'
အမိမြေ

KIA ဘွမ်တောင်စခန်းအစိုးရတပ်ကသိမ်းပိုက်

 
ဝိုင်းမော်-ကံပိုက်တီးသွားတဲ့လမ်းကြောင်းပေါ်မှာရှိတဲ့ ကေအိုင်အေတပ်ရင်း (၃) လက်အောက်ခံ တပ်ဖွဲ့ တစ်ဖွဲ့ကတာ ၀န်ယူထားတဲ့ ဘွမ်တောင်စခန်းကို နိုဝင်ဘာ ၇ ရက်နေ့က အစိုးရတပ်တွေကသိမ်းပိုက် သွားပြီးလို့သိရ ပါတယ်။
 

 
 ဘွမ်တောင်စခန်းဟာ ၀ိုင်းမော်-ကန်ပိုင်တီးလမ်းကြောင်းပေါ်ကအဓိက စခန်းတစ်ခုဖြစ်ပြီး အစိုးရတပ်ရဲ့ ပြင်းထန်တဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကိုခံခဲ့ရလို့ဆုတ်ခွါပေးလိုက်တာပါလို့ အဲဒီစခန်းကဆုတ်ခွါထွက်ပြေး လာတဲ့ရင်း(၃)မှ KIA စစ်သား ကပြောပါတယ်။ “ဒီရက်ဖြစ်တဲ့ တိုက်ပွဲတွေမှာ အခုရောက်လာတဲ့ တပ်မ (၈၈)က လက် နက်ကြီး တွေဆက်တိုက်ပစ်ပြီး အတင်းထိုးဖောက်ဝင်လာတယ်၊ တပ်မ(၈၈)ရောက်လာမှ တိုက်ပွဲတွေက ပိုပြင်း ထန်လာတယ်”လို့လည်းပြောပါတယ် အခုတစ်လောဖြစ်တဲ့တိုက်ပွဲတွေမှာ KIAတပ်တွေထိခိုက်ကျဆုံးမှုများနေပြီး မိုင်ဂျာယန်ဆေးရုံမှာလဲ ဒဏ်ရာရလူနာတွေများနေ လို့တချို့ ကိုတရုတ်ဘက်ကိုပို့ဆောင်ဖို့  ကြိုးစားနေတယ်လို့သိရပါတယ်။
 
 
 

0 comments:

Post a Comment


Popular Posts