'
အမိမြေ

ဒုက္ခသည်ရိက္ခာ များဖြင့် အသက်ဆက်နေရသော KIA


 
လိုင်ဇာမှာရှိတဲ့ ကချင်စစ်ပြေးဒုက္ခသည်တော်တော်များများဟာ အာဟာရချို့တဲ့နေမှုကြောင့် ဖျားနာရောဂါတွေ ဖြစ်ပွားနေကြပါတယ်။
ဒုက္ခသည်တွေဟာ ကြီးမားတဲ့ရောဂါ လက္ခဏာမတွေ့ရဘဲ ချောင်းဆိုးဖျားနာမှုကြောင့် ဆေးတိုက်တာတွေ ပုံမှန်လုပ်ပေးနေရပြီး ဖျားနာသူ ၅၀ လောက်ရှိတယ်လို့ သိရပါတယ်။
အဓိကကတော့ အစားအသောက် ၀အောင်မစားရတော့ အာဟာရချို့တဲ့လာပြီး ကျန်းမာရေးထိခိုက်လာတဲ့ သဘောပါ ပုံမှန်စားသောက်ပါက ပြန်လည်ကောင်းလာနိုင်ကြောင်း လိုင်ဇာဆေးရုံက သူနာပြုတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
လိုင်ဇာမှာ လွန်ခဲ့တဲ့တစ်ပတ်လောက်က KIA ရဲ့ရှေ့တန်းတပ်တွေအတွက် အရေးတကြီးရိက္ခာ လိုအပ်လို့ ဒုက္ခသည်တွေအတွက် ကောက်ခံထားသော ဆန်အိတ်နဲ့ စားစရာတွေကို ကား ၁၀ စီးဖြင့် ပို့ပေးခဲ့တာကို မျက်မြင်တွေ့ရှိခဲ့သူ လိုင်ဇာမြို့ခံတစ်ဦးမှ ပြောပြပါတယ်။
KIA ရဲ့ တပ်မဟာတွေနဲ့ လိုင်ဇာမှာရှိတဲ့ KIA ဗဟိုဌာနချုပ်ကို အစိုးရတပ်များမှ တိုက်ခိုက်လာပါက လူသားဒိုင်းအဖြစ် အကာအကွယ်ရယူနိုင်ရန် ကချင်စစ်ပြေးဒုက္ခသည်တွေကို KIA နယ်မြေတွေမှာ အတင်းအဓမ္မခေါ်ပြီး နေခိုင်းခဲ့ရကြောင်း သိရပါတယ်။
KIO မှ ဒုက္ခသည်များအတွက် အကူအညီအထောက်အပံ့များပေးရန် ပြည်တွင်းပြည်ပရှိ NGO အဖွဲ့အစည်း များသို့ ကမ်းလှမ်းထားသော်လည်း KIO/KIA ခေါင်းဆောင်းများရဲ့ အကျိုးစီးပွားအတွက် တိုက်ခိုက်နေခြင်း ကြောင့် ပြန်လည်အကြောင်းကြား ကမ်းလှမ်းတာတွေ မရှိကြောင်း သိရပါတယ်။

0 comments:

Post a Comment


Popular Posts