'
အမိမြေ

စိတ်ပျက်မိတယ် စတုတ္ထမဏ္ဍိုင်ရယ်

ဒီနေ့မနက်ပိုင်းမှာ မြန်မာ-တရုတ် နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်ချက်ချက်အရ မြန်မာလူမျိုးတို့ ကိုးကွယ်ရာ ဗုဒ္ဓမြတ်စွာ ရဲ့ စွယ်တော်မြတ်ဟာ နေပြည်တော်ကို ဒေသစာရီကြွချီတော်မူလာပါတယ် ... ၊ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေအတွက် ၀မ်းမြောက်ဝမ်းသာစရာ သတင်းကြီးပါဘဲ... ၊ ဘုန်းတော်အန္တ ၊ ကံတော်အန္တ ၊ ဥာဏ်တော် အန္တ နဲ့ ပြည့်စုံတော်မူတဲ့ မြတ်စွာဘုရားရဲ့ မြတ်စွယ်တော်ကြီး ကြွချီတော်မူလာတာ မဟုတ်ပါလား ။
ဒီအချိန်မှာ ဇာဂနာလွတ်တုန်းက ထောင်ဝကနေ စက္ကန့်နဲ့အမျှ သတင်းတွေတင်နေကြ အင်းစိန်ထောင်ဝကနေ ဟိုနိုင်ငံရေးအကျဉ်းသားနဲ့တွေ့ဆုံခန်း ဒီနိုင်ငံရေးသမားနဲ့ ဗျူးခန်းတွေ ပလူပျံခဲ့ကြတဲ့  ပြည်တွင်းဖြစ်  ခပ်ညံ့ညံ့ မီဒီယာတွေကတော့ စွယ်တော်ကြွလာတာ သူတို့အရေးဟုတ်ဟန်မတူပါဘူး စွယ်တော်ကြွလာလို့ တစ်နေကုန်တဲ့အထိ ဘယ်မီဒီယာမှ ဘာသတင်းမှ သတင်းတက်မလာပါဘူး ။


ဒီလိုပြောရင် စွယ်တော်ပင့်ဆောင်ရေးကော်မတီက သူတို့မီဒီယာသမားတွေကိ တလေးတစားမဖိတ်လို့ ဆိုတဲ့ဆင်ခြေမျိုးပေးတတ်ကြတယ် ၊ ဖိတ်မှသွားမယ်ဆိုရင် သတင်းသမားမလုပ်နဲ့တော့ အကျဉ်းသားတွေ လွှတ်တုန်းက ခင်ဗျားတို့ကို အင်းစိန်ထောင်ရှေ့ ဘယ်သူဖိတ်လို့သွားတာလဲ လေယာဉ်ကွင်းတွေကို ဘယ်သူဖိတ်လို့ သွားကြတာလဲလို့ ပြန်မေးမိလိမ့်မယ် ။


 မြန်မာအစိုးရဟာ တရုတ်အစိုးရနဲ့ပူးပေါင်းဆောင်ရွက်ရင် မြစ်ဆုံကိစ္စမှမဟုတ်ဘူး စွယ်တော်ပင့်တာလည်း ခင်ဗျားတို့ သဘောမတွေ့ကြဘူးမဟုတ်လား.... ၊ စိတ်ဓါတ်တွေသိပ်ပေါ်တယ်ဗျာ ။

အစိုးရကိုခေတ်အဆက်ဆက်ဆန့်ကျင်ခဲ့သူတွေ ၊ ခုချိန်ထိအမြင်သဘောထားမတူနိုင်သေးသူတွေရဲ့ လှုပ်ရှားမှုကိုမှ သတင်းထင်နေတဲ့ ခပ်ညံ့ညံ့ စတုတ္ထမဏ္ဍိုင် တွေကိုတော့ စိတ်ပျက်မိတယ်ဗျာ...။ သူမျာကိုဟိုဟာလိုတယ်ဒီဟာလိုတယ် ပြောနေမယ့်အစား ကိုယ်လိုနေတာတွေကို အရင်ပြင်လိုက်ကြပါဦး အရပ်ကတို့ရေ....။
ဒေါက်တာဆိတ်ဖွား

0 comments:

Post a Comment


Popular Posts