'
အမိမြေ

သာသနာ့ အလံတော် ဆိုတာ





ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်ကြီး၏အဓိပ္ပါယ် ......


ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်ကြီးသည် ငြိမ်းချမ်းသာယာခြင်း၊ သည်းခံခြင်း၊ စိတ်ထားဖြူစင်ခြင်းတို့၏ အထိမ်းအမှတ် ကိုဖော်ပြလေသည်။

ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အားအထူးကြည်ညိုကြသဖြင့် ဘုရားရှင်၏ ရောင်ခြည်တော် ခြောက်သွယ်ဖြင့် ကွန့်မြူးကာ တရားတော်များ ဟောကြားနေတော်မူသည့် ဘုရားရှင်၏ အံသြဖွယ် ခြောက်သွယ်သော ရောင်ခြည်တော်သည် ကြည်ညိုမ၀၊ ဖူး၍မ၀၊ အံ့မခန်းအထူးပင်ခန့်ညားတင့်တယ်စွာ ရှိနေသည်ဟု ယုံကြည်ကြသည်။

ထို့ကြောင့် ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်ကြီးကို ရောင်ခြည်တော် ခြောက်သွယ်မှ ပေါ်ထွက်သည့်အရောင်များကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြသည်။

ရောင်ခြည်တော် ခြောက်သွယ်

ဘုရားရှင်၏ ရောင်ခြည်တော်ခြောက်သွယ်မှာ ပါဠိဘာသာအရ .....
၁။ နီလ ၂။ ပီတ ၃။ လောဟိတ ၄။ သြဒါထ ၅။ မဉ္ဇိဋ္ဌ ၆။ ပဘဿရ .......... တို့ဖြစ်ပါသည်။

ယင်းအရောင်းတို့ကို တူညီသော အစင်းများဖြင့် အလံတိုင်ဘက်မှစ၍ အပြာ ၊ အ၀ါ ၊ အနီ ၊ အဖြူ နှင့် နီမောင်းသော အရောင်တို့ကို အစဉ်အတိုင်းထားရှိလေသည်။
ဆဌမမြောက် နောက်ဆုံး အစင်းရောင်ဖြစ်သော ပဘဿရအရောင်မှာ အထက်ဖော်ပြထားသော အရောင်ငါးမျိုးတို့၏ ရောနှော ပေါင်းစပ်ထားသောအရောင်ဖြစ်သည်။

(စာကြွင်း) ။ ။
မြတ်စွာဘုရား၏ ရောင်ခြည်တော်ခြောက်သွယ်တွင် နီလရောင်ခြည်တော်ခေါ် ညိုသော ရောင်ခြည်တော် နှင့် မဉ္ဇိဋ္ဌ ခေါ် မောင်းသောရောင်ခြည်တို့မှာ .. မြန်မာတို့သိသော အညိုအမောင်းနှင့် ကွဲပြားနေလေသည်။

နီလ - အညိုမှာ အဌကထာများတွင် မိုးဆွေပန်း၊ ကြာညိုမန်း ၊ မျက်စဉ်းမှုန် တို့၏ အရောင်တို့ဖြင့် နှိုင်းယှဉ် ပြသထား၏။

မိုးဆွေပန်း၊ ကြာညိုပန်း ၊ မျက်စဉ်းမှုန် ပန်းတို့မှာ အပြာရောင်များဖြစ်ကြ ၍ ကမ္ဘာ့ပညာရှင်များက နီလရောင်ခြည်တော်ကို အပြာရောင်ဟု ပြဌာန်းထားကြပါသည်။

ထို့ပြင် မောင်းသောအရောင်မှာ မန္ဒရတ္တ၀ဏ္ဏ - နုသောအနီရောင်၊ အနီနု ဟုဆိုသဖြင့် ပန်းရောင် (သို့) လိမ္မော်ရောင် ကို ပြဌာန်းအသိအမှတ်ပြုကြလေသည်။ 

သာသနာ့အလံအရောင် နဲ့ပတ်သတ်လို့ ဓမ္မစေတီဆရာတော်က မှတ်သားရ လွယ်ကူအောင် လင်္ကာနဲ့ ဟောကြားခဲ့ပါတယ်။

ခြောက်ရောင် ကွန့်မြူး၊ တင့်ထူးပေဟန်၊
သာသနာ့အလံ၏၊ ဓိပ္ပါရံကို၊ ဖွင့်ဆိုရန်မှာ၊
အပြာသဒ္ဓါ၊ အ၀ါမြင့်မြတ်၊
နီမှာပညာ၊ ဖြူရောင်ဝင်းဝင်း စင်ကြယ်ခြင်းတည်း
တဏှာကင်းပြောင် လိမ္မော်ရောင်နှင့်
ရောင်စဉ်ဖြာဖြာ သင်္ကေတာမှာ
အရိယာ၏ ဖော်ညွှန်းဂုဏ်ရည်
စာသွန်းစီသည် လ၀န်းရောင်ခြည်
ဓမ္မစေတီ။


0 comments:

Post a Comment


Popular Posts