'
အမိမြေ

ဒေါ်လာစားတွေ အဝေမတည့်တော့ တိုင်ခံရ



အဝေမတည့်တဲ့အခါ???
ပြည်ပ အတိုက်အခံ အဖွဲ့အစည်း သတင်းဌာန တို့သည် အစဉ်အဆက် မြန်မာပြည် အစိုးရ မ ကောင်းကြောင်း၊ အကျင့်ပျက် ခြစားမှု ပေါများကြောင်း အမျိုးမျိုး အဖုံအဖုံ ဝေဖန် အသံလွှင့်ခဲ့ကြသည်။ ဒါပေမဲ့ ကိုယ်က သူများ မကောင်းကြောင်း ပြောတော့မည် ဆိုလျှင် မိမိဘက်ကခြံလုံဖို့ လည်း လိုသည်ကို သတိမမူကြ။ အစတည်းက ဒေါ်လာ ရဖို့ အထောက်အပံ့ ရဖို့အတွက် ဟုတ်တာရောမဟုတ်တာရော လုပ်ဖို့ ၀န်မလေးကြသော လူအများစု ဖွဲ့စည်း တည်ဆောက်ထားသော ထိုပြည်ပ အဖွဲ့အစည်းတို့တွင်  မိမိတို့ကိုယ်တိုင်က ခြစားမှုများ ကျူးလွန်ကြသည် မှာ အံ့သြစရာတစ်ခုတော့မဟုတ်။

ယခုပဲကြည့် DVB ခေါ် ဒီမိုကရက်တစ် မြန်မာ့အသံ တွင် ငွေကြေးကိစ္စအတွက် အရှုပ်အရှင်းများ ဖြစ်ပေါ်လာရသည်။ ထိုကိစ္စအတွက် DVB က ဦးဆောင် ညွှန်ကြားရေးမှူးနဲ့ လက်ထောက် ညွန်ကြားရေးမှူးတို့ ရာထူးကနေ နုတ်ထွက်သွားခဲ့ရပါတယ်။ လုပ်ငန်းကိစ္စတွေမှာ ဒေါ်လာ(၃)သိန်းလောက် ငွေကြေးကွာဟမှု ရှိလို့ နော်ဝေးအစိုးရဆီမှာ တိုင်ကြားခြင်းလည်း ခံနေရပါတယ်။ မြန်မာပြည်အစိုးရ အဖွဲ့ကိုတော့ clean government မဖြစ်ဘူး အကျင့်ပျက်ခြစားမှု တွေရှိတယ် ဆိုပြီး ဝေဖန်စွပ်စွဲတတ်တဲ့ ဒီလို သတင်းဌာနတွေ အတွက်ကတော့ ဒီကိစ္စဟာ အရှက်ရစရာ ပါပဲ။ မိမိတို့ကိုယ်တိုင်က အကျင့်ပျက်ခြစား၊ သူများကိုတော့ စွပ်စွဲဝေဖန် တတ်တဲ့ ဒီလိုသတင်းဌာနတွေရဲ့ သတင်းတွေကို ယုံကြည်စွာနဲ့ ဘယ်လို လူတွေက ဖတ်ရှု အားပေးနားထောင်ကြမှာလဲ။ ဒီလို သတင်းဌာနတွေ ရဲ့ လုပ်ဆောင်မှု တွေဟာ နိုင်ငံအတွက်လည်း အကျိုးမရှိ၊ ပြည်သူအတွက် အဆိပ်ဖြစ်စေတဲ့ သတင်းတွေကို သာ တိုင်းရင်းသား ပြည်သူတွေအကြား ပျံ့နှံ့စေတဲ့ မီဒီယာမှိုင်းတစ်ခုသာ ဖြစ်ပါလိမ့်မယ်။ ဒီ့အတွက် လက်ရှိ အခြေအနေ ကို မမြင်ဘဲ ဒီလိုသတင်းဌာနက သတင်းတွေကိုသာ ဖတ်ရှုနေကြတဲ့ ပြည်သူတွေအနေနဲ့ သတင်းတစ်ခုဟာ မှန်ကန်တဲ့ အရင်းအမြစ်တစ်ခုကနေ လာတာဟုတ်မဟုတ် ဆိုတာ သတိပြု ဆင်ခြင်သင့်ပါတယ်။

ဒီမိုကရက်တစ် မြန်မာ့အသံ လို သတင်းဌာန လေးတစ်ခုမှာတောင် ဒီမိုကရေစီကို အကြောင်းပြပြီး ဒီလိုအကျင့်ပျက် ခြစားမှုတွေ လုပ်နေဖြစ်နေကြတဲ့ လူတွေဟာ မြန်မာပြည်အရေး အတွက် ကိုယ်ကျိုးစွန့်ပြီး ကြိုးစားနေကြတယ် ဆိုတာ ယုံကြည်ရပါ့မလား။ မိမိလက်ထဲက လုပ်ပိုင်ခွင့် တာဝန်သေးသေးလေးနဲ့တောင် ရရင်ရသလို ယူမယ်စားမယ် ဆိုတဲ့ လူတွေအတွက် ကြီးမားလှတဲ့တာဝန်တွေ လုပ်ပိုင်ခွင့်တွေကို ရိုးရိုးသားသားနဲ့ ဘယ်လိုစီမံခန့်ခွဲကြမလဲ။ ဒါကြောင့်မို့ ဒီလိုလူတွေဆီက ထွက်ပေါ်လာတဲ့ သတင်းတွေဟာ မှန်ကန်မှု ရှိမရှိ၊ အခြေအမြစ်ရှိမရှိ လက်ရှိမြန်မာနိုင်ငံအခြေအနေကို ကိုယ်တိုင်ကိုယ်ကြ တွေ့မြင်သုံးသပ်ပြီး စဉ်းစားတွေးခေါ်ကြပါလို့ ရွှေမြန်မာက တိုက်တွန်းချင်ပါတယ်။

Ref : http://goldenmyanmarnews.blogspot.com/

0 comments:

Post a Comment


Popular Posts