင်မြင်သူ ကား လောက ကိုလည်းကောင်း ပတ်ဝန်းကျင်ကိုလည်းကောင်း အယုံအကြည်မရှိ။သူ သိသည်မှာ သူ့ အကျိုးစီးပွား ပဲ ဖြစ်သည်။သူသည် ရလျှင်ရသလို ဘနဖူးသိုက်တူးမည့် သူမျိုး ဖြစ်သည်.သို့တိုင်အောင် သူမကြီးပွားးးကြီးပွားလျှင်လည်း ရေရှည်မခံ။

             နောက်ဆုံးအနေနှင့်ပြောရမည်ဆိုလျှင်
  အောင်မြင်သူ နှင့်မအောင်မြင်သူ ကား စိတ်ဓါတ်ရော လုပ်ရပ်တွင်ပါ တဦးနှင့်တဦးတကမ္ဘာစီ ခြားကြသူများ ဖြစ်သည်။ထိုစိတ်ဓါတ်နှင့် လုပ်ရပ်များကြောင့်ပင် သူတို့၏ ဘ၀ အနေအထားများ လည်း ကွာခြားသွားရခြင်း ဖြစ်ပေသည်။

0 comments:

Post a Comment


Popular Posts