'
အမိမြေ

အစွန်းရောက် လူမျိုးစွဲဝါဒကို ကျင့်သုံးလာသော KIA



နိုဝင်ဘာလ  ၅ ရက်နေ့ ည ၇ နာရီခန့်က KIA တပ်ရင်း ၂၇ မှ အင်အား ၆  ဦးခန့်သည်  ဆိုင်ကယ် ၂ စီးဖြင့် မန်စီမြို့နယ်၊ ရီခူးကျေး ရွာမှ ထွက်လာရာ  ကုန်းတိန်ကျေးရွာ အလယ်နတ်စင်ရှေ့အရောက် ကုန်းတိန်ရွာသား ၂ ဦးမှ လမ်းမဖယ်ပေးလို့ ဆိုင်ကယ်မှောက်ပြီး ရွာသား ၂ ဦးနှင့် စကားများ ရန်ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ရွာသား ၂ ဦးကို သေနတ်ဖြင့် လိုက်လံပစ်ခတ်ရာ ဦးဝင်းအောင်နှင့် ဦး ထွန်းမောင်တို့ ဒဏ်ရာများ ရရှိပြီး ထွက်ပြေးလွတ်မြောက်လာခဲ့တယ်။

လူမျိုးရေးအစွန်းရောက်နေသော KIA စစ်သည်များ

ည ၈ နာရီတွင် KIA အဖွဲ့သည် ကုန်းတိန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဦးအား ရွာသား ၂ ဦးကို ဖမ်းဆီးပေးရန် ပြောဆိုပြီး ဒဏ်ရာရနေသော ရွာသား ၂ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကုန်းတိန် ရွာသားတစ်ဦးက ပြောကြားခဲ့ပါတယ်။ နောက်တစ်နေ့တွင် ဦးသန်းဦးမှ လိုက်လံတောင်းပန်သဖြင့် ၄င်းရွာသား ၂ ဦးအား နှိပ်စက်ပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ ဦးဝင်းအောင်မှာ ကုန်အရောင်းအ၀ယ်ဖြင့် လာရောက်သူ ဧည့်သည်ဖြစ်ပြီး၊ ဦးထွန်းမောင်မှာ ကုန်းတိန်ရွာတွင်နေထိုင်သူ ဖြစ်ပါတယ်။ KIA တပ်များ အနေဖြင့် ဂျိန်းဖောလူမျိုးများမှ လွဲ၍ ကျန်လူမျိုးများအား သတ်ဖြတ်ရန် ကြိုးစားလာပါတယ်။ ယခင်နှစ် စက်တင်ဘာလကလည်း ရ၀မ်လူမျိုးတွေ နေထိုင်တဲ့ ခေါင်လန်ဖူးရွာကို မီးရှို့ပြီး ရွာသား ၃ ဦးကို သတ်ဖြတ်ကာ ရွာလုံးကျွတ်မီးရှို့ခဲ့တယ်။  “ ခု ဖမ်းဆီးနှိပ်စက်ခံရတဲ့ ရွာသားနှစ်ဦးက ဗမာ တွေဖြစ်ပြီး KIA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်ရဲ့ KIA တပ်များ အရှိန်မြှင့်ရန်ဆိုတဲ့ အမိန့်ထွက်ပြီးနောက်မှာ ဗမာနှင့် ရှမ်းလူမျိုးတွေကို ပိုမိုနှိပ်စက် လာပါတယ်။ KIA အဖွဲ့ရဲ့လုပ်ဆောင်ချက်တွေဟာ လူမျိုးရေး အမြင်ကျဉ်းမြောင်းပြီး အစွန်းရောက်ဝါဒကို လက်ကိုင်ထားတဲ့ အစ္စလမ်မစ် အစွန်းရောက်တွေလို ဖြစ်နေတယ် ” လို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသူများ က ပြောပါတယ်။ 
 
 
 

0 comments:

Post a Comment


Popular Posts