'
အမိမြေ

ပြောင်းရွေ့လာသော ကချင်မိသားစုများအား အထောက်အပံ့များပေးအပ်


ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်ဦးဆောင်တဲ့ အဖွဲ့ဟာ နိုဝင်ဘာလ ၂ ရက် နံနက် ၈ နာရီက ၀ိုင်းမော်မြို့ မြို့မနှစ်ခြင်းဘုရားကျောင်း၊ခတ်ချိုကျေးရွာဘုန်းကြီးကျောင်း၊မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ဆွတ် ငိုင်ကောင်(စီတပူနှစ်ခြင်းဘုရားကျောင်း)၊မန်ခိန်ရပ်ကွက်၊ တပ်ကုန်းရပ်ကွက်၊မြို့သစ်ကြီးရပ်ကွက်၊ ဒူကထောင် ရပ်ကွက်နှင့်လယ်ကုန်းရပ်ကွက်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတို့မှာ လတ်တလောပဋ္ဋိပက္ခကြောင့် ၀ိုင်းမော်နဲ့ မြစ်ကြီးနားမြို့များကိုပြောင်းရွှေရောက်ရှိလာတဲ့ကချင်မိသားစုတွေကိုထောက်ပံ့ငွေနဲ့ မိသားစုသုံးပစ္စည်းတွေ ထောက်ပံ့ပေးအပ်ပြီး၊ UN အဖွဲ့အစည်များဖြစ်တဲ့ UNHCR, UNICEF,UNOHCA, WFP နှင့် NGO များနဲ့တွေ့ဆုံပေး ခဲ့တယ်လို့အစိုးရသတင်းစာမှာဖော်ပြထားပါတယ်။
  စုစုပေါင်းထောက်ပံ့ကြေးငွေ သိန်း(၁၃၀)ရှစ်သောင်း၊မိသာစုပစ္စည်းများအပြင် အိမ်ထောင်စု ၆၀၀ အတွက်ငွေကျပ်၄၉၂ဒဿမ၂၇သိန်း တန်ဖိုးရှိမိသားစုသုံးပစ္စည်းတွေထောက်ပံ့ပေးအပ်ခဲ့တယ်လို့သိရှိရပါတယ်။
 
  အထက်ပါသတင်းနဲ့ပက်သက်ပြီးစီတာပူကကိုဘရန်နောင်က“အခုဒီထောက်ပံ့ငွေနဲ့မိသားစုသုံး ပစ္စည်းတွေပေးအပ်တဲ့ပွဲမှာထူးခြားတာကတော့ ယောင်္ကျားတွေမတွေ့ရဘူးဗျ၊ ကချင်အမျိုးသမီးတွေနဲ့ကလေး ငယ်လေး တွေကိုဘဲတွေရတယ်၊ကချင်ယောင်္ကျားတွေက KIA စစ်သားလုပ်နေရတယ်ထင်တယ်”လို့ပြော ကြားခဲ့ပါတယ်။

0 comments:

Post a Comment


Popular Posts